Channel Myanmar
Mark Dacascos
John Wick: Chapter 3 – Parabellum (2019) 7.5
John Wick: Chapter 3 – Parabellum (2019) John Wick: Chapter 3 – Parabellum (2019) IMDb - 7.5/10_____Rotten - 90%Chapter 2 မှာ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကြီး John wick ဟာ သူတို့လောကရဲ့ အကြီးမားဆုံးသောစည်းမျဉ်းကိုချိုးဖောက်ခဲ့လေတော့ဒေါ်လာ 14 million နဲ့ ဆုကြေးအထုတ်ခံရတဲ့အပြင် အချိန်အနည်းငယ်ပဲရခဲ့လေတော့ ဖရိုဖရဲနဲ့ ထွက်ပြေးခဲ့တာကို အားလုံးအမှတ်ရကြမယ်ထင်ပါတယ်.... ဆိုတော့ Chapter 3 နဲ့ပတ်သက်လို့ထွေထွေထူးထူးညွှန်းဆိုစရာမလိုတော့ဘူးထင်ပါရဲ့... ကိုင်း ကျွန်တော်တို့ရဲ့ John Wick ကြီး ဘယ်လိုတွေ အသက်ရှင်သန်ရေးအတွက်လှုပ်ရှားမလဲ.... ဘယ်သူတွေကရော သူ့ဘက်ပါမလဲ.... ဒုစရိုက်လောကသားအားလုံးဟာလည်း John Wick ကြီးကို သတ်ဖို့ဘယ်လိုတွေအားထုတ်ကြမလဲဆိုတာကို တော့ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့်ခံစားကြည့်လိုက်ပါ...  (function(f,b,n,j,x,e){})();  File Size : (2.9 GB) and (1.04 GB) Quality : Blu-Ray 1080p 5.1 CH and Blu-Ray 720p Format… mp4 Duration…02:10:00 Genre :  Action, Crime, Thriller  Subtitle : Myanmar ...
movie
John Wick: Chapter 3 – Parabellum (2019)
2019
HEVC 1080p 5.1
Batman: Soul of the Dragon (2021) 5.9
Batman: Soul of the Dragon (2021) Batman: Soul of the Dragon (2021)==========================IMDb Rating - 5.9/10ဒီနေ့တော့ DC ရဲ့ ငဘတ်ဖန်တွေအတွက် ၂၀၂၁ထွက်အသစ်စက်စက် ကားလေးလာပါပြီ။ ငယ်ငယ်ရွယ်ရွယ်ငဘတ်လေးကို ဒီကားလေးထဲမှာတွေ့ရပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်းလေးက နန္ဒာပါဘတ်လို့ခေါ်တဲ့ဂျပန်ကလျှို့ဝှက်ဘုန်းကြီးကျောင်းက ဆရာတော်အိုဆီမှာကိုယ်ခံပညာသင်ဖို့  ငဘတ်ကလာခဲ့တာပေါ့။ ဆရာတော်အိုဆီမှာက ငဘတ်အပါဆိုရင်တပည့်က ခြောက်ယောက်တောင်ရှိပြီး ငဘတ်ကအငယ်ဆုံးလေးပေါ့။ မိသားစုဆိုရင်လျှို့ဝှက်ချက်မထားရဘူးလို့ပြောတဲ့ဆရာကကျောင်းထဲမှာရှိတဲ့ဂိတ်တံခါးအကြောင်း တစ်ခါမှမပြောပြဘူးရယ်။ ဒီတော့ စပ်စုစိန်တပည့်မတစ်ယောက်ကအငြိမ်မနေနိုင်ပဲဂိတ်တံခါးကို သွားဖွင့်ကြည့်လိုက်မိတဲ့အတွက်ကြောင့် ဆရာလည်းသေသွားတာပေါ့။ ဆရာသေပြီးနောက် နှစ်တွေအများကြီးကြာပြီးတဲ့နောက်မှာ ဂျက်ဖာရီဘားရ်ဆိုတဲ့လူတစ်ယောက်က အဲ့ဂိတ်တံခါးကိုနောက်ထပ်တစ်ကြိမ် ထပ်ဖွင့်ဖို့ ကြိုးစားလာတဲ့အခါမှာတော့..........ဘာဖြစ်မလဲဆိုတာကိုတော့ထုံးစံအတိုင်းလေးကိုယ့်ဘာသာပဲကြည့်လိုက်တော့နော် . . .Soul of the Dragon ဆိုတဲ့ အတိုင်း . နဂါးပုံရိပ်တွေပါပါမယ် . မြန်မာတွေရဲ့ နဂါးလို့ပြောလို့ရမယ့် နဂါးပုံရိပ်တွေလည်း ဒီကားထဲမှာတွေ့မြင်ရပါမယ်။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip 5.1CHDuration - ...
