Channel Myanmar

Posani Krishna Murali

Bhari Taraganam (2023) 7.5
Bhari Taraganam (2023) Bhari Taraganam (2023) "လောကဇာတ်ခုံ" IMDb - 7.5/10ဇာတ်အိမ်ကြီးကြီးနဲ့ ဖန်တီးရိုက်ကူးထားတဲ့ တလေဂူးလ်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။မတူညီတဲ့ ဇာတ်ကောင်တွေရဲ့ ဇာတ်ကြောင်းအသီးသီးကို ချပြရင်းနဲ့ ဇာတ်ကောင်တွေ အချင်းချင်းကိုချိတ်ဆက်ပေးထားတဲ့ ဇာတ်လမ်းမျိုးပေါ့။ မင်းသမီးက လူ့ဂျစ်ကန် တစ်ရွာလုံးရဲ့ချဉ်ဖတ် အပေအတေလေး။ သူ့ကြောင့် အဖေလုပ်သူ ပြောခံ ဝိုင်းရိုက်ခံရတာလည်း ခဏခဏ။မင်းသားကကျ မိန်းကလေးတစ်ယောက်ကို မြင်မြင်ချင်း ချစ်တာမျိုးမဟုတ်။ မြင်မြင်ချင်းမုန်းတာတဲ့။ အဲဒီအမုန်းကနေမှ တစိမ့်စိမ့်နဲ့ချစ်လာတတ်တဲ့ ရှားပါးလူစားပေါ့လေ။ ဒါပေမဲ့ အသဲကွဲလို့ မြို့ကနေပြန်လာတဲ့အချိန် မိဘတွေပေးစားတဲ့ ရွာ့ချဉ်ဖတ် မင်းသမီးလေးနဲ့ယူဖို့ စီစဉ်တာကစလို့ တခြားဇာတ်ကောင်တွေနဲ့ အဆက်အစပ်မိမိ ချိတ်ဆက်သွားတာကို ခံစားကြည့်ရှုကြပါဦးဗျ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…2.23GB / 1.03GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Bhari Taraganam (2023)

2023
Unstoppable(2023) 7.8
Unstoppable(2023) Unstoppable (2023) IMDb 7.8ဘဝကို အပူအပင်ကင်းကင်းနဲ့ ပျော်ပျော်ကြီး ဖြတ်သန်းနေကြတဲ့ စိတ်တူကိုယ်တူ သူငယ်ချင်း၃ယောက်ရှိပါတယ် အလုပ်တစ်ခုကို လုပ်မယ်ဆိုရင် တိုင်ပင်စရာမလို တက်တက်ကြွကြွနဲ့ အောင်မြင်အောင်လုပ်တတ်ကြတဲ့ လူငယ် ၃ယောက်ပေါ့တစ်နေ့...သူတို့သုံးယောက် ငွေရှာဖို့ ဖြတ်လမ်းနည်းသုံးခဲ့မိတယ် အဲဒါကတော့ သူတို့၃ယောက်ထဲက ကောင်လေးတစ်ယောက်ကို မိသားစုတစ်စုက လာတင်တောင်းပါတယ် တင်တောင်းငွေက သိန်း၂၀နဲ့ ရွှေတွေဆိုတော့ ဒီ၃ယောက်က သိန်း၂၀နဲ့ IPL လောင်းကြမယ်ပေါ့ နိုင်ရင် ၁၀ဆို ၂၀ဖြစ် ၂၀ဆို ၄၀ဖြစ်ဆိုပြီး သူဌေးဖြစ် ခွေးဖြစ် လောင်းဖို့ကြံရာကနေ ဘယ်လိုတွေဆက်ဖြစ်သွားမလဲ နာမည်ကိုက Unstoppable ဆိုတော့ကာ သူတို့ဘယ်လောက်အထိ မရပ်တန့်နိုင်ဖြစ်ကြမလဲဆိုတာ Plot Twist တွေနဲ့ ဆက်လက်ရှုစားလိုက်ကြပါရှင်အချိန်တွေပိုနေမယ်ဆိုရင်တော့ ကြည့်ပျော်လောက်တဲ့ ဇာတ်လမ်းတစ်ခုပါပဲ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~Zwe Yan~V~Cherry~BpL~Moon တို့ပဲ ဖြစ်ပါတယ်) File size…2.5GB / 1.3GB Quality…1080p WEB DL /720p Format…mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~Zwe ...
movie

Unstoppable(2023)

