Channel Myanmar

Oh Ji-ho

My Wife Is a Gangster 3 (2006) 6.4
My Wife Is a Gangster 3 (2006) My Wife Is a Gangster 3 (2006) မှာတော့ ရှေ့ကထွက်ရှိခဲ့တဲ့ ကိုရီးယားမင်းသမီး Eun-Kyung Shin ရဲ့ ဇာတ်ကားတွေနဲ့ မဆက်စပ်တော့ပါဘူး။ဒီတစ်ခါ ဂိုဏ်းစတားမလေးကတော့ တရုတ်မင်းသမီးလေး ရှုကြည် Shu Qi ပါ။မင်းသားကတော့ ကိုရီးယားက တလွဲကောင်ဖြစ်ပြီး သူ့ရဲ့လက်ထောက် လူမိုက်တလွဲကောင်တွေနဲ့ ရှယ်ရီနေရပါတယ်။မင်းသမီးရှုကြည်က တရုတ်လိုပဲရတော့ တရုတ်-ကိုရီးယား ဘာသာပြန်ငှားရပြီး ငှားလိုက်တဲ့ ဘာသာပြန်ကလဲ တကယ့်ထွန်းထွန်းပေါက်ပေါက်မလို့ အလွဲလွဲအချော်ချော်တွေနဲ့ mission တွေကို ချီတက်ကြမှာပါ။ဒီဇာတ်ကားက My Wife is a Gangster ဇာတ်ကားတွေထဲမှာ အရယ်ရဆုံးဇာတ်ကားဖြစ်ပြီး ဒရမ်မာဖက်မှာတော့ ရှေ့ကကားတွေလောက် မဖိစီးထားပါဘူး...အက်ရှင်ဟာသဖက်ပိုသွားပါတယ်။Sequel အဖြစ်ထွက်ရှိခဲ့ပေမယ့် မတူကွဲပြားတဲ့တင်ဆက်မှုတွေကြောင့် IMDb Rating (6.4) ထိ ရရှိအောင်မြင်ခဲ့ပါတယ်။****My Wife is a Gangster ရုပ်ရှင်ကားတွေက ၃ ကားထွက်ရှိထားပြီး  ...
movie

My Wife Is a Gangster 3 (2006)

2006
Sector 7 (2011) 4.6
Sector 7 (2011) Sector 7 (2011)ကျွန်တော်တို့ခေတ်ရဲ့ အလှနတ်ဘုရားမ ဖြစ်ခဲ့သလို ခုထိလည်း လှနေဆဲ လှနေမြဲ တောင်ကိုရီးယားမင်းသမီးတစ်ယောက်ဖြစ်တဲ့ ဟာဂျီဝန်ရဲ့ အလန်းစားရုပ်ရှင်တစ်ကားကို တင်ဆက်လိုက်ပါတယ်။ ကားမလန်းတောင် ဂန္တဝင်မမရဲ့ ဂန္တဝင်အလှတရားတွေကို ကြည့်ဖို့သက်သက် ရှာကြည့်ရတဲ့ မမ ဟာဂျီဝန်ရဲ့ ရုပ်ရှင်ကိုမှ ဇာတ်လမ်းကပါ စိတ်ဝင်စားစရာကောင်းနေတော့ တော်တော်တန်တဲ့ ရုပ်ရှင်ပါပဲ။ အိုဂျီဟိုဆိုတဲ့ ဘဲလည်းပါပေမဲ့ ခေါက်ထားလိုက်ပါ၊ မမသာအဓိကပဲမို့လား။ ဒါပေမဲ့ မမဆိုလို့ မမ ဟာဂျီဝန်တစ်ယောက်တည်းတင်မဟုတ်ဘဲ ဒီနှစ်မှာ Golden Mask ဒရာမာနဲ့ ပြန်ဟော့လာတဲ့ မမ ချာရီယျွန်းလည်း ပါပါသေးတယ်။ဇာတ်လမ်းကတော့ Kristen Stewart ပါတဲ့ Underwater လိုလို ဘာလိုလိုပါပဲ။ ဂြိုဟ်သားတွေနဲ့ကိုး။ ဒါရိုက်တာကတော့ May 18 တို့ Sinkhole တို့ The Tower တို့လို ကံဆိုးမိုးမှောင်ကျတဲ့ရုပ်ရှင်တွေချည်း အသားပေးရိုက်တတ်တဲ့ Ji-hoon Kim ...
movie

