Channel Myanmar

Naphat Siangsomboon

Friend Zone (2019) 7.6
Friend Zone (2019) သင်ရော သင်ချစ်ရတဲ့သူငယ်ချင်းရဲ့ friend zone ထဲ ရောက်နေပြီလား??...Friendzone ဆိုတဲ့ ဒီဇာတ်ကားကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံအနှံ့အပြားမှာ ရိုက်ကူးထားခဲ့တာဖြစ်ပြီးဇာတ်ဝင်တေးကိုလည်း နိုင်ငံအစုံက အဆိုတော်တွေနဲ့ ဘာသာမျိုးစုံသီဆိုထားပါတယ်မြန်မာနိုင်ငံက အဆိုတော်ဖြူဖြူကျော်သိန်း အပါအဝင်ပေါ့ဒီဇာတ်ကားထဲမှာတော့ မင်းသမီးလေး Baifern Pimchanok က ဂင်းဆိုတဲ့ ကောင်မလေးအဖြစ်နဲ့မင်းသား Nine Naphat ကတော့ ဂင်းကို ကြိတ်သဘောကျနေတဲ့ ကောင်လေး ပမ်အဖြစ် သရုပ်ဆောင်ထားပါတယ်Friend zone ထဲရောက်နေတဲ့ သူတွေအတွက် အဆိုးဝါးဆုံးအရာကဘာလဲသိလားကိုယ်ချစ်ရတဲ့သူငယ်ချင်းက ရည်းစားရသွားတာပါပဲအဲဒီလိုပဲ ပမ်အနေနဲ့ ဆယ်နှစ်ကျော်ချစ်ခဲ့ရတဲ့ ဂင်းတစ်ယောက် ရည်းစားရပြီး တဇွတ်ထိုးလုပ်နေတာကို လိုက်ထိန်းနေရတဲ့ပမ်တစ်ယောက် အဆုံးသတ်မှာ ဆယ်နှစ်ကြာ friend zone ကနေ ရုန်းထွက်နိုင်မလားဂင်းအနေနဲ့ကရော ပမ့်အပေါ် ဘယ်လိုသဘောထားဆုံးဖြတ်ပေးသွားမလဲဆိုတာကိုငယ်သူငယ်ချင်းကြား အမှတ်တရလေးတွေ ပျော်ရွှင်စရာ ဟာသဖြစ်ရပ်လေးတွေနဲ့အတူ ရိုက်ကူးပုံဖော်ထားပါတယ်❤️❤️သင်လည်း friend zoneထဲထည့်ခံထားရသူဆို ချစ်ရတဲ့crush လေးကို ဒီကားပြပြီး ကိုယ့်အချစ်တွေမြင်လာအောင်ပြလိုက်တော့နော်..။(ဘာသာပြန်ပေးထားသူတွေကတော့ Kyi ...
movie

Friend Zone (2019)

