Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Nana Patekar
7.6
The Vaccine War (2023)
The Vaccine War (2023) IMDb-7.6/10ဒီရုပ်ရှင်က လူသားအားလုံးရဲ့အကျိုးကို ဆောင်နေကြတဲ့သိပ္ပံပညာရှင်တွေကို ဂုဏ်ပြုထားတဲ့ဇာတ်လမ်းပါ။အထူးသဖြင့် အိန္ဒိယက အမျိုးသမီးသိပ္ပံပညာရှင်တွေကို ရည်ညွှန်းထားပါတယ်။ The Tashkent Files (2019)၊ Kashmir Files (2022)တို့လို့ ဆုတွေအများကြီးရခဲ့တဲ့ ရုပ်ရှင်တွေရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာကြီးဗီဗက်အက်ဂ်နီဟိုတရီရိုက်ကူးခဲ့တဲ့ ဆေးသိပ္ပံဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။အသည်းရောင်ဘီကာကွယ်ဆေးကို နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာမှ ပိုလီယိုကာကွယ်ဆေးကို နှစ်ဆယ့်နှစ်နှစ်ကျော်ကြာမှမေးခိုင်ကာကွယ်ဆေးကို နှစ်ပေါင်းသုံးဆယ်ကျော်ကြာမှ အိန္ဒိယပြည်သူတွေကို ထိုးပေးနိုင်ခဲ့တဲ့အတွက် သိပ္ပံပညာရှင် ဒေါက်တာတစ်စုကနေ ကိုဗစ်ကာကွယ်ဆေးကို အိန္ဒိယနိုင်ငံပိုင်ထုတ်လုပ်နိုင်ဖို့အတွက် ကြိုးစားကြပုံကို ရိုက်ကူးပုံဖော်ထားပါတယ်။ဆရာဝန်တွေရဲ့ မိသားစုပြဿနာတွေ အစိုးရတစ်ရပ်အနေနဲ့ ပြည်သူတွေအပေါ်ထားတဲ့စေတနာရယ် မလိုသူတွေရဲ့ ဒုက္ခပေးတိုက်ခိုက်မှုတွေရယ်နဲ့ ပေါင်းစပ်ဖန်တီးပုံဖော်ထားတာမို့ ကြည့်ရှုခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 2.18GB / 854MB Quality…1080p WEB DL /720p Format…mp4 Duration….2h 41m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
The Vaccine War (2023)
2023
5.7
Gadar 2 (2023)
Gardar 2 (2023)IMDb-5.7/10ကုဋေ ၇၀၀ နီးပါးနဲ့ Blockbuster ဖြစ်ခဲ့တဲ့ကားပါ 2023ခုနှစ်ရဲ့ တတိယဝင်ငွေအများဆုံးရုံတင်ကားလဲဖြစ်ပြီး Gadar 1 က သရုပ်ဆောင်တွေဖြစ်တဲ့ ၉၀ ခုနှစ်အစောပိုင်းတည်းက နာမည်ကြီးလူကြိုက်များခဲ့တဲ့ မင်းသားမင်းသမီးကြီးတွေ Sunny Deol နဲ့ Ameesha Patel တို့ကို ပြန်ရှုစားနိုင်မဲ့ကားပါ တာရာ အနေနဲ့ သရုပ်ဆောင်တဲ့ Sunny Deol ဆိုရင် ဒီ Gadar 2 နဲ့ပဲ ရုပ်ရှင်လောကကို ပြန်ဝင်လာခဲ့တာဖြစ်ပါတယ်၁၉၄၇ အရေးအခင်းကာလမှာ စစ်သားအယောက်လေးဆယ်ကိုသတ်ပြီး ပါကစ္စတန်နိုင်ငံကနေထွက်ပြေးသွားတဲ့ တာရာဆင်းဂ်နဲ့ ဆာကီနာတို့မိသားစုတို့ကို ပါကစ္စတန်ဗိုလ်မှူး ဟာမစ်ဒ်အစ်ဘာလ်က အသည်းအသန်အလိုရှိနေပါတယ်တာရာဆင်းဂ်တို့မိသားစုဟာ ဖြစ်ခဲ့တာတွေအားလုံးကိုမေ့ပစ်ပြီး ဘဝသစ်မှာအေးအေးချမ်းချမ်းနေဖို့ဆုံးဖြတ်ထားကြပြီးသား ဒါပေမဲ့ မရှောင်လွှဲနိုင်တဲ့ကံကြမ္မာတွေနဲ့ စစ်မီးတွေကြားနောက်တစ်ကြိမ်ပါဝင်လာရပြန်တယ် နိုင်ငံအတွက်တစ်ကြိမ်တစ်ခါတော့ ကူမယ်လို့စဉ်းစားထားတဲ့ တာရာဆင်းဂ်တစ်ယောက် သူ့ကိုအလိုရှိနေတဲ့ ဟာမစ်အစ်ဘာလ်နဲ့မှထိပ်တိုက်တွေ့ချိန်မှာတော့..အဆုံးမရှိတဲ့ ပဋိပက္ခတွေနဲ့ စစ်မီးတွေကြားမှာ ချစ်ခြင်းမေတ္တာတရားတွေ ကြွေလွင့်ခဲ့ရသလို ဒီအချစ်မေတ္တာတွေကြောင့်ပဲ စစ်မီးတွေရဲ့အပူကိုကျော်ဖြတ်လာနိုင်ရတာပါပဲတာရာဆင်းဂ်တို့ မိသားစုဝင်သုံးယောက်ကြားက ရိုးရှင်းတဲ့ ချစ်ခြင်းမေတ္တာနဲ့ နှစ်နိုင်ငံကြားကစစ်မီး ။ ဆန့်ကျင်ဘက်အရာနှစ်ခုနဲ့ ဒီကားက Blockbuster ထိဖြစ်ရတဲ့ အကြောင်းအရင်းကို ...
