Channel Myanmar

Nick Swardson

I Now Pronounce You Chuck & Larry (2007) 5.9
I Now Pronounce You Chuck & Larry (2007) I Now Pronounce You Chuck & Larry (2007)ဒီတစ်ခါ မိတ်ဆက်​​ပေးမှာက​တော့ နာမည်ကြီး ဟာသသရုပ်​ဆောင် Adam Sandler နဲ့ ကားတိုင်းပါနေကျ သူ့ဘော်ဒါ Kevin James ပါဝင်သရုပ်​​ဆောင်ထားပြီး 2007 မှာထွက်ရှိထားတဲ့ I Now Pronounce You Chuck & Larry ဆိုတဲ့ဟာသကား​​လေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~မိန်းမဆိုရင် ခဲတံမှာဂါဝန်ဝတ်ထား​​ပေးရင်​တောင် ဖွက်ထားရမယ်ဆိုပြီး လုပ်​ဖော်ကိုင်ဖက်​တွေက​ပြောရ​လောက်​အောင် ဖွန်​ကြောင်တတ်တဲ့ ချာ့ တစ်​ယောက် အိမ်​ထောင်သည် မုဆိုးဖိုသူငယ်ချင်း လယ်ရီရဲ့ ​ငွေ​ကြေးပြသနာ​ကြောင့် နှစ်​ယောက်အတူ ​ဂေးစုံတွဲအဖြစ် ​နေကြဖို့ သ​ဘောတူလိုက်ကြပါတယ်။ တစ်ဖက်မှာလည်း ပြည်နယ်ဘက်က လိမ်လည်တာဟုတ်မဟုတ် လာ​ရောက်စစ်​ဆေးရင်းနဲ့မှ တဖြည်းဖြည်း သူတို့​လက်ထပ်ထားတာကို တစ်ပြည်နယ်လုံး သိသွား​လောက်တဲ့အထိ နာမည်ကြီးသွားတဲ့အခါ ဘယ်လိုအကွက်​တွေ​ရွေ့မလဲ... ဘယ်လို​တွေလွဲကုန်မလဲ... ဆိုတာကို ရယ်ရင်း​မောရင်းကြည့်ရှုရမယ့်ကား​လေးပဲဖြစ်ပါတယ်။ ​ဂေး​တွေကို အရမ်းလက်သင့်ခံထားခြင်းမရှိ​သေးတဲ့ ...
movie

I Now Pronounce You Chuck & Larry (2007)

2007
You Don’t Mess with the Zohan (2008) 5.5
You Don’t Mess with the Zohan (2008) You Don't Mess with the Zohan (2008)Adam Sandler ရဲ့ မကြည့်ဖူးသူမရှိလောက်မယ့် ကားဟောင်းကားကောင်းတစ်ကားပါ။ သူကိုယ်တိုင် သရုပ်ဆောင်ရုံတင်မကဘဲ ဇာတ်ညွှန်း‌ကိုလည်း သူပဲ ဝင်ရေးပေးခဲ့ပါသေးတယ်။ ဒါ့အပြင် အခြားနာမည်ကျော် ရုပ်ရှင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Emmanuelle Chriqui, John Turturro နဲ့ Buddy Games ဇာတ်ကားထဲက မင်းသားကြီး Nick Swardson ကိုလည်း လူငယ်သရုပ်ဆောင်အနေနဲ့ တွေ့ရမှာဖြစ်လို့ လုံးဝကို လက်ရာမြောက် ဟာသဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်ကားကတော့ ဇိုဟန်ဆိုတဲ့ အစ္စရေးနိုင်ငံသား အထူးစစ်သားတစ်ယောက်အပေါ် ဇာတ်အိမ်တည်ပြီးတော့ရိုက်ကူးထားတာပါ။ ဇိုဟန်ဟာ သူလုပ်နေတဲ့အလုပ်မှာ ကျွမ်းကျင်ရုံတင်မကဘဲ အတော်လေးကို နာမည်ကြီးလှတဲ့ အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ရဲ့  နိုင်ငံကျော်စူပါစတားပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ဒီအလုပ်ကိုလုပ်နေရင်းနဲ့ ဒီလိုပဲ သူ့ဘဝကြီးက သံသရာလည်တာကို မနှစ်သက်တော့ပါဘူး။ အဲဒီအခါ ဇိုဟန်ဟာ သူ့ရဲ့ ဝါသနာပါရာ စိတ်ကူးအိပ်မက်ကို ...
movie

