Channel Myanmar

Miloš Biković

Coma (2019) 6.4
Coma (2019) Coma (2019)==========IMDb Rating - 6.4/10#Unicodeဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကား‌ကတော့ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့လူတွေအတွက်Coma ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ IMDb Rating 6.4/10 ရထားပြီ ကြည့်ရှုသူအများစုကြိုက်နှစ်သက်လို့ နာမည်ရနေတဲ့ ကားလေးလည်း ဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းလေး Review လုပ်ပေးရရင် ခန္ဓာကိုယ်က အက်စီးဒင့်တစ်ခုခုကြောင့် သတိမေ့နေတဲ့အချိန်မျိုးမှာစိတ်ကဘယ်ကိုရောက်နေကြလဲဆိုတာ ဘယ်သူမှမသိကြပါဘူး။ ဒါပေမယ့် ဒီဇာတ်ကားမှာတော့ လူကမေ့မျောနေတဲ့အချိန်မှာ စိတ်က နောက်ထပ်ကမ္ဘာတစ်ခုမှာ ရှင်သန်နေကြတဲ့အကြောင်းကိုရိုက်ပြထားတာပါ။ အဲဒီ့ Coma ဆိုတဲ့ကမ္ဘာကလက်ရှိကမ္ဘာလိုမဟုတ်ဘဲ အရာဝတ္ထုတွေကို လူတွေရဲ့စိတ်ကူးတွေနဲ့ ဖန်တီးလို့ရတဲ့ကမ္ဘာမျိုးပါ။ အဲ့ကမ္ဘာဟာ လက်တွေ့ကမ္ဘာကဲ့သလိုမဟုတ်ဘဲ ရှုပ်ထွေးမှုပေါင်းများစွာအပြင် အ ထဲကိုရောက်ရှိသွားတဲ့အခါမှာတော့ တစ်ခါမှမကြုံဖူးတဲ့အရာတွေအန္တရာယ်တွေကိုလည်း ကြုံတွေ့နိုင်ပါတယ်။ ကဲဒါဆိုရင် အဲ့ဒီ Coma ကမ္ဘာကြီးကရော ဘယ်လိုမျိုးဖြစ်လာတာလဲ.....Coma ကမ္ဘာထဲရောက်လာတဲ့ လူတွေကရော ပြန်နိုးလာကြရင် ဘယ်လိုတွေဖြစ်မလဲဆိုတာ ဒီဇာတ်ကားမှာကြည့်ရှုပေးကြပါဦး။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Thingyan ပဲဖြစ်ပါတယ်။)#Zawgyiဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကား‌ကတော့ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့လူတွေအတွက်Coma ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ IMDb ...
movie

Coma (2019)

2019
Balkan Line(2019) 6.6
Balkan Line(2019) Balkan Line(2019) (unicode)စစ်ကားကောင်းမို့ BLU-RAY 1080P5.1CH ပါပြုလုပ်ပေးထားပါတယ်... ဒီဇာတ်လမ်းက ၁၉၉၉ ခုနှစ် ဆားဘီးယား ကို ဗုံးကျဲခံရတဲ့ အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာပါ၊ ဗုံးကျဲမှု ဖြစ်ပွားအပြီးမှာ အယ်လ်ဘေးနီးယန်း သူပုန်တွေက ဆလာတီနာ လေဆိပ်ကို သိမ်းပိုက်ထားပါတယ်၊ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ ဒေသကို ပြန်လည်ထိန်းသိမ်းဖို့အတွက် ဆာဘီးယားကို လာကြဖို့ ရှိနေတဲ့အတွက် မဟာဗျူဟာအရ အရေးပါတဲ့ အဆိုပါလေဆိပ်ကို ပြန်ပြီး ခြေကုပ်ယူနိုင်ဖို့အတွက် ရုရှားအထူးတပ်ဖွဲ့ တာဝန်ပေးခံရတဲ့အခါ ..... ပြောရရင်ဒီလိုထိန်းသိမ်းထားဖို့က ပြန်လမ်းမဲ့စစ်ဆင်ရေးလို့တောင် နာမည်ပေးလို့ရပါတယ်... ဒီလေဆိပ်ကိုကာကွယ်ဖို့ကလည်း လူနည်းစုသာ တာဝန်ပေးခံရတဲ့အပြင် အရေးပေါ် စစ်ကူပေးဖို့လည်း မလွယ်ကူပါဘူး.... လူနည်းစုဖြစ်တဲ့ အထူးတပ်ဖွဲ့လေးက ဒီလျှို့ဝှက်စစ်ဆင်ရေးကို အောင်မြင်အောင် လုပ်နိုင်ပါ့မလားဆိုတာ ရုပ်ရှင်ထဲ မှာ ဆက်လက် ကြည့်ရှုကြရအောင်ပါ .... စစ်ကားကောင်းကြိုက်သူတို့ လက်မလွှတ်သင့်ပါကြောင်း သတင်းကောင်းပါးပါရစေ..... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN ပဲဖြစ်ပါတယ်..File Size : (2.44GB)(1.17GB) Quality : Blu-Ray 1080p ...
movie

Balkan Line(2019)

2019