Channel Myanmar

Mitsuki Takahata

The Travelling Cat Chronicles (2018) 6.8
The Travelling Cat Chronicles (2018) The Travelling Cat Chronicles (2018)"ခုနစ်ရောင်သက်တံ ဆိုတာ နန ရဲ့သက်တံပေါ့"တဲ့။ ဒါကတော့ ကျွန်တော့်သခင် ဆတိုးရု ပြောခဲ့တဲ့စကားပါ။ နန ဆိုတဲ့ ကျွန်တော့်နာမည်က ဂျပန်လိုဆို ခုနစ်မလို့တဲ့လေ။ ဆတိုးရုက သိပ်ကို ကြံကြံဖန်ဖန်တွေးတတ်တာပဲနော်။ပြီးတော့ ကျွန်တော့်ကို သိပ်ချစ်ရှာပြီး ကျွန်တော့်အတွက်ဆို ငိုပါငိုကြွေးတဲ့ လူသားပေါ့။ဆတိုးရုနဲ့ ကျွန်တော်နဲ့ စတွေ့ခဲ့ပုံကို ပြောပြပါဦးမယ်။ကျွန်တော်ဆိုတာ အရင်တုန်းက လမ်းပေါ်မှာ လေလွင့်နေတဲ့ ကြောင်တေလေတစ်ကောင်ပေါ့ဗျာ။အဲဒီလိုကျွန်တော့်ကိုမှ တယုတယနဲ့ အစာလာကျွေးနေကျဖြစ်တဲ့ လူသားကတော့ အခု ကျွန်တော့်သခင်ဖြစ်လာတဲ့ ဆတိုးရုပေါ့။သိတဲ့အတိုင်း စတွေ့တဲ့အချိန်တုန်းက ကျွန်တော်ဟာ ကြောင်လောကမှာလည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေတဲ့ ဆရာကြီးဆိုတော့ မာနကလည်းတစ်ခွဲသားနဲ့ဗျ။ စားစရာရှိတာစားပြီးရင် သံယောဇဥ်တွေအတွယ်မခံ၊ ပွတ်သပ်လည်း မခံဘူး။ဝတ်ကျေတန်းကျေလောက်ပဲ ဆက်ဆံတာပေါ့။ဒါပေမဲ့ တစ်နေ့မှာတော့ ခါတိုင်းလို ကြောင်အစည်းအဝေးပွဲ သွားရမယ့်ညမှာ ကျွန်တော့်ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲစေခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့တယ်ဗျ။ ဒါကတော့ လမ်းဖြတ်ကူးနေတုန်း ကားတိုက်ခံလိုက်ရတာပါ။ အမှားလေး တစ်ချက်​ကအသက်ကို နှုတ်ယူသွားနိုင်တဲ့ လေလွင့်ကြောင်တွေရဲ့ဘဝပေါ့ဗျာ။ ကျွန်တော်တစ်ကောင်တည်း လမ်းမကြီးထက်မှာ ကူရာကယ်ရာမဲ့ ဝေဒနာခံစားနေရပြီး သိပ်နာကျင်လွန်းလို့ ...
movie

The Travelling Cat Chronicles (2018)

