Channel Myanmar

Ok Yoon-joong

GANG (2020)
GANG (2020) (Unicode)ဒီတစ်ခါတော့ CM ပရိတ်သတ်ကြီးကို ကျောင်းသား Fighting ခပ်ကြမ်းကြမ်းကားလေးဖြစ်တဲ့ Gang နဲ့မိတ်ဆက်ပေးချင်ပါတယ်။မင်းသား Cha Ji Hyuk ကအဓိကဇာတ်ဆောင်ဖြစ်ပြီး သူ့ကာရိုက်တာကတော့ခပ်မိုက်မိုက်နဲ့ဆွဲဆောင်မှုရှိတဲ့ ကျောင်းသားဇိုးလေး ဂျီဟူအဖြစ်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းလေးအမျိုးအစားကတော့ Action ကားပါ။ဇာတ်လမ်ူအကျဉ်းက ဂျီဟူဆိုတဲ့အထက်တန်းကျောင်းသားလေးက မိဘတွေမရှိတော့တဲ့ကလေးတစ်ယောက်ဖြစ်တဲ့အပြင်အစ်မရဲ့အုပ်ထိန်းမှုအောက်မှာမောင်နှမနှစ်ယောက်တည်းနခဲ့ရလို့ နည်းနည်းဇွတ်တရွတ်နိုင်တဲ့ အပြင် ကျောင်းကရန်ဖြစ်ပွဲတိုင်းလည်း သူကထိပ်ဆုံးကပါပါတယ်။နောက်ဆုံးတော့ကျောင်းအုပ်ကသည်းမခံနိုင်လို့ သူကို ကျောင်းသားဆိုးတွေစုဝေးရာ ကျောင်းတစ်ကျောင်းကိုပြောင်းပေးလိုက်တယ်။အဲ့ကျောင်းကလူငယ်ပြုပြင်ရေးစခန်းလိုနေရာမျိုးပေါ့။ဒယ်ဟုန်းအထက်တန်းကျောင်းလို့ခေါ်တယ်။အဲ့မှာအဆိုးတကာ့အဆိုးဆုံးဆိုတဲ့ကျောင်းသားတွေစုဝေးရာ ထောင်ပုံစံကျောင်းတစ်ကျောင်းလို့လည်းပြောကြတယ်။အဲ့ကိုဂျီဟူရောက်သွားချိန်မှာတော့ အဲ့ဒီကကျောင်းသားတွေက ထင်ထားသလိုပရမ်းပဒါရန်ဖြစ်နေတာမျိုးမဟုတ်ပဲစည်းကမ်းနဲ့လက်ဝှေ့ကလပ်ထောင်ပြီး မကျေနပ်တဲ့သူကို တရားဝင်လောင်းကြေးနဲ့ ချိန်းထိုးကြတယ်။အဲ့မှာအနိုင်ရတဲ့သူကတော့ပြောရရင်ဆရာကြီးပေါ့။ဘယ်သူမှမထိရဲတော့ဖူး။အဲ့မှာဂျီဟူအနိုင်ယူရမယ့်လူသုံးယောက်ရှိတယ်။နံပါတ်၁ ဘတ်ဂီထယ် နပန်းသမားလက်ရွေးစင်ဟောင်း ချိန်းထိုးသမျှကျောင်းသားတိုင်းကို အရိုးကွဲအောင်ဆော်တဲ့သူ။နံပါတ် ၂ Hot Dog ခွေးရူးလို့သိထားကြတယ်။ရန်ဖြစ်လို့အရူးစိတ်ပေါက်လာရင်မဲမဲမြင်သမျှမလွတ်တမ်းထိုးတတ်လို့။နံပါတ်၃ ကျောင်းမှာအတော်ဆုံးလို့သတ်မှတ်ထားတဲ့သူ ရုပ်လေးချောပေမယ့် အတိုက်အခိုက်မှာတော်တယ်နာမည်ကြီးနေတဲ့ ဂွန်းချန်းရှစ်။အဲ့လိုသုံးယောက်ရှိတယ်။ဒါပေမယ့်အဲ့လက်ဝှေ့ကလပ်ကရာဇဝင်ရှိတယ်။ဒီသုံးယောက်မတိုင်ခင် အရမ်းကြမ်းအရမ်းဂေါ်တဲ့ ဘဲကြီးတပွေရှိခဲ့တယ်။နာမည်ကကျားကြီးခေါ် ဂျောင်းထယ်ဟိုတဲ့။သူမရှိတော့မှကျောင်းလက်ရွေးစင်အတော်ဆုံးတွေကိုရွေးဖို့ လက်ဝှေ့ကလပ်ဆိုတာဖြစ်လာခဲ့တာ။သူကမတော်တမှုတစ်ခုကြောင့် ကျောင်းသားလူမိုက်လောက ခေတ္တခနပျောက်ကွယ်သွားတယ်လို့ကြားရတယ်။သူထွက်သွားပြီးနောက်ပိုင်း လက်ဝှေ့ကလပ်ကဘယ်လိုဖြစ်လာမလဲ။ဂျီဟူကတော့အဲ့ကျောင်းမှာရေရှည်အဆင်ပြေပါ့မလား။ကျားကြီးကကောဘယ်ရောက်သွားပြီလဲ။ထိပ်တန်းသုံးယောက်ကိုကော ဂျီဟူတစ်ယောက် ဘယ်လိုရင်ဆိုင်မလဲ ဆိုတာကိုတော့Gang. ဇာတ်ကားလေးကိုပဲ Cm ...
movie

GANG (2020)

2020