Channel Myanmar

Meagan Good

The Unborn (2009) 5.1
The Unborn (2009) The Unborn (2009) =================သာမန် မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ကေစီဟာ ဘဝကို အေးအေးလူလူ ဖြတ်သန်းနေသူတစ်ယောက်ပါ... တစ်နေ့မှာ အိမ်နီးချင်းအတွက် ကလေးထိန်းလုပ်ပေးရင်း ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုကို ကြုံတွေ့လိုက်ရပါတော့တယ် အဲ့နောက်ပိုင်းက စပြီး သူမရဲ့ မျက်ဝန်းအရောင်က ပြောင်းလဲလာတယ် မမြင်အပ်တာတွေ မြင်လာရတယ်...သူမရဲ့ အမေဟာလည်း ဘာမှန်းသေချာမသိရတဲ့အကြောင်းအရာတစ်ခုကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်... ဘာမှန်းမသိတဲ့အရာတစ်ဟာ သူမကိုနေ့ရော ညပါခြောက်လှန့်လာပါတော့တယ်ဒါတွေကို ရင်ဆိုင်ဖို့အတွက် အကြောင်းရင်းကို လိုက်လံရှာဖွေရင်း တစ်ဘဝလုံးဖုံးကွယ်ခံထားရတဲ့ အရာကို သိလိုက်ရ‌ချိန်မှာတော့....ကိစ္စတွေကို သူမဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ Jump scare အများကြီးနဲ့ ရင်တစ်ထိတ်ထိတ်နဲ့ ကိုယ်တိုင်ခံစားကြည့်လိုက်ကြပါဦး ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ Thu Thu ပါ )File size_(1.3GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:32:00 Genre_Horror, Mystery, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thu Thu
movie

The Unborn (2009)

Saw V (2008) Saw 5 5.8
Saw V (2008) Saw 5 Saw Collection ==============CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director's cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell  တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ ...
movie

Saw V (2008) Saw 5

Waist Deep(2006) 5.8
Waist Deep(2006)   ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့ အက်ရှင်ကားကြမ်းကြမ်းကိုမှ မိသားစုဆိုတဲ့အဓိပ္ပါယ်ကိုလည်း ပေါ်လွင်အောင်ရိုက်ပြထားတဲ့ 2006 ခုနှစ်မှာထွက်ထားတဲ့ Tyrese Gibson ရဲ့ Waist Deep ဆိုတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ဇတ်လမ်းအကျဥ်းကတော့... O2(Tyrese Gibson) ဟာ မူးယစ်ဂိုဏ်းအဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပြီးတော့ ထောင်ကနေလွတ်လာတာသိပ်မကြာသေးတဲ့အကျဥ်းသားဟောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ ထောင်ကလွတ်လာပြီးတဲ့နောက်မှာလုံခြုံရေးဝန်ထမ်းတစ်ဦးအဖြစ်နဲ့သားလေးကိုစောင့်ရှောက်ပြီးဘဝကိုရိုးရိုးသားသားနဲ့တစ်ကပြန်စဖို့ကြိုးစားနေတဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါပေမဲ့ ကံတရားက O2 ကို အေးချမ်းခွင့်မပေးခဲ့ပါဘူး။တစ်နေ့သူ့သားလေးကိုကျောင်းသွားကြိုပြီးပြန်လာတဲ့လမ်းမှာ သားလေးကိုအတင်းအဓ္ဓမပြန်ပေးဆွဲခံလိုက်ရပါတယ်။ ပြီးတော့ သူဘယ်လိုမှမတတ်နိုင်တဲ့ငွေပမာဏဖြစ်တဲ့ ဒေါ်လာတစ်သိန်းနဲ့ပြန်ရွေးဖို့အကျပ်ကိုင်ခံရပါတယ်။တစ်ဦးတည်းသောခင်တွယ်စရာသားလေးအတွက် O2 တစ်ယောက် မလုပ်ချင်တဲ့အလုပ်တွေကိုပြန်လုပ်ဖို့ကြိုးစားရာကနေ အဆင်ပြေပြေနဲ့သားလေးကိုပြန်ရွေးနိုင်မလား? အဲ့ဒီလူဆိုးဂိုဏ်းကရော သူ့ကိုမှ Target ထားပြီး ဘာလို့အခုလိုလုပ်ရတာလဲ ဆိုတာကို ဇာတ်ကားထဲမှာအတူတူကြည့်ရှုရင်းအဖြေရှာလိုက်ကြရအောင်ပါ။ကြမ်းကြမ်းရမ်းရမ်းအက်ရှင်ခန်းတွေရယ် အန္တာရယ်ကြားကဆုံစည်းခဲ့ရတဲ့ မိန်းကလေးနဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ရယ်၊ ဖအေနဲ့သား ညီအကိုတွေကြားက သံယောဇဥ်ထုံးဖွဲ့မှုတွေရယ်နဲ့ ဇာတ်လမ်းတစ်ခုလုံးကို အစကနေအဆုံး အနိမ့်အမြင့်အတက်အကျအစုံအလင်နဲ့ရင်တစ်ထိတ်ထိတ်ကြည့်ရှုရစေဖို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်။  File size…1.52GB / 568.6MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ..... Action , Crime ...
movie