You Don’t Mess with the Zohan (2008)

2008
Buddy Games: Spring Awakening (2023)
Buddy Games: Spring Awakening (2023) Buddy Games: Spring Awakening (2023)ဒီဇာတ်ကားကတော့ ၂၀၁၉ ခုနှစ်ကထွက်ရှိထားတဲ့ Buddy Games ဆိုတဲ့ ဇာတ်ကားလေးရဲ့ အဆက်ပဲဖြစ်ပါတယ်။ဒီ ဇာတ်ကားထဲမှာဆိုရင်တော့ Supernatural ထဲက ဒင်းန်ဝင်ချက်စတာကြီး Jensen Ackles အပြင်ကို Once Upon A Time ရဲ့ စနိုးဝှိုက်မင်းသမီးနဲ့ မိုက်ကယ်ဘေးရဲ့ Transformers ဇာတ်ကား တွေထဲပါ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး ဂျော့ဒူဟာမယ်လည်းပါတဲ့အပြင် တခြားနာမည်ကြီး မင်းသား မင်းသမီးတွေ ရောကျော်ပါဝင်ထားလို့ ကြည့်လို့ကောင်းမှာကတော့ သေချာပါတယ်။ပထမကားလိုပဲ ငယ်ပေါင်းချစ်သူငယ်ချင်း ခြောက်ယောက်ကို အခြေခံပြီးရိုက်ထားတဲ့ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်ဆောင်သူငယ်ချင်းခြောက်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဒယ်ဖီသေသွားပြီးနောက်ပိုင်း ဒယ်ဖီ့ကို ဂုဏ်ပြုပေးဖို့အတွက် ဒယ်ဖီ့ရဲ့ ပြာအိုးကို ဘယ်နေရာသွားကြဲမလဲဆိုတာကို ဆုံးဖြတ်ရာကနေစတင်ခဲ့ပါတယ်။ နွေရာသီအားလပ်ရက်မှာ ကျန်နေခဲ့တဲ့ သူငယ်ချင်းတစ်သိုက်က ဒယ်ဖီ့ရဲ့ အသုဘအခမ်းအနားမှာ ဘယ်လိုသောင်းကျန်းခဲ့၊ ပြာအိုးကို နေရာချဖို့ကိစ္စကို ဆုံးဖြတ်ရင်းနဲ့ ဘယ်လို ...
movie

Buddy Games: Spring Awakening (2023)

2023
Buddy Games (2019)
Buddy Games (2019) Buddy Games (2019)အခုမိတ်ဆက်ပေးမယ့် Buddy Games ဆိုတဲ့ ဇာတ်ကားလေးကတော့ အချစ်ဆုံးသူငယ်ချင်း ပေါက်ဖော်လေးယောက်အကြောင်းကို ဇာတ်အိမ်တည်ပြီးတော့ ရိုက်ကူးထားတာပါ။Buddy Games ဆိုတဲ့အတိုင်း သူတို့လေးယောက်က မိတ်ဆွေဖြစ်ဂိမ်းကို ငယ်ငယ်ကတည်းကနေ ကြီးကောင်ကြီးမား လူလတ်ပိုင်းရောက်တဲ့အထိကို ကလေးတွေလို ပျော်ပျော်ပါးပါးဆော့ကစားခဲ့ကြပါတယ်။ ဒီလိုနဲ့ တစ်နှစ်မှာ ဒီဂိမ်းလေးကိုဆော့နေရင်း ဘန်ဒါလို့ခေါ်တဲ့ သူငယ်ချင်းလေးယောက်ထဲကတစ်ယောက်က နောက်တစ်ယောက်ဖြစ်တဲ့ ရှယ်လီဆိုသူကိုစနောက်ရင်း စိတ်ဆိုးသွားပြီး သူ့ကို သေနတ်အတုနဲ့ ပစ်လိုက်ရာကနေ ပြဿနာတွေတက်ပြီး ဇာတ်လမ်းလေးက အကြောင်းဖန်လာပါတော့တယ်။ဒီဇာတ်ကားလေးက အရမ်းကိုပျော်ဖို့ကောင်းပြီး အခုလိုမေတ္တာတရားတွေခေါင်းပါးလာတဲ့ မျက်မှောက်ခေတ်ကြီးမှာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူငယ်ချင်းအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီတတ်တဲ့ သူငယ်ချင်းစိတ်ဓာတ်ကို ကွက်ကွက်ကွင်းပေါ်လွင်အောင်ရိုက်ပြထားပေးတဲ့ ဟာသပေါကားလေးတစ်ကားဖြစ်လို့ အပန်းဖြေရင်း ကြည့်ရှူလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 780MB Quality - 1080p, 720p Format - mp4 Duration - ...
movie

