Channel Myanmar

Mia Wasikowska

Stoker (2013) 6.8
Stoker (2013) Stoker (2013)~ IMDb - 6.8/10, Rotten Tomatoes - 70% ~ဒီနှစ်မှာ Decision to Leave နဲ့ ပြန်ပေါက်ခဲ့တဲ့ ကိုရီးယားဒါရိုက်တာကြီး ပတ်ချန်းဝုရဲ့ ဟောလိဝုဒ်မှာ ရိုက်ခဲ့တဲ့ကားပါ။ IMDb - 6.8/10 နဲ့ RT - 70% ဆိုတော့ rating တွေကတော့ ကောင်းမြဲပါပဲ။ ဒါပေမဲ့ ပတ်ချန်းဝုလို ဆရာ့ဆရာကြီးအနေနဲ့ဆိုရင်တော့ သိပ်မကောင်းလှဘူးပေါ့။ ဒီလိုအဖြစ်က ဖြစ်နေကျပါပဲ။ အာရှက ဂိဆရာတွေ ဟောလိဝုဒ်တက်ရိုက်လိုက်တိုင်းနီးပါးကို ဖြစ်နေကျ‌ပေါ့။ ဝေါင်ကာဝေးရဲ့ အနုဆုံးကားကလည်း သူဟောလိဝုဒ်တက်ရိုက်လိုက်တဲ့ကားပါပဲ။ ပတ်ချန်းဝုရဲ့ အနုဆုံးဆိုပေမဲ့လည်း ဒီရုပ်ရှင်က သူ့ဟာနဲ့သူတော့ တော်တော်ကောင်းတဲ့ရုပ်ရှင်ပါပဲ။ Thriller ကားပီသစွာပဲ တစ်စတစ်စချင်း ဆွဲခေါ်သွားပါလိမ့်မယ်။ ဒီရုပ်ရှင်ဟာ ပတ်ချန်းဝုကားပီပီသသ မင်းသား မင်းသမီးတွေရဲ့ သရုပ်ဆောင်စကေးပြခွင့်ရတဲ့ကားဆိုလည်းမမှားပါဘူး။ ဘာလို့ဆို တစ်ကားလုံး လူများများစားစားမပါလှပဲ ...
movie

Stoker (2013)

2013
The Devil All the Time 2020 7.6
The Devil All the Time 2020 ရောဘတ် ပတ်တီဆန် နဲ့ တွမ် ဟော်လန်တို့ရဲ့ နက်ဖလစ် ရုပ်ရှင်အသစ်ရပါပြီ။ လက်ရှိမှာတော့ IMDb 7.9 ရထားပါတယ်။ တကယ်ကို ထိုက်ထိုက်တန်တန်ရတာပါပဲ။ နောက်ခံစကားပြောလေးနဲ့ ဂန္ဓဝင်ရုပ်ရှင်ဟောင်းတွေရဲ့ အငွေ့အသက်လေးတွေနဲ့ ဖန်တီးထားတာပါပဲ။ မူရင်း ခေတ်ဟောင်း ဝတ္ထုကို မဖတ်ဖူးပေမယ့် ရုပ်ရှင်ကို ကြည့်လိုက်တာနဲ့တင်အတော်ကို ကောင်းမယ့် ဝတ္ထုဆိုတာ သိလိုက်ပါတယ်။ အရမ်းကောင်းပေမယ့် လူတိုင်းတော့ ကြည့်လို့အဆင်ပြေမယ်မထင်ပါဘူး။ ဘာသာရေးအစွန်းရောက်မှုတွေ၊ ဘာသာရေးအမြတ်ထုတ်တာတွေ၊ စိတ္တဇလူသတ်သမားတွေနဲ့ ချိတ်ဆက်ပြီး ဇာတ်ကို ဖွဲ့စည်းထားတဲ့အပြင် သွေးသံရဲရဲ သတ်ဖြတ်ခန်းတွေလည်း ပါတော့ ကြောက်စရာတွေ မကြိုက်တတ်တဲ့သူတွေတော့ အတွက်တော့ မကောင်းပါဘူး။ ကျွန်တော်ကတော့ အတော်ကိုကြိုက်ပါတယ်။ ကြည့်ပြီးပြီးချင်း ဘာသာပြန်ပြီး တင်ပေးထားလိုက်ပါပြီ။ အကြိုက်တူတဲ့သူတွေ သဘောကျကြမှာပါ။   File Size : 1 Gb / 400 mb Quality : webrip 1080p/720p/480p Format…mp4 Duration…2hr 18min Genre ...
movie

