Channel Myanmar

Na Wei

Police Story : Lock Down ( 2013 ) 5.9
Police Story : Lock Down ( 2013 )  2013 ခုနှစ်က ထွက်ထားတဲ့ Police Story ဇာတ်ကားပဲဖြစ်ပါတယ် မင်းသားကြီးဂျက်ကီချန်း ပါဝင်သရုပ်ဆောင်ထားပြီး Imdb 6.1 ရရှိထားပါတယ် အက်ရှင်ကြိုက်ပရိတ်သတ်တို့အတွက် နှစ်သက်မယ့်ကားကောင်းပါပဲဇာတ်လမ်းအညွှန်းလေးကတော့ သမီးဖြစ်သူနဲ့တွေ့ဆုံရန်ဘားကိုရောက်လာတဲ့ ရဲအရာရှိ ကျုံးဝမ်တစ်ယောက် ဘားကိုရောက်တဲ့အချိန်မှာ..မမျှော်လင့်ဘဲပြန်ပေးဆွဲခံလိုက်ရတယ်..တခြားသောပြန်ပေးဆွဲခံရတဲ့သူတွေလည်း ရှိပြီးသားပဲဖြစ်ပါတယ်..ဒီအမှုရဲ့နောက်ကွယ်မှာဘာတွေရှိမှာလဲ ကျုံးဝမ်နဲ့ဘယ်လိုတွေပတ်သတ်နေတာလဲဆိုတာတော့Spoil မဖြစ် အောင် အညွှန်းကိုလျှော့လိုက်ရပါတယ်ဂျက်ကီချမ်းကားဖြစ်တဲ့အညီ ထွေထွေထူးထူးညွှန်းစရာမလိုတဲ့ အက်ရှင် ဒရာမာ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် File size…(2.5 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre...Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ei Pyae
movie

Police Story : Lock Down ( 2013 )

2013
Tempting Hearts ( 2021 ) 5.9
Tempting Hearts ( 2021 ) ဒီတစ်ခါတင်ဆက်ပေးမှာတော့ ပေါ့ပေါ့ပါးပါးအချစ်ကားလေးဖြစ်ပါတယ်ထိုင်ဝမ် F4 မင်းသား Jerry Yan သရုပ်ဆောင်တဲ့ အိုင်တီကုမ္ပဏီပိုင်ရှင် ကျိုးချီဝိန်ရဲ့ ဂိမ်းကုမ္ပဏီဟာလက်အောက်ကဝန်ထမ်းတွေရဲ့Live လွှင့်မှုကြောင့် အွန်လိုင်းမှာယုတ်မာတဲ့ယောင်္ကျားတွေဆိုပြီးဟိုးလေးတစ်ကျော်ဖြစ်သွားပြီးကုမ္ပဏီကိုဖျက်သိမ်းလိုက်ရပါတယ်။ပြဿနာရဲ့ဇာစ်မြစ်ကိုရှာလိုက်တဲ့အခါ ကြင်ဖက်ရှာတဲ့App ကုမ္ပဏီဝန်ထမ်းဆိုတော့ကျိုးချီဝိန်တို့ ညီအကိုတစ်သိုက်ကိုခေါ်ပြီး ပြဿနာသွားရှာလေရဲ့ကြင်ဖက်တွေ့App အဖွဲ့ဝင်အမည်ခံပေမယ့် သူတို့ရဲ့စီးပွားရေးဖျက်ဖို့ရည်ရွယ်ချက်ထားကြပါတော့တယ်။ဒါပေမယ့် ကျိုးချီဝိန်ကAppပိုင်ရှင်သူဌေးမ ချိန်ရန်( Suxi Ren )ရဲ့စီစဉ်မှုကိုကောင်းကောင်းကြီးခံရပါတော့တယ်။ကြင်ဖက်ရှာရင်း တွေဆုံရင်းနဲ့ သူတို့၂ယောက်က တစ်ယောက်အပေါ်တစ်ယောက်ထားခဲ့တဲ့အမုန်းတွေကိုဖယ်ရှားနိုင်ပြီး သံယောဇဉ်တွေညှိတွယ်လာပါတော့တယ်။သူတို့၂ယောက်ကအချစ်စစ်ရခဲတဲ့ခေတ်ကြီးမှာ လွဲချော်သွားမလားအချစ်ကိုတန်ဖိုးထားဆုပ်ကိုင်နိုင်မလား ဆိုတာကိုပြုံးပြုံးကြီးကြည့်ရမှာဖြစ်ပါတယ်။ Quality : WEB-DL 1080pFormat : mp4Genres : Drama , RomanceDuring : 1h 34 minSubtitle : Myanmar Subtitle ( Hardsub )Translated By Nu MonEncoded By LK
movie

Tempting Hearts ( 2021 )

