Channel Myanmar

Peter Guinness

The Boys in the Boat (2023) 7.1
The Boys in the Boat (2023) The Boys in the Boat (2023)~ IMDb - 7.1/10, Rotten Tomatoes - 57% ~George Clooney ရိုက်ထားတဲ့ လှေခတ်တဲ့အကြောင်း ဖြစ်ရပ်မှန် အားကစားရုပ်ရှင်ပေါ့။ လှေခတ်ပြိုင်တဲ့ အားကစားက ခုတော့ ဒီမှာသိပ်မတွင်ကျယ်တော့ပေမဲ့ ရှေးရှေးက ရန်ကုန်တက္ကသိုလ်နောက်ခံ ဝတ္ထုတွေမှာတော့ လှေလှော်ခတ်တဲ့အားကစားဟာ တက္ကသိုလ်ရဲ့ အကျော်ကြားဆုံးအားကစားတစ်ခုအသွင်နဲ့ သရုပ်ဖော်ခဲ့ကြဖူးတယ်။ အခုထိလည်း ရှိတော့ရှိသေးပါတယ်။ အနောက်နိုင်ငံတွေဘက်ကြည့်ရင်လည်း လှေခတ်တဲ့အားကစားက တက္ကသိုလ်တွေမှာ တော်တော်အရေးပါတယ်။ လက်ရှိ လှေလှော်ပြိုင်ပွဲတွေဆို ၁၇ရာစုလောက်ကတည်းက လန်ဒန် သိမ်းမြစ်မှာ စခဲ့ပြီး ၁၈ရာစုမှာ ကျောင်းတွေအထိ ပျံ့နှံ့လာခဲ့တယ်။ ဒီရုပ်ရှင်ဆိုလည်း အမေရိကန်တက္ကသိုလ်ကျောင်းသားတွေရဲ့ လှေလှော်အသင်းက အိုလံပစ်မှာ ဝင်ပြိုင်ခဲ့တဲ့အကြောင်း ဖြစ်ရပ်မှန်ပေါ့။ဆိုပေမဲ့လို့ သူတို့ရိုက်ပြဖို့ ရွေးလိုက်တဲ့အဖွဲ့က အတွေ့အကြုံဘာမှမရှိ၊ လှေခတ်တဲ့အကြောင်း ဘာမှမသိတဲ့ အဖွဲ့။ မိခင်အဖွဲ့ကလည်း အဲဒီခေတ်အနေနဲ့ တက္ကသိုလ်ကြီးတွေက ...
movie

The Boys in the Boat (2023)

2023
4K HEVC
The Saint (1997) 6.2
The Saint (1997) The Saint (1997)မိတ်ဆွေသည် ငယ်စဉ်က ဆရာကြီး ရွှေဥဒေါင်း၏ စာများကို ဖတ်ရှူခဲ့ ကြိုက်နှစ်သက်ခဲ့သည့် ပရိသတ်တစ်ယောက်ဖြစ်သည်ဆိုငြားအံ့။ ယခု တင်ဆက်လတ္တံ့သော ဓာတ်ရှင်သည် မိတ်ဆွေဖတ်ခဲ့ဖူးလောက်သည့် ဆရာကြီး ရွှေဥဒေါင်း၏ ဇာတ်ကောင်တစ်ကောင်နှင့် သက်ဆိုင်နေပေသည်။ ဟုတ်ပါ၏။ "သူတော်စိန်" သည် The Saint ပင် ဖြစ်လေသည်။"The Saint" ခေါ် ဆိုင်မွန်တမ်ပလာသည် အင်္ဂလိပ်စာရေးဆရာကြီး Leslie Charteris ၏ ဇာတ်ကောင်တစ်ကောင်ဖြစ်၏။ 1928 ခုနှစ်တွင် အစပြုခဲ့သော The Saint သည် နှစ်ပေါင်း 95 နှစ်ပင် ကြာညောင်းခဲ့ပြီဖြစ်ရာ ဤဇာတ်ကောင်ကို အသုံးချ၍ ရာနှင့်ချီသော ရုပ်ရှင်၊ ကာတွန်း၊ တီဗီစီးရီးမျိုးစုံလည်း ထွက်ဖူးခဲ့လေပြီ။ ဂျိမ်းစ်ဘွန်းမင်းသားကြီးတစ်ဦးဖြစ်သော ဆာရော်ဂျာမိုးရ်သည်လည်း The Saint‌ ခေါ် ဆိုင်မွန်တမ်ပလာအဖြစ် အတွဲခြောက်ခုနှင့် အပိုင်းပေါင်း ၁၁၈ပိုင်းပါသည့် တီဗီစီးရီးရှည်ကြီးတွင် ...
movie