The Devil All the Time 2020

Only Lovers Left Alive(2013) 7.3
Only Lovers Left Alive(2013) Only Lovers Left Alive(2013)ဒီကားလေးကတော့ IMDb 7.3/10 Rotten Tomatoes 85% များတောင် ရထားတဲ့drama/fantasy ဇာတ်ကားလေးပဲ ဖြစ်ပါတယ်. ..အဓိက သရုပ်ဆောင်ကတော့ Marvel‌ fan‌ တွေရဲ့ အသည်းစွဲTom Hiddleston (Loki) ဖြစ်ပြီးမင်းသမီးကတော့ Tilda Swinton ဖြစ်တာကြောင့် ဇာတ်ကားကောင်း တစ်ခုဖြစ်မှာ ပြောနေစရာမလိုတော့ပါဘူးနော်...မင်းသားနဲ့မင်းသမီးကို ကြည့်ရတာ သာမန်လူတွေနဲ့ကွဲပြားနေကြတယ်....ပိုက်ဆံတွေအများကြီးကိုင်ထားနိုင်သလို စကားပြောရင်လည်းဟိုးနှစ်ပေါင်းများစွာက သေဆုံးတဲ့လူတွေကို မျက်နှာချင်းဆိုင်ခဲ့ရသလိုလို အသက်ရာကျော်နေရတဲ့ပုံစံလိုလိုတွေနဲ့....ပြီးတော့ သူတို့တွေဟာ ဆေးရုံကနေ သွေးတွေဝယ်ယူနေတာလည်းတွေ့ရတယ်....သူတို့ဟာ လူသားတွေရောဟုတ်ရဲ့လား....လူသားတွေနဲ့ရောနှောပြီး ဘာကြောင့်ဒီလောက်ကြာအောင်နေနိုင်တာလဲ....spoiler ဖြစ်မယ်စိုးလို့ ဒီလောက်ပဲပြောပါရစေ...ခံစားကြည့်ကြပါ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ YK ပဲဖြစ်ပါတယ်.,..File Size :( 2.16GB)(1.04 GB) and (304 MB) Quality :Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…02:03:00 Genre : Comedy , Drama, ...
movie

Only Lovers Left Alive(2013)

Tracks (2013) 7.2
Tracks (2013) (Unicode)ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ခဲ့တဲ့ ဩစတေးခလျ Drama ကားကောင်းလေး တစ်ကားပါနာမည်ကတော့ Tracks ပါဒီကားလေးကိုတော့ ရော်ဘင်ဒေးဗစ်ဆန်ရဲ့ ဩစတေးလျသဲကန္တာရကို ကုလားအုတ်တွေနဲ့အတူ ၉ လကြာခရီးသွားခဲ့တဲ့အကြောင်း ရေးထားတဲ့ စာအုပ်ကို မှီငြမ်းပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်သူ ဒီခရီးကို မစတင်ခင် ကြိုတင်ပြင်ဆင်ခဲ့ရတဲ့အပိုင်းမှာ သူ့ကိုယ်ပိုင် ကုလားအုတ်တွေရဖို့သူကိုယ်တိုင် ကြိုးစားခဲ့တာတွေကို ပြပေးထားတဲ့အပြင် တကယ်ခရီးသွားတဲ့အခါမှာကြုံတွေ့ရတာတွေကိုလည်း သေချာရိုက်ပြထားပါတယ်သူခရီးသွားတဲ့အချိန်မှာ အရွယ်ရောက်ပြီးသား ကုလားအုတ် ၃ ကောင်ကုလားအုတ်ပေါက် ၁ ကောင် နဲ့ သူ့ရဲ့ သစ္စာရှိခွေးလေးနဲ့အတူ သွားခဲ့တာပါသူ့ကို ခရီးစရိတ်ရဖို့ National Geographic က ဓာတ်ပုံဆရာ ရစ်က စပွန်ဆာရအောင် လုပ်ပေးခဲ့တာပါသူတို့ လမ်းခရီးမှာ ...
movie