Waist Deep(2006)

Meeting Evil(2012) 5.3
Meeting Evil(2012) မင်းသား Luke Wilson နဲ့ ကျွန်တော်တို့ မာသာဖပ်ကာကြီး Samuel L Jacksonဦးဆောင်ထားတဲ့ ထိတ်လန့်သည်းဖိုဖွယ် ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အိမ်ထောင်သည် ကလေးနှစ်ယောက်ရှိအိမ်ခြံမြေပွဲစား ဂျွန်တစ်ယောက် အိမ်တွေလည်းမရောင်းရ ပိုက်ဆံတွေလည်းအကုန်ဆုံးအလုပ်ထုတ်ခံလာရပြီး သူ့မွေးနေ့ကို စိတ်ပျက်လက်ပျက် ပြန်လာပါတယ်၊မိန်းမဖြစ်သူနဲ့လည်း စကားများပေါ့။ပြီးတော့ မိန်းမက ကလေးတွေခေါ်ထွက်သွားတဲ့အချိန်တံခါးခေါက်လို့ ဖွင့်ပေးလိုက်တော့ ရစ်ချီဆိုတဲ့လူတစ်ယောက်ကသူ့ကားပျက်နေလို့ဆိုပြီး ခဏလောက် တွန်းပေးဖို့ ကူညီခိုင်းပါတယ်။အဲဒါနဲ့ ဂျွန်တစ်ယောက် ကူညီပေးတဲ့အချိန် အိပ်ဇောပေါက်ပြီးခြေထောက်ထိသွားပါတော့တယ်။ဒီတော့ ရစ်ချီကလည်း သူ့ကြောင့် ဖြစ်သွားရတဲ့အတွက် စိတ်မကောင်းပါဘူးဆေးရုံလိုက်ပို့ပေးမယ်ဆိုပြီး ဂျွန်ငြင်းနေတဲ့ကြားက မရရအောင် ကားပေါ်တင်ပြီးဆေးရုံလိုက်ပို့မယ်လုပ်ပါတယ်။အဲဒီမှာပဲ ဂျွန့်ရဲ့ကံကြမ္မာဟာ အစကတည်းက ဆိုးနေရတဲ့ထဲ မြေနိမ့်သူကိုလှံစိုက်သလို ဖြစ်လာရတော့တယ်။ဂျွန်တစ်ယောက် ရစ်ချီဆိုတဲ့လူနဲ့ သွားလာရင်း ဘာထူးဆန်းတာတွေ ကြုံရမလဲ၊ ဘာလို့ သူ့ဆီကိုဒီရစ်ချီဆိုတာ ရောက်လာရတာလဲ၊ သူ့ဆီက ဘာလိုချင်နေတာလဲစသဖြင့် လှည့်ကွက်တွေနဲ့ လူသတ်မှုတွေပါ ပါဝင်လာတဲ့အခါမှာတော့ဂျွန်တစ်ယောက် သူ့မိသားစုကို ဘယ်လိုကယ်တင်မလဲဆိုပြီး စိတ်လှုပ်ရှားရတဲ့ ဇာတ်ကားတစ်ကားပါ။ဇာတ်လမ်းရဲ့ရှေ့ဆုံးခန်းလေးကိုလည်း သေချာအာရုံစိုက်ပေးဖို့ အကြံပေးချင်တယ်မဟုတ်ရင် ...
movie

