Channel Myanmar

Martin Scorsese

Shark Tale (2004) 6.1
Shark Tale (2004) Will Smith နဲ့ Angelina Jolieအပြင်တခြားသောနာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်အသံသရုပ်ဆောင်ထားပြီး IMDb Rating 6 ထိ ရခဲ့တဲ့ 2004 ခုနှစ်ထွက် Animation ဇာတ်ကားကောင်းလေး တစ်ကားကို CMကနေတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် အော်စကာ ဆိုတဲ့ငါးလေးတစ်ကောင်ကချမ်းချမ်းသာသာနေရဖို့ကိုအမြဲတွေးလေ့ရှိပေမယ့်အကြွေးတွေပတ်လည်ဝိုင်းပြီးဒုက္ခရောက်နေသူပါ။ တစ်နေ့မှာတော့ မတော်တဆမှုကြောင့် ငါးမန်းတစ်ကောင်သေသွားတာကို ရှေ့တင်ကြုံရတဲ့အခါမှာ အော်စကာက သူ့ကိုယ်သူငါးမန်းသတ်သူဆိုပြီး လိမ်ညာနာမည်ကောင်းယူလိုက်ပါတယ်။ ဒါပေမဲ့သေသွားတဲ့ငါးမန်းကဂိုဏ်းစတားခေါင်းဆောင်ရဲ့ သားတစ်ယောက်ဖြစ်တာကို အော်စကာသိလိုက်ရတဲ့အခါမှာ ဘယ်လိုပြဿနာတွေနဲ့ရင်ဆိုင်လာရမလဲဆိုတာကိုပရိသတ်ကြီးကဆက်လက်ကြည့်ရှုခံစားရမှာပါ။  File size…    2.5 GB /   1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre .....  Animation , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Citurus
movie

Shark Tale (2004)

2004
Dreams (1990) 7.7
Dreams (1990) Dreams (1990)~ IMDb - 7.7/10, Rotten Tomatoes - 66% ~ကူရိုဆာဝါဟာ ရုပ်ရှင်ရဲ့မဏ္ဍိုင်တစ်ခုလို့ဆိုကြတာနဲ့အညီ လက်ရှိနာမည်ကျော် အမေရိကန် ဒါရိုက်တာတွေအပေါ် အတော်လွှမ်းမိုးမှုကြီးတဲ့ဒါရိုက်တာပါ။ စပီးဘာ့ဂ်တို့ လူးကတ်စ်တို့ မာတင်စကောဆေးစိတို့လို လူတွေတောင် ကူရိုဆာဝါရဲ့ အရိပ်အငွေ့နဲ့မကင်းပါဘူး။ Dreams ကိုတော့ စပီးဘာ့ဂ်က ပရိုဂျူဆာလုပ်၊ သူရဲ့ကုမ္ပဏီ Amblin က ဖြန့်ပေးထားပြီး ရုပ်ရှင်ရဲ့ VFX Effects တွေကိုတော့ လူးကတ်စ်ရဲ့ ILM က လုပ်ပေးထားသလို မာတင်စကောဆေးစိကလည်း ဗင်းဆင့်ဗန်ဂိုးအဖြစ် သရုပ်ဆောင်ပေးထားပါတယ်။Dreams ဟာ ထူးထူးခြားခြားပဲ ကူရိုဆာဝါကိုယ်တိုင် သူထပ်ခါထပ်ခါမက်နေတဲ့ အိပ်မက်တွေကနေ ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ သူ့ရုပ်ရှင်ရိုက်သက်ရှည်ကြီးရဲ့ ရှားရှားပါးပါး သူတစ်ယောက်တည်းဇာတ်လမ်းဇာတ်ညွှန်းရေးထားတဲ့ ရုပ်ရှင်ဆိုလည်းမမှားပါဘူး။ တစ်နည်းပြောရင် Dreams ဟာ သူ့အိပ်မက်တွေကို ရိုက်ထားတဲ့ရုပ်ရှင်လည်းဟုတ်သလို သူမပြောဖြစ်ခဲ့တဲ့စကားတွေ သူပြောပြချင်တာတွေကို ရိုက်ပြထားတဲ့ရုပ်ရှင်လည်း ဟုတ်ပါတယ်။ ( ...
movie

