Channel Myanmar

Park So-dam

The Silenced(2015) 6.0
The Silenced(2015) The Silenced(2015)(Blu-Ray 1080p 5.1 CH, Blu-Ray 720p တို့ဖြင့်တင်ဆက်ပေးထားပါသည်....)2015 က ထွက်ခဲ့တဲ့ The Silenced ဆိုတဲ့ movie လေးကို တင်ဆက်ပေးလိုက်ပါတယ် ...ဒီဇာတ်လမ်းမှာတော့ Abyss/ Strong Woman Do Bong-Soon တို့က မင်းသမီး Park Bo Young ကအဓိက ပါ၀င်သရုပ်ဆောင်ထားပါတယ်....  1930 ခုနှစ် ဂျပန်စစ်တပ် အုပ်ချုပ်တဲ့အချိန်က မိန်းကလေးအဆောင်တစ်ခုကိုလည်းဂျပန် ကျောင်းအုပ်က အုပ်ချုပ်ခဲ့ပါတယ်...ဂျူရမ်ဆိုတဲ့ ကောင်မလေးဟာ အဆုတ်ရောဂါကြောင့် ဖခင်နဲ့ မိထွေးဖြစ်သူက သူမကို အဲ့ကျောင်းကို ပို့ခဲ့ပါတယ် ...ကျောင်းဆရာမတွေက သူမရဲ့ ရောဂါနဲ့ ပက်သက်လို့ ဆေးညွှန်းတွေပေး ဆေးတွေနေ့စဥ်သောက်ခိုင်းပါတယ် ...ကံကောင်းစွာနဲ့ သူမလည်း ရောဂါသက်သာလာပါတယ် ...ဒါပေမယ့် ထူးဆန်းတာက ကျောင်းက ကျောင်းသူလေးတွေ တစ်ယောက်ပြီးတစ်ယောက် ခြေရာလက်ရာ မကျန်ပဲ ပျောက်ဆုံးနေတာပါ ...
movie

The Silenced(2015)

Parasite (2019) 8.6
Parasite (2019) (Unicode)ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Bong Joon-Ho ရဲ့ နောက်ထပ် ပြောင်မြောက်တဲ့လက်ရာတစ်ခုပါပဲ။ဒီဒါရိုက်တာကို မသိရင်တောင် သူရိုက်ခဲ့တဲ့ Mother တို့ Memories of murder တို့ကို သိကြမှာပါ။အခုလည်း ဒီရုပ်ရှင်ဟာ 2019 Cannes ရုပ်ရှင်ပွဲတော်ရဲ့ The Palme d'Or ဆုကို ဆွတ်ခူးသွားပြီး ကမ္ဘာကျော်သွားခဲ့ပြန်ပါတယ်။ဒီကားကို ရုံမှာကြည့်ခဲ့တဲ့ သူတိုင်းလည်း ရင်သပ်ရှုမောနဲ့ အကြိုက်တွေ့ခဲ့ရတာချည်းပါပဲ။အခုတင်ပေးထားတဲ့အထဲမှာတော့ ရုံမှာမပါလိုက်တဲ့ အခန်းတစ်ခု အပိုပါပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဘယ်လိုညွှန်းရမှန်းကိုမသိပါဘူး။ဇာတ်လမ်းကတော့ ဆင်းရဲသားမိသားစု တစ်စုဟာ လူချမ်းသာမိသားစုတစ်ခုဆီက လှည့်စားအမြတ်ထုတ်နေရင်း မထင်မှတ်တာတွေ အများကြီးဖြစ်လာတာဆိုပါတော့။ဒီရုပ်ရှင်မှာ ချဲ့တွေးရင်တွေးနိုင်သလောက် သဘောတရားတွေ အများကြီးပြထားပါတယ်။ရိုက်ချက်တွေ ဒါရိုက်တာပြထားတာတွေကလည်း ခံစားရင်ခံစားနိုင်သလောက် သဘောကျစရာတွေ ပြည့်နေတာပါ။ဒီတော့ အရမ်းကောင်းတယ် ကြည့်ကိုကြည့်သင့်တယ်လို့ပဲ ညွှန်းချင်ပါတော့တယ်။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်... File ...
movie

Parasite (2019)

2019
Friend 2 (2013) 6.5
Friend 2 (2013) အကြမ်းပတမ်း သွေးထွက်သံယို ကားမှကြိုက်တတ်တဲ့ဖိုက်တာပရိသတ်ကြီးများအတွက် ကိုရီးယားအက်ရှင်ကားကောင်းလေးတစ်ကားကို CM မှ တင်ဆက်ပေးလိုက်ပါပြီ…ဆန်ဟွန်း(ကင်ဝူဘင်) ဟာ မိခင်တစ်ဦးတည်းရဲ့ အုပ်ထိန်းမှုအောက်မှာ ဖခင်မေတ္တာငတ်မွတ်ရင်း ကြီးပြင်းလာရသူပါ……ပထွေးတော့ရှိတယ်ပေါ့လေ…ဒါပေမယ့် ရှိတဲ့ပထွေးကလည်း အချိုးမပြေတဲ့အပြင် သူ့အမေကိုပါ ရိုက်လားနှက်လားတောင် လုပ်တတ်ပါသေးတယ်…ဆန်ဟွန်းလည်း သည်းမခံနိုင်တဲ့အဆုံး တူ(ခေါက်ဆွဲတူ)တစ်ချောင်းနဲ့ဆုံးမတာ လက်လွန်ပြီး ထောင်ကျသွားပါလေရော(ဘယ်လိုဆုံးမလဲတော့ကွကိုသာကြည့်တော့ :3)…သူ့သားလေးထောင်ထဲမယ် အနှိပ်စက်ခံရမှာစိုးတဲ့ သားဇောနဲ့ ဆန်ဟွန်းရဲ့အမေလည်း ထောင်ထဲမှာရှိနှင့်နေတဲ့ ငယ်သူငယ်ချင်း(Big Boss)ကို သွားအကူအညီတောင်းရပါတော့တယ်…ဒီလိုနဲ့ ထောင်သက် ၁၇ နှစ်ရှိနေတဲ့ Big Boss ဂျွန်ဆုတ်နဲ့ ဆန်ဟွန်း ထောင်ထဲမှာ ရင်းနှီးသွားပါတယ်…Big Bossဟာလည်း သူ မကျူးလွန်ပေမယ့် အကြောင်းတစ်ခုကြောင့် ထောင်ဒဏ်ကျခံခဲ့ရတဲ့ ဘူဆန်လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်ပါ…ဆန်ဟွန်းနဲ့ Big Bossထောင်က ရှေ့ဆင့်နောက်ဆင့်လွတ်အပြီးမှာတော့ Big Bossဟာ သူမရှိတဲ့ ၁၇နှစ်အတွင်း အလုယူခံလိုက်ရတဲ့ ဘူဆန်ဂိုဏ်းကို ပြန်အုပ်စိုးဖို့ ဆန်ဟွန်းနဲ့ပူးပေါင်းလိုက်ပါတယ်…ကိုယ့် လူဆိုးဂိုဏ်းကိုယ် ပြန်လုကြမယ်ပေါ့…အားကြိုးမာန်တက် လူစုနေကြတုန်းမှာပဲ…Big Bossဟာ ဆန်ဟွန်းအဖေကိုသတ်ဖို့ ...
movie

Friend 2 (2013)

2013