2023
Meter (2023) 8.0
Meter (2023) Meter (2023) IMDb 8.1/10ယခုတစ်ခါအလှည့်ကျလာတဲ့ဇာတ်ကားလေးကတော့ အားလုံးနဲ့မစိမ်းတဲ့ မင်းသားချောလေး Kiran Abbavaram နဲ့ မင်းသမီးလေး Athulya Ravi တို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ဒီကားမှာဆိုရင် Rating ကလည်းအမိုက်စားမို့ သဘာဝဆန်ဆန်အမှုလိုက်ပုံလိုက်နည်းတွေနဲ့ ကြည့်ကောင်းနေမှာအမှန်ပါပဲ...ဖြောင့်မတ်တည်ကြည်တဲ့ရဲကို ဖခင်အဖြစ်ပိုင်ဆိုင်ထားရတဲ့ အာဂျွန်ကလျန် .. အဖေ့အတွက်ဆိုအမြဲဂုဏ်ယူနေတတ်သူလေးပေါ့ ဒါပေမဲ့ သူ့အ‌ဖေကတော့ ဖြောင့်မတ်မှုကြောင့်နဲ့ပဲ ခဏခဏ ရွှေ့ပြောင်းခံရပါတယ် လမ်းမှားနေရင်အထက်လူကြီးအလိုကိုတောင်မလိုက်တတ်လို့ အငြိုးထားခံရသူပေါ့ ဒီလိုဒုက္ခတွေခံရပေမဲ့လည်း သားဖြစ်သူအာဂျွန်ကလျန်က သူ့လမ်းစဉ်လိုက်နင်းပြီး ဖြောင့်မတ်တည်ကြည်တဲ့ရဲအရာရှိတစ်ယောက်ဖြစ်သွားတာကို မြင်ချင်တာကသူ့အိပ်မက်.. ဒီလိုနဲ့တစ်နေ့ အာဂျွန်တို့လမ်းလျှောက်ထွက်ရင်း အမတ်တစ်ယောက်က အဖေဖြစ်သူကိုပါးရိုက်နေတာတွေ့လိုက်ပါတယ် ဖြောင့်မတ်ပေမဲ့လည်းရာထူးကွာရင် ဘာမှမလုပ်နိုင်တာကိုမြင်တော့ သူဒီရဲဆိုတာကိုမုန်းတီးလာပါတယ်ဖခင်အိပ်မက်ကလည်း အာဂျွန့်ကိုဖြောင့်မတ်တဲ့ရဲဖြစ်လာစေချင်တာဆိုတော့... ဒီအလုပ်ကိုမုန်းကြောင်းထုတ်မပြောရဲတဲ့အပြင် သူတလွဲတွေလုပ်တိုင်း အကောင်းဘက်ချည်းရောက်ရောက်သွားတဲ့အခါမှာတော့ .... ဖခင်အိပ်မက်ကိုသူဖြည့်ဆည်းပေးနိုင်မှာလား အလုပ်ကထွက်ရအောင် ဘယ်လိုဉာဏ်နီဉာဏ်နက်တွေသုံးပြီးခွီနေရမလဲဆိုတာ ကြည့်ရှုလိုက်ပါရှင် File size…1080p WEB DL / 720p Quality…2.2GB / 1GB Format…mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~Sai~Khin Khin
movie

Meter (2023)

2023
Kabzaa (2023) 7.1
Kabzaa (2023) Kabzaa (2023) IMDb 7.2ဒီကားကတော့ အိန္ဒိယသမိုင်းအကြောင်းတွင်တွင်ကျယ်ကျယ်ရိုက်ပြထားတယ်ဆိုရမှာဖြစ်ပြီး ရုံတင်ကားတကားဆိုလဲ မမှားပါဘူး Cast တွေအနေနဲ့ မင်းသမီးချောလေး Shriya Saran က တော်ဝင်မင်းသမီးအဖြစ် ယင်ကောင်၂ဘဝကလဲ့စားကားထဲကဗီလိန် Kiccha Sudeep ကလည်းအပိုအလိုမရှိသရုပ်ဆောင်ထားပြန်ပါတယ်လူမိုက်တစ်ယောက်ကိုဖမ်းလိုက်မိလို့ ရဲစခန်းတစ်ခုလုံးကိုမီးလောင်တိုက်သွင်းလိုက်တဲ့ဂိုဏ်းစတားတွေထကြွမှုကြောင့်ဒီလူမိုက်တွေကိုရှင်းပစ်ဖို့ ဘာဟ်ဂတ်ဘတ်ခ်ရှီကို အထက်ကတာဝန်ပေးခဲ့ပါတယ် မရေတွက်နိုင်တဲ့ တိုက်ပွဲတွေကိုအောင်နိုင်ခဲ့ပြီး နိုင်ငံတော်အလံကလွဲရင် ဘယ်သူ့ကိုမှဦးမညွတ်ဖူးတဲ့သူ ဒီလူဖြတ်ကျော်ခဲ့ရတဲ့သမိုင်းကလည်းနည်းနည်းနောနောမဟုတ် ..၁၉၄၂ကနေ ၁၉၈၆အထိ သူဖြတ်သန်းခဲ့ရတဲ့အိန္ဒိယသမိုင်းမှာ သူကရာထူးကြီးလူတစ်ယောက် ဒီလိုလူက သောင်းကျန်းနေတဲ့လူမိုက်တွေမြို့ကိုရောက်ချလာပြီး လူမိုက်တွေအကုန်စုစေခဲ့တယ် ပြီးတော့ သူ့အာဏာကိုပြဖို့အတွက် သူတွေ့ကြုံခဲ့ရတဲ့ အိန္ဒိယလွတ်လပ်ရေးမရခင်ကစအခုချိန်အထိ နောက်ကြောင်းပြန်ပြကွက်မျိုးနဲ့ ပြောပြပေးသွားမှာပဲဖြစ်ပါတယ် ကဲ သူကြုံတွေ့ခဲ့ရတဲ့ အိန္ဒိယသမိုင်းကိုလိုက်ပါရှုစားလိုက်ပါဦး File size…2GB / 907MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 14m Subtitle….Myamar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Nyein
movie

Kabzaa (2023)