movie
Gadar 2 (2023)
2023
4K HEVC
7.2
Tadka (2022)
Tadka 2022ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ အသစ်စက်စက် အိန္ဒိယ အချစ်ဟာသကားလေးပါ... အချစ်တော် "တာ့ပ်ဆီး"လေးလဲပါတယ်ဆိုတော့ ပရိသတ်ကြီးကြိုက်ကြမယ်ထင်ပါတယ်..... ဇာတ်လမ်းအညွှန်းလေးကတော့ တူကာရမ်(Nana Patekar)က အစားအသောက်တွေကိုနှစ်သက်တဲ့ ရှေးဟောင်းသုတေသနပညာရှင်ဖြစ်ပြီး လူပျိုကြီး တစ်ကိုယ်တည်းသမားပေါ့.. မဒူရား (Shriya Saran)ကတော့ ရေဒီယိုတင်ဆက်သူတစ်ဦးဖြစ်ပါတယ်တစ်နေ့မှာတော့ မဒူရာနဲ့ ဖုန်းမှားခေါ်မိရာက လေလှိုင်းထဲကနေတစ်ဆင့် တစ်ယောက်နဲ့တစ်ယောက် သဘောကျမိသွားကြပါတယ်.. ကိုလူပျိုကြီးတူကာရမ်ကတော့ ရေငတ်တုန်းရေတွင်းထဲကျဆိုသလိုပါပဲ ဖုန်းထဲမှာတော်ကီတွေလွှတ်ပစ်ပြီး ချုပ်တာပေါ့..ဒါပေမယ့်တကယ်တမ်းလူချင်းတွေ့ကြမယ်ဆိုတော့ မထုံတက်တေးနဲ့မထော်မနမ်းတွေလုပ်မိမှာလဲစိုး..ဒီလိုနဲ့ တူကာရမ်ရဲ့တူဖြစ်သူ ခပ်နောက်နောက်လူငယ်လေး ဆစ် (Ali Fazal) နဲ့ အရမ်းဟော့တဲ့ နီကိုလ် ( Taapsee)တို့က လူအစားဝင်ပြီးတွေ့ကြတဲ့အချိန်မှာ နီကိုလ်းရဲ့အလှမှာမျောသွားတဲ့ ဆစ်က အရွယ်ချင်းကွာတယ် အဆင်မပြေဘူးဘာညာပေါ့...ကိုလူပျိုကြီးတူကာရမ်ရဲ့ ကြီးမှဝက်သက်ပေါက်ရတဲ့အချစ်ဇာတ်လမ်းမှာ သူတို့လေးယောက်ဘယ်လိုတွေများ မီးစင်ကြည့် ကကြမလဲဆိုတာ ကြည့်ရင်းရယ်ရင်းနဲ့ပဲ ဆက်လက်အားပေးလိုက်ကြပါဦး.... File size…1.94GB / 938MB Quality…1080p True HD / 720p Format…mp4 Duration….1h 55mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL ~ Taylor ~ Thet Ko
movie
Tadka (2022)
2022
9.2
Natsamrat(2016)
