Channel Myanmar

Peter Falk

The Princess Bride (1987) 8.1
The Princess Bride (1987) IMDb- 8.1 Genre- Fantasy/ Romance အချစ်​ရိုမက်​တစ်​ကားကောင်းလေးတွေကိုကြိုက်​တတ်​တဲ့သူများတွက်​ ကားကောင်းလေးတကားနဲ့မိတ်​ဆက်​ပေးလိုက်​ပါတယ်​။ ကားနာမည်​လေးကတော့ The Princess Bride လို့ အမည်​ရတဲ့နာမည်​ကြီးကားလေးပဲဖြစ်​ပါတယ်​။ ဒီကားဟာ 1987 ခုနှစ်​ကထွက်​ရှိခဲ့တာဖြစ်​လို့ ကြာညောင်းလှပြီးလို့ထင်​ရပေမဲ့လည်း အခုထိတိုင်​ကြည့်​ရှုသူတွေကို ဖမ်းစားနိုင်​ဆဲပါပဲ။ Rating ကောင်းရတဲ့အချက်​တချက်​ကတော့ ဒီကားကို နာမည်​ကြီးအမေရိကန်​ဇာတ်​ညွှန်းရေးဆရာလည်းဖြစ်​ စာရေးဆရာလည်းဖြစ်​တဲ William Goldman ရဲ့ဝတ္တုဖြစ်​တဲ့ " The Pricess Bride" ကိုအခြေခံပြီးတော့ ရိုက်​ကူးထားခြင်းကပဲ ဒီကားကိုနာမည်​ပိုကြီးစေခဲ့ပါတယ်​။ ဇာတ်​လမ်းအညွှန်း ဇာတ်လမ်းလေးကတော့ အလွန်​ချောမောလှပတဲ့ကောင်​မလေး တယောက်​နဲ့ သူမရဲ့ချစ်​သူကောင်​လေးတို့စစ်​ပွဲတွေကြားမှာ ဘယ်​လိုသူတို့ရဲ့အချစ်​ကိုပြသခဲ့ကြခဲ့ပီးတော့ စစ်​ဖြစ်​နေတဲ့တိုင်းပြည်​တွေကိုပြန်​လည်​ပေါင်းစည်းအောင်​ လုပ်​ဆောင်​ခဲ့ကြပုံကိုရိုက်​ကူးထားတာဖြစ်​ပါတယ်​ ......... ဒီကားလေးဟာ ဝင်​ငွေကောင်းခဲ့တဲ့ကားလေးတကားဖြစ်​ပီးတော့ အချစ်​စစ်​အချစ်​မှန်​အကြောင်းရိုက်​ကူးထားတာဖြစ်​လို့ ကြည့်​ရှု့သင့်​တဲ့ကားတကားဖြစ်​ပါကြောင်း.............. အညွှန်းကို Jake က ရေးပေးထားပြီး Nay Chi က ဘာသာပြန်ပေးထားပါတယ်
movie

The Princess Bride (1987)

1987
Next (2007) 6.2
Next (2007) Next (2007) =======ဒီတစ်ခါ တင်ဆက်မဲ့ကားကတော့ Nicolas Cageရဲ့ ရွှေခေတ်တုန်းက အက်ရှင်ကားတစ်ကားပါ။ဘဝမှာ နောက်ထပ်ပြီး နောက်ထပ် ဘာပြီးရင် ဘာတွေဖြစ်မလဲ ကြိုသိနေကြရင် ဘာတွေများဖြစ်လာပါမလဲ... အနာဂတ်နဲ့ ပက်သက်တဲ့ပြဿနာတစ်ခုက အနာဂတ်ကို ကြည့်လိုက်တဲ့အချိန်တိုင်းမှာ ကြည့်လိုက်တဲ့အတွက် အနာဂတ်က ပြောင်းလဲသွားတာပါပဲ....။ ဒီဇာတ်လမ်းကတော့ အနာဂတ်ကို မြင်နိုင်တဲ့လူတစ်ယောက်ရဲ့ စွန့်စားခန်းတစ်ခုကို ရိုက်ကူးပြသထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အနာဂတ်ကို အရှေ့၂မိနစ် ကြိုမြင်နိုင်တဲ့ မျက်လှည့်ဆရာတစ်ယောက်ရှိပါတယ်။ တစ်ဖက်မှာလည်း FBI ဟာ နျူကလိယား တိုက်ခိုက်မှုတစ်ခုကိုကို ဖြေရှင်းနေရပါတယ်။ဒီလိုနဲ့ FBI က အရှေ့ကို ၂မိနစ်ကြိုမြင်နိုင်တဲ့ မျက်လှည့်ဆရာကို သတိထားမိပြီး သူ့ကို အသုံးချဖို့လုပ်ပေမဲ့.. မျက်လှည့်ဆရာဟာ သူမလုပ်နိုင်တာကြောင့် ထွက်ပြေးခဲ့ပါတယ်။ FBI နဲ့ အကြမ်းဖက်သမားတွေက သူ့ကို ထောင်ဖမ်းကြပေမဲ့ ရှေ့၂မိနစ်ကြိုမြင်နေရတဲ့အတွက် သူတို့ထက် နှာတစ်ဖျားသာနေတဲ့အခါမှာတော့ ဘယ်လိုတွေဆက်ဖြစ်သွားမလဲ....။ဒီဇာတ်ကားဟာ -Action, Sci-Fi, Thrillerအမျိုးအစား ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်)File size__( 850 MB) and ( 350 MB) Quality__HD-Rip 720p IMDb Rating__6.2/10 Format__mp4 Duration__01:36:10 Type__Action, Sci-Fi, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung  Encoded by Naing Aung Latt
movie

Next (2007)

2007
Undisputed (2002) 6.2
Undisputed (2002)   ထောင်တွင်းသတ်ကွင်းတွေအစပြုခဲ့ရာဇာတ်ကားတစ်ကားပါ။ နာမည်ကြီးကမ္ဘာ့ဟဲဗီးဝိတ်ဘောက်ဆင်ချန်ပီယံ ဂျော့ဂ်ျအိုက်စ်မန်းချိန်ဘာတစ်ယောက် မုဒိန်းမှုနဲ့စွပ်စွဲခံလိုက်ရပြီး ကန္တာရထဲမှာဆောက်ထားနဲ့ ဆွိဝါတာအကျဉ်းထောင်ကိုပို့ဆောင်ခြင်းခံလိုက်ရပါတော့မယ်။ ဆွိဝါတာအကျဉ်းထောင်ထဲမှာ ချန်ပီယံတစ်ယောက်ရှိနှင့်ပြီးသားကို ချိန်ဘာတစ်ယောက်သိရှိသွားပြီးနောက်မှာတော့ ဂူတစ်ဂူထဲမှာ ခြင်္သေ့နှစ်ကောင်မအောင်းနိုင်ဘူးဆိုတဲ့စကားအတိုင်း ချန်ပီယံရာထူးကိုလုကြပါတော့တယ် အဆုံးသတ်မှာ ဘယ်သူက တကယ့်ချန်ပီယံဖြစ်မလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပါ (ဇာတ်လမ်းအညွှန်းနဲ. ဘာသာပြန်သူကတော့ Ye Man Aung ပဲဖြစ်ပါတယ်)File Size : 752 MB Quality : Bluray 720P Running Time : 1hr 34minutes Format : Mp4 Genre : Action, Crime, Drama Translator : Ye Man Aung Encoder :Thanhtike Zaw 
movie

Undisputed (2002)

2002