2023
PSV Garuda Vega(2017) 7.6
PSV Garuda Vega(2017) PSV Garuda Vega (2017) Action, Drama IMDb 7.6/10 (1.3K)ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ 2017တုန်းကထွက်ရှိခဲ့တဲ့ အက်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ "PSV Garuda Vega"ဖြစ်ပါတယ်တရားဥပဒေကိုလိုက်နာပြီး အိုင်အက်အေအရာရှိတစ်ဦးဖြစ်တဲ့ဆီခါက သူ့ရဲ့အလုပ်ကိုတာဝန်သိတတ်မှုတွေကြောင့် ဇနီးဖြစ်သူဆွာတိနဲ့ အိမ်ထောင်ရေးပြိုကွဲတော့မလိုထိဖြစ်ခဲ့ပါတယ်အလုပ်နဲ့မိသားစုယှဉ်လာတဲ့အခါ မိသားစုကိုပဲရွေးဖို့ဆုံးဖြတ်ကာအလုပ်ထွက်ဖို့ လုပ်ခါနီးမှ လူသတ်မှုတစ်ခုကြောင့် အလုပ်ထွက်မယ့်အရေးကိုနောက်ဆုတ်ရင်း လူသတ်မှုကိုလိုက်စုံစမ်းရာမှ မီးခိုးကြွက်လျှောက်သလိုပေါ်ထွက်လာတဲ့ နိုင်ငံရေးလှည့်ကွက်တွေကြားထဲ ရောက်သွားတဲ့ဆီခါတစ်ယောက် ဘယ်လိုဖြေရှင်းမလဲတစ်ဖက်မှာလည်းနီရာဂျန်အမည်ရှိ လူငယ်ဟက်ကာလေးတစ်ယောက်က သူ့လက်ထဲမှာရှိနေတဲ့ အချက်အလက်တချို့ကြောင့် လူတစ်စုရဲ့အနောက်ကလိုက်သတ်တာကိုခံနေရပြီး ထွက်ပြေးရာမှဆီခါနဲ့ မတော်တဆတွေ့ဆုံပြီး သူတို့နှစ်ဦးလုံးရဲ့ရန်သူက တစ်ဦးတည်းဖြစ်နေသောအခါ နှစ်ယောက်သားဘယ်လိုဖြေရှင်းမလဲ ဆိုတာတွေကိုစိတ်ဝင်စားစရာကောင်းစွာကြည့်ရမှာဖြစ်ပါတယ်ဒီကားထဲမှာဆိုရင်ဇာတ်ကွက်အလှည့်အပြောင်းတွေကို မကြာခဏတွေ့ဆုံရမှာဖြစ်ပြီး မထင်မှတ်ထားတဲ့သူတွေရဲ့ ပူးပေါင်းပါဝင်နေမှုတွေကိုပါ ရင်ခုန်စွာကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…3.78GB / 1.93GB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Khin Khin
movie

PSV Garuda Vega(2017)

2017
18 Pages (2022) 7.7
18 Pages (2022) 18 Pages (2022)IMDb 7.7/10 Rowdy Boys တုန်းက ချစ်စရာ့အလှလေး Anupama Parameswaran ရဲ့ဇာတ်ကားသစ်ထွက်ရှိလို့လာပါပြီ Box office မှာ သန်း၁၆၀ ရင်းပြီး သန်း၂၅၀ထိပြန်ရခဲ့လို့ အမြတ်လဲတော်တော်ထွက်ခဲ့တဲ့ဇာတ်ကားလေးပါဇာတ်လမ်းလေးကိုကြည့်ရတာ အိန္ဒိယကားဆိုတာထက် ဟောလီးဝုဒ် အငွေ့အသက်မျိုးထိရအောင်ကို ဇာတ်လမ်းသွားလေးက ရိုးရိုးလေးနဲ့လှပါတယ်လူတစ်ယောက်ကို ဒိုင်ယာရီလေးကနေချစ်မိသွားတဲ့အခါ သူ့ကိုတွေ့ချင်လာတဲ့အခါ ရေဆုံးမြေဆုံးလိုက်ရှာမိရင်း ဒိုင်ယာရီထဲက သူ့အကျင့်တွေပါ ကူးစက်လာမိတဲ့အခါ အချစ်စစ်သာဆိုရင် ဆူးခင်းလမ်းလည်း ပန်းခင်းလမ်းဖြစ်တတ်သွားကြောင်းပြသထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ဆက်လက်ကြည်နူးခံစားကြည့်လိုက်ပါဦး File size…2.2GB / 1.03GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai Thu Rein ~ Yunni ~ BpL
movie