Natsamrat(2016)IMDb....9.2ကုလားကားကြိုက်သူတွေအတွက် Rating မြင့် ပညာပေးကားကြီးလာပါပြီဗျား...ဘဝဆိုတာ တိုတောင်းပါတယ်။ ဒီတိုတောင်းပါတယ်ဆိုတဲ့ ဘဝထဲမှာပဲ အချိန်တွေဆိုတာ တိုင်းတာရအတော်ခက်ပါတယ်။ ဘဝတွေမှာ တည်ဆောက်သမျှ အရာရာဟာ ခိုင်မာလာဖို့ အချိန်သာလိုကြောင်း သိရှိခဲ့ပြီးတဲ့နောက်မှာလည်း အရာရာဟာ ဝေးလွင့်ပျက်ပြယ်ခြင်းအလို့ငှါ အချိန်ကိုသာပဲ လိုလေကြောင်းလည်း နားလည်ခဲ့ရတယ်။ ဒီဇာတ်လမ်းလေးက တစ်ဘဝလုံးတည်ဆောက်ခဲ့သမျှကို သားသမီးတွေကို မျက်ကန်းယုံမှတ်ခဲ့လို့.... ထင်ပေါ်ကျော်ကြားခဲ့ပါတဲ့ ပြဇာတ်တို့ရဲ့ဘုရင် ဘဝကနေ သူတောင်းစားသာသာ ဘဝရောက်သွားခဲ့တဲ့ လူတစ်ယောက်အကြောင်းပါ။ဒီအဖြစ်အပျက်ကလေးက ဟိုးငယ်ငယ်တုန်းက ကုဋ္ဌေရှစ်ဆယ်သူဋ္ဌေးဘဝကနေ သူတောင်းစားဖြစ်သွားခဲ့ကောင်လေးလိုပါပဲ။ သို့ပေမဲ့ ဒီလူကတော့ အဖေတစ်ယောက်ပေါ့။ ထပ်ပေါင်းပြောရရင် လူကောင်းတစ်ယောက်ပေါ့။ လူတွေရဲ့ ပေတံတွေမှာ ခင်ဗျားရဲ့ တကယ့်စိတ်က ဘယ်လိုပဲကောင်းမွန်နေပါစေ.... အပြောအဆို အပြုအမူ ရုပ်ဟန်တွေဟာ အပေါ်ယံတွေပါဆိုဆိုကြလည်း ဒီလိုအရာတွေနဲ့ လူတွေက ခင်ဗျားကို တိုင်းတာကြမှာပါပဲ။ အဝေးကြီးမတွေးပါနဲ့...ခင်ဗျားရဲ့မိဘ ခင်ဗျားရဲ့သားသမီး ခင်ဗျားရဲ့ချစ်သူတွေကတောင် ဒီပေတံနဲ့ပဲ တိုင်းတာကြဦးမှာပါ။ ဒီဇာတ်လမ်းက အဲ့ဒီလိုအတိုင်းတာခံခဲ့ရတဲ့ လူတစ်ယောက်အကြောင်းဆိုလည်း ဟုတ်ပါတယ်။ အဖေတစ်ယောက် အဘိုးတစ်ယောက်ရဲ့ ဆန်ရေတို့ အကြောင်းကို မိဘမဖြစ်ဖူးတဲ့ ကျွန်တော်သိပ်လည်း မပြောပြတတ်ပါဘူး။ သူ့စိတ်သဘောကို ကျွန်တော် ခံစားရသလိုရေးချပြရမယ်ဆိုရင်တော့... " ပေးအပ်ရန် တစ်စုံတစ်ရာမရှိပါကလည်း မရှိခြင်းကို ပေးအပ်ချင်ပါသေး၏။ ခံယူသူ အလို့ငှါ ဘယ်သို့ဘယ်ပုံ သေးငယ်မည်နည်းကို ကျွန်တော် မသိတတ်နိုင်ပါ။ ကျွန်တော့်ကမ္ဘာ၏ ဆယ်ဖို့တစ်ဖို့ကိုသာ နေ့ဖို့ညစာ ချန်ခဲ့ပါ၏။" လို့ပဲ ဆိုရမည်ပေါ့။ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေကြ မိဘနဲ့သားသမီးကြားက အရိုးရှင်းဆုံးအဖြစ်အပျက်တွေကိုပဲ... အနက်ရှိုင်းဆုံး ခံစားချက်တွေနဲ့ ခံစားသက်ဝင်ကြည့်လိုက်ကြပါ။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ WiRa Aung ပဲဖြစ်ပါတယ်။File ...
