Channel Myanmar

Melissa Benoist

Jay and Silent Bob Reboot (2019) 5.9
Jay and Silent Bob Reboot (2019) Jay နဲ့ Silent Bob ဆိုတာကတော့ အပြင်မှာတကယ်ရှိတဲ့ဆေးသမား ၂ ယောက်ကို အခြေပြုပြီး Kevin Smith ကဖန်တီးထားခဲ့တဲ့ဇာတ်ကောင်တွေပါသူတို့ကို Bluntman နဲ့ Chronic လို့လည်းသိထားကြပါတယ်...ဒီ Reboot မတိုင်ခင် သူတို့ Universe အတိုင်းဇာတ်ကားပေါင်းများစွာထွက်ရှိထားပါသေးတယ်...ဒီ Reboot ထဲမှာတော့ တကယ့်အပြင်က Jay နဲ့ Bob တို့တစ်တွေသူတို့နာမည်တွေကိုလုယူပြီး ရုပ်ရှင်ရိုက်မယ့်Kevin Smith ကိုတားကြမှာဖြစ်ပါတယ် ​Comedy ရသအပြည့်အဝနဲ့ အတူChris Hemsworth, Ben Affleck, Matt Damon နဲ့နောက်ဆုံး Stan Lee ပါ Cameo အဖြစ်ပါဝင်ထားကြတာမို့လို့ကြည့်ကောင်းပါတယ်လို့ လက်တို့လိုက်ရင်းစကားအသုံးအနှုန်းကြမ်းတာလေးတော့သတိပြုစေချင်ပါတယ်လို့... File Size : ( ...
movie

Jay and Silent Bob Reboot (2019)

Whiplash (2014) 8.5
Whiplash (2014) Whiplash (2014) IMDb - 8.5/10_____Rotten- 94%Won 3 Oscars. Another 91 wins & 144 nominations.   ကြားဖူးတာလေးတစ်ခုရှိတယ်…တရုပ်ကြီးတစ်ယောက်နဲ့မြန်မာအမျိုးသမီးတစ်ယောက်နဲ့အိမ်ထောင်ကျသတဲ့….အိမ်ထောင်ရေးကအဆင်ပြေတယ်ဆိုပေမယ့် တရုတ်ကြီးက သူ့မိန်းမကိုမကျေနပ်တဲ့အချိန်ရှိတယ်….အဲ့ဒါက ဂရိတ်ဦးဖိုးစိန်ကြောင့်ပဲ...ဦးဖိုးစိန်ကြီးလာကတဲ့အချိန်ဆို သူ့မိန်းမက ဘာအလုပ်ပဲရှိရှိ ဖျက်ပြီး သွားကြည့်တာကိုး..တရုပ်ကြီးက တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်ဆိုတော့ အတော်တင်းသတဲ့…တစ်နေ့တော့ သူ့မိန်းမ ဘာလို့အဲ့လောက်ကြည့်ချင်ရတာလဲဆိုတာသိချင်တာနဲ့ ဦးဖိုးစိန်ကပြတဲ့ပွဲကိုလိုက်ကြည့်သတဲ့...ဦးဖိုးစိန်ကြီးက မင်းသမီးတွေနဲ့ကတာကိုး….ဆိုင်းဝိုင်းကလည်းမြိုင်ဆိုင်…ဦးဖိုးစိန်ကြီးကလည်း မင်းသမီးတွေကြားမှာ လှပစွာကနေသတဲ့..တရုတ်ကြီးအနေနဲ့မြန်မာ့ဆိုင်းဝိုင်းရယ် မင်းသားမင်းသမီးအကရယ်ကိုသိပ်နားမလည်ဘူး…ဒါပေမယ့် ကြည့်နေရင်း လူကမြူးလာတော့ မနေနိုင်မထိုင်နိုင်ထပြောသတဲ့…အမလေး ဦးဖိုးစိန်ကြီးနဲ့ကတဲ့မင်းသမီးသာဖြစ်လိုက်ချင်သတဲ့…အနုပညာဆိုတာဒါပဲနေမယ်….  ကျွန်တော်ဘာလို့ဒါတွေပြောနေလဲဆိုတော့ jazz  drummer ကောင်လေးတစ်ယောက်ကိုရိုက်ပြထားလို့ပါ..ခင်ဗျားတို့တော့မသိဘူး..ကျွန်တော်က jazz အမျိုးအစားနဲ့စိမ်းလွန်းလှတယ်…ဒါပေမယ့်ဒီကားထဲမှာတော့ Miles Teller ရဲ့ အမူအရာတွေ ဒရမ်တီးတဲ့ပုံတွေကြောင့်ရယ်လား J.K. Simmons ရဲ့အားပါပြင်းထန်လွန်းတဲ့ ဟန်ပန်တွေကြောင့်လား တီးဝိုင်းတစ်ခုလုံးရဲ့အသံတွေကြောင့်လားမသိ jazz ဂီတအမျိုးအစားထဲကိုစီးမျောသွားတယ်..ဒီကားက ကျော်ကြားတဲ့ drummer သမားဖြစ်အောင်ကြိုးစားနေတဲ့ကောင်လေးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ ..ကြားဖူးသလောက် တူရိယာတွေတီးခတ်တဲ့သူတွေကို ရုပ်ရှင်ရိုက်တဲ့နေရာမှာ  piano သမား ဂစ်တာသမားတွေကပြသနာသိပ်မရှိဘူးတဲ့…ဘာလို့ဆိုတီးကွက်တွေပြတဲ့နေရာမှာ view ကိုအစားထိုးဖို့လွယ်ကူပါသတဲ့….ဒရမ်သမားကြတော့အဲ့ဒီလို view ပြဖို့မလွယ်ကူပါသတဲ့….ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်  Miles Teller ကတော့ ...
movie