18 Pages (2022)

2022
HIT: The 2nd Case (2022) 7.6
HIT: The 2nd Case (2022) Hit: The 2nd Case (2022) ==================== IMDB ( 7.6/10 - 2.1k) 'Major' ကားနဲ့ကြမ်းပြခဲ့တဲ့ မင်းသားကြီး Adivi Seshကဒီတစ်ခေါက်မှာလည်း ဘယ်လိုအမှုတွေဖြေရှင်းပြီးကြမ်းပြဦးမလဲကြည့်လိုက်ကြရအောင် (ရင်ထိတ်စရာသတ်ဖြတ်ခန်း‌တွေပါတာကြောင့် အသည်းငယ်တတ်သူများအတွက်မသင့်တော်ပါ)ဇာတ်လမ်းအညွှန်း အခင်းဖြစ်ရင် တရားခံကို ငါးမိနစ်တည်းနဲ့ဖမ်းပြနိုင်တဲ့ SP ကေဒီ .. သတင်းထောက်တွေကြားနာမည်ကြီးရဲတစ်ယောက် ဉာဏ်လည်းကောင်း မိတ်လည်းပေါပြီးချစ်သူဖြစ်တဲ့အာရာနဲ့ ဘဝကိုပျော်ပျော်ကြီးဖြတ်သန်းနေသူပေါ့ဒီလိုနဲ့တစ်နေ့ သူ့ကိုစမ်းသပ်တဲ့အမှုကြီးပေါ်ပေါက်လာပါတယ် ခေါင်း၊ လက်၊ကိုယ်ခန္ဓာကို တခြားစီခုတ်ဖြတ်ထားတဲ့အလောင်းကို လူပုံစံအတိုင်းနေရာချထားတာပါ လူတစ်ယောက်ရဲ့ခန္ဓာပေမယ့် ခေါင်းကတော့အဲဒီခန္ဓာကိုယ်ရဲ့ပိုင်ရှင်မဟုတ်ပါဘူး ဆိုတော့ နောက်ထပ်အလောင်းတွေရှိနေသေးတဲ့သဘောပါ ဒီလိုနဲ့ဒီကိစ္စထဲသူပါဝင်သွားပြီး ဘယ်လိုအသက်ဘေးတွေတွေ့ကြုံရမလဲ တရားခံကရောဘယ်သူဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင် File size…1.7GB / 792MB Quality…1080p WEB DL /720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL & Thet Ko & Yunni & Cherry
movie

HIT: The 2nd Case (2022)

2022
Urvasivo Rakshasivo (2022) 6.6
Urvasivo Rakshasivo (2022) Urvasivo Rakshasivo (2022)ဒီတစ်ခါမှာတော့ Netflix ကထွက်ရှိလာပြန်တဲ့ အချစ်ကားလေးတင်ဆက်ပေးချင်ပါတယ် ဒီကားက ၂၀၁၈ထွက် Pyaar Prema Kaadhal ကို Remake ပြန်လည်ရိုက်ကူးထားပေမယ့် လူကြိုက်များခဲ့တဲ့ဇာတ်ကားတစ်ကားပါပဲဇာတ်လမ်းအညွှန်း ဆရီးကူမားကတော့ မိန်းမမရသေးတဲ့လူပျိုကြီးမို့လို့ သူ့အမေကိုယ်တိုင်ကချွေးမလိုက်ရှာပေးနေသူပေါ့ ဒါပေမယ့် ဆရီးကြိုက်နေတဲ့ကောင်မလေးရှိနေပါတယ်သူတို့ရုံးရဲ့မျက်စောင်းထိုးရုံးကကောင်မလေးစင်ဒူပါ ဆရီးထိုင်ခုံနဲ့စင်ဒူခုံနဲ့က ပြတင်းပေါက်ကကြည့်ရင်အတိုင်းသားဆိုတော့ လူပျိုကြီးဆရီးကနေ့တိုင်းရုံးတက်ရုံးဆင်းထိုင်ငေးတော့တာပေါ့ ဒါပေမယ့် စင်ဒူကခေတ်ဆန်ပြီး ဆရီးက အရက်ဆိုင်မှာအအေးမှာသောက်တတ်တဲ့ကောင်မျိုးပါ စော်လိုက်နည်းမသိလို့ ဦးလေးဖြစ်သူကသင်ပြပေးရတဲ့အထိကိုတုံးပါတယ် သူတို့နှစ်ယောက်ကြားဆရီးမျှော်မှန်းထားသလိုဖြစ်လာမလား အချစ်စစ်တို့လမ်းမှန်ရင် မဖြောင့်ဖြူးဘူးမို့လို့ ဒီနှစ်ယောက်ကြား ဘယ်လိုအလှည့်အပြောင်းတွေကြုံမလဲဆိုတာဆက်လက်ရှုစားကြပါရှင် File size…1.8GB / 966MB Quality…1080p  HQ /720p Format…mp4 Duration….2h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ OeliuJ ~ Yunni
movie

Urvasivo Rakshasivo (2022)

