Channel Myanmar

Mo Collins

Jingle All the Way (1996) 5.7
Jingle All the Way (1996) Jingle All the Way (1996)ခရစ္စမတ်နီးလာတိုင်း ကျွန်တော်တို့ကြည့်လေ့ကြည့်ထရှိတဲ့ကားလေးဆိုရင်တော့ Home Alone (1990) လေးပဲဖြစ်မယ်ထင်ပါတယ်။ ဘာလို့ကြည့်လဲဆိုရင်တော့ ငယ်ဘဝကို ပြန်ခံစားချင်လို့ ကြည့်တယ်ဆိုပါတော့ဗျာ။ 1990‌ ကျော်ခုနှစ်များဆီက အငွေ့အသက်တွေ၊ ထိုနေ့ခေတ်များဆီက ခရစ္စမတ်ကျင်းပပုံတွေ၊ ခေတ်‌တစ်ခေတ်ရဲ့ သဘောသဘာဝတွေရဲ့ ခံစားလို့ရတဲ့ ရုပ်ရှင်လေးတွေပဲဆိုပါတော့။ဒီလိုရုပ်ရှင်လေးတွေထဲမှာ ကျွန်တော့်အတွက်တော့ Home Alone ပြီးရင် အကြိုက်ဆုံးခရစ္စမတ်ကားလေးဖြစ်တာကတော့ ဒီကားလေးပဲဗျ။ တကယ်ကောင်း၊ ရှယ်ကောင်း၊ တော်တော်ကောင်းပါတယ်။ တကယ်ကြည့်ထိုက်တယ်ဗျ။ ဇာတ်လမ်းလေးက အစ အလယ်ကနေ အဆုံးဇာတ်ဝင်ခန်းထိကို ကောင်းတာဗျ။ တကယ်လည်း တစ်ကားလုံးတောက်လျှောက် စိတ်လှုပ်ရှားမှုအပြည့်နဲ့ကို ကြည့်နေရတဲ့ကားပါ။ ပြီးတော့ ပိုထူးဆန်းတာကို ပြောပြပါဆိုရင်တော့ ဒီဇာတ်ကားလေးကို ကျွန်တော်တို့ရဲ့အက်ရှင်မင်းသားကြီး၊ Terminator မင်းသားကြီးအာနိုးလ်က သရုပ်ဆောင်ထားတာပါပဲ။ မင်းသမီးဟာလည်း ၉၀ ကျော်ခုနှစ်များရဲ့နာမည်ကျော်မင်းသမီး ရိတာဝေလ်ဆန်က ပါဝင်သရုပ်ဆောင်ထားပါတယ်။Comedy/ Family အမျိုးအစားမလို့ ဘယ်လိုကားမျိုးလေးလဲဆိုတာကိုတော့ ခန့်မှန်းလို့ရလောက်မယ်ထင်ပါတယ်။ သုံးခဲ့တဲ့ဘက်ဂျက်ရဲ့ ...
movie

Jingle All the Way (1996)

1996
Dirty Grandpa (2016) 5.9
Dirty Grandpa (2016) Dirty Grandpa (2016)_______IMDb - 5.9/10  IMDb Rating (5.9/10) ထိရရှိထားတဲ့ Comedy အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ မြေးတွေထက် ခေတ်ရှေ့ပြေး လန်းနေတဲ့ အဘိုးက ဘဝကိုရိုးရိုးစင်းစင်းဖြတ်သန်းနေတဲ့မြေးတော်မောင်ကို ဘဝဆိုတာ ရိုးစင်းခြင်းထက်ပိုမိုကြောင်း လက်တွေ့ပြတဲ့ ဟာသဆန်ဆန်ဇာတ်ကားပါ။ ဘဝမှာ အမှားတွေရှိမယ်...အမှန်တွေရှိမယ်...ဒါတွေကိုလိုက်ဖက်ညီစွာခံစားဖို့ လွတ်လပ်တဲ့ နှလုံးသားတစ်စုံလိုအပ်ကြောင်း ချပြထားပါတယ်။ အလန်းဇယားဘိုးတော်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Robert De Niro ကို The Intern ဇာတ်ကားမှာလဲ အတော်သဘောကျမိသလို ဒီဇာတ်ကားမှာလဲ နှစ်ခြိုက်မိပါတယ်။ Comedy ဇာတ်ကားကြိုက်သူများလက်မလွတ်သင့်တဲ့ဇာတ်ကားပါ။   File size...(854MB)  Quality...WEB-Rip 720p  Format...mp4 Duration....01:41:51 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung   နမူနာကြည့်ရန် 
movie

Dirty Grandpa (2016)