Channel Myanmar

Paulyn Sun

Rob N Roll ( 2024 ) 5.9
Rob N Roll ( 2024 ) ဟောင်ကောင်မင်းသားကြီး Aaron Kwokတစ်ယောက်သွားခေါကြီးနဲ့ အထာကျကျကြမ်းတဲ့ အက်ရှင်ဟာသကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ Gordon Lam နဲ့ Richie Jenတို့လို ဝါရင့်မင်းသားကြီးတွေလဲ အတူတွဲသရုပ်ဆောင်ထားပါသေးတယ်။အဖြစ်မရှိတဲ့လူလတ်ပိုင်းတွေဖြစ်တဲ့အားဟွေးနဲ့အားစုံဟာ အရမ်းကြပ်တည်းနေတဲ့အချိန် အားဟွေးမျက်စိရှေ့မှာဖြစ်သွားတဲ့ ဓားပြမှုမှာ ဓားပြတွေပိုက်ဆံအများကြီးယူသွားတာကိုအားကျပြီး ဓားပြတိုက်ဖို့ကြံစည်ကြတယ်။အဲဒီအချိန်မှာ အားဟွေးအားကျတဲ့ဓားပြမှုရဲ့ ဓားပြကြီးကတော့ ပြေးရင်းလွှားရင်း ငွေအိတ်ကြီးပျောက်သွားတဲ့အတွက် ခေါင်းမီးတောက်အောင် လိုက်ရှာရင်း သူတို့နှစ်ယောက်နဲ့သွားဆုံပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် (၃)ယောက်သားဓားပြအတူပြန်တိုက်ဖို့ဖြစ်သွားခဲ့ကြတယ်။ သူတို့ရဲ့နောက်မှာကတော့ အမှုအကြီးကြီးကိုအရမ်းလိုက်ချင်နေတဲ့ ရဲမေတစ်ယောက်ရှိနေပြီး ဒီဓားပြတွေကို မဖြစ်ဖြစ်တဲ့နည်းနဲ့ဖမ်းဆီးနိုင်ဖို့ကြိုးစားနေတယ်။တိုက်တိုက်ဆိုင်ဆိုင် လွဲချော်နေကြတဲ့ သူတို့တွေဟာ ဘယ်လိုဖြစ်လာကြမလဲ....... ဒီဇာတ်ကားမှာ မင်းသားကြီးတွေဖြစ်နေပေမယ့် ဇာတ်လမ်းကအရမ်းကြီးလေးပင်မနေပဲ ပေါ့ပေါ့ပါးပါးခံစားလို့ကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 38 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Rob N Roll ( 2024 )

Prison Flowers ( 2023 ) 5.9
Prison Flowers ( 2023 ) ဇာတ်ကားတစ်ကားလုံးမှာ အမျိုးသမီးတွေပဲပါတဲ့ ရုပ်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဟောင်ကောင်ရုပ်ရှင်ကောင်းတွေ ရှားပါးလာတဲ့အချိန်မှာ ဒီဟောင်ကောင်ရုပ်ရှင်လေးက ကြည့်ရှုသူတိုင်းကို ခံစားချက်တစ်ခုခုတော့ ပေးခဲ့မယ်ဆိုတာ သေချာပါတယ်။1995 ခုနှစ်က ဟောင်ကောင်ရဲ့အမျိုးသမီးထောင်ထဲမှာ ဖြစ်ပါတယ်။ စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့ အစ်မတင်ဟာ ဥပဒေကို နားမလည်ပဲ စာချုပ်မှားချုပ်မိတဲ့အတွက် ထောင်ကျခဲ့ပါတယ်။ ထောင်ထဲဝင်ဝင်ချင်း ထောင်ထဲကစီနီယာဖြစ်သူ ယောက်မပေါ်နဲ့ အတိုက်အခံဖြစ်ခဲ့ပါတယ်။ ထောင်ထဲကစည်းကမ်းတွေကို သဘောမကျတဲ့အတွက် လူအများက သူမကို ပယ်ထားခြင်းခံခဲ့ရပါတယ်။ခိုင်လိက သူမကို ထောင်ပတ်ဝန်းကျင်နဲ့ အသားကျအောင် ကူညီပေးခဲ့ပါတယ်။ အဲ့ကတစ်ဆင့် သဘောကောင်းပြီး ထောင်ထဲက ညီအစ်မတွေကို စောင့်ရှောက်ပေးတဲ့ အမေပေါ်နဲ့ ရင်းနှီးသွားခဲ့ပါတယ်။ ထောင်ထဲမှာ ဂွမ်းထုပ်မလောက်ငမှုကို ဖြေရှင်းဖို့အတွက် အစ်မတင်ဟာ စီးပွားရေးဦးနှောက်ကို အသုံးချပြီး အမေပေါ်နဲ့ပူးပေါင်းပြီးတော့ ထောင်ထဲကညီအစ်မများအတွက် အခက်အခဲတွေ ကူညီဖြေရှင်းပေးပြီး အမျိုးသမီးထောင်ကို ငြိမ်းချမ်းအောင် ကြိုးစားခဲ့ကြပါတယ်။အစ်မတင်လည်း လူအများရဲ့ချစ်ခင်လေးစားခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ မထင်ထားပဲ အမျိုးသမီးထောင်က လူဆိုးကြီးထန်းကျူးဟွမ်က ထောင်ထဲပြန်ဝင်လာပြီး ထောင်တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးခဲ့ပါတယ်။အစ်မတင်တစ်ယောက် ထောင်တည်ငြိမ်မှုရအောင် ဘယ်လိုကြိုးစားခဲ့သလဲ ...... ထန်းကျူးဟွမ်ကရော ဘယ်လိုရက်စက်ယုတ်မာသလဲ...... အစ်မတင်တို့အဖွဲ့ ထန်းကျူးဟွမ်ကို ဘယ်လိုအနိုင်ယူမလဲဆိုတာကို ရုပ်ရှင်လေးကိုပဲ ကြည့်ရှုခံစားလိုက်ပါနော်။ Quality : WEB-DL 1080p , ...
movie