Meeting Evil(2012)

Dungeons & Dragons: The Book of Vile Darkness (2012)
Dungeons & Dragons: The Book of Vile Darkness (2012) Dungeons & Dragons : The Book of Vile Darkness (2012)Dungeons & Dragons ဟာ ၁၉၇၄ကတည်းက နာမည်ကြီးခဲ့တဲ့ လူသိများတဲ့ ဂိမ်းတစ်ခုပါပဲ။ ဘုတ်ဂိမ်းအနေနဲ့ စထွက်ရှိခဲ့ပြီး အခုထိလည်း ဗားရှင်းအသစ်အသစ်တွေပြန်ထွက်နေတုန်း လူကြိုက်များနေတုန်း Role-playing ဂိမ်းဆိုလည်းမမှားပါဘူး။ သူ့ကို အခြေခံပြီး ဂိမ်းပေါင်းများစွာထွက်ရှိခဲ့သလို သူ့နာမည်နဲ့ထွက်ရှိခဲ့တာတွေလည်း အခုထက်ထိ မနည်းမနောပါပဲ။ တော်တော်လေး အောင်မြင်ခဲ့တဲ့ဂိမ်းလို့ပြောလို့ရပါတယ်။Dungeons & Dragons ဂိမ်းကို အခြေခံပြီး ၂၀၀၀မှာတစ်ကား၊ ၂၀၀၅မှာတစ်ကား၊ ၂၀၁၂မှာတစ်ကား ၃ကားထွက်ရှိခဲ့ပြီး ဒီသုံးကားကို Trilogy အဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၂၃မှာတော့ နာမည်ကြီးမင်းသားတွေနဲ့အတူ ပါရာမောင့်က Reboot ပြန်ပြသွားမှာပါ။ ဂိမ်းဟာ ဂန္ထဝင်ဖြစ်ခဲ့ပေမဲ့ ရုပ်ရှင်တွေကတော့ ဂန္ထဝင်ဖြစ်ဖို့နဲ့ တော်တော်ဝေးသေးတဲ့ ရုပ်ရှင်တွေပါပဲ။ ဒါပေမဲ့လည်း နဂါးတွေ မှော်ဆရာတွေ သူရဲကောင်းတွေပါတဲ့ Fantasy ...
movie

Dungeons & Dragons: The Book of Vile Darkness (2012)