movie
Batman: Soul of the Dragon (2021)
2021
One Night in Bangkok (2020) 4.5
One Night in Bangkok (2020) ကိုင် ဆိုတဲ့လူဟာ စစ်တပ်ထွက် ပင်စင်စားတစ်ယောက်ဖြစ်ပြီးမကြာသေးခင်ကမှ သမီးဖြစ်သူနဲ့ သူတို့မိသားစုကိုယာဉ်တိုက်မှုတစ်ခုမှာ ဆုံးရှုံးလိုက်ရသူပါ ဒီလိုနဲ့ လအနည်းငယ်ကြာတဲ့အခါမှာ ကိုင်တစ်ယောက် ထိုင်းနိုင်ငံကိုရောက်ရှိလာပြီးဖာ လို့ခေါ်တဲ့အမျိုးသမီးလေးတစ်ဦး မောင်းတဲ့တက္ကစီကို ငှားပြီးတဲ့နောက်မှာနောက်ထပ်နေရာငါးနေရာကို ဆက်သွားဖို့ ကိုင်က ဖာကိုကမ်းလှမ်းပါတယ်ဖာက ကမ်းလှမ်းချက်ကို လက်ခံမှာလား ကိုင် မိသားစုရဲ့မတော်တဆမှုနဲ့ ဒီတက္ကစီယာဉ်မောင်းမလေးနဲ့ ဘယ်လိုပတ်သက်နေမလဲအဲ့ဒီနေရာငါးနေရာကရော ဘာ‌ကြောင့်သွားမှာလဲစသဖြင့် အကြောင်းအရာပေါင်းများစွာကို အက်ရှင်မင်းသားဟောင်းMark Dacascos သရုပ်ဆောင်တဲ့ One Night in Bangkok မှာ ပီပြင်စွာကြည့်ရှူရမှာ ဖြစ်ပါတယ် File Size : ( 980 MB , 361 MB) Quality : WEB Rip 720p Running Time : 1 hr 45 min Format ...
movie
One Night in Bangkok (2020)
Lucky Day(2019) 5.0
Lucky Day(2019) Lucky Day(2019)ရက်ဒ်ဟာ ဘဏ်ဖောက်မှုနဲ့ ထောင်နှစ်ရှည်ကျနေရာက‌‌ေန လျော့ရက်နဲ့ လွတ်လာတဲ့ သော့ဝိဇ္ဇာတစ်ယောက်ပဲ ဖြစ်ပါတယ်....ထောင်က လွတ်ပြီး အသိတရားရတာကြောင့် ချစ်ဖို့ကောင်းပြီး သစ္စာရှိတဲ့ ဇနီးလေးနဲ့ ချစ်စရာ သမီးလေးဆီကို ပြန်ပြီးအေးချမ်းသာယာတ‌ဲ့ ဘ၀လေးကို တည်ဆောက်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်. ...ဒါပေမယ့် ကံဆိုးစ‌ွာပဲ ဘဏ်ဖောက်တုန်းက ဖြစ်ခဲ့တဲ့ ရန်ညှိုးကြောင့် အလွန်တရာ ရက်စက်တဲ့ စိတ္တဇ လူသတ်သမား လက်စ်ဟာလက်စားချေဖို့ သူ့ဆီလာခဲ့တဲ့အခါမှာတော့...ဒီကားက ကလေးတွေမကြည့်သင့်ပါဘူး..သတ်ဖြတ်ခန်းတွေ နည်းနည်းကြမ်းလို့ပါ....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ YK ပဲဖြစ်ပါတယ်....File Size : (850 MB) and (397MB) Quality : Blu-Ray 720p Format…mp4 Duration…01:30:00 Genre :  Action, Comedy, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by  YK Encoded by Phyo Pyae
movie
Lucky Day(2019)
Crying Freeman (1995) 6.5
Crying Freeman (1995) Crying Free Man 1995 ==================ဒီတစ်ခါမှာတော့ ဂျပန် ကာတွန်း manga ဇာတ်လမ်းတွေကို ပြန်ရိုက်ထားတဲ့ ဇာတ်ကားတွေထဲက အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဇာတ်ကားဟာ fantasy film award အတွက် ဆန်ကာတင်ဝင်ခဲ့သလို ဘတ်ဂျက်နည်းနည်းနဲ့ အကောင်းဆုံးလက်စွမ်းပြ ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တရုတ်လျို့ဝှက်အဖွဲ့အစည်းတစ်ခုက လူသတ်ပြီးရင်မျက်ရည်ကျတတ်တဲ့ လူသတ်သမားတစ်ယောက်ကို တစဖက်ရန်သူဂိုဏ်းက လက်တုံ့ပြန်ဖို့ကြိုးစားတဲ့ ဇာတ်လမ်းပါ။ ဇာတ်ကားက B အဆင့် ဇာတ်ကားတစ်ကားဖြစ်ပေမယ့် တိုက်ခိုက်ခန်းတွေကို လှလှပပ ရိုက်ပြထားတာကြောင့် အတော်လေးကြည့်လို့ကောင်းပါတယ်။တိုက်ခိုက်ခန်းတွေမှာ အနှေးပြကွက်တွေကို အထူးဂရုစိုက်ပြီး အသေးစိတ်ပြုလုပ်ထားပါတယ်။ မင်းသား Mark Dacascos ရဲ့ ကိုယ်ခံပညာပိုင်နိုင်ကျွမ်းကျင်မှုကို လည်း မြင်တွေ့ရမှာပါ။ Christophe Gans ရဲ့ လက်ရာကောင်းတစ်ခုဖြစ်ပြီး Mark Dacascos(ပါရာနာဝေးမင်းသား) က Freeman အဖြစ်သရုပ်ဆောင်ထားပါတယ်။ လိင်အသားပေးဇာတ်ဝင်ခန်းတချို့ပါဝင်တာကြောင့် မိသားစုအတူကြည့်ဖို့ မသင့်တော်ပေမယ့် ၁၉၉၀ ပြည့်လွန်နှစ်တွေရဲ့ အကောင်းဆုံး အက်ရှင်ကားတွေထဲက တစ်ခုအဖြစ် ...