Dreams (1990)

1990
One Direction: This Is Us (2013) 4.5
One Direction: This Is Us (2013) One Direction: This is us (2013)=========================Simon Cowell ဟာ X Factor ပြိုင်ပွဲဝင်များဖြစ်ကြတဲ့ Harry Styles, Zayn Malik,Niall Horan, Louis Tomlinson နဲ့ Liam Payne တို့ကို One Direction ဆိုပြီးဖွဲ့စည်းဖို့အချိန်ဆယ်မိနစ်ပဲ ယူခဲ့ပါတယ်တဲ့။ အစကတော့ သူကိုယ်တိုင် ဒီအဖွဲ့ဒီလောက်အောင်မြင်မယ်ဆိုပြီး လုံးဝ မထင်ထားခဲ့သလို ဘယ်သူမှလည်း မထင်ခဲ့ကြပါဘူး။Directioner များရဲ့ Supporting အားကောင်းမှုကြောင့် 1D စဖွဲ့စည်းချိန်မှာပဲစံချိန်များစွာ ချိုးဖျက်ခဲ့ပြီး တစ်ကမ္ဘာလုံးကို ကိုင်လှုပ်ခဲ့ပါတယ်။ဒီ Documentary လေးကို Take Me Home Tour လှည့်ချိန်မှာရိုက်ကူးထားခဲ့ပြီးအမိုက်စား Performance တွေအပြင် Member တစ်ယောက်ချင်းစီရဲ့အမူအကျင့်တွေ၊ ညီအစ်ကိုသံဃောဇဉ်တွေနဲ့ Directioner များအပေါ်ထားရှိတဲ့သူတို့ရဲ့ ချစ်ခြင်းမေတ္တာများကိုပါထည့်သွင်းဖော်ပြသွားပါတယ်။လူလတ်တန်းစားမိသားစုတွေမှာမွေးဖွားလာခဲ့ကြတဲ့ သာမန်ကောင်လေး ငါးယောက်ရဲ့အောင်မြင်မှုအပေါ်ထားရှိတဲ့သူတို့ရဲ့အမြင် ပြီးတော့ ဒီအောင်မြင်မှုကိုဘဝနဲ့ဟန်ချက်ညီအောင် ...
movie

One Direction: This Is Us (2013)

