Channel Myanmar

Perrey Reeves

The Jurassic Games 3.8
The Jurassic Games Dead Race ဆိုတဲ့ထောင်ထဲမှာတသက်တစ်ကျွန်းကျခံထားရတဲ့ထောင်သားတွေတစ်ယောက်ကိုတစ်ယောက်သတ်ပြီးတော့ ကားပြိုင်ရတဲ့ရုပ်ရှင်တွေကိုလူတိုင်းနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ...နောက်ဆုံးနိုင်တဲ့လူတစ်ယောက်တည်းကသာလွတ်ငြိမ်းချမ်းသာခွင့်ကိုရရှိစေတဲ့အခွင့်ရေးပါ...အခုမိတ်ဆက်ပေးမယ့်ကားကလည်း ဒီလိုပါပဲ.....သေဒဏ်ကျခံထားရတဲ့အကျဉ်းသား ၁၀ ယောက်ကိုဂိမ်းတစ်ခုကစားစေပြီး နောက်ဆုံးကျန်ခဲ့တစ်ယောက်ကသာလွတ်ငြိမ်းချမ်းသာခွင့်ရရှိစေမှာပါ....သူတို့ဟာ အမြင်အာရုံနဲ့သာမြင်ရတဲ့ ကိရိယာတွေတပ်ဆင်ပြီးဂိမ်းကစားရမှာဖြစ်ပါတယ်....ဒါကြောင့် သူတို့ခန္ဓာကိုယ်တွေက အပြင်လက်ရှိမှာအိပ်ပျော်နေမှာဖြစ်ပြီးတော့သူတို့ရဲ့ တခြားကိုယ်ခန္ဓာတွေကတော့ ဂိမ်းထဲမှာရှိနေမှာဖြစ်ပါတယ်...ဂိမ်းထဲမှာသေသွားရင်တော့ အပြင်မှာလည်းတကယ်သေသွားပါတယ်...ဒါကလည်း ဒီဂိမ်းအပေါ်တီထွင်ထားတဲ့ ကိရိယာတွေရဲ့ထူးခြားချက်ပါ...နောက်ပြီး ဂိမ်းထဲကနေထွက်ပြေးလို့မရပါဘူး...Dead Race မှာထွက်ပြေးရင်နောက်က အပူချိန်ကိုခြေရာခံပြီးလိုက်သတ်တဲ့ဒုံးကျည်တွေရှိသလို ဒီဂိမ်းမှာလည်းထွက်ပြေးတဲ့လူ မပြိုင်ချင်တော့တဲ့လူရှိရင်သူတို့လည်ပင်းမှာတပ်ထားတဲ့ လည်ပတ်တွေကတဆင့်သူတို့ခေါင်းကိုကြေမွအောင်ဖောက်ခွဲဖြစ်သွားမှာဖြစ်ပါတယ်...ပြိုင်ပွဲကို အဆင့်လေးဆင့်နဲ့ကန့်သတ်ထားပါတယ်...နောက်ဆုံးအဆင့်ကိုရောက်တဲ့လူတစ်ယောက်တည်းကသာလွတ်ငြိမ်းချမ်းသာခွင့်ကိုရရှိမှာဖြစ်ပါတယ်...ဒီကစားပွဲမှာ ဘာကိုမှမကန့်သတ်ထားပါဘူး....ဆိုလိုချင်တာက အချင်းချင်းလည်း ပြန်သတ်လို့ရပါတယ်...နောက်ပြီး Dead Race နဲ့မတူတော့တဲ့အချက်ကတော့ဒီဂိမ်းဟာ ဒိုင်နိုဆောတွေကိုအခြေခံပြီးလုပ်ထားတဲ့ ဂိမ်းဖြစ်တာကြောင့်သေချာပေါက် ဒိုင်နိုဆောတွေနဲ့တခြားလူသားစားသားရဲကြီးတွေရဲ့ရန်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်....ဒီတော့လွတ်လမ်းရှိပါ့မလား.....တစ်ယောက်တည်းကျန်ခဲ့မယ်ဆိုတာကော ဖြစ်နိုင်ပါ့မလား...ဒါပေမယ့် ဒီတိုင်းနေလည်း ဆေးထိုးသတ်ခံရမယ့် ဒီအကျဉ်းသား ၄ ယောက်ကတော့ဒီဂိမ်းရဲ့စိန်ခေါ်သံတွေကို တစ်ကမ္ဘာလုံးတိုက်ရိုက်ကြည့်ရှု့နေတဲ့ထုတ်လွှင့်မှု့ကနေ ဒီဂိမ်းကိုကစားတော့မှာပါ...ကဲ သင်တို့လည်း ဒီဂိမ်းကိုကြည့်ဖို့အဆင်သင့်ဖြစ်ပြီလား......File Size : (843 MB) and (338MB) Quality : WEB-DL 1080p Running Time : 1hr 26min Format : Mp4 Genre : Sci-Fi , Thriller Subtitle : ...
movie

The Jurassic Games

2018