Channel Myanmar

Phongsathon Chongwilat

Mr. Hurt (2017) 6.0
Mr. Hurt (2017) Mr. Hurt (သို့) နာကျင်နေသော ချိဖI Fine..Thank You..Love You,Heart Attack ဇာတ်ကားတွေထဲက နာမည်ကြီးမင်းသား Sunny ရဲ့ နောက်ထပ်ဇာတ်ကားတစ်ကားပါ။ဒီဇာတ်ကားတစ်ခုလုံးကို သူ့ရဲ့ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ သိပ်သည်းအောင် လုပ်ပြနိုင်ခဲ့ပါတယ်။ဇာတ်လမ်းကတော့ နာကျင်နေသောချိဖ တစ်ယောက်အကြောင်းပါ။အစွဲအလမ်းကြီးသလို ဒေါသလဲကြီးတတ်တဲ့ နာကျင်နေသောချိဖ ဒွန်စီချန်။(သူဟာယောင်္ကျားလေးအများစုရဲ့ သဘာဝကိုကိုယ်စားပြုသွားပါတယ်။)ခေါင်းနည်းနည်းလွတ်နေပေမယ့် ရုပ်ဖြောင့် ပိုက်ဆံရှိလို့ အဆိုတော်ဖြစ်လာပုံရတဲ့ ဂျင်မီ။နှလုံးသားထက် အောင်မြင်ကျော်ကြားမှုကို မက်တွယ်ထားတဲ့ နိုင်ငံကျော်မော်ဒယ် အန်နာ။ (သူကလဲ မိန်းကလေးအများစုရဲ့ သဘာဝကို ကိုယ်စားပြုသွားပါတယ်။)ကြင်နာတတ်တဲ့ မိခင်စိတ်မျိုးနဲ့ ရောဂါသည်မလေး ဒီယူ။ဒီဇာတ်ကောင်လေးယောက်ကို အခြေပြုလို့ ချစ်ခြင်းရဲ့နာကျင်မှုတွေအကြောင်းကို ပြသထားပါတယ်....။အပြင်မှာလိုပါပဲ...ယောင်္ကျားလေးတွေဟာ နှလုံးသားခပ်များများ ဦးနှောက်ခပ်နည်းနည်းနဲ့ ချစ်ခြင်းမှာ နစ်မြုပ်နေတတ်ကြပြီးမိန်းကလေးတွေကတော့ နှလုံးသားခပ်နည်းနည်း ဦးနှောက်ခပ်များများနဲ့ ချစ်ခြင်းကို စီမံတတ်ကြပါတယ်။ဒါပေမယ့်ဘယ်သူပဲဖြစ်ဖြစ်ပါလေ...တကယ်ချစ်ရသူကတော့ အမြဲတမ်း နာကျင်ရတာပါပဲ။ခံစားနာကျင်ပေးကြပါဦး။( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/category/sunny/  ကြည့်လို့ရပါတယ်။-Zawgyi- Mr. Hurt ...
movie

Mr. Hurt (2017)

2017
Pee Mak Phrakanong ( 2013 ) 7.4
Pee Mak Phrakanong ( 2013 ) IMDb Rating(7.4/10) ထိရရှိထားပြီး အောင်မြင်မှုတွေစိုက်ထူနိုင်ခဲ့တဲ့ ထိုင်းဇာတ်ကားဖြစ်ပါတယ်။အခု ပြန်လည်းခံစားလို့ရအောင် bluray 5.1 CH နဲ့ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ် ရုပ်ရှင်အညွှန်းကိုတော့ R Ker ရေးထားတာသဘောကျလို့ သူ့အမြင်ကို ညွှန်းလိုက်ပါတယ်။Pee Mak နဲ့Nak ရဲ့ အချစ်မှာ Pee Mak ရဲ့အချစ်က ပိုပြီး " အခရာ "ကျတယ် .. " ပိုပြီးအရေးပါအရာရောက်တယ် " လို့ကျွန်တော်ထင်တယ် ..ဒါကြောင့်ပဲ ဇာတ်လမ်းနာမည်ကိုက Nak မဟုတ်ပဲ " Pee Mak " ဖြစ်နေတာပေါ့ ..Pee Mak ကသာ Nak ကို တကယ်မချစ်ရင် သူတို့ နှစ်ယောက်ကို ခွဲနေကြတဲ့ သူငယ်ချင်းလေးယောက်နဲ့အတူ Pee Mak က ထွက်ပြေးမှာပေါ့ ..သို့တည်းမဟုတ် Pee Mak က Nak ကို " သရဲမကြီး !!!!! " လို့အော်ပြီး Nak နဲ့ဝေးရာကို ရှောင်ပြေးပုန်းရှောင်ဖို့ကြိုးစားမှာပေါ့ ...
movie

Pee Mak Phrakanong ( 2013 )

