Channel Myanmar

Melvin Wong

Heart of Dragon (1985) 6.5
Heart of Dragon (1985)    ဟောင်ကောင်အက်ရှင်လောကရဲ့ ရွှေရောင်မျိုးဆက်တွေဖြစ်တဲ့ ဂျက်ကီချန်းတို့ ဟုတ်ချင်းပေါင်(Sammo Hung)တို့အပြင် ဇာတ်ကားတွေမှာ မှော်ဆရာလုပ်နေကြ Lam Ching-ying တို့လို ဇာတ်ရံတွေ အများအပြားလဲပါဝင်ထားပါတယ်။အထူးရဲကွန်မန်ဒို ဂျက်ကီချန်းနဲ့ ကျပ်မပြည့်တဲ့သူ့အစ်ကို ဟုတ်ချင်းပေါင်တို့ကြားက သံယောဇဉ်ကို ရင်နင့်အောင် ပြီပြင်စွာ ပုံဖော်ထားပြီး ဟာသတွေ အက်ရှင်တွေနဲ့လဲ ဇာတ်လမ်းကို ခပ်သွက်သွက် ဆွဲခေါ်ထားပါတယ်။၏ဂျက်ကီချန်းရဲ့ ငယ်မူငယ်သွေးကို အထင်းသားမြင်ရမှာဖြစ်သလို Action,Comedy,Drama ကြိုက်သူတွေ လက်မလွတ်သင့်တဲ့ကားလေးပါပဲ...... IMDb Rating (6.5/10) ရရှိထားပြီး ဒါရိုက်တာကလဲ ဟုတ်ချင်းပေါင်ပဲဖြစ်ပါတယ်။ File size…(1.8 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre...Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hein Zaw & Thar Nyo Lwin 
movie

Heart of Dragon (1985)

1985
The Untold Story 2 7.8
The Untold Story 2 ဒီတခါတော့ cmပရိသတ်ကြီးအတွက် ၁၉၉၈ခုနှစ်က ရိုက်ကူးပြီး IMDb 5.5ရထားတဲ့ horrorဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်. ဇာတ်လမ်းအကျဉ်းကတော့ အလုပ်ကိုပဲ အာရုံစိုက်တ‌ဲ့ Cheung ဟာ တနေကုန် ပင်ပန်းတာတွေ များလို့ ညရောက်တဲ့အခါ ဇနီးKuenဖြစ်သူကို စိတ်မကျေနပ်စေနိုင်ခဲ့ပါဘူး. အဲ့ဒါကြောင့် ဇနီးဖြစ်သူဟာ စိတ်ကျေနပ်မှုရအောင် အမြဲယောကျာ်းတစ်ယောက်မဟုတ် တစ်ယောက် ရှာပြီး ဆန္ဒကို ဖြေသိမ့်နေခဲ့ပါတယ်. လူရိုးကြီးCheungဟာလဲ ဇနီးသည်ကို ပြောမရတာကြောင့် လွှတ်ပေးထားခဲ့ပါတယ်။ ဒီလိုနဲ့ မထင်မှတ်ပဲ တနေ့မှာတော့ kuen ရဲ့ညီမ၀မ်းကွဲဖြစ်သူ Fungဟာ ဟောင်ကောင်ကို ရောက်လာခဲ့ပါတယ်. Fung ဟာအမဖြစ်သူရဲ့ လုပ်ရပ်တွေကို တွေ့တဲ့အခါမှာ ရွံရွာမုန်းတီးပြီး လူရိုးကြီး Cheungကို သနားချစ်ခင်ခဲ့ပါတယ်. အဲ့ဒါနဲ့ fungဟာ လူရိုးကြီး Cheungကို မာယာတွေနဲ့ ဖြားယောင်းပြီး သူ့ကိုချစ်ခင်အောင် လုပ်ခဲ့ပါတယ်. horrorကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပါ.... လူသတ်ခန်းနဲ့ ချစ်ကျွမ်း၀င်ခန်းတချို့ပါ၀င်တာကြောင့် အသက်၁၈နှစ်အောက် မကြည့်သင့်ပါ....
movie

The Untold Story 2

1998