The Saint (1997)

1997
The Last Boy (2019) 6.9
The Last Boy (2019) ဒီကားလေးကတော့rating 6.9တောင်ရထားတဲ့စွန့်စားခန်းတွေနဲ့ကားကောင်းလေးတစ်ကားပါကမ္ဘာကြီးပေါ်မှာ ရူပဗေဒဓါတ်ပြုပြောင်းလဲစဉ်တစ်ခုကြောင့်လေလုံးကြီးတွေကလူတွေကိုဝါးမြိုတဲ့ဖြစ်ရပ်တစ်ခုပေါ်ပေါက်လာပါတယ်အဲဒီလေလုံးကြီးတွေကိုရေထုကြီးကြီးမားမားကသာကာကွယ်ပေးနိုင်ပါတယ်ဆိုင်ရာဆိုတဲ့ကောင်လေးဟာမိခင်ဆီကနေအဲဒီလေလုံးကြီးတွေကိုတားဆီးနိုင်တဲ့စက်လေးတစ်ခုရခဲ့ပြီးသူ့အမေမှာခဲ့တဲ့အတိုင်းဆုတောင်းတွေဖြည့်ပေးတဲ့နေရာကိုရောက်အောင်သွားဖို့တစ်ယောက်တည်းခရီးဆက်လာခဲ့ပါတယ်ဒါပေမယ့်လမ်းမှာသူ့ကိုဒုက္ခပေးမယ့်လူတွေသူ့ရဲ့စက်ကိုလိုချင်တဲ့သူတွေနဲ့တွေ့တဲ့အခါမှာသူဘယ်လိုကျော်ဖြတ်မလဲလေလုံးကြီးတွေရဲ့အန္တရာယ်ကနေလွတ်မြောက်ပြီးတော့ရောသူ့အမေမှာတဲ့နေရာကိုရောက်အောင်သွားနိုင်ပါ့မလားအဲဒီနေရာမှာရောတကယ်ဆုတောင်းတွေပြည့်မလားသူဘာဆုကိုတောင်းမလဲဆိုတာ စွန့်စားခန်းတွေနဲ့အတူကြည့်ရမှာဖြစ်ပါတယ် File Size : (817 GB , 240 MB)Quality :  WEB-DL 720pRunning Time : 1 hr 27 minFormat : Mp4Genre : Drama , Sci-FiSubtitle : Myanmar Subtitle (Hard Sub)Translated by  PhueEncoded by Moe Myint Lwin
movie

The Last Boy (2019)

2019
The Last Boy (2019) 6.7
The Last Boy (2019) ရေ မြေ လေ မီး နဲ့ပတ်သတ်ပြီးဇာတ်လမ်းအမြောက်အများထွက်ထားဖူးပါတယ်   ဒီနှစ်ရဲ့ပထမဆုံး ရေ မြေ လေ မီး ကားအဖြစ်ထွက်လာတဲ့ The last boyဟာလည်း ကြည့်လို့ကောင်းတဲ့ကမ္ဘာပျက်ကားထဲမှာပါနေပါတယ်   ​မြေ​ရေ​လေမီးနဲ့ဖွဲ့စည်းထားတဲ့ဒီ​ကမ္ဘာကြီးမှာ​လေကဖောက်ပြီးလူသတ်လက်နက်ဖြစ်လာပါတယ်   ​လေတိုက်ခံရရုံနဲ့ဇီဝိန်ကြွေတဲ့အထိဆိုးဝါးလွန်းတဲ့ခေတ်ပျက်ထဲရောက်နေတာဖြစ်ပြီး ဆီရာနဲ့အမေဖြစ်သူတို့ရဲ့သားအမိဟာလည်းရှင်ကျန်သူတွေထဲကနှစ်ယောက်ဖြစ်ကြပါတယ်   နိယာမအတိုင်းလေရဲ့အားနည်းချက်ဟာရေဖြစ်တာနဲ့အညီရေရှိနေရင်တော့ အန္တရာယ်မရှိနိုင်မှန်းသိသွားတဲ့အခါမှာတော့ လွတ်မြောက်အောင်ဘယ်လိုလုပ်ကြမလဲဆိုတာကို   စိတ်ဝင်စားဖွယ်ကြည့်နိုင်ပါပြီ   ဘာသာပြန်ပေးတာတော့kiwiဖြစ်ပြီး sithuကencodeပေးထားပါတယ်
movie

The Last Boy (2019)

2019