movie
Crying Freeman (1995)
1995
Only the Strong ( 1993 ) 6.7
movie
Only the Strong ( 1993 )
1993
Cradle 2 the Grave (2003) 5.8
Cradle 2 the Grave (2003) Cradle 2 the Grave (2003)______IMDb - 5.8/102003 က ထွက်ရှိခဲ့တဲ့ Cradle 2 the Grave ဇာတ်ကားမှာ မင်းသားကြီး ဂျက်လီ နဲ့အတူ ပါရာနာဝေးလို့ ပရိတ်သတ်တွေ သိကြတဲ့ Mark Dacascos တို့အတူတွဲဖက်သရုပ်ဆောင်ထားပါတယ် IMDb 5.8  ရရှိထားပြီး Action ကားကောင်းကောင်းကြည့်လိုသူ တွေအတွက်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားမျိုးဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့.. ကျွမ်းကျင်သူခိုးအဖွဲ့တစ်ဖွဲ့က အဖိုးတန်ကျောက်တုံးလေးကို ခိုးယူမိပြီးသူတို့ထင်သလိုလည်းမဖြစ်လာခဲ့ဘူး..သူတို့လက်ထဲကနေ အဆင့်ဆင့်လုယူချင်နေတဲ့သူတွေကလည်းပေါများနေပါတယ် ဒီကျောက်တုံးအနက်လေးဟာ ဘယ်လိုများတန်ဖိုးရှိနေတာလဲ ပြီးတော့ အဲ့အရာကိုလက်ဝယ်ပိုင်ဆိုင်ထားတဲ့သူခိုးအဖွဲ့ကရော ဘယ်လိုမျိုး အခက်အခဲတွေကြုံမလဲ..ဆိုတာကို တစ်ကားလုံးစွန့်စားခန်း ဖိုက်တင်ခန်းတွေအပြည့် နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဘာသာပြန် နဲ့ အညွှန်းကတော့ Phyo Zaw ဖြစ်ပါတယ်  File Size - 1 GB Quality - Blu-Ray 720p Duration - 01:41:13 Translator - Phyo Zaw Encoder - LK
movie
Cradle 2 the Grave (2003)
2003
Legend of Hallowaiian (2018) 5.7
Legend of Hallowaiian (2018) Legend of Hallowaiian(2018) ကတော့ ကလေးကားပါ။Eng လိုကြည့်ရင်တော့ပိုကောင်းပါတယ်။ကလေးတွေအတွက် E-Skill ကျင့်ပြီးသားဖြစ်တာပေါ့ဗျာ။ဇာတ်လမ်းအကျဉ်းကတော့ ဟာဝိုင်ယီကျွန်းက သူငယ်ချင်းသုံးယောက် ရေကူးရင်း မတော်တဆ ရေအောက်လှိုဏ်ဂူထဲကို ရောက်သွားခဲ့ပြီး နာနတ်သီးခေါင်းရှိတဲ့ မကောင်းဆိုးရွားကို လွှတ်ပေးမိပါတယ်။အဲဒီ ကလေးသုံးယောက်ဟာ မကောင်းဆိုးရွားကို တားဆီးဖို့ ဟာဝေယံ ဒဏ္ဍာရီထဲက နတ်ဘုရားတွေ၊ ဝိညာဉ်တွေ၊ သတ္တဝါတွေနဲ့ ဒဏ္ဍာရီတွေပုံပြင်တွေထဲက နေရာတွေကိုသွားခဲ့ပြီးတော့ နောက်ဆုံးမှာ ကလေးသုံးယောက်ထဲက Kai ဟာဝေယံသားတစ်ယောက်ရဲ့ နှလုံးသားမျိုးပြန်ရရှိခဲ့ပြီး မကောင်းဆိုးရွားကိုအောင်အောင်မြင်မြင်တားဆီးနိုင်ခဲ့ပါတယ်။ဒီကားရဲ့ IMDB Rating ကတော့ 5.8 ထိ ကျွန်တော်မထင်မှတ်ထားတဲ့ Rating ရရှိထားပါတယ်။(ဆရာဦး d3mon ဘာသာပြန်တင်ဆက်ပေးထားပါတယ်)File Size : (650 MB) and (300 MB)Quality : WEB-DL 720p Running Time : 1hr 22min Format : Mp4 Genre : Animation Subtitle ...
movie
Legend of Hallowaiian (2018)
2018