Channel Myanmar

Michelle Jenner

Gun City(2018) 6.4
Gun City(2018) Gun City(2018) IMDb....6.3 1921 ခုနှစ်တွင် စပိန်နိုင်ငံတွင်း အုပ်ချုပ်မှုများမှာ အထူးယိုယွင်းသည့်ကာလဟုဆိုရပေမည်... ရဲတွေကလည်း လဒ်စားမှုများသလို ပြည်သူတွေကလည်း အရင်းရှင်များရဲ့ ဖိနှိပ်ခြင်းကို မတရားခံနေကြရလေသည်... ထို့ကြောင့် ဘာစီလိုနာမြို့အနှံ ဆန္ဒပြမှုများသည် မှိုလိုပေါက်နေသည်....  ထိုအချိန်တွင်ပင်စစ်တပ် လက်နက်များသယ်ဆောင် လာသည့် ရထားတွဲ ဓားပြတိုက်ခံရသည်။ စစ်တပ်သုံး လက်နက်အများအပြားတိုက်ခံရသဖြင့် အုပ်ချုပ်ရေးပိုင်းမှ လူများခေါင်းမီးတောက်ကုန်သည်....မည်သူတိုက်သည်မသိ။ ထို လက်နက်များကို ပြန်ရှာရန် အထူးစုံထောက်တစ်ယောက် ရောက်ရှိလာပြီး စုံစမ်းထောက်လှမ်းသော်လည်း ပြဿနာ မှာ ထင်သည်ထက်ခက်ကာ၊ နိုင်ငံရေး အရှုပ်အထွေးများလည်း ရောယှက်နေသေးသည်။ အဖြေကိုရှာနိုင်ရန် Double agent သဖွယ် သရုပ်ဆောင်ရင်း Twist, turn များနှင့် ရင်ခုန်ဖွယ် ကြည့်ရမည့် ဖြစ်ရပ်မှန် ဇာတ်လမ်းကောင်း တစ်ခုပင် ဖြစ်ပါသည်။  ဒီကားကိုကြည့်ပြီးရင် ခင်ဗျားတို့သဘောကျမိတဲ့၂၀၁၈ ထွက်ဇာတ်ကားကောင်းစာရင်းထဲကို Gun city ဆိုတဲ့ကားကို ထည့်ဖြစ်လိမ့်မယ်လို့ ကျွန်တော်အာမခံတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ye Pye Sone ပဲဖြစ်ပါတယ်... File Size : (1GB) and ...
movie

Gun City(2018)

2018
Tad the Lost Explorer and the Secret of King Midas (2017) 6.3
Tad the Lost Explorer and the Secret of King Midas (2017) (ဒီကားလေးကတော့ ၂၀၁၂ က ထွက်ရှိထားခဲ့တဲ့ Tad, The Lost Explorer ကားလေးရဲ့ အဆက်ဖြစ်ပြီး သိပ်မကြာသေးခင်ကမှ ထွက်ရှိထားတာဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကို ပြောရရင် တက်ဒ် ဆိုတဲ့ စူးစမ်းရှာဖွေတာကို ဝါသနာပါတဲ့လူတစ်ယောက်မှာ နာမည်ကြီးရှေးဟောင်းသုတေသနပညာရှင်အသိတစ်ယောက်ရှိပါတယ်...သူ့နာမည်က ဆာရာ တဲ့...ပြောရရင် တက်ဒ် က သူ့ကို ကြိတ် crush နေတာပါ...တစ်နေ့မှာ ဆာရာ ဟာ ထူးဆန်းတဲ့ဒဏ္ဍာရီလာပစ္စည်းတစ်ခုအကြောင်း ရှာဖွေတွေ့ရှိသွားပါတယ်...အဲ့ဒီပစ္စည်းဟာ အံ့သြစရာအစွမ်းတွေပိုင်ဆိုင်ပြီး အမှန်တကယ်ရှိကြောင်း သိလိုက်ရပါတယ်...ဒီအချိန် သူ့လိုပဲ အဲ့ဒီပစ္စည်းအကြောင်းသိထားသူတစ်ယောက်က ဆာရာ့ဆီက မှတ်တမ်းတွေကို ပိုင်ဆိုင်ဖို့ ကြိုးစားလာတဲ့အခါမှာတော့...ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ခံစားကြည့်ရှူပေးကြပါဦး...ပထမကားကို မကြည့်ဖူးတဲ့ တစ်ချို့ ပရိတ်သတ်တွေအနေနဲ့လည်း ဇာတ်လမ်းထိခိုက်မှုမရှိပဲ အဆင်ပြေပြေကြည့်နိုင်မှာပါ...အန်နီမေးရှင်းကောင်းမွန်ပြီး ကြည့်ရတာပျော်စရာကောင်းပါတယ်...ကျွန်တော်ဆို ဇာတ်လမ်းထဲက သီချင်းလေးတစ်ပုဒ်ကို သဘောကျမိရဲ့... ပရိသတ်ကြီးလည်း ခံစားကြည့်ရှုရင်း သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်...အားပေးကြပါဦး(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကတော့ ကိုရဲကျော်ထက်ပါ) File Size : (700 MB)  Quality : Blu-Ray 720p Running ...
movie