movie
Natsamrat(2016)
2016
7.7
Kaala (2018)
ဇာတ်ကားကောင်း ကြိုက်သူတွေ အတွက်"Kaala" ဆိုတဲ့ ဇာတ်ကားကောင်း၊ဘော်ဒါတို့အားလုံး ရင်းနှီးပြီးသားဖြစ်မှာပါ။Reviewတွေလည်း ဖတ်ဖူးကြမှာပါ။ဇာတ်လမ်းအညွှန်း....Kaala ဆိုတာ "Daravi"ဆိုတဲ့ ဆင်းရဲသား ရပ်ကွက်ရဲ့ခေါင်းဆောင်အဖြစ် တင်စားကြတဲ့ "Karrikaalan "ရဲ့ နာမည်တစ်ခုပေါ့။သူဟာ ဒီရပ်ကွက်မှာ ဩဇာညောင်းသူ၊ ဖခင်ဖန်တီးခဲ့တဲ့ မြေကို ဆက်လက်ထိန်းသိမ်း ထားသူပေါ့။Kaala အဖေ ကို သတ်ခဲ့တဲ့ Harri Dada ဆိုတဲ့ ဝန်ကြီး ကလည်း ဒီမြေကို အစိုးရစီမံကိန်းလို့ လိမ်လည်ပြီး အပိုင်စီးချင်နေတယ်။ဆင်းရဲသားတွေကို တိုက်ခန်းတွေပေးမယ် ဘာညာပေါ့။ဒီအကြောင်းတွေကို မသိတဲ့ Zarrina ဆိုတဲ့ မဒမ်ကလည်းဒီစီမံကိန်းကို လူထုအကျိုးပြုအဖြစ် NGO ခေါင်းဆောင်အနေနဲ့ ဦးဆောင်ဦးရွက်ပြုရမယ်။Zarrenaဆိုတာ အာဖရိက,က လာတာဆိုပေမဲ့သူဟာ ဒါရဗီဇာတိ၊ ဒါရဗီမှာ ရာဇဝင်ကြွေးတွေတောင် ရှိသေး၊ ပြီးတော့မှ နိုင်ငံခြား ထွက်သွားတာ။Harri Dada ရဲ့ အကြံတွေ(နောက်ကွယ်က ကြိုးကိုင်မှု)ကို သိနေတဲ့ Kaala ကတော့ ဒီစီမံကိန်းကို ...
movie
Kaala (2018)
2018
4.2
Welcome Back (2015)
Action, Comedy, Crime အမ်ိဳးအစား Bollywood ဇာတ္ကားပါ။ မင်းသားကြီး John Abraham နဲ့ မင်းသမီးချော Shruti Haasan တို့ အဓိကပါဝင်ထားပါတယ်။ Bollywood ရဲ့ Comedy ဇာတ်ကား ပေါ့ပေါ့ပါးပါးလေးတွေကို ကြိုက်တတ်ရင် ဒီဇာတ်ကားကို ကြည့်လို့အဆင်ပြေမှာပါ။ File size...(1GB) Quality...HD-Rip 720p Format...mp4 Duration....02:28:59 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung
movie
Welcome Back (2015)
6.9
The Attacks Of 26/11 (2013)_____IMDb - 6.9/10 The Attacks of 26/11 ဒီဇာတ်ကားလေးကတော့ IMDb rating 6.9 ရရှိထားပြီး 2008 ခုနှစ် နိုဝင်ဘာလ (၂၆)ရက်နေ့က အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခတ်မှုကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို အိန္ဒိယနိုင်ငံသားတွေအနေနဲ့ 9/11 လိုမျိုး 26/11 လို့ခေါ်ဝေါ်ကြပြီးတော့ ယနေ့ထက်တိုင် ဝမ်းနည်းခြင်းအထိမ်းအမှတ်တွေ လုပ်ကြဆဲပါ။ အကြမ်းဖက်အဖွဲ့က ပါကစ္စတန်အခြေစိုက် Lashkar-e-Taiba အဖွဲ့ဖြစ်ပြီးတော့ အဖွဲ့ဝင်(၁၀)ဦးနဲ့ အိန္ဒိယအထင်ကရ(၁၂)နေရာကို တိုက်ခတ်ခဲ့တာဖြစ်ပြီး လူ(၁၆၄)ယောက် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ဒီဇာတ်ကားက အဲဒီဖြစ်ရပ်မှန်ကို Documentary Film အဖြစ် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီး အကြမ်းဖက်သမားတွေရဲ့ ဘာသာရေး အသုံးချမှုကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ရိုက်ပြထားတာတွေ့ရမှာပါ သင်ခန်းစာတွေ တွေးတောဆင်ခြင်စရာတွေ အများကြီးပေးတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ လုံးဝကို လက်လွတ်မခံသင့်ပါကြောင်းလို့ ပြောပါရစေ။(ဒီဇာတ်ကားရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ ညီလေး Sherlock ဖြစ်ပါတယ်။) @San Win Maung File Size ...
movie
The Attacks Of 26/11 (2013)
2013