2022
DJ: Duvvada Jagannadham (2017) 5.8
DJ: Duvvada Jagannadham (2017) DJ Duvvada Jagannadham (2017)အခုတစ်ခါ တင်ဆက်ပေးမယ့်ကားလေးကတော့ စတိုင်ကျတဲ့ မင်းသားချောလေး အက်လူးအရ်ဂျွန်ရဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် မင်းသမီးအနေနဲ့ကလည်း ဆွဲဆောင်မှုအပြည့်ရှိပြီး ချစ်စရာမျက်နှာလေးနဲ့ ပူဂျားဟစ်ဂဒေလေးဆိုတော့ မိုက်ပြီပေါ့နော်...ဇာတ်လမ်းကိုပြောရမယ်ဆိုရင် မင်းသားက ငယ်ငယ်လေးကတည်းက မတရားမှုမြင်ရင် လက်ပိုက်ကြည့်မနေနိုင်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး ရာဇဝတ်သားကို တွေ့တိုင်း သတ်ပစ်ချင်လောက်အောင် မုန်းတီးနေတဲ့သူ ဖြစ်ပါတယ်...သူ့ အဖိုးရဲ့ပြောစကားကို မှတ်သားထားပြီး ဤကမ္ဘာမြေပေါ်ကနေ ရာဇဝတ်သားရှင်းလင်းရေးစစ်ဆင်ရေးကို ရဲအရာရှိတစ်ယောက်နဲ့ပူးပေါင်းပြီး လျှို့ဝှက်လုပ်ဆောင်ခဲ့ပါတယ်...ဒီစစ်ဆင်ရေးမှာ သားကောင်ဖြစ်ရတဲ့ ရာဇဝတ်သားတွေကတော့ အသက်ရှင်လမ်းမရှိဘူးပေါ့...မိသားစုက ဧည့်ခံကျွေးမွေးရေးလုပ်ငန်းလုပ်တော့ လူတွေအမြင်မှာ သူဟာ ပုဏ္ဍားမျိုးရိုးတစ်ယောက်ဖြစ်ပြီး အရမ်းကိုအပြစ်ကင်းစင်တဲ့ လူသားတစ်ယောက်ပေါ့နော်...ဒီလိုနဲ့ လူထောင်ချီရဲ့ငွေတွေကို လိမ်လည်အမြတ်ထုတ်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်နဲ့ ငြိစွန်းလာခဲ့တယ်...ဟိုကလည်း ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့လူစားမျိုး သူ့လမ်းမှာနှောင့်ယှက်လာတဲ့လူမှန်သမျှကို အပြတ်ရှင်းပစ်တဲ့ လူစားမျိုး...ကဲ..သူတို့နှစ်ဦးထိပ်တိုက်တွေ့လာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ....။ File size…2.8GB / 1.5GB Quality…1080p WEB DL /720p Format…mp4 Duration….2h 32mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor 
movie

DJ: Duvvada Jagannadham (2017)

2017
Bujji… Ila Raa (2022) 8.3
Bujji… Ila Raa (2022) Bujji Ila Raa ( 2022 ) IMDb 8.3/10ဒီတစ်‌ခေါက်မှာတော့ မှုခင်းရုပ်ရှင်တွေမှကြိုက်တယ်ဆိုသူတွေအတွက် နောက်ထပ်Teluguမှုခင်းဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ဝါရန်ဂယ်လို့‌ခေါ်တဲ့မြို့တစ်မြို့မှာ ပြန်ပေးဆွဲမှုတွေဟာ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ ပြန်ပေးဆွဲခံရသူတွေကလည်း အသက်ရှစ်နှစ်အရွယ်မိန်းကလေးတွေချည်းပါပဲ။စီအိုင်ရဲအရာရှိ ကီရှိုးနဲ့မိသားစုဟာလည်း အဆိုပါမြို့ကိုပြောင်းရွေ့လာရတဲ့အတွက် အရာရှိကီရှိုးတစ်ယောက် ပြန်ပေးဆွဲမှုတွေကိုစုံစမ်းစစ်ဆေးရပါတော့တယ်။ ပြန်ပေးဆွဲခံရတဲ့ကလေးအရေအတွက်ဟာလည်း တစ်စထက်တစ်စပိုများလာခဲ့ပြီး အလောင်းတွေကိုပါတွေ့ရှိလာရပါတယ်။ ရင်ခွဲစစ်ဆေးကြည့်တဲ့အခါ နှလုံးတွေကိုပဲထုတ်ယူထားတာတွေ့ရှိရတဲ့အတွက် ကိုယ်တွင်းကလီစာမှောင်ခိုမှုတွေနဲ့များ ဆက်စပ်လေမလားဆိုပြီး အရာရှိကီရှိုးတစ်ယောက် ဦးနှောက်ခြောက်ရပြန်ပါတယ်။ ပြန်ပေးသမားတွေရဲ့နောက်ကွယ်မှာ ဘာတွေများရှိနေတာလဲ ...မြို့ကကလေးတွေရဲ့အန္တရာယ်ကိုရော ဖယ်ရှားပေးနိုင်ပါ့မလား ... ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး ဇာတ်လမ်းရဲ့အလယ်လောက်မှာ မထင်မှတ်ထားတဲ့လှည့်ကွက်တွေနဲ့ အံ့အားသင့်စေဦးမှာပါ... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ရင်ခုန် ကြည့်ရှုပေးကြပါဦး။ File size…2.2GB / 1.1GB Quality…1080p WEB DL /720p Format…mp4 Duration….2h Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Thet Ko & OeliuJ & Hay Man
movie

Bujji… Ila Raa (2022)