Tad the Lost Explorer and the Secret of King Midas (2017)

2017
Ozzy (2016) 5.6
Ozzy (2016) သူ့ရဲ့မိသားစုကအပန်းဖြေခရီးသွားတဲ့အခါ အိမ်ချစ်ခွေးလေးတစ်ကောင်ဖြစ်တဲ့Ozzy တစ်ကောင် ခွေးလေးတွေရဲ့ အကောင်းဆုံးသောအပန်းဖြေရာနေရာတစ်ခုလို့ကြေငြာထားတဲ့နေရာမှနေခဲ့ရပါတယ်....ဘာလို့လဲဆိုတော့ သူ့ကိုပါတစ်ခါတည်းခေါ်သွားလို့မရလို့ပါပဲ....တီဗွီမှာ အကောင်းဆုံးဆိုတဲ့ခွေးလေးတွေရဲ့အကောင်းဆုံးနေရာက တကယ်လည်းရောက်သွားတဲ့အခါမှာထောင်နန်းတစ်ခုသာဖြစ်တယ်ဆိုတာကို ခွေးလေး Ozzy သိလိုက်ရတဲ့အချိန်ကတော့တကယ်ကိုနောက်ကျသွားခဲ့ပြီပဲဖြစ်ပါတယ်....ဘာလို့လဲဆိုတော့ အဲ့ဒီခွေးထောင်လို့ပြောလို့ရမယ် နေရာမှာ သူ့လိုပဲခွေးလေးတွေအများကြီးရှိနေတာမို့လို့ပါ...ခွေးလေးတွေကို ဘာလို့ဖမ်းလဲ....ဘာလို့ဒီလိုချုပ်နှောင်ပြီးထောင်ချထားတာလဲ....အဖြေကတော့ရှင်းရှင်းလေးပါ ခွေးလေးတွေရဲ့ဇိမ်ခံနေရာလို့ကြေငြာထားပြီး ပိုင်ရှင်တွေကလာထားသွားတာနဲ့အကြောင်းအမျိုးမျိုးပြပြီးတော့ ခွေးလေးတွေကို လက်စဖျောက်ကာ ပြန်မပေးပဲထောင်ထဲထည့်တဲ့ ပိုင်ရှင်သူဌေးကြောင့်ပါ....ခွေးလေးကို ခိုင်းပြီးတော့ သူဟာ သူ့ရဲ့အလုပ်တွေကိုခိုင်းစေခဲ့ပါတယ်...အဲ တချို့ခွေးတွေဆို ထောင်ဆိုတဲ့အတိုင်း အရမ်းဆိုးလို့ တိုက်ပိတ်ခံထားရတာတွေတောင်ရှိပါတယ်....စားရတဲ့ ဟာတွေကလည်းတကယ့်ကို မသတီစရာတွေပါ...ဒါကြောင့် အိမ်မှာလိုတရနေပြီး ဇိမ်ကျနေတဲ့ ခွေးလေးOzzy တစ်ကောင်ဒီလိုဆိုးရွားလှတဲ့နေရာမှာရောက်လာတဲ့အခါနေလို့လုံးဝမရခဲ့ပါဘူး....ဘယ်လိုလုပ်ပြီးတော့ပျော်မှာလဲ...ဒီတော့ သူဘာလုပ်မလဲ ???လွယ်ပါတယ်....သူ Prison Break ကားထဲကလို နည်းလမ်းမျိုးစုံခေါင်းက ဉာဏ်ကာလာမျိုးစုံနဲ့ ထောင်ဖောက်တော့မှာပဲဖြစ်ပါတယ်...အဲ့ဒီတော့ ဒီကောင်လေး ဘယ်လိုဉာဏ်နီဉာဏ်နက်တွေသုံးပြီးတော့ ထောင်ဖောက်မလဲဆိုတာစိတ်ဝင်တစားနဲ့ကြည့်လိုက်ရအောင်ဗျာ...ဒီကားလေးကတော့ ခွေးလေးတွေကိုချစ်တတ်တဲ့သူတွေကော တိရိစ္ဆာန်လေးတွေကို ညှင်းပန်းနှိပ်စက်တဲ့သူတွေအတွက်အထူးရည်စူးပြီးတော့ တင်ဆက်ထားတာပဲဖြစ်ပါတယ်..တိရိစ္ဆာန်လေးတွေကို ညှင်းပန်းနှိပ်စက်မှု့တွေ ကင်းဝေးကြပါစေ.....        Quality…..BluRay 1080pDuration…..01:30:00 Format…Mp4 File Size…1.65GB Encoder…..Moe Myint Lwin Translator…..May
movie

Ozzy (2016)

2016