2013
4bia 2 (Phobia 2) 2009 6.7
4bia 2 (Phobia 2) 2009 4bia 2 (Phobia 2) 2009_____IMDb - 6.7/10  4biaကားရဲ့အဆက် Phobia 2လာပါပြီး.... ဒီကားမှာတော့ နံပါတ်၁မှာတုန်းကလို ၄ပိုင်းမဟုတ်ပဲ ၅ပိုင်းဖြစ်လာပါပြီး ပိုပြီးလည်းကြည့်လို့ကောင်းလာတယ်လို့ယူဆရပါတယ်ဒီတော့နံပါတ်1ပြောခဲ့ဖူးသလိုဇတ်ကားတစ်ကားတည်းမှာပဲ ဇတ်အိမ်ကအခုဒီကားမှာလည်းပဲ ၅ခုကွဲထွက်နေတဲ့အတွက် အညွန်းကိုအတိုချုပ်နဲ့ပဲတင်ပြပေးလိုက်ပါရစေ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ဟာ "alone''လို့အမည်ရတဲ့သရဲကားကိုရိုက်ကူးနေစဉ်မှာကြုံတွေ့ရတဲ့ဖြစ်ပျက်လေးတွေက ခြောက်ခြာပြီးကြောက်ဖို့ကောင်းသလို ဇတ်လမ်းကျောကို ပရိတ်သတ်ကိုမငြီးငွေ့အောင်လည်း ဟာသဆန်ဆန်လေးလည်းရောနှောထားပါသေးတယ်...သူတစ်ပါးပေါ်မကောင်းတာလုပ်ရင် မကောင်းကျိုးပြန်ပေးဆပ်ရတယ်ဆိုတဲ့ ကားပွဲစားတစ်ယောက်ရဲ့ဖြစ်ပျက်လေးကိုလည်း Horrorကားတို့ရဲ့ထုံးစံအတိုင်း ကြောက်စိတ်တဝေဝေနဲ့ကြည့်ရှု့နိုင်အောင်ရိုက်ကူးပြထားနိုင်ပါတယ်....အညွန်းဆိုတာမျိုးကလည်းရောရင်ပေါလွန်းတယ်ဆိုတာမျိုးလို ညွန်းလွန်းပြန်ရင်လည်း ဇတ်ကားပေါ်ရသပေါ့သွားမှာစိုးတဲ့အတွက် ဒီလောက်တစ်ခဏနားလို့ ကြည့်ရှု့ကာခံစားလိုက်ကြပါဦး...John La Yaung မှ ဘာသာပြန်တင်ဆက်ပေးထားတာပဲဖြစ်ပါတယ်..  File size…(1004 MB) Quality…DVD-Rip Format…mp4 Duration….02:00:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Moe Myint Lwin
movie

4bia 2 (Phobia 2) 2009

2009
4bia (Phobia) 2008 6.7
4bia (Phobia) 2008 4bia (Phobia) 2008_____IMDb - 6.7/10  Horrorကားကြိုက်တဲ့ပရိတ်သတ်တွေအတွက်ခပ်လန်းလန်းလေးတစ်ကားလာပါပြီး အညွန်းမရေးခင်ဇတ်လမ်းတည်ဆောက်ထားပုံကိုအရင်ရှင်းပါရစေ..ဒီကားမှာကMovieတစ်ကားထဲမှာကိုဇတ်အိမ်လေးခုနဲ့တည်ထားပါတယ် ခပ်ရှင်းရှင်းပြောရရင် ဇတ်ကားတစ်ခုထဲမှာအပိုင်းလေးပိုင်းခွဲထားတာပါ အညွန်းကိုစပြီးတော့မောင်းရမယ်ဆိုရင်တော့ အထီးကျန်ခြင်းတွေနဲ့ရပ်တည်နေရတဲ့ကောင်မလေးတစ်ယောက်ဆီကိုတစ်ညမှာတော့ မက်ဆေ့တစ်ခုဝင်လာပါတယ်...''ခင်လို့ရမလားပေါ့''ကောင်မလေးကလဲအထီးကျန်ခြင်းတွေနဲ့လုံးထွေးနေရတဲ့အတွက်အဲဒီမက်ဆေ့လေးကိုReplyပြန်ရင်း..ရင်းနှီးသွားကြပြီးတဲ့နောက်မှာတော့ တစ်ညမှာကောင်မလေးဓာတ်ပုံကိုပို့ခိုင်းပါတယ် ပုံပို့ပေးပြီးလိုက်တာတဲ့ တစ်ဘက်က စာပြန်လာပါတယ် ကောင်မလေးကိုပြောလိုက်တဲ့စကားက ''ဓာတ်ပုံကိုသေချာပြန်ကြည့်ပါငါမင်းဘေးမှာတဲ့'' အဲဒီညကိုကောင်မလေးဘယ်လိုဖြတ်သန်းမလဲဆိုတာကြောက်စိတ်တွေတစ်မြည့်မြည့်နဲ့ကြည့်ကြရဦးမှာပါ....ကျန် အပိုင်း၃ပိုင်းမှာလည်းအဲဒီလိုပါပဲ...မလုပ်သင့်တာကိုလုပ်မိလို့ဂလဲ့စားချေခံရတာတွေ အိမ်ထောင်ရှိယောကျာ်းကိုပြစ်မှားလို့ ဇက်ကျိုးလျက်ကန်တော့တောင်းပန်ရတာတွေကိုကြောက်စိတ်တွေတဝကြီးနဲ့ကြည့်ကြရဦးမှာပါ ဒါကPhobia ၁ပါ 2ကိုလည်းမကြာခင်တင်ဆက်ပေးမှာပါ အညွန်းရှည်သွားတာကိုသည်းခံပေးပါ ၁ နဲ့၂ကအဆက် ဆက်ရှိပြီး ၁မှာတည်းကအခုလိုရှင်းထားမှ ၂ကိုကြည့်ရတာအဆင်ပြေမှာမို့ပါ.. (အညွှန်းနဲ့ဘာသာပြန်ပေးသူကတော့ John La Yaung ပဲဖြစ်ပါတယ်...)  File Size   :   925 MB Quality     :   Dvdrip Duratioin : 1 : 50 : 28 Translator :   John La Yaung Encoder   :   Moe ...
movie

4bia (Phobia) 2008

2008