Tracks (2013)

2013
Damsel (2018) 5.6
Damsel (2018) ပန်နယ်လိုပီဆိုတဲ့ လှပတဲ့မိန်းမငယ်လေး တစ်ယောက်ကြောင့် ဖြစ်ပေါ်လာတဲ့အရှုပ်အထွေးတွေ အကြောင်းကို ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်သူမပြန်ပေးဆွဲခံရတဲ့အခါမှာ သူမရဲ့သတို့သားလောင်းဖြစ်သူဆင်မြူရယ်အနေနဲ့ မနည်းခြေရာကောက်ပြီး လိုက်ရှာရဖို့ဖြစ်လာပါတယ်ဆင်မြူရယ်ရဲ့အချစ်ကတော့ ပြန်ပေးဆွဲခံရတဲ့သတို့သမီးကိုလိုက်ရှာနေတဲ့အချိန်မှာတောင်မှ ပြန်တွေ့တဲ့အခါ မင်္ဂလာတန်းဆောင်ပစ်ဖို့ရည်ရွယ်ချက်နဲ့ တရားဟောဆရာ ပါဆင်ဟန်နရီကိုပါ တပါတည်းခေါ်သွားတာပါပါဆင်ဟန်နရီအနေနဲ့ကလည်း မင်္ဂလာပွဲကျင်းပပေးဖို့လို့သာ သိထားပြီးတော့ဒီလိုရှုပ်ရှုပ်ထွေးထွေး အမှုအခင်းကြီးထဲမှာ သူပါဝင်ရလိမ့်မယ်ဆိုတာသိကိုမသိထားပါခဲ့ပါဘူး သူတို့နှစ်ယောက်သားပန်နယ်လိုပီကို လိုက်လံရှာဖွေရင်းနဲ့ ပြန်ပေးဆွဲသွားတဲ့လူကိုမတော်တဆ ပစ်သတ်လိုက်မိတဲ့အခါမှာတော့ဇာတ်လမ်းကတစ်မျိုးတစ်ဖုံပြောင်းလဲသွားပါတော့တယ်ဆုလာဘ်တစ်ပါးလို့တောင် တင်စားပြောဆိုရလောက်တဲ့မိန်းမလှတစ်ဦးအတွက် လူသတ်မှုတွေ ရယူပိုင်ဆိုင်လိုမှုတွေ ဖြစ်ပေါ်ခဲ့တာကိုရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်Twilight မင်းသား ရောဘတ်ပတ်တင်ဆန်က အားဖြည့်ပါဝင်ထားပါတယ် File Size : (1 GB) & ( 345 MB)Quality : WEB-DL 720pRunning Time : 1 hr 53 minFormat : Mp4Genre : Comedy, Drama , WesternSubtitle : Myanmar Subtitle (Hard Sub)Translated by ...
movie

Damsel (2018)