2018
Character (2021) 6.6
Character (2021) CHARACTER 2021IMDb rating - 6.6/10 Genre - Psychological Thriller, Familyကိုယ်လုပ်တာတွေကို အကုန်ပုံတူကူးချပြီး လိုက်လုပ်တတ်တဲ့ copycat သူငယ်ချင်းမိတ်ဆွေမျိုး ကြုံဖူးကြလား Copycatတွေက နေ့စဉ်ဘဝမှာဆိုရင် ဘေးနားကလူတွေကရဲ့ ဝတ်ပုံစားပုံတွေ အကျင့်တွေကအစ ပုံတူကူးချပြီးနေထိုင်တတ်ပါတယ်။ သို့ပေမဲ့ တခြားသူကျူးလွန်ထားတဲ့ လူသတ်မှုတွေကိုလိုက်ကြည့်ပြီး ပုံတူကူး လိုက်သတ်တတ်တဲ့ Copycat killer တစ်ယောက်ဆိုရင် ဘယ်လိုဖြစ်မလဲ...ဇာတ်လမ်းထဲမှာတော့ "ယမရှိရို ခဲအိဂေါ့"ဆိုတဲ့ Mangaစာရေးဆရာတစ်ယောက်က mangaဆွဲတာလည်း သေသပ်လှပပြီး ဖြတ်သွားဖြတ်လာလူတစ်ယောက်ရဲ့ပုံကိုတောင် ချက်ချင်းဆွဲနိုင်တဲ့ ပါရမီရှိတဲ့သူတစ်ယောက်ပါ။ ပြဿနာက သူရေးချင်တဲ့အမျိုးအစားက Thriller,Crimeဖြစ်ပြီး သူကိုယ်တိုင်ကတော့ သဘောကောင်းလွန်းတဲ့သူတစ်ယောက်ဖြစ်နေတာပါပဲ။ တော်ပေမဲ့အသက်ဝင်တဲ့ဇာတ်ကောင်ကိုမရေးဆွဲနိုင်တာကြောင့် ကိုယ်ပိုင်Mangaကို debutမလုပ်နိုင်သေးပါဘူး။ဒီလိုနဲ့စိတ်ဓာတ်ကျပြီးအလုပ်ထွက်ဖို့ပြင်နေတုန်း သူ့ရဲ့ဆရာဖြစ်သူက စံအိမ်တစ်လုံးရဲ့ပုံကို ညဘက်ကြီးမှာ သွားဆွဲခိုင်းခဲ့ပါတယ်။ ပုံကြမ်းဆွဲနေတုန်း စံအိမ်ထဲကသီချင်းသံကအရမ်းကျယ်လို့ အိမ်နီးချင်းက ပြဿနာလှမ်းရှာတာကြောင့် သူပါအခြေအနေမဟန်မှာစိုးလို့ အိမ်ပိုင်ရှင်တွေကိုလှမ်းပြောဖို့လုပ်ပါတယ်။ ဒါပေမဲ့အထဲက တုံ့ပြန်သံမကြားတာနဲ့ အထဲဝင်သွားတဲ့အခါ အိမ်ရှင်တွေကို ဓားနဲ့ထိုးသတ်ခံထားရတာကိုတွေ့လိုက်ရပါတယ်။ သူ့ဘဝမှာပထမဆုံး အဖြစ်ပျက်ဆိုးနဲ့ကြုံရတာမို့ကြောက်လန့်နေခဲ့တုန်းမှာ လူသတ်သမားဖြစ်သူကိုမြင်လိုက်ရပါတယ်။ ဒါပေမဲ့ ရဲတွေကမေးလို့ထွက်ချက်ပေးတဲ့အခါမှာတော့ သူဟာ လူသတ်သမားကိုမမြင်ခဲ့ပါဘူးလို့ထွက်ဆိုခဲ့ပါတယ်။အဲဒီကစလို့ ...
movie

Character (2021)

Haruko Azumi Is Missing (2016) 6.2
Haruko Azumi Is Missing (2016) Haruko Azumi Is Missing (2016)========================IMDb Rating - 6.2/10#UnicodeJapanese Girls Never Die လို့လည်း ဒီဇာတ်ကားကို ခေါ်ပါသေးတယ်။(သတိပေးချက်။ ။ ဒီအညွှန်းက ပွဲရှာတာ၊ မီးမွှေးတာမဟုတ်ပါဘူး။ အဲဒါကြောင့် တချို့ဓာတ်မတည့်တဲ့သူတွေ ကျော်သွားနိုင်အောင် သတိပေးချက်ရေးပေးတာပါ။ ဒီဇာတ်ကားက မဟာပုရိသဝါဒလက်ကိုင်ထားသူများ၊ ရှေးရိုးစွဲသူများ၊ လိင်ပိုင်းဆိုင်ရာ အယူသီးတတ်ကြသူများ၊ အသက်မပြည့်သေးသူများ၊ အသက်ပြည့်သော်လည်း စိတ်ဓာတ်မပြည့်သေးသူများ၊ လိင်ခွဲခြားဆက်ဆံတတ်သူများ၊ စကားလုံးအသုံးအနှုန်းနှင့်ပတ်သက်၍ ထိရှလွယ်သူများ၊ လူသားအမြင်နဲ့သာမကြည့်တတ်ဘဲ လူ့အသိုင်းအဝိုင်းအမြင်ကိုသာ လက်ကိုင်ထားတတ်ကြသူများ လုံးဝ(လုံးဝ) ကြည့်ရှုရန် မသင့်တော်သောကြောင့် အထက်ဖော်ပြပါ ပုဂ္ဂိုလ်များ ဇာတ်ကားကိုရော အညွှန်းကိုပါ လက်ရှောင်ပေးကြပါရန် လေးစားစွာ အသိပေးအပ်ပါတယ်ဗျာ။)တံခွန်မရှိတဲ့ ရထားက မတင့်တယ်ဘူးတဲ့ ရထားမရှိတဲ့ တံခွန်ကကျတော့ ဘာဖြစ်လို့ သုံးစားမရတော့တာ ဖြစ်သွားရတာလဲ။ Haruko Azumi ပျောက်ဆုံးနေပါတယ်။ အသက် ၃၀ ပြည့်ခါနီး အိမ်ထောင်မရှိသေးတဲ့ မိန်းကလေးတစ်ယောက်။ ...
movie

Haruko Azumi Is Missing (2016)