2012
Day Shift (2022) 6.5
Day Shift (2022) Day Shift (2022)~ IMDb rating - 6.5/10 ~ဂျေမီဖောက်စ်၊ စနုဒေါ့နဲ့ ဒေ့ဖရန်ကိုတို့ရဲ့ ရုပ်ရှင်အသစ်ထွက်လာပါပြီ။ သွေးစုပ်ကောင်မုဆိုးဇာတ်လမ်းပါပဲ။ အက်ရှင်နဲ့ ဟာသအသားပေးပါ။ဂျေမီက သွေးစုပ်ကောင်မုဆိုးများသမဂ္ဂကနေ အထုတ်ခံထားရတဲ့ ဘက်ဒ်ဆိုတဲ့ တစ်ကိုယ်တော်မုဆိုးတစ်ယောက်ပါ။ သွေးစုပ်ကောင်မုဆိုးတွေဟာ သွေးစုပ်ကောင်တွေကိုသတ်ပြီး အစွယ်တွေကိုနှုတ်ရောင်းရင် ဈေးကောင်းရတဲ့အတွက် အဲဒီအလုပ်နဲ့အသက်မွေးကြတာများပါတယ်။ ဒါပေမဲ့ မှောင်ခိုဈေးဆိုရင် နည်းတာမို့ သမဂ္ဂအသင်းဝင်ဖြစ်မှ ဈေးကောင်းရကြတာတို့ အာမခံရတာတို့ ဖြစ်ပါတယ်။ ဘက်ဒ်ဟာ အဲဒီအလုပ်ကိုလျို့ဝှက်လုပ်နေတာကြောင့် မိန်းမနဲ့ကလေးနဲ့ ခွဲနေရပြီး ငွေကြေးလည်းအဆင်မပြေဖြစ်နေပါတယ်။ တစ်နေ့မှာ သူ့မိန်းမက ကလေးကျောင်းလခ ဒေါ်လာ ၅၀၀၀ နဲ့ သွားဆေးခန်းမှာသွားထိန်းအစွပ်လုပ်ဖို့ ဒေါ်လာ၅၀၀၀ လိုတယ်ပြောလာတဲ့အခါ သမဂ္ဂမှာပြန်ဝင်ခွင့်ရအောင်လုပ်ပြီး သွေးစုပ်ကောင်တွေအများကြီးလိုက်သတ်ပြီး ငွေတွေအများကြီးရှာဖို့ ကြိုးစားလာပါတော့တယ်။ ဒါပေမဲ့ သူသတ်လိုက်တဲ့ သွေးစုပ်ကောင်ရဲ့ ဆွေမျိုးတွေက အကောင်ကြီးမိသားစုဖြစ်နေပြီး သူ့ကိုလက်စားချေဖို့လိုက်လာတဲ့အခါမှာတော့...(ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်)Size - ...
movie

Day Shift (2022)

2022
The Intruder (2019) 5.3
The Intruder (2019) ချာလီပက်ခ်တစ်ယောက် သူ့အိမ်ကိုအရောင်းထုတ်နေပါတယ်။ ဖလော်ရီဒါမှာရှိတဲ့သူ့သမီးလေးက အသက်အရွယ်ကြီးနေပြီဖြစ်တဲ့သူ့အဖေကို သူတို့နဲ့အတူလာနေစေဖို့ပြောနေတော့ ဒီအိမ်ကိုရောင်းထုတ်ပြီးတော့ သူ့သမီးဆီလိုက်သွားတော့မှာပါ။ ချာလီတို့ အိမ်ကိုလာကြည့်တဲ့ စကော့နဲ့အန်နီတို့ကတော့ စစရောက်ချင်းမှာ နည်းနည်းလေးတော့ ထိတ်လန့်စရာတွေကြုံခဲ့ရပေမယ့် အန်နီတစ်ယောက်အိမ်လေးကိုအရမ်းသဘောကျနေတာနဲ့ပဲ နောက်ဆုံးတော့ဝယ်ဖြစ်သွားပြီး ပြောင်းရွေ့နေထိုင်ကြပါတော့တယ်။ အိမ်လေးရဲ့ဘေးနားတစ်ဝိုက်မှာသစ်တောလေးနဲ့ဖုံးအုပ်ထားပြီးတော့ တကယ့်ကိုလှပတဲ့အိမ်လေးတစ်လုံးလဲဖြစ်ပါတယ်။ အန်နီတစ်ယောက်တော့ အပျော်ကြီးပျော်နေခဲ့တာပေါ့။ ဒါပေမယ့်လေ နှစ်ရှည်ကြာမြင့်စွာနေထိုင်ခဲ့တဲ့ ချာလီအတွက်တော့ ဒီအိမ်မှာ သူ့မိန်းမနဲ့အတူ ကလေးတွေနဲ့လဲ နေထိုင်ရင်းဖြတ်သန်းခဲ့ရတာဆိုတော့ မကြာမကြာပြန်ပြန်ရောက်လာပြီးတော့ အိမ်လေးနဲ့ပတ်သက်တာတွေကို လုပ်ပေးလေ့ရှိပါတယ်။ ဒါပေမယ့် တချို့သောကိစ္စလေးတွေပေါ်ပေါက်လာခဲ့တဲ့အချိန်မှာတော့ ဇာတ်လမ်းကတစ်မျိုးပြောင်းလဲသွားတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်ခင်ဗျာ။ စိတ်လှုပ်ရှားစရာကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်တာကြောင့် လက်လွတ်မခံပဲကြည့်ရှုသင့်ပါတယ်လို့ထပ်လောင်းပြောကြားလိုက်ပါတယ်။ File Size : (1.43 GB) and (750 MB)  Quality : AMZN WEB-DL (1080p 5.1,720p) Running Time : 101min Format : Mp4 Genre : Drama,Horror,Mystery Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.DD5.1.H264-FGT Translated by Charm Encoded by sithu
movie