Sector 7 (2011)

2011
The Therapist : Fist of Tae-baek 2020
The Therapist : Fist of Tae-baek 2020 The Therapist Fist of Tae Baek(2020) ဒီဇာတ်ကားကတော့ ကိုရီးယားနိုင်ငံရဲ့ ရိုးရာကိုယ်ခံပညာနဲ့ တိုက်ခိုက်ပုံ ရိုးရာအကြောပြင်ပညာရပ်အစရှိတာတွေကို စိတ်ဝင်စားဖို့ကောင်းအောင်ဇာတ်လမ်းဆင်ထားတဲ့ Comedy/Dramaကားဖြစ်ပါတယ်။ ၂၀၂၀ခုနှစ်ထဲမှာပဲထွက်ရှိထားပြီး မင်းသားကြီး Oh Ji ho ပါဝင်ထားတဲ့ ကားကောင်းလေးတစ်ကားလည်းဖြစ်ပါတယ်။ဇာတ်လမ်းကိုပြောရရင် ဆောင်းဂျွန်ဆိုတဲ့သူက ကိုရီးယားကိုယ်ခံပညာကိုတောင်ပေါ်က ဘုန်းတော်ကြီးကျောင်းတစ်ခုမှာသင်ယူနေသူဖြစ်ပြီး ကိုယ်ခံပညာရပ်မှာတစ်ဖက်လူရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအကြောနေရာကအစသိပြီး တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူတစ်ယောက်လည်းဖြစ်ပါတယ်။တစ်ရက်နောက်ဆုံး အတော်ဆုံးပညာရှင်ရွေးပွဲနေ့မှာ သူနဲ့ညီအစ်ကိုအရင်းလိုခင်ရတဲ့သူ ရုတ်တရက်ပျောက်ဆုံးသွားပြီးနောက်မှာ သူဘဝကြီးလည်းအတော်ဆုံးဆိုတဲ့ နေရာနဲ့ လွဲပြီးအပြောင်းလဲကြီးပြောင်းလဲခဲ့ရပါတော့တယ်။ဒီကားထဲမှာ စိတ်ဝင်စားဖွယ် ကိုရီးယားကိုယ်ခံပညာရပ်တွေကို ပြသတဲ့အခါ မငြီးငွေ့ရအောင် အတိုက်အခိုက်ခန်းတွေအပြင် ဟာသလေးနှောထားလို့ ကြည့်လို့ကောင်းပါတယ်။လူခန္ဓာကိုယ်ကအရိုးအကြောတွေကို လိုသလိုပြုပြင်ပြီး အနှိပ်ပညာတစ်ခုနဲ့တင် ပုံသွင်းလို့ရတယ်ဆိုတာကိုလည်းတွေ့ရမှာပါ။ ဇာတ်လမ်းလည်းမဆိုးသလို ဖိုက်တင်ကားကြိုက်တဲ့သူတွေအတွက်အတိုက်အခိုက်အခန်းလေးတွေနဲ့အတူ လေ့လာစရာလေးတွေပါလို့ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားလည်းဖြစ်ပါတယ်။ Translator :Moe Pwint Encoder :Thit San Khant File Size :1.09GB and 538MB Quality :1080p and 720p
movie