Legend of the Ancient Sword (2018) 5.3
Legend of the Ancient Sword (2018) မှော်ပညာတွေထွန်းကားခဲ့တဲ့ ဟိုးလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာတုန်းက လူသားတွေနဲ့ နတ်ဆိုးတွေက အတူယှဉ်တွဲ နေထိုင်ခဲ့ကြတယ်။ဒါပေမယ့် ကပ်ဘေးကြီးတစ်ခုဖြစ်ပြီးနောက်ပိုင်းမှာ မှော်ပညာတွေလဲတိမ်ကောလာခဲ့တယ်ယန်ဂျာလို့ခေါ်တဲ့ မှော်ပညာတစ်ခုသာ သိကြတော့တဲ့ခေတ်ဖြစ်သွားတယ်။ယန်ဂျာဆိုတာ စက္ကောမပညာလိုမျိုးပေါ့။စက်ပစ္စည်းတွေကို အသက်သွင်းနိုင်တဲ့ပညာပေါ့။အဲ့ပညာရပ်မှာ အတော်ဆုံးဖြစ်သူကတော့ ရွှီရီ လို့ခေါ်တဲ့ဆရာကြီးပေါ့။တစ်နေ့မှာ အဲ့ဆရာကြီးကပျောက်ချင်းမလှပျောက်သွားခဲ့တယ်။ ဘယ်သူကမှ ဘာကြောင့်ပျောက်သွားတယ်။ဘယ်ကိုရောက်သွားလဲဆိုတာမသိကြဘူး။အဲ့ဒါနဲ့ သူ့တပည့်ဖြစ်သူက သူ့ဆရာရဲ့သတင်းကိုလိုက်စုံစမ်းရင်း လေလံပွဲတစ်ခုမှာ ဆရာဖြစ်သူရဲ့လက်စွပ်ကိုလေလံဆွဲမယ်ဆိုတာကြားလိုက်ရတယ်။သူ့လိုပဲ ရွှီရီဆရာကြီးကို လိုက်ရှာနေတဲ့သူနှစ်ယောက်ရှိပါသေးတယ်။တော်ဝင်မင်းသားတစ်ပါးရယ် ကောင်မလေးတစ်ယောက်ရယ်ပါ။ သူတို့သုံးယောက်ဘယ်လိုများဆုံတွေ့ကြမလဲ။ဆရာကြီးကိုရောဘယ်လိုရှာတွေ့မှာလဲ။ဆရာကြီးပျောက်ဆုံးသွားရတဲ့အကြောင်းရင်းကရောဘာများလဲ။ဇာတ်ကားနာမည်မှာပါတဲ့ရှေးဟောင်းဓါး(Ancient Sword)ဆိုတာကရော ဘယ်ပုံဘယ်နည်းပါဝင်ပက်သက်နေတာလဲဆိုတော့ ဇာတ်လမ်းအရသာပေါ့သွားမှာစိုးတဲ့အတွက် ဇာတ်ကားကြည့်ရင်းပဲ သိလိုက်ရအောင်လားဗျာ။တရုတ်ကားတွေရဲ့ထုံးစံအတိုင်း CGI အလန်းဇယားနဲ့မှော်တွေရော သိုင်းတွေရော စက်ရုပ်တွေရောဆိုတော့ ထူးထူးဆန်းဆန်းနဲ့ ပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းတဲ့ကားလေးဖြစ်ပါတယ်လို့ ညွှန်းပါရစေဗျာ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့  ကိုဟိန်းမင်းထွန်း ပါ) File Size : (850 MB) and (380 MB) Quality : WEB-DL 720p Running Time : 1h 45min Format : Mp4 Genre : Action , Fantasy Subtitle ...
movie

Legend of the Ancient Sword (2018)

2018
Saving Mr. Wu (2015) 6.7
Saving Mr. Wu (2015) ဒီဇတ်ကားဟာ အဆိုတော် မင်းသားကြီး Andy Lau ကို အကြမ်းအရမ်း ပုံစံမျိုးနဲ့ တွေ့ရမှာ မဟုတ်သလို ခပ်ညံ့ညံ့ ပုံစံမျိုးလဲ မဟုတ်ပြန်ပါဘူး... ရုပ်ရှင်မင်းသားကြီး ဝူ ဟာ သူ့မန်နေဂျာ နှင့် အတူ ပွဲတစ်ခုမှ အပြန် ရဲဟု ပြောဆိုသူတွေထံ အကြောင်းရှာဖမ်းဆီးခံလိုက်ရပါတယ် နောက်မှ သိရတာကတော့ ရဲဆိုသူတွေဟာ ရဲအတုတွေ ဖြစ်ပြီး ဝူ ကို ပြန်ပေးဆွဲပြီး အကျပ်ကိုင် ငွေညှစ်မယ့်သူများပဲ ဖြစ်ပါတယ်... ပြန်ပေးဆွဲသူဟာလဲ အရင်က လိမ်လည်မှုများနဲ့ ထောင် ၉ နှစ်ကျပြီး ထောင်က ထွက်လာတာ တစ်နှစ်မပြည့်သေးတဲ့ သူ တစ်ဦးလဲ ဖြစ်နေပါတယ် ပိုဆိုးတာက သူ ပြန်ပေးဆွဲတဲ့သူတွေကို ပိုက်ဆံမရရအောင် အကုန် ညှစ်ယူပြီး အသက်ရှင်လျက် ပြန်မလွှတ်တက်တဲ့နေရာမှာ နာမည်ကြီးပြန်ပါတယ်... ဝူ ထက် အရင် ဖမ်းဆီးခံရသူနှင့် ဝူ နှစ်ဦးသားဖမ်းဆီးခံထားရပြီး အရင်ဖမ်းဆီးခံထားရသူတွက်ပါ သနားသဖြင့် ဝူ မှ ပြန်ပေးငွေ ပေးမည်ဟု ကတိခံပြီး သူ့အိမ်တွင် ဘဏ်ကတ် သွားယူရန် လူဆိုးအားပြောလိုက်ပါတယ် ဘတ်ကတ် ...
movie

Saving Mr. Wu (2015)