2022
1: Nenokkadine (2014) 8.0
1: Nenokkadine (2014) 1: Nenokkadine (2014) =================အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ ဝန်ကြီးချုပ်မင်းသား မဟေရှ်ဘာဘူရဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်....ဒီဇာတ်ကားမှာတော့ ပုံရိပ်တွေကို မြင်ယောင်နေတဲ့ ရော့ခ်စတားတစ်ယောက်ပေါ့... အပြင်မှာတကယ်မရှိတာကို ရှိနေသလို သူက မြင်ယောင်နေရတယ်... သူ့မိဘတွေကို လူသုံးယောက်က သတ်သွားတယ် သတ်သွားတဲ့ လူတွေကို သူက လိုက်သတ်တယ် ဒါပေမဲ့ အဲ့ဒါဟာ တကယ်မဟုတ်ဘဲ သူ့စိတ်ကူးသက်သက်သာဖြစ်တယ်လို့ လူတွေက ပြောကြတယ်....ငယ်ငယ်လေးကတည်းက မိဘမရှိ တစ်ကောင်ကြွက်လို့ လူတွေကပြောကြပေမယ့် သူလက် မခံခဲ့ဘူး သူ့မှာမိဘတွေရှိတယ် သူ့မိဘတွေအသတ်ခံခဲ့ရတယ်လို့ပဲ ယုံကြည်ထားတယ်....ဒီတော့ အဲ့ဒီလူသုံးယောက်ကို လက်စားချေရမယ်ပေါ့.... စိတ်ကူးနဲ့လက်တွေ့ကြားဝေခွဲရခက်နေတဲ့သူဟာ တကယ်ပဲ မိဘတွေအသတ်ခံခဲ့ရတာလား....ဒါမှမဟုတ် သူ့မှာမိဘတွေရော ရှိရဲ့လား.... ရှိတယ်ဆိုရင်ရော လက်စားချေနိုင်ပါ့မလားဆိုတာကို ဒီဇာတ်ကားထဲမှာ လှည့်ကွက်ပေါင်းများစွာနဲ့ မြင်တွေ့ရဦးမှာဖြစ်ပါတယ်နော်.... File size…3.4GB  / 1.76GB Quality…1080p BluRay UNCUT / 720p Format…mp4 Duration….2h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

1: Nenokkadine (2014)

2014
A1 Express (2021) 6.3
A1 Express (2021) ဘောလိ၀ုဒ်ကားသစ်လေးတွေကို စောင့်မျှော်နေကြတဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခေါက်မှာတော့ sport - drama ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ A1 Express လေးကို တင်ဆက်ပေးလိုက်ပါတယ် ။( IMDB 6.3/10 ) ဒီရုပ်ရှင်ကားလေးကိုတော့ ဝါရင့် ဘောလိ၀ုဒ် မင်းသားကြီးတွေဖြစ်တဲ့ Krishna Murali နဲ့ Murali Sharma တို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ပျော်ပျော်နေတတ်ပြီး ဘ၀မှာ ပြင်သစ်ကိုသွားဖို့ ရည်ရွယ်ချက်တစ်ခုထဲသာရှိတဲ့ လူငယ်လေး Naidu ..... Naidu တစ်ယောက် ကောလိပ်ကျောင်းအုပ်ဖြစ်တဲ့ ဦးလေး ရှိရာ ရာနမ်ကို ရောက်လာတဲ့အချိန် ဟော်ကီကစားသမား ကောင်မလေး Lavanya Rao နဲ့ အကြည့်ချင်းဆုံ ရင်တွေခုန်ပြီးသဘောကျမိသွားတာကြောင့် ပိုးပန်းဖို့ ကြိုးစားပါတော့တယ်Naidu ရဲ့ဦးလေးကတော့ ငယ်ငယ်တုန်းထဲက ကြီးလာရင် သူ့သမီးကို ယူမယ်လို့ လက်ခမောင်းခတ်ပ​ြီး ပြောထားတယ့် Naidu ရဲ့စကားကြောင့် သမီးဖြစ်သူ Divya Naidu လက်ထဲပါသွားမှာ စိုးရိမ်ပြီး Lavanya နဲ့ Naidu အမြန်ဆုံးနီးစပ်ရေးကို အစွမ်းကုန် ကူညီပေးတဲ့ အောင်သွယ်တော် ...
movie

A1 Express (2021)

2021
Bhala Thandanana (2022) 6.1
Bhala Thandanana (2022) ဒီတစ်ခေါက်မှာတော့ အက်ရှင်ကြမ်းကြမ်းသိပ်မဟုတ်ပေမယ့် ဗီလိန်ဝါရင့်သရုပ်ဆောင်တွေပါတဲ့ ၂၀၂၂ ထွက်တောင်ပိုင်းကားတစ်ကားနဲ့ မိတ်ဆက်ပေးပါဦးမယ်။ IMDB မှာ 6.1 ရထားပြီး လှည့်ကွက်တွေနဲ့ကားမို့ ကြည့်ရတန်တဲ့ကားတစ်ကားဖြစ်လာဦးမှာပါ။ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းအဖွင့်ကို ရူပီး ၁ကုဋေ ပြန်ပေးဆွဲမှုနဲ့ စတင်ထားပါတယ်။ အဲ့ဒီနောက် ဝန်ကြီးချုပ်အထိ ပေါက်ရောက်တဲ့ စီးပွါးရေးသမားလူမိုက်ခေါင်းဆောင်ရဲ့ လူတွေအသတ်ခံရပါတော့တယ်။ အဲ့ဒီအမှုကို စိတ်ဝင်စားပြီး ရိုးသားတဲ့ သတင်းထောက်မလေးနဲ့ သူ့ကိုသဘောကျနေတဲ့ လူရိုးရွာသားလေးတစ်ယောက်တို့ အရှုပ်တွေထဲဝင်ပါမိတဲ့အခါမှာတော့ မထင်မှတ်တဲ့ လှည့်ကွက်တွေနဲ့ ဟာသနှော ရိုက်ကူးထားပြီး Over အနည်းငယ်ပါပေမယ့် စုံထောက် Action ကြိုက်တဲ့သူတွေ အကြိုက်တွေ့မယ့်ကားလို့ညွှန်းချင်ပါတယ်   File size…2.4GB /  1.1GB Quality…1080p WEB DL AAC5.1CH Telugu / 720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Sai ThuRein
movie

Bhala Thandanana (2022)