Prison Flowers ( 2023 )

In the Mood for Love (2000) 8.1
In the Mood for Love (2000) In the Mood for Love (2000) IMDb - 8.1/10_____Rotten - 90%     Romance/Drama Genre မှာ တကယ်တမ်း ရင်ထဲစွဲစွဲလမ်းလမ်းဖြစ်ပြီးအမြဲတမ်း သတိတရဖြစ်နေစေတဲ့ရုပ်ရှင်က တော်တော်လေးရှားတယ်လို့ ပြောလို့ရပါတယ်။ဇာတ်သိမ်းမှာ ချစ်တာနဲ့ ကွဲတာနှစ်မျိုးပဲ နှစ်ပင်လိမ်ပြီး ဇာတ်အိမ်တွေ အက်ကြောင်းထပ်နေတဲ့ခေတ်ကာလမှာ Lost in Translation, Eternal Sunshine of the Spotless Mind, In the Mood for Loveလို ဇာတ်ကားမျိုးတွေဟာ သာမန်အချစ်ဇာတ်လမ်းတစ်ခုဆိုတာထက် အများကြီးပိုမိုပြသသွားနိုင်ခဲ့ပါတယ်။ဒီနေ့တင်ဆက်ပေးသွားမယ့်ရုပ်ရှင်ကတော့ ဟောင်ကောင်ဒါရိုက်တာ ဝမ်ကာဝေရဲ့ အကောင်းဆုံးလက်ရာလို့တင်စားခေါ်ဝေါ်ကြတဲ့ In the Mood for Love ဆိုတဲ့ဇာတ်ကားပါ။ဝမ်ကာဝေဟာ အရှေ့တိုင်းရုပ်ရှင်လောကရဲ့ဆရာတစ်ဆူဖြစ်ပြီး သူရိုက်ကူးခဲ့တဲ့ရုပ်ရှင်တွေဟာ မှတ်တိုင်များစွာ စိုက်ထူနိုင်ခဲ့ပါတယ်၊အဲ့ဒီဇာတ်ကားတွေထဲမှာIn the Mood for Love ကတော့ သူရိုက်ကူးခဲ့တဲ့ တခြားရုပ်ရှင်ဇာတ်ကားတွေနဲ့ မတူပဲ ...
movie

In the Mood for Love (2000)

2000
The Untold Story 2 7.8
The Untold Story 2 ဒီတခါတော့ cmပရိသတ်ကြီးအတွက် ၁၉၉၈ခုနှစ်က ရိုက်ကူးပြီး IMDb 5.5ရထားတဲ့ horrorဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်. ဇာတ်လမ်းအကျဉ်းကတော့ အလုပ်ကိုပဲ အာရုံစိုက်တ‌ဲ့ Cheung ဟာ တနေကုန် ပင်ပန်းတာတွေ များလို့ ညရောက်တဲ့အခါ ဇနီးKuenဖြစ်သူကို စိတ်မကျေနပ်စေနိုင်ခဲ့ပါဘူး. အဲ့ဒါကြောင့် ဇနီးဖြစ်သူဟာ စိတ်ကျေနပ်မှုရအောင် အမြဲယောကျာ်းတစ်ယောက်မဟုတ် တစ်ယောက် ရှာပြီး ဆန္ဒကို ဖြေသိမ့်နေခဲ့ပါတယ်. လူရိုးကြီးCheungဟာလဲ ဇနီးသည်ကို ပြောမရတာကြောင့် လွှတ်ပေးထားခဲ့ပါတယ်။ ဒီလိုနဲ့ မထင်မှတ်ပဲ တနေ့မှာတော့ kuen ရဲ့ညီမ၀မ်းကွဲဖြစ်သူ Fungဟာ ဟောင်ကောင်ကို ရောက်လာခဲ့ပါတယ်. Fung ဟာအမဖြစ်သူရဲ့ လုပ်ရပ်တွေကို တွေ့တဲ့အခါမှာ ရွံရွာမုန်းတီးပြီး လူရိုးကြီး Cheungကို သနားချစ်ခင်ခဲ့ပါတယ်. အဲ့ဒါနဲ့ fungဟာ လူရိုးကြီး Cheungကို မာယာတွေနဲ့ ဖြားယောင်းပြီး သူ့ကိုချစ်ခင်အောင် လုပ်ခဲ့ပါတယ်. horrorကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပါ.... လူသတ်ခန်းနဲ့ ချစ်ကျွမ်း၀င်ခန်းတချို့ပါ၀င်တာကြောင့် အသက်၁၈နှစ်အောက် မကြည့်သင့်ပါ....
movie