2018
Lawless (2012) 7.3
Lawless (2012) Lawless (2012) IMDb - 7.3/10______Rotten - 67%  Rotten Tomatoes... 67% ဒီအရေ ဒီအသား ဒီအသွေးနဲ့ပဲ တည်ဆောက်ထားကြတဲ့ အသက်တစ်ချောင်းစီရှိကြတဲ့ လူချင်းအတူတူ ဘယ်သူမဆို သတ်ရင်သေကြတာပါပဲ။ အကြောက်တရား ရှိကြတာပါပဲ။ဒါပေမဲ့ ဒီဇာတ်လမ်းထဲမှာ ကိုယ့်အကြောက်တရားကို ကိုယ်ထိန်းချုပ်နိုင်တဲ့လူ ၊ ဒဏ်ရာတွေကြား ရှင်သန်ဖို့ အားတင်းနိုင်တဲ့လူ ၊ မသေမျိုးအထင်ခံရတဲ့လူတစ်ယောက် ပါဝင်ထားပါတယ်။ အဲ့ဒီလူနေရာက သရုပ်ဆောင်ထားတာကလည်း Tom Hardy ပါ။ဒီဇာတ်လမ်းဟာ... 1920 ကနေ 30 အတွင်း အရက်ပုန်းတားမြစ် ဥပဒေကာလမှာ အမေရိကန်ပြည်ထောင်စု Franklin ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အရက်မှောင်ခိုသမားတွေနဲ့ ဥပဒေကြားက ထိပ်တိုက်ယှဉ်ပြိုင်မှူတွေအကြောင်း.. ဖြစ်ရပ်မှန် အခြေခံ ဇာတ်လမ်း ဖြစ်ပါတယ်။ ဒီ ရုပ်ရှင်ရဲ့ ဝတ္တုကို Matt Bondurant ရေးသားပြီး သူ့အဘိုး Jack Bondurant ပြောပြခဲ့တဲ့ ဖြစ်ရပ်မှန်ပါတဲ့။ ဒီဇာတ်လမ်းရဲ့ တစ်ပါးသော ဆွဲဆောင်မှုကတော့ Memento ရဲ့Lead ...
movie

Lawless (2012)

2012
Alice in Wonderland (2010) 6.4
Alice in Wonderland (2010) Alice in Wonderland (2010)IMDb - 6.4/10_____Rotten - 51%Won 2 Oscars. Another 33 wins & 63 nominations.   [unicode]ဒီဇာတ်ကားလေးဟာ Imdb 6.4 ထိရရှိထားပြီး စာရေးဆရာ lewis Carrol ရဲ့ နာမည်ကျော်စိတ်ကူးယဉ်ဝတ္ထုစာအုပ်ကိုနာမည်ကျော်ဒါရိုက်တာကြီး Tim burtonကရုပ်ရှင်အဖြစ်ပြန်လည်းအသက်သွင်း ရိုက်ကူးခဲ့တဲ့ Adventure,Fantasy အမျိုးအစား မိသားစုကြည့်ရှုနိုင်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းဆိုရင် အဲလစ် ဟာ အင်္ဂလိပ်တော်ဝင်မိသားစုတစ်က ဆယ့်ကိုးနှစ်အရွယ်ရှိ စေ့စပ်ကြောင်းလမ်းပြီးထားတဲ့သမီးငယ်တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ စေ့စပ်ပွဲမှာ သူမဟာ အသိုင်းအဝိုင်းကြားက မာနတွေ အတ္တတွေ ဖိနှိပ်ချုပ်ချယ်မှုတွေကိုသည်းမခံနိုင်တော့တာကြောင့် ခြေဦးတည့်ရာပြေးထွက်ခဲ့ရင်း ပန်းဥယျာဉ်တစ်နေရာအရောက်မှာ ထူးဆန်းတဲ့အသွင်ရှိတဲ့ ယုန်တစ်ကောင်နောက်ကိုလိုက်ရင်းနဲ့ ကျင်းနက်ကြီးထဲကိုပြုတ်ကျသွားခဲ့ပါတော့တယ်။သူမ ရောက်ရှိသွားခဲ့တဲ့ ထူးဆန်းတဲ့ပုံသဏ္ဍာန်တွေနဲ့ပြည့်နှက်နေတဲ့ နေရာကတော့ "Underland" လို့ခေါ်တဲ့ ထူးဆန်းအံ့ဩဖွယ်ရာမှော်မြို့တော်ကြီးဖြစ်နေပြီးတော့ နေရာအနှံ့မှာ စကားပြောတတ်တဲ့ တိရိစ္ဆာန်တွေ ထူးဆန်းတဲ့ပုံစံနဲ့ ကလေးငယ်တွေ အကျင့်မကောင်းတဲ့ မှော်ဘုရင်မနဲ့ စစ်သည်တော်တွေ ...
movie