The Therapist : Fist of Tae-baek 2020

2020
The Prisoner (2020) 7.7
The Prisoner (2020) The Prisoner (2020) IMDb Rating 7.9/10 ဇာတ်လမ်း အမျိုးအစားကတော့ action drama ဖြစ်ပြီးတော့ အဓိကသရုပ်ဆောင်အနေနဲ့က Oh Ji Ho ကပါဝင်သရုပ်ဆောင်ထားပြီး Lee Jae yong , Jo Won, Jung Chan , Son Sung Yoon, နှင့် Seo Beom Shik တို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကြောင်းအရာအနေနဲ့ကတော့ မိမိရဲ့ အမျိုးသမီးကို သတ်တဲ့ တရားခံကို လိုက်ဖမ်းရင်းနဲ့ အကျဉ်းထောင်ကျသွားရတဲ့ စုံထောက်တစ်ယောက်က အကျဉ်းကျနေတဲ့အချိန်မှာ ဘယ်လိုမျိုးတွေ ကြုံတွေ့ရမလဲ တကယ်သူရှာနေတဲ့ တရားခံကိုရော ဖမ်းမိသွားမှာလား အစရှိတဲ့ အကြောင်းအရာတွေကို အက်ရှင်ဇာတ်ဝင်ခန်းတွေကြားက လှည့်ကွက်တွေကို ဒီဇာတ်ကားမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုနိုင်ပါတယ်...... Translated by : Kim Hana Encoded by : Thit San Khant Quality - 1080p ...
movie

The Prisoner (2020)

2020
The Grand Heist (2012) 6.3
The Grand Heist (2012) ရှေးဂျိုဆောင်းရဲ့ နွေရာသီမှာ ရေခဲတွေ အသုံးဝင်ခဲ့တယ်ဆိုတာ မသိကြဘူး ဟုတ်... The Grand Heist ဇာတ်ကားထဲက ဂျိုဆောင်းမှာတော့ ရေခဲတွေက ရွှေထက်အဖိုးတန်ပါတယ်။ နွေရာသီမှာ အပူဒဏ်ကို ခံစားရတဲ့ လူနာတွေအဖို့ ဘာနဲ့မှမလဲနိုင်အောင် အဖိုးတန်ပါတယ်။ ဒါပေမယ့် လူကုံထံတွေအတွက်သာဖြစ်ပြီး သာမန်ပြည်သူတွေအတွက်တော့ လုံးဝထိတွေ့ခွင့်မရပါဘူး။ ဇာတ်လိုက် လီဒုံမိုဟာ အမတ်သားတစ်ယောက်ဖြစ်ပြီး သူ့ကြိတ်ကြွေရတဲ့ကောင်မလေးကို တိတ်တိတ်လေးဖြည့်ဆည်းပေးနေတဲ့ ပေါ့ပျက်ပျက်နိုင်တဲ့ လူငယ်လေးပေါ့... သူ့အဖေက နန်းတွင်းမှာ လူမုန်းခံရတဲ့ သစ္စာရှိအမတ်ကြီးပေါ့ တစ်နေ့မှာ မကောင်းသူတွေက လုပ်ကြံခံရတဲ့အခါ.... နောက်ထပ်ဇာတ်လိုက် ဘတ်ဒုံဆူဟာလည်း ဘုရင့်ရေခဲလှောင်ရုံမှာစောင့်ကြပ်ရတဲ့ တပ်မှုးလေးတစ်ယောက်ပါ မမျှော်လင့်တဲ့တစ်နေ့မှာတော့ မရည်ရွယ်ပါပဲ ဝန်ကြီးတစ်ဦးရဲ့တူ ရေခဲကုန်သည်တစ်ဦးကို အပြစ်ပြုမိသောအခါ..... ဘာဆက်ဖြစ်မလဲဆိုတာ ပိတ်ကားပေါ်မှာ ဆက်လက်ကြည့်ရှုကြပါ... The Grand Heist တွင် နာမည်ကြီးမင်းသား Cha Tae-hyun နှင့် Oh Ji-ho တို့က အပြိုင်အဆိုင် သရုပ်ဆောင်ထားပြီး မင်းသမီးချော Min Hyo-rin အပြင် သရုပ်ဆောင်ပေါင်းများစွာနှင့် ရယ်ရွှင်ဖွယ် ထိတ်လန့်ဖွယ် ရသမျိုးစုံခံစားရမှမို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းပါ။ (ဇာတ်လမ်းအညွှန်း ...
movie