2022
Dhruva(2016) 7.9
Dhruva(2016) Dhruva (2016)အစားကောင်း အသောက်ကောင်းတွေ စားရရင် ချစ်သူခင်သူကို သတိရတတ်သလိုပဲ ဇာတ်ကားကောင်းတွေရှိလာရင်လည်း မလွတ်တမ်းဘာသာပြန်တင်ဆက်ပေးချင်တာကတော့ CM ရဲ့စေတနာပါ။ဘိုင်ရာဘာမင်းသားပါဝင်ထားတဲ့ ဒီ "Dhruva" crime thriller movie ကတော့ not very old but gold လို့ ဆိုရမှာပါပဲ။ crime ကိုမှmedical crime ကို အရင်းတည်ပြီး ကွင်းဆက်အများအပြား ချိတ်ဆက်ထားတာမျိုးပါ။"သာမန်ပြည်သူတွေရဲ့ ကံကြမ္မာကို နိုင်ငံရေးသမားတွေက ချုပ်ကိုင်တယ်၊ နိုင်ငံရေးသမားတွေရဲ့ ကံကြမ္မာကိုတော့ စီးပွားရေးသမားတွေက ချုပ်ကိုင်တယ်....."ပုံမှန်ဆိုရင် ခိုးမှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှုတို့ဟာ အများအားဖြင့် ငွေကြေးမပြည့်စုံမှုကြောင့် ကျူးလွန်လေ့ရှိတဲ့အရာမျိုးတွေပါ။ဒါပေမဲ့ သာမန်ပြစ်မှု အသေးလေးတွေကိုဗန်းပြပြီး နောက်ကွယ်မှာ ကြီးမားတဲ့ ပြစ်မှုကြီး ရှိနေတယ်ဆိုရင်ရော......ဆင်းရဲနိမ့်ကျစွာ မွေးဖွားလာပေမဲ့ ပါတီခေါင်းဆောင်တစ်ဦးရဲ့ လူသတ်မှုကို ကိုယ်စားအပြစ်ခံယူရင်း အဆိုးထဲက အမြတ်ထုတ်တတ်တဲ့ထက်မြက်လွန်းတဲ့ Siddarth Abimanyu က သိပ္ပံပညာရှင်တစ်ယောက်ဖြစ်လာပြီး မင်းသားခေါင်းစွပ်ထားတဲ့ဘီလူး ...
movie

Dhruva(2016)

2016
Venky Mama (2019) 5.6
Venky Mama (2019) (Unicode)ဇာတ်ကားရဲ့ နာမည်အရ. . . Venky Mama ဆိုတာက (မိခင်ဘက်က တောစပ်တဲ့) ဦးလေးဗင်ကီပေါ့။မိဘနဲ့သားသမီးကြားက ချစ်ခြင်းမေတ္တာ၊ သမီးရည်းစားကြားက ချစ်ခြင်းမေတ္တာတွေအကြောင်း မဟုတ်ပဲဒီတစ်ခါ ဇာတ်ကားလေးက တူဝရီးနှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာ အကြောင်းပေါ့ဗျာ။မင်းသားကြီး Daggubati Venkatesh(ဒတ်ဂူဗတီဗင်ကာတက်ရှ်) ၊ မင်းသားငယ် Naga Chaitanya (နာဂချာတန်(န်)ယာမင်းသမီးချောတွေ ဖြစ်တဲ့ Payal Rajput (ပါယယ်လ်ရာ့ဂ်ျပွတ်) ၊ Rashi Khanna (ရာသျှိခမ်းနား)တို့ရဲ့ အသစ်စက်စက် ဇာတ်ကားပါ။တေလဂူးဇာတ်ကားတွေအဖို့ ဒီဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား ၊ မင်းသမီးတွေနဲ့ စိမ်းနေနိုင်ပေမယ့်တောင်အိန္ဒိယဇာတ်ကား ပရိတ်သတ်တွေအဖို့တော့ မင်းသားနှစ်လက်အပြင် မင်းသမီးနှစ်လက်နဲ့ပါ ရင်းနှီးနေပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်း အိန္ဒိယနိုင်နဲ့ ပါကစ္စတန်နယ်စပ် ကက်ရှ်မီးယားဒေသမှာရှိတဲ့ တပ်မတော်ပိုင်နယ်မြေထဲကို လူလတ်ပိုင်းအရွယ် သူစိမ်းတစ်ယောက် ဝင်လာတယ်။တားမြစ်နယ်မြေထဲကို ခွင့်မတောင်းပဲ ...
movie

Venky Mama (2019)