Whiplash (2014)

2014
Supergirl Tv Series (Season 1 Complete) 6.5
Supergirl Tv Series (Season 1 Complete) မကြာသေးခင်ကမှ အသစ်ထွက်ရှိလာတဲ့ ဇာတ်လမ်းတွဲအသစ်နဲ့ မိတ်ဆက်ပေးပါရစေ Supergirl ဇာတ်လမ်းတွဲဟာ လွန်ခဲ့တဲ့ တနင်္လာနေ့ ညကမှ တရားဝင်ထွက်ရှိလာခဲ့တဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်... Man of Steel ခေါ် Superman ရဲ့ ဘ၀ဇာတ်ကြောင်းကို လူတိုင်းသိကြမှာပါ။ ဒါပေမယ့် သူကမ္ဘာမြေပေါ်စေလွှတ်ခံရတဲ့အချိန်မှာ သူတစ်ယောက်ထဲမဟုတ်ပဲ ၀မ်းကွဲအစ်မ ကာရာပါ ပါလာခဲ့တာကို ခုတွေ့ရပါတော့မယ်။ ကာရာ က ကမ္ဘာမြေပေါ်ကို ဘာကြောင့် ဘယ်လိုပုံစံနဲ့ရောက်လာမယ်ဆိုတာရယ် ဘယ်လို Superhero ဖြစ်လာမယ်ဆိုတာရယ်။ သူမနဲ့အတူ ပါလာတဲ့ အကြီးမားဆုံး အန္တာရာယ်တွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာရယ်ကို ဒီဇာတ်လမ်းတွဲမှာ ကျွန်တော်တို့ စောင့်ကြည့်ရပါတော့မယ်...IMDb rating 6.3/10 ထိ ရရှိထားပြီး ကြည့်ရှုသင့်တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါကြောင်းပြောကြားရင်းနဲ့ အားပေးကြည့်ရှုကြပါဦးလို့….ဒီဇာတ်ကားအတွက် ဘာသာပြန်ပေးသူကတော့ Ye' Kyaw Htet ပဲဖြစ်ပါတယ်Season 1 EP 01 EP 02 EP 03 EP 04 EP 05 EP 06 EP 07 EP 08 EP 09 EP ...
movie


2015