The Grand Heist (2012)

2012
[18+] Love Clinic (2015) 6.0
[18+] Love Clinic (2015)    တစ်ညလုံးနှစ်ယောက်တည်း အတူရှိနေတဲ့ ယောင်္ကျားလေးနဲ့မိန်းကလေး နောက်နေ့မနက်အထိ…ဘာမှောက်မှားမှုမှ မဖြစ်တာဘာကြောင့်ပါလဲ...     မိန်းကလေးကိုယ်တိုင် Sexy dance နဲ့ဆွဲဆောင်တယ်… မိန်းကလေးကိုယ်တိုင် မာယာအပြည့်နဲ့ဆွဲဆောင်တယ်… မိန်းကလေးကိုယ်တိုင် ခန္ဓာအလှနဲ့ဆွဲဆောင်တယ်… အဲ့ဒါတောင်…ယောင်္ကျားလေးဖြစ်သူက တုံ့ပြန်မှုတစ်စုံတစ်ရာမပေးတာ ဘာကြောင့်ပါလဲ… ဘာကြောင့်လဲဆိုတာကို ဖန်တီးရိုက်ကူးထားတဲ့ Love Clinic ဆိုတဲ့ ကိုရီးယားဇာတ်ကားဟာ IMDb Rating (6.0) ရရှိထားပါတယ်။ ဇာတ်လမ်းလေးက ချစ်မှုရေးရာဖွဲ့ဇာတ်လမ်းလေးပါ။ မိသားစုနဲ့ကြည့်ဖို့မသင့်တော်လို့သာ 18+ ခေါင်းစဉ်တပ်ထားပေမယ့် Comedy,Drama ဇာတ်လမ်းလေးပါပဲ။    ဇာတ်လမ်းအကျဉ်းကတော့... Wang Seong-ki (မင်းသားOh Ji-ho) က အမျိုးသမီး သားဖွားဆရာဝန် / မီးယပ်သားဖွားပညာရှင်ပါ။ Gil Sin-seol (မင်းသမီးKang Ye-won) ကတော့ ဆီးရောဂါပါရဂူပါ။ Gil Sin-seol (Kang Ye-won) က သူ့ဖခင်ဆရာဝန်အပေါ်မခံချင်စိတ်နဲ့ အမျိုးသားမျိုးပွားအင်္ဂါအထူးပြုပညာရှင်ဖြစ်ဖို့ကြိုးစားနေသူပါ။ Wang Seong-ki ရော Gil Sin-seol မှာပါ လျှိုု့ဝှက်ချက်တွေကိုယ်စီရှိလို့ချစ်သူတွေမထားကြပါဘူး။ သူတို့နှစ်ယောက်မမျှော်လင့်ဘဲ အဆောက်အအုံတစ်ခုအတွင်းမှာ ကပ်လျှက်ဆေးခန်းဖွင့်မိတဲ့အခါမှာတော့.. တစ်ယောက်နဲ့တစ်ယောက်အမြင်စောင်းမှု၊အဆင်မပြေမှု၊အလွဲလွဲအမှားမှားတွေကြားက ချစ်ခရီးလမ်းလေး လျှောက်မိတဲ့အခါ…. ။ ဒီဇာတ်ကားကိုကြည့်ပြီး သိလာရတာက... ချစ်တယ်ဆိုတာ စိတ်နဲ့တင်ချစ်နေလို့မရပါဘူး… ချစ်တာကို ချစ်နေမှန်းသိအောင်ပြသဖို့လည်း လိုပါတယ်။ #AYK (ရုပ်ရှင်အညွှန်းကို myanmarload.com မှကူးယူဖော်ပြပါသည်။)   File Size…(900 MB)Quality…HD-Rip ...
movie

[18+] Love Clinic (2015)

2015