2016
Destiny: The Tale of Kamakura (2017) 7.2
Destiny: The Tale of Kamakura (2017) ဒီဇာတ်​ကား​လေးက​တော့ Rating 7အထိကိုရရှိထားတဲ့ ရှားရှားပါးပါး ဂျပန်​ကား​လေးဖြစ်​ပြီး Crime, dramaကားအမျိုးအစား​လေး ဖြစ်​ပါတယ်​ဒီကား​လေးမှာဆိုရင်​​တော့အီရှီကီဆိုတဲ့သူနဲ့အာဆာကိုတို့လက်ထပ်ပြီးနောက်အီရှီကီရဲ့မွေးရပ်မြေကိုရောက်လာတယ်ထူးခြားတာကအဲ့မှာလူတွေတင်မကဘူး ဝိညာဉ်တွေပါနေထိုင်တယ်သူတို့လည်းဝိညာဉ်တွေနဲ့ ပြောဆိုဆက်ဆံရတာပေါ့သေခြင်းရှင်ခြင်းကြားမှာထပ်ပြီးနေလို့ရသေးတာတွေတွေ့ရတယ်တမလွန်အကြောင်းတွေကိုလည်းရှင်းပြထားတယ်ကိုယ်ထဲကလိပ်ပြာထွက်တဲ့အကြောင်းတွေလည်းပြထားတယ်ဝိညာဉ်နဲ့ ပတ်သက်တာကြိုက်တဲ့သူတွေအတွက်တော့ကြည့်သင့်တဲ့ကားတစ်ကားပေါ့သူတို့ရဲ့ ဝိညာဉ်တွေနဲ့အတူဘယ်လိုနေကြလဲအီရှီကီကရဲစခန်းမှာအကြံပေးလည်းလုပ်တော့စုံထောက်ဆန်တဲ့ဇာတ်ဝင်ခန်းတွေလည်းပါတယ်တစ်နေ့ အာဆာကိုရဲ့ဝိညာဉ်က ကိုယ်ထဲကထွက်သွားပါလေရောအဲ့တော့ သေမင်းကလာခေါ်ရောအီရှီကီက အဲ့ဒါကိုတားဆီးနိုင်မလားမတားနိုင်ဘဲ တမလွန်ကိုပါသွားရင်ရောဘယ်လိုဖြစ်မလဲဘာ​တွေ​ရောဆက်​ဖြစ်​ကြဦးမှာလဲဘယ်​လို​တွေရင်​ဆိုင်​​ဖြေရှင်​းကြမလဲဆိုတာကို Destiny.The Tale of Kamakura 2017ဆိုတဲ့ ဂျပန်​ကား​လေးမှာ ​​စောင်​့ကြည်​့လိုက်​ကြပါဦးရှင်​(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့ May Nandar Kyaw ပါ)File Size : (0.99 GB) and (450 MB) Quality : Blu-Ray 720p Running Time : 2hr 09min Format : Mp4 Genre : Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source :  720p BluRay x264 DTS-WiKi Translated by May Nandar Kyaw Encoded by Thanhtike ...
movie

Destiny: The Tale of Kamakura (2017)

2017
Evergreen Love (2016) 6.7
Evergreen Love (2016) IMDb (6.7/10) နဲ့ Asian wiki Rating (94)  ရရှိထာတဲ့ဂျပန်ဇာတ်ကားလေးပါ။ဇာတ်လမ်းလေးကတော့.....ဆာယာက (Mitsuki Takahata) ဟာ သာမန်ရုံးဝန်ထမ်းတစ်ယောက်ဖြစ်ပြီး အချစ်ရေးရော အလုပ်မှာပါ အဆင်မပြေသူတစ်ယောက်ပေါ့…တစ်ညတော့အိဆုကိ(Takanori Iwata) ကို အိမ်ရှေ့မှာတွေ့လိုက်ရပြီး အတူတူနေဖို့ အကြောင်းဖြစ်လာတယ်…အိဆုကိဟာ ဆာယာကကို ဟင်းချက်သင်ပေး အပင်တွေအကြောင်းရှင်းပြရင်း ရင်းနှီးခဲ့ပေမယ့် တကယ်တော့အိဆုကိမှာ ဖုံးကွယ်ထားတဲ့လျို့ဝှက်ချက်ရှိပါတယ်…လျို့ဝှက်ချက်က ဘာဖြစ်မလဲ?? ဆာယာကနဲ့အိဆုကိတို့နှစ်ယောက် တကယ်ရေစက်ဆုံနိုင်မလားဆိုတာတော့ ဇာတ်လမ်းလေးကို ကြည့်ပြီး အဖြေရှာလိုက်ကြပါတော့...။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကတော့ Chu Qiao ဖြစ်ပါတယ်။)  File size…(950MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:52:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung    Download and Watch 720p HD (VIP Link) (or) Download 720p HD (pCloud)  Download Small File 360p (450MB)   
movie

Evergreen Love (2016)

2016