Buddy Games (2019)

2019
30 Minutes or Less(2011) 6.1
30 Minutes or Less(2011)  IMDb – 6.1/10 Rotten Tomatoes -45%ချက်ကြီးဟာမူလတန်းကျောင်းဆရာတစ်ယောက်။ချက်ကြီးဘော်ဒါငှက်ကြီး(နစ်ခ်) ကပီဇာဆိုင်မှာဒယ်လ်လီဗာရီပို့တဲ့သူ။ ဒီဘဲနှစ်ပွေကငယ်ငယ်လေးတည်းကခင်ခဲ့တဲ့ ငယ်ပေါင်းကြီးဖော်တွေ။ တစ်ဖက်မှာလည်းဘုရင်ကြီးဒွီဝိန်းနဲ့သူ့နောက်လိုက်တပည့်ကျော်ထရားဗစ်ဆိုတာရှိသေးတယ်။ချက်ကြီးတို့လို ငယ်ပေါင်းကြီးဖော် တွေပဲ။ဘုရင်ကြီးတို့က ၁၀၉-၁၁၀ တွေ။ သူ့ဖားသားကြီးအငြိမ်းစားဗိုလ်မှူးအိမ်မှာ လက်တိုလက်တောင်းလေး လုပ်ပြီးခိုကပ်နေတဲ့ဘဲတွေ။ဘိုးတော်ကြီးကထီပေါက်ထားပြီး ထောနေတော့၁၀၉-၁၁၀ ကောင်တွေကို ရှယ်ဟောက်တာပေါ့။အလုပ်မရှိအကိုင်မရှိအာဝါးဒါးရိုက်မနေနဲ့ အဖြစ်ရှိအောင်လုပ်ဘာညာပေါ့ဗျာ။ ဘုရင်ကြီးလည်း ပွားခံရပါများတော့ ဘိုးတော်ကြီးကိုကပ်တိုးလေးအသည်းပေါက်နေတယ်။ မြေနိုးကြီး သေရင်အမွေတွေရမယ် သူလည်းသူဌေးတန်းဖြစ်မယ်ပေါ့။ အဲဒါနဲ့ဘိုးတော်ကြီးကိုလုပ်ကြံဖို့အကြံထုတ်တယ်။ ထုတ်တဲ့အကြံထဲမှာ ပီဇာပို့တဲ့ ငှက်ကြီး(နစ်ခ်)ကမဆီမဆိုင် သားကောင်ဖြစ်သွားတယ်။ ချက်ကြီး၊ငှက်ကြီးတစ်ဖွဲ့ အကြံကြီးတဲ့ဘုရင်ကြီးတို့ကတစ်ဖွဲ့ ဂတုံးပေါ်ထိပ်ကွက်ဖို့ကြိုးစားကြတာတွေ တခွီခွီနဲ့ကြည့်ရမှာဖြစ်တယ်။ဒီရုပ်ရှင်မှာ The Social Network, Justice League,Now you see me ဇာတ်ကားတွေမှာပါဝင်တဲ့ Jesse Eisenberg ကငှက်ကြီးအဖြစ်ပါဝင်ထားပြီး Master of None series မှာနာမည်ကြီးတဲ့ Aziz Ansari က ချက်ကြီးအဖြစ်ပါဝင်ပြီး တခြားဟောလိဝုဒ်မှာနာမည်ကျော်ဟာသသရုပ်ဆောင်များစွာပါဝင်ထားပါတယ်။Box Office မှာလည်းဒေါ်လာသန်း၄၀ကျော်ရရှိထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ File size…1.41GB ...
movie