Alice in Wonderland (2010)

2010
Crimson Peak (2015) 6.6
Crimson Peak (2015) သရဲကား (သည်းထိတ်ရင်ဖိုရုပ်ရှင်လို့ခေါ်ရင်ပိုကောင်းမလား) တွေကြည့်ရင် တည်နေရာနောက်ခံကလည်း အများကြီးစကားပြောပါတယ်။ အိပ်ခန်းထဲမှာသရဲခြောက်တာ (The Ring) ဆင်ခြေဖုံးကတိုက်ခန်းမှာသရဲခြောက်တာ (Paranormal Activities) သစ်တောထဲမှာ သရဲခြောက်တာ (Blairwitch Project) စသဖြင့်အမျိုးမျိုးပေါ့။ ခေတ်ကာလနောက်ခံကလည်း အရေးပါသေးတယ်ဗျ။ ထိတ်လန့်သည်းဖိုရုပ်ရှင်အများစုဟာ ရှေးခေတ်ကာလတွေမှာဇာတ်အိမ်တည်လေလေ ပိုကြောက်ဖို့ကောင်းလေပဲ။ အဲ့ဒီထဲမှာမှ ၁၉ရာစုနှောင်းပိုင်းကနေ ၂၀ရာစုအစောပိုင်း ဝန်းကျင်မှာဇာတ်အိမ်တည်ရင် ကြည့်ရတာအရသာအရှိဆုံးပဲ။ နောက်ဆုံးကြည့်ဖြစ်တဲ့ The Woman in Black လို ဂေါ့သစ်ဆန်ဆန်ဇာတ်လမ်းမျိုးတွေပေါ့။ အဲ့ဒီခေတ်ကာလ အင်္ဂလန်နိုင်ငံရဲ့ အခြေအနေ၊ အမြဲတမ်းမှုန်မှိုင်းအေးစက်နေတတ်တဲ့ ကျေးလက်ပိုင်းရာသီဥတု၊ ဇာတ်ကောင်တွေဝတ်တဲ့အဝတ်အစားကအစ ထိတ်လန့်သည်းဖိုဇာတ်လမ်းကို ပိုအရသာရှိစေတယ်၊ အနောက်တိုင်းသားတွေရဲ့ အေးတိအေးစက်မျက်နှာထားတွေကြောင့် ရုပ်ရှင်ကပိုပြီးကျောချမ်းစရာဖြစ်လာတယ်။ခုလည်းအဲ့လိုဇာတ်ကားတစ်မျိုးလာပြန်ပါပြီ။ ဗစ်တိုးရီးယားခေတ် (၁၉ရာစု) ကိုနောက်ခံထားပြီး၊ အင်္ဂလန်နိုင်ငံမြောက်ပိုင်း Cumbria မြို့လေးမှာဇာတ်အိမ်တည်ထားပါတယ်။ ဝမ်းသာစရာက ဒီနှစ်အောက်တိုဘာ ၁၆ရက် USAမှာ စထွက်မှာဆိုတော့သိပ်ကြာကြာမစောင့်ရတော့တာပဲ (မြန်မာနိုင်ငံရောက်ဖို့ဆို ၈လကနေ ၉လအတွင်းလောက်ပေါ့)။ ဇာတ်လမ်း၊ ဒါရိုက်တာ Guillermo del Toro ဖြစ်ပြီး Legendary Pictures နဲ့ Universal ...
movie

Crimson Peak (2015)

2015