2019
Chitralahari(2019) 7.5
Chitralahari(2019) Chitralahari(2019) IMDb Rating - 7.5/10 Genere - Drama / Romance ဒရာမာဆိုရင် ဟင်ဒီ၊ ဖိုက်တင်ဆို တမီးလ်၊အချစ်ဆိုရင် တေလဂူးလို့တောင် ပြောရလောက်အောင် အဲ့ဒီလိုကားမျိုးတွေဟာ ကျွန်တော်တို့မြန်မာပရိတ်သတ်တွေကို ဖမ်းစားနိုင်စွမ်းရှိကြတယ်..... အခုလည်း တေလဂူးအချစ်ကားသစ်လေးကို မိတ်ဆက်ပေးပါရစေ... ကောင်လေးတစ်ယောက်ဟာ တီထွင်မှုတွေအမြဲလုပ်ဖို့ကြိုးစားနေတယ်...   ပုံစံမျိုးစုံကြိုးစားနေပြီး သူ့ရဲ့လူငယ်သက်တမ်းတစ်လျှောက်လုံးမှာ အကောင်းမွန်ဆုံးတစ်ခုဆိုတာမျိုးကိုချပြနိုင်ဖို့ အချိန်တွေပေးခဲ့တယ်.. သို့ပေမယ့် သူပေးရတာတွေနဲ့မတန်အောင် ကျရှုံးမှုပေါင်းများစွာကြုံခဲ့ရသလို ဦးဏှောက်ဖောက်စားတဲ့သူများတွေကြောင့်လည်း နောက်ကောက်ကျခဲ့ရတာတွေရှိတယ်... ဒီလိုဖြစ်ရပ်တွေကြောင့်ကြာလာတော့ သူလည်း လောကကြီးကိုအရှုံးပေးချင်လာပုံရတယ်... သို့ပေမယ့် သူ့ဘ၀ကိုပြောင်းလဲစေနိုင်တဲ့ လမ်းပြကြယ်လေးကိုတွေ့ပြီးတဲနောက်မှာတော့... သူ့ရဲ့လမ်းပြကြယ်လေးဟာ ဘယ်သူလဲ.. သူတို့ဘယ်လိုဆုံတွေ့ကြလဲ... သူကရော သူ့ရည်မှန်းချက်အတိုင်း အကောင်းဆုံးတီထွင်မှုတစ်ခုကိုချပြနိုင်မလား.. ဆိုတာတွေကိုတော့ခံစားကြည့်လိုက်ပါဦး..... File Size : (950 MB) and (324MB) Quality : WEB-DL 720p, Format…mp4 Duration…02:11:00 Genre :  Drama  Subtitle : Myanmar Subtitle (Hard Sub)Translated by Myint Thu & Nyi Nyi Koe(MLMC) Encoded by  Thanhtike Zaw
movie

Chitralahari(2019)

2019
Naayak (2013) 5.6
Naayak (2013) Naayak (2013) ============= ဘောလီးဝုဒ် ဖိုက်တင်ကား ကြည့်ချင်သူတွေအတွက် Naayak ဆိုတဲ့ Imdb 5.6 ရထားတဲ့ကားလေးဖြစ်ပါတယ်..မင်းသားကလဲ နာမည်ကြီးဖိုက်တာမင်းသားဆိုတော့ လှပြီလေ။Naayak ဆိုတာ မြန်မာလိုဆို ခေါင်းဆောင် လို့အဓိပ္ပါယ်ရပါတယ်။ နိုင်သူစားစတမ်း လူမိုက်တွေကြီးစိုးနေတဲ့မြို ့မှာ လူမိုက်တွေဟာ ဥပဒေလွတ် ဆင်းရဲသားလူတန်းစားတွေကို အနိုင်ကျင့်ဂုတ်သွေးစုပ်ပြီး ကျိကျိ်တက်ချမ်းသာ နေကြပါတယ် ။ ရဲတွေ အာဏာရှိသူတွေကလဲ သူတို့ဘက်တော်သားဆိုတော့ ဘယ်သူကမှ သူတို့ကို မတော်လှန်ဝင့်ကြပါဘူး အဲ့အချိန်မှာ ဒီကြားထဲကနေ သူတို့ကို ပြန်တွန်းလှန်မယ့် အင်အား ကြီးတဲ့ naayak ဆိုသူ ပေါ်လာချိန်မှာတော့……….ပေါ့ပေါ့ပါးပါးကြည့်ဖို့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။File size…(1.2 GB) and (600 MB) Quality….WEB-DL Rip 720p Format…mp4 Duration….02:32:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nyi Ye Naing
movie

Naayak (2013)

2013
Yatra(2019) 9.0
Yatra(2019) Yatra(2019) IMDb....9.0 တစ်နေ့ကားတစ်စီးနဲ့သားအဖ(၂)ယောက် စာသင်ကျောင်းထဲရောက်လာတယ်....အဖေဖြစ်သူက ကျောင်းဆရာအား သူ့သားကိုအပ်ရင်း တောင်းဆိုမှုတွေပြုလုပ်တယ်... " ဆရာ ကျွန်တော့်သားကို စာတွေသင်ပေးတာအပြင် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင်သင်ပေးပါ" " အံအားသင့်စရာပဲဗျ ကျွန်တော့်ဘ၀မှာအဖေတွေက သူ့တို့သားသမီးတွေကို ဆရာဝန်၊ အင်ဂျင်နီယာတွေပဲဖြစ်အောင်လုပ်ပေးပါလို့ပြောတာပဲတွေ့ဖူးတာ..ခင်ဗျားလို သူ့သားကို နိုင်ငံရေးးခေါင်းဆောင်ဖြစ်အောင်လုပ်ပေးပါဆိုတဲ့အဖေကိုတော့ ပထမဆုံး တွေ့ဖူးတာပဲဗျ...." "အင်ဂျင်နီယာ ဒါမှမဟုတ် ဆရာဝန်က လူတစ်ထောင်သို့မဟုတ် တစ်သိန်းလောက်ကိုပဲကူညီနိုင်တယ်...ဒါပေမယ့် နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ကတော့ လူမီလီယံပေါင်းများစွာကိုတစ်ချက်ထဲနဲ့ကူညီနိုင်