30 Minutes or Less(2011)

It’s a Wonderful Binge (2022)
It’s a Wonderful Binge (2022) It's a Wonderful Binge (2022)Holiday Comedy အမျိုးအစား​လေးဖြစ်ပြီး Heavy မဟုတ်ပဲ ပေါ့​​ပေါ့ပါးပါး​ ကြည့်ရတာကြိုက်တယ့် ညိုကီတို့အတွက် Recommend ​ပေးပါတယ် ။အရက် မူးယစ်​ဆေး ​သောက်စားတာ ဒုစရိုက်မှုတစ်ခုလို ဖြစ်​နေတဲ့ကမ္ဘာမှာ မူးမူး ကွဲကွဲ ပြဲပြဲ လုပ်ချင်တာလုပ်လို့ရတဲ့ The Binge ပွဲရိုးရာ ခရစ္စမတ်​နေ့မှာ​...​ရှေးရိုးစွဲ အ​မေနဲ့ ​ထောင်​ပြေးဦး​လေးတို့ ရဲ့ သမီး တူမ Kimmi,မျိုးရိုးတစ်ခုလုံး ​​မွေးစားခံရတာနဲ့ တည်​ဆောက်ထားတဲ့ မိသားစုမှာ ကြီးပြင်းလာတဲ့ Sarah,Sarah ကို လက်ထပ်ခွင့်​တောင်းဖို့ စီစဥ်ရင်း လက်စွပ်​ပျောက်သွားတဲ့ Hag,အ​ဖေနှစ်​ယောက်နဲ့ အ​မေတစ်​ယောက်တို့ရဲ့ သား Andrew တို့ရဲ့ကြုံ​တွေ့ရမယ့် ပြဿနာ​တွေကို ဟာသဆန်ဆန် ရိုက်ထားတာ​လေးကို ကြည့်ရင်း ရီရီ​မော​မောပဲ ဖြတ်သန်းရမှာ ​သေချာ​ပေါက်ပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို DB နဲ့ Tissue တို့မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

It’s a Wonderful Binge (2022)

2022
The Wrong Missy (2020) 7.3
The Wrong Missy (2020) The wrong missy (2020) က Netflix ကနေအသစ်ထွက်လာတဲ့ romantic comedy ဇာတ်လမ်းလေးပါ။ ဘဝမှာ စိတ်ကူးနဲ့ လုပ်ချင်ပြီး မလုပ်ဖြစ်တာတွေ အများကြီး ကြုံဖူးကြမှာပါ။ မစ်စီကတော့ အဲဒီလိုလူမျိုး လုံးဝမဟုတ်ပါဘူး။ ပထမဆုံး တွေ့ဖူးတဲ့လူနဲ့ sex အကြောင်း ပြောဖို့ဝန်မလေးသလို တစ်ဖက်လူက ဘယ်လိုတွေးနေမလဲ စိတ်မပူတတ်တဲ့လူမျိုးပါ။ တစ်ခါမှ ရုပ်တည်ကြီးနဲ့ မနေသလို သူတန်ဖိုးထားတဲ့ လူတွေအတွက် စွန့်လွှတ်အနစ်နာခံဖို့လည်း အသင့်ပါပဲ။ သူ့ရဲ့စိတ်က လွတ်လပ်လွန်းလို့ လူတွေကသူ့ကို ရူးနေပြီ‌လို့တောင် ထင်ကြတဲ့အထိပါပဲ။ အမြဲတမ်း တစ်လွဲတွေ လုပ်ပေမယ့် တကယ်ရေးကြီးလာတဲ့အခါ အားလုံးကို ကယ်တင်ပေးမယ့် လူမျိုးပါ။ အိတ်ထဲမှာလည်း ဓားမကြီးတစ်လတ် အမြဲဆောင်ထားပြီး ဘွဲ့ ၅ ခုလောက်ယူထားတဲ့ master brain ပါ။ ရုပ်ဆိုးသလောက် ထက်မြတ်နဲ့ strong & independent woman လည်းဖြစ်ပါတယ်။ ဟာဝိုင်အီကမ်းခြေက ရှုခင်းတွေနဲ့ တစ်လွဲတွေ တောက်လျှောက်လုပ်တတ်တဲ့ မစ်စီက အိမ်ထဲမှာနေပြီး မွန်းကြပ်နေသူတွေ လိုအပ်နေတာနဲ့ ကွက်တိပဲလို့ ပြောချင်ပါတယ်။   File Size - 647.1 MB Quality - Web-Dl 720p Runtime -  1h 30min Translator ...
movie

The Wrong Missy (2020)

2020