Channel Myanmar

May Lo Mei-Mei

Happy Ghost 2 ( 1985 ) 5.8
Happy Ghost 2 ( 1985 ) Happy Ghost ကားရဲ့ ဒုတိယမြောက်ကားပဲဖြစ်ပါတယ် ချင်မင်းဆက် ကြီးစိုးချိန်ကာလ ကွမ်တုန်းခရိုင် ပေါင်အန်းမြို့နယ်မှာ စိတ်ဓာတ်ကျနေတဲ့ စာပေသမားတစ်ယောက်ရှိတယ် မြို့နယ်စာမေးပွဲကို 14နှစ်တိုင်တိုင်ဖြေဆိုခဲ့တာတောင် မအောင်မြင်နိုင်ခဲ့ဘူး သူ့မိန်းမ သူများနောက်ပါသွားတော့ သူအရမ်းဝမ်းနည်းပြီး စိတ်ဓာတ်ကျလွန်းလို့ ဘုရားကျောင်းပျက်ဆီသွားပြီး ကိုယ့်ကိုကိုယ်သတ်သေခဲ့တယ် ဒီလိုရင်ထဲမှာ မတရားဘူးလို့ခံနေရရှာပြီး နောင်ဘ၀မကူးနိုင်ဖြစ်နေရတဲ့ ဒီသရဲလေးဟာ ကောင်မလေးသုံးယောက်နဲ့တူတူပါလာခဲ့တယ် ကျူးသရဲလေးဟာ ကောင်မလေးသုံးယောက်ဆီကနေ လူ့ဘ၀ရဲ့ အဖိုးတန်ခြင်းကို ခံစားမိလာခဲ့တယ် စိတ်ထဲက မကျေနပ်မှုပြေပျောက်သွားပြီး သူဟာ ဘ၀တစ်ပါးကူးပြောင်းပြီး လူ့ဘ၀ကိုတစ်ဖန်ပြန်လာဖို့ ဆုံးဖြတ်ခဲ့တယ် ဒီလိုနဲ့ သရဲပျော်လေးဟာ တစ်ဖန်မွေးဖွားလာပြီးနောက် သူ့ရှေ့ဘ၀ရဲ့ ကောင်းမှုကုသိုလ်အကျိုးကြောင့် သူတပါးနဲ့မတူတဲ့ အခွင့်ထူးတွေကို ခံစားခဲ့ရတယ် ဆက်လက်ခံစားကြည့်ရှုပါ အညွှန်းနဲ့ဘာသာပြန်သူကတော့ Phyo Zaw ဖြစ်ပါတယ်
movie

Happy Ghost 2 ( 1985 )

1985
Happy Ghost 4 (1990) 5.7
Happy Ghost 4 (1990) 1990 ခုနှစ်က ထွက်ရှိခဲ့တဲ့ Happy Ghost 4 ဖြစ်ပါတယ်.. Happy Ghost 3 ကိုလည်း မြန်မာစာတန်းထိုးအဖြစ်နဲ့ channelmyanmar မှာပဲ တင်ပေးခဲ့ပြီးပါပြီ... ဒီကားက Happy Ghost 3 အနောက်က ထွက်ခဲ့တယ်ဆိုပေမယ့် ဇာတ်လမ်းဇာတ်ကွက်တွေ ဘာမှဆက်စပ်မှုမရှိပါဘူး. .အကြောင်းအရာသီးသန့်သာဖြစ်ပါတယ်...အရှေ့တုန်းက ထွက်ခဲ့တဲ့ ၁ , ၂ , ၃ ကလည်းမင်းသားပဲတူပြီး ဇာတ်လမ်းဇာတ်ကွက် တူညီခြင်းမရှိလို့ ကြည့်ရတာ ကြောင်တောင်တောင်ဖြစ်နေမှာမဟုတ်ပါဘူး ဒါပေမယ့် ဒီကားကို မကြည့်ခင် Happy Ghost 3 ကိုအရင်ကြည့်ပါလို့ ကြိုပြောပါရစေ ကြည့်ရတာပိုပြီးအရသာရှိအောင်ပါ...Happy Ghost Series တွေက ကြာလှပြီဖြစ်တဲ့အတွက် အကြည်ကို ရှာဖို့အရမ်းခက်ခဲပါတယ်ဒါကြောင့် တွေ့ဖူးသမျှထဲမှာ အကြည်ဆုံး Version ကိုသာ ဒေါင်းပြီးဘာသာပြန်ရတာ ဖြစ်တဲ့အတွက် နည်းနည်းတော့ ကွာလတီ ၀ါးပါတယ်..ခွင့်လွှတ်ပေးကြပါ အရင်အပိုင်းတွေရဲ့ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ချင်မင်းဆက်ခေတ်တုန်းက လူတစ်ယောက်က ပညာရှိစာမေးပွဲကို အကြိမ်ကြိမ်ဖြေဆိုခဲ့ပေမယ့် အောင်မြင်ခြင်းမရှိပဲ..နောက်ဆုံးမှာ သူ့မိန်းမကိုယ်တိုင်က ထားရစ်ခဲ့လည်း စိတ်ကျရောဂါဖြစ်ပြီးတဲ့နောက်ဘုရားကျောင်းပျက်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ သတ်သေခဲ့ပါတယ် လူပြန်ဝင်စားခွင့်မရပဲနဲ့ ကြိုးပေါ်မှာပဲ တွယ်ကပ်နေခဲ့ပါတယ် တစ်နေ့မှာ မြို့က ကျောင်းသားအဖွဲ့တစ်ဖွဲ့လာရောက်အပန်းဖြေရာကနေကြိုးကိုသယ်ဆောင်သွားပြီး Happy Ghost က မြို့ကိုရောက်ရှိသွားပါတယ် ကျောင်းသားအဖွဲ့ကကောင်မလေးတွေနဲ့ သိရှိပြီး ဘ၀ရဲ့ အဓိပ္ပါယ်တွေကို သေချာစွာ နားလည်သင်ယူနိုင်ခဲ့လို့ လူပြန်ဝင်စားခွင့်ရရှိခဲ့ပါတယ် ဒါက အပိုင်း ၁ ပါ.. အပိုင်း ၂ ကနေ ...
movie

Happy Ghost 4 (1990)

1990