2013
Raging Bull (1980) 8.2
Raging Bull (1980) Raging Bull (1980) ==============IMDb Rating - 8.2/10 Directed By Martin ScorseseGoodfellas, The Irishman, Taxi Driver, The Wolf of Wallstreet The Departed, Shutter Island, Gangs of New York, king of Comedy ဒီရုပ်ရှင်တွေကို မိတ်ဆွေကြိုက်တယ်ဆိုရင်တော့ Martin Scorseseကိုသိမှာပါ။ အကောင်းဆုံး Gangsရုပ်ရှင်တွေဟာ သူ့လက်ကထွက်လာတယ်ဆိုကြပါတယ်။Raging Bullကို Martin Scorseseရဲ့ ဒုတိယအကောင်းဆုံး ရုပ်ရှင်လို့တော့ ဝေဖန်ရေးသမားတစ်ချို့က ဆိုပါတယ်။ ပထမကတော့ Goodfellasပါ။မာတင်နဲ့ ရုပ်ရှင်ကိုးကားရိုက်ဖူးတဲ့ Robert De Niroနဲ့ Joe Pesciကိုပဲသုံးထားပြီး အီတာလျံအမေရိကန် လက်ဝှေ့သမား ဟာသပညာရှင်အကြောင်းကိုရိုက်ထားတာပါ။ မာတင်သေချာသိတဲ့ သူတို့အီတာလျံနွယ်တွေရဲ့ အကြောင်းပဲမို့ သူ့ကားတွေရဲ့ အငွေ့အသက်ကို အပြည့်အ၀ရမှာပါ။Gangsကားလို့တော့ ပြောမရပေမယ့် သူရဲ့ Gangsကားတွေလို Brotherhoodsအငွေ့အသက် အပြည့်သုံးထားပါတယ်။Raging Bullဟာ Biography,Drama ,Sport အမျိုးအစား အဖြူအမဲရုပ်ရှင်ပါ။ဒီတော့ တစ်ချို့အတွက်ကတော့ အတော်လေး ပျင်းစရာကောင်းပါလိမ့်မယ်။ ဇာတ်လမ်းကတော့ 1949မှာ ကမ္ဘာ့ မစ်ဒယ်ဝိတ်ချန်ပီယံဖြစ်ခဲ့တဲ့ အီတာလျံအမေရိကန် ဘောက်စင်သမား တစ်ယောက်ဖြစ်တဲ့ ဂျိတ်လာမော့တာရဲ့ဘ၀ အနိမ့်အမြင့်အတက်အကျတွေအကြောင်းပါပဲ။ ဘာမှထူးထူးခြားခြားပါမှာမဟုတ်သလို ထမင်းစားရင်းလေး အပျင်းပြေကျော်လိုက်ရစ်လိုက် ကြည့်မယ်တွေးပြီးကြည့်မယ်ဆိုရင်တော့ စားလက်စထမင်းပန်ကန်ထဲပါ မျက်နှာစိုက် အိပ်ပျော်သွားနိုင်ပါတယ်။ရုပ်ရှင်တစ်ပုဒ်ကို စီးကရက်တစ်လိပ် ကော်ဖီတစ်ခွက်နဲ့ အေးအေးဆေးဆေး ခံစားပြီးကြည့်မယ်ဆိုရင်တော့ အတော်ကြည့်ကောင်းမယ့် ရုပ်ရှင်ပါပဲ။ လူတိုင်းရဲ့ဘ၀ဟာ စိတ်၀င်စားစရာ ဇာတ်ကြောင်းတစ်ခုတော့ရှိကြတာကိုး။ရုပ်ရှင်ဟာ ...
movie

Raging Bull (1980)

1980
Taxi Driver (1976) 8.3
Taxi Driver (1976) Taxi Driver (1976) IMDb 8.3/10______Rotten Tomatoes 96% Nominated for 4 Oscars. Another 21 wins & 15 nominations" စကားပြောမလို့လား ""အင်း , ကျွန်တော်တစ်ယောက်တည်းပါပဲဗျာ "______________________ဒီစကားလုံးလေးနှစ်ခုဟာ လျှာဖျားကလေးလှုပ်ပြီး ဖတ်လိုက်ကြားလိုက်ရချိန်မှာ ဘာမှမဟုတ်သယောင်ထင်ရပေမယ့် ယခု ဇာတ်ကားတစ်ခုလုံးအတွက်တော့ အရေးကြီးဆုံး စကားလုံးနှစ်ခု ဖြစ်ပါတယ်။ကျွန်တော့်အနေနဲ့ကတော့ ဘယ်တော့မှ မေ့ပျောက်နေမှာမဟုတ်တော့ဘဲ တသသ ဖြစ်ကျန်ခဲ့ရတဲ့ တက္ကစီ ဒရိုင်ဘာလေး ထရာဘစ်စ်ရဲ့ စကားလုံး နှစ်ခုဖြစ်ပါတယ်လို့ပဲ ဆိုရပါ့မယ်။ပြောရရင် တက္ကစီဒရိုင်ဘာလေးရဲ့ ဘဝအနေအထားနဲ့ စိတ်ပဋိသန္ဓေမှာ အမြစ်တည်ကြီးထွားဖို့လိုအပ်နေတဲ့ နွေးထွေးပျော်ရွှင်မှု စိတ်အာဟာရတွေ ပေါ့ပါးစွာခြေဆန့်နိုင်ဖို့။လူလောကအလယ်မှာ အခြားသောလူသားတွေလို အံဝင်ခွင်ကျ ဝင်ဆံ့ချင်လိုမှု တွေကို အသောနှင် ပိုင်ဆိုင်ချင်နေကြောင်းကို ပြည့်ပြည့်ဝဝ ပြဆိုလိုက်တဲ့ စကားနှစ်ခုလို့ပဲ ပြောရမှာဖြစ်ပါတယ်။ဒါပေမယ့် တက္ကစီဒရိုင်ဘာလေးခမျာမှာတော့ ရရှိဖို့ ခက်ခဲနေခဲ့ပါတယ်။ယခုရုပ်ရှင်ထဲက ဒရိုင်ဘာလေး ထရာဘစ်စ်ဟာ လိင် ...
movie