The Intruder (2019)

2019
Anchorman 2: The Legend Continues (2013) 6.3
Anchorman 2: The Legend Continues (2013) ရွန်ဘွန်ဂနီပြန်လာပါပြီ ဒီအပိုင်း၂မှာတော့ ရွန်ဟာ ဗရိုနီကာနဲ့အိမ်ထောင်ကျပြီး သားလေးတစ်ယောက်ပါ ရထားပါပြီ မိန်းမဖြစ်သူနဲ့ အတူတူတကွ သတင်းတင်ဆက်သူအဖြစ် လုပ်ကိုင်နေရင်းမှ အထက်လူကြီးက ဝန်ထမ်းလျှော့တဲ့ ကာလမှာ သူ့မိန်းမကို ရာထူးတိုးပေးပြီး သူ့ကိုတော့ အလုပ်ဖြုတ်လိုက်ပါတော့တယ် ဒီမှာတင် မိန်းမဖြစ်သူနဲ့ အချေအတင်စကားများကြပြီး ရွန်တစ်ယောက် အိမ်ပေါ်ကဆင်းကာယစ်ထုပ်ကြီးတစ်ယောက်ဖြစ်လာပါတော့တယ် အဏ္ဏဝါပြတိုက်တစ်ခုမှာ တင်ဆက်သူလုပ်နေတဲ့ယစ်ထုပ်ကြီး ရွန် အဲ့အလုပ်ကပါ အလုပ်ပြုတ်ပြီးသူ့ဘာသာသူသတ်သေဖို့ကြံတဲ့အထိ ဘဝကို အရှုံးပေးလိုက်ပါတယ် သို့သော်လဲ တစ်မိုးအောက်တစ်ယောက်ရွန်ကို လူတစ်ယောက်က သတင်းကြေငြာဖို့လာခေါ်ပါတယ် အဲ့ခေတ်အခါက၂၄ နာရီလုံး သတင်းကြေငြာတဲ့ ရုပ်သံလိုင်းတွေကမရှိသေးဘဲ စွန့်ဦးထုတ်လွှင့်ဖို့ ရွန်ကိုလာငှါးတာပါ အဲ့မှာတင်ပဲရွန်တစ်ယောက် ထိုအလုပ်ကိုလက်ခံပြီး သူ့ရဲ့ တစ်ကွဲတစ်ပြားစီဖြစ်နေတဲ့ သူငယ်ချင်း၃ယောက်ကိုပါပြန်ခေါ်လို့ နယူးယော့မြို့ကြီးမှာ သတင်းတင်ဆက်သူအဖြစ် ပြန်လာရောက်ရှိလာပါပြီ အလွဲတွေနဲ့ ရွန်တစ်ယောက် နယူးယော့မှာ ဘယ်လိုတွေတွေ့ကြုံဦးမလဲ ဆိုတာကို ဆက်လက်ကြည့်ရှူခံစားရယ်မောလိုက်ပါဦး... --------------------------------------------------------Translated by Waizin WayneEncoded by sithu
movie

Anchorman 2: The Legend Continues (2013)

2013