2019
HEVC 1080p
New Year’s Gift (2016) 7.2
New Year’s Gift (2016) ဒီရုပ်ရှင်ကားလေးဟာ နာမည်ကျော် ရုပ်ရှင်မင်းသား မင်းသမီးများစွာပါဝင်သရုပ်ဆောင်ပေးထားပြီး အကောင်းဆုံး သီချင်းတွေ နဲ့ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်...ပိုပြီးထူးခြားတာက မကြာသေးခင်ကမှ နတ်ရွာစံတော်မူသွားတဲ့ထိုင်းဘုရင်မင်းမြတ် ဘူမိဘော ရေးထားတဲ့ သီချင်းတွေကိုဒီရုပ်ရှင်မှာ ထည့်သွင်း အသုံးပြုပြီး ထည့်ထားလို့ရုပ်ရှင်ကားကို ပိုပြီး အသက်ဝင်စေပါတယ်...နှစ်သစ်ကူးတော့မယ် ဒီဇင်ဘာ လမှာ ဖြစ်ပျက်ခဲ့တဲ့အချစ်ဇတ်လမ်းလေး ၃ ခု ကို ဒီရုပ်ရှင်ကားတစ်ခုထဲမှာ ချိတ်ဆက်ပေးထားပါတယ်...ဒီရုပ်ရှင်ကားထဲက မင်းသမီးလေးတွေကချစ်ဖို့ကောင်းလွန်းလို့ ၂ ခါပြန်တောင် ကြည့်ရပါတယ်မင်းသားတွေဆိုရင်လဲ ATM ရုပ်ရှင်ကားထဲက မင်းသားI Fine..Thank You..Love You ရုပ်ရှင်ကားထဲက မင်းသား တို့ပါဝင်ပါတယ် သူတို့ကတော့ CM Fan တွေ နဲ့ မစိမ်းလောက်ပါဘူးနော်...ကဲပါ ကျနော် ဇတ်လမ်းကို ပြောမပြချင်ပါဘူး ကိုယ်တိုင်ကြည့်လိုက်ပါသင့်ဘ၀ မှာ ကြည့်ရလို့ နောင်တ မရစေမယ့် ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့မေသဇင်စိုး ဖြစ်ပါတယ်.... File size…1.5GB Quality…1080p  Format…mp4 Subtitle….Myanmar (Hard Sub) Encoder….Thit San Khant Translated by May Thazin Soe
movie

New Year’s Gift (2016)

2016
Love You My Arrogance (2020) 7.5
Love You My Arrogance (2020) ကျေးရွာတွေဆီ ခရီးထွက် video တွေရိုက်ပြီး Youtube Channel ပေါ်တင်ရင်း နာမည်ရလာတဲ့ အိုက်ဆန် တစ်ယောက် Fanတွေ အများရှိပေမယ့် ဘယ် Fan နဲ့မှ အရောတဝင်မနေ မာနကြီးသလိုလုပ်နေတာကြောင့် လူမုန်းများလာခဲ့ပါတယ်သူဘယ်သူနဲ့မှ အရောတဝင်မလုပ်ရတာကတော့ သူ့မှာ ထူးခြားတဲ့အစွမ်းရှိနေလို့ပါ အဲ့ဒါကတော့ သူများတွေ စိတ်ထဲကတွေးနေတာကို ကြားနေရတာပါပဲ Fan တွေကြားထဲရောက်သွားရင် လူတွေအများကြီးရဲ့အတွေးတွေကို ကြားနေရပြီး ခေါင်းအရမ်းမူးတာကြောင့် အရောတဝင်မနေဖြစ်တော့တာပေါ့ဒီလိုနဲ့ တနေ့ သူခရီးထွက်လာတဲ့ လမ်းမှာ အန်နာဆိုတဲ့ ကောင်မလေးနဲ့ တွေခဲ့တယ် တစ်ခြားသူတွေ အတွေးကို အကုန်ကြားနေရတဲ့သူ အန်နာရဲ့အတွေးကိုတော့ ဘယ်လိုပဲကြိုးစားနားထောင်နားထောင် သူမကြားရပါဘူး အန်နာဆိုတာလည်း တက်သစ်စ စာရေးဆရာမတစ်ယောက် ကုန်ကြမ်းတွေစုဖို့အတွက် နယ်လှည့်ပြီး လူတွေအကြောင်း လေ့လာနေသူတစ်ယောက်ပေါ့ အဲ့အချိန်မှာ အိုက်ဆန်နဲ့တွေ့ပြီး ကုန်ကြမ်းရပြီဆိုပြီး အနောက်က တကောက်ကောက် လိုက်ကပ်နေတဲ့နောက်...သူတို့ရဲ့ ထူးဆန်းလှတဲ့ တွေ့ဆုံမှု့ကနေ ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှူ့ခံစားလိုက်ပါ ...
movie

Love You My Arrogance (2020)

2020