Taxi Driver (1976)

1976
Taxi Driver(1976) 8.3
Taxi Driver(1976) Taxi Driver(1976) IMDb...8.3,,,,,Rotten.....98% ဒီကားရဲ့ Rating တွေကတော့ မြင်တဲ့အတိုင်းပါပဲ....သူတို့ဆီမှာလည်း ကျွန်တော့်တို့မြန်မာကားတွေလိုပဲထင်တယ်...ကားသစ်တွေက အရင်လို သိပ်အားစရာ  မကောင်းဘူး...ကျွန်တော်ပဲ စိတ်ထင်နေလို့ပဲလား..မသိ...ဒီကားက တော့ ကျွန်တော်တို့မမွေးခင်ကထဲက ထွက်ရှိခဲ့ပါတယ်..သို့ပေမယ့်လည်းပေါ့လေ... မရိန်းစစ်ထွက်တစ်ဦးဖြစ်သူ ထရာဗစ်တစ်ယောက်  ညဘက်တက်စီဒရိုင်ဘာ အလုပ်ကိုလုပ်နေတယ်....သူဟာ ညဘက်လည်းအိပ်မပျော်တတ်တဲ့သူဆိုတော့ ညလုံးပေါက်ကားမောင်းနေတယ်...နေရာစုံကိုရောက်သလို လူအမျိုးမျိုးကိုလည်းသူတွေ့နေရတယ်. မြို့ပြရဲ့စိတ်ပျက်စရာလူတွေနဲ့ အခြေအနေဆိုးတွေ သူမတွေ့ချင်ဘဲတွေ့နေရတယ်...သူ့အလုပ်က ကားမောင်းတယ်..သူသိပ်သဘောကျတဲ့ ကောင်မလေးတစ်ယောက်ကို သွားငေးတယ်.....ဒီလိုနဲ့ နေ့စဉ်ဖြတ်သန်းပြီးနောက်မှာ ဒီစိတ်ပျက်စရာတွေကို အတတ်နိုင်ဆုံးပြုပြင်ဖို့ သူဆုံးဖြတ်လိုက်တယ်....ကဲသူဘာတွေဆက်လုပ်မလဲ... ကိုင်း ကားဟောင်းအလန်းတွေ သဘောကျတဲ့သူတွေအဖို့ ခံစားကြည့်လိုက်ပါဦးဗျ...ဒီကားထဲက အဓိကသရုပ်ဆောင်မင်းသားကြီး  Robert De Niro ကြီးကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ko Zuel Khant Thwin ပဲဖြစ်ပါတယ်.... File Size : (1GB) and (347 MB) Quality : Blu-Ray 720p Format…mp4 Duration…01:54:00 Genre : Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Zuel Khant Thwin Encoded by Phyo Pyae
movie

Taxi Driver(1976)

1976