The Untold Story 2

1998
The Vanished Murderer ( 2015 ) 5.2
The Vanished Murderer ( 2015 ) ဒီကား​လေးဟာ Imdb5.4ရထားပြီးChinese box officeမှာယွမ်​2.6 millionရထားတဲ့ 2015ထွက်​​​​ဟောင်​​ကောင်​ဇာတ်​ကား​ကောင်း​လေးတစ်​ကားဖြစ်​ပါတယ်​..ဒီကားထဲမှာ စုန်းတုန်းလုဆိုတဲ့​ရဲအရာရှိတစ်​​ယောက်​ဟာဖူယွမ်​ဆိုတဲ့မိန်းက​လေး​ထောင်​​ဖောက်​​ပြေးတဲ့အမှုကိုလိုက်​စုံစမ်းရင်းဖူယွမ်​ဆီကစာတစ်​​စောင်​ရခဲ့ပါတယ်​...ဒီလိုနဲ့ရှမ်းမြို့ကိုလိုက်​သွားဖို့ဖြစ်​လာပါ​တော့​တယ်​...အဲ့မြို့မှာတိုက်​​ပေါ်ကသတ်​​သေမှု​တွေဆက်​တိုက်​ဖြစ်​လာပြီး​ကောင်းမင်​ရှုံဆိုတဲ့ စီးပွား​ရေးသမားကိုဦးတည်​လာတဲ့အခါ..ဆူပူမှု​တွေ...ဆန္ဒပြမှု​တွေ ...​ဆက်​တိုက်​သတ်​​သေမှု​တွေရဲ့အဓိကကြိုးကိုင်​သူကဘယ်​သူဖြစ်​မလဲ...ဇာတ်​ကားတစ်​ခုလုံးကိုစိတ်​ဝင်​စားဖွယ်​ကြည့်​ရှုရမှာဖြစ်​ပါတယ်​... Translated & Review By Phyo ZawEncoded By LK
movie


2015
Sixty Million Dollar Man (1995) 6.2
Sixty Million Dollar Man (1995)    စတီဖင်ချောင်ရဲ့ ဒီဇာတ်ကားဟာ ဟောလိဝုဒ်နာမည်ကြီးဇာတ်ကားတချို့ကို ပေါင်းစပ်ပြီး Parody သဘောမျိုးအပြင် ကိုယ်ပိုင်အိုင်ဒီယာတချို့ပါ ကွန့်မြူး ရိုက်ကူးထားတဲ့ Comedy ဟာသကားစစ်စစ်ဖြစ်ပါတယ်။ရယ်ရချက်ကတော့ ကြည့်နေချိန်တစ်ချိန်လုံး တခွိခွိဖြစ်နေလို့ ဘေးနားက လူတချို့တောင် သင့်ကို ရူးနေလားလို့ သမုတ်နိုင်ပါတယ်။ဇာတ်ကြောင်းလေးကလဲ ထူးခြားဆန်းသစ်သလို စတီဖင်ချောင်နဲ့ သူ့ပါတနာ Ng Man‑tat တို့ရဲ့ သရုပ်ဆောင်ချက်တွေကလဲ အတော်ကို ထိမိလှပါတယ်။ဇာတ်ကားက ကြာခဲ့လှပြီ ဖြစ်လို့ ကြည့်ပြီးသားဖြစ်နေရင်လဲ နောက်တစ်ကြိမ်ပြန်ကြည့်ဖို့ တိုက်တွန်းပါရစေ။ကြပ်ညှပ်တင်းကျပ်စွာ ရှင်သန်နေရတဲ့ ကျွန်တော်တို့ဘဝတွေကနေ ခဏတာ ထွက်ပေါက်ဖြစ်စေဖို့ ဒီဇာတ်ကားက ပံ့ပိုးပေးပါမယ်။File Size…(800MB) and (450MB)Quality…Blu-Ray Rip 720pFormat…mp4 Duration…01:30:23 Subtitle…Myanmar Subtitle(Hardsub)Encoder...Nyeinsaeya Aung Translated by Saw Wanna 
movie

Sixty Million Dollar Man (1995)

1995