Channel Myanmar

Noriko Hidaka

My Neighbor Totoro (1988) 8.2
My Neighbor Totoro (1988) ဒီဇာတ်ကားလေးကို 1988 ခုနှစ်က ရိုက်ကူးခဲ့ပေမယ့် Disney ကနေ 2006 မှာ english အသံထွက်နဲ့ ပြန်ထုတ်လွှင့်ပေးခဲ့ပါတယ်... IMDb 8.2 နဲ့ rotten tomatoes 94% တောင် ရရှိထားတဲ့ Rating မြင့်တဲ့ကားပါ.. တခြားနိုင်ငံမှာ Pooh ဇာတ်ကောင်လေးတွေ ခေတ်စားခဲ့သလို Totoro ကလဲ ဂျပန်ကလေးငယ်တွေအပေါ်မှာ လွှမ်းမိုးနိုင်ခဲ့ပါတယ်... မြန်မာမှာလဲ ခုချိန်ထိ totoro ကို ချစ်နေတဲ့လူကြီးငယ်တွေ ရှိပါသေးတယ်ဗျ... ( ကျွန်တော်အပါအဝင်ပေါ့... ) ဇာတ်လမ်းလေးကတော့ ၁၉၅၈ ခုနှစ်မှာ တက္ကသိုလ်ပါမောက္ခ Tatsuo Kusakabe နဲ့သူ့ရဲ့ သမီး ၂ ယောက်နဲ့ အတူ ရွာလေးတစ်ရွာမှာ ရှိတဲ့ အိမ်ဟောင်းတစ်လုံးစီကို ပြောင်းလာခဲ့ပါတယ်.. မိန်းမဖြစ်သူက နာတာရှည်ရောဂါ ခံစားနေရတာကြောင့် မိန်းမဖြစ်သူတက်နေတဲ့ ဆေးရုံနဲ့နီးတဲ့ အိမ်လေးကို ရွေးချယ်ခဲ့တာပါ.. တောရွာတစ်ခုဖြစ်တဲ့အတိုင်း မမြင်ရတဲ့ ပရလောကယုံကြည်မှုတွေလဲ ရှိနေပါတယ်... ပထမဆုံး တွေ့ကြုံခဲ့တာကတော့ susuwatari လို့ ခေါ်တဲ့ မည်းမည်းလုံးလုံး ကျပ်ခိုးကောင်လေးတွေပါပဲ.. လူမနေတဲ့ အိမ်ဟောင်းတစ်ခုမှာ အဲဒီကျပ်ခိုးကောင်လေးတွေ ရှိနေမှာ အသေအချာဖြစ်ပြီး လူတွေရောက်လာတာနဲ့ နောက်ထပ် အိမ်လွတ်တစ်လုံးရှာဖွေဖို့ ...
movie

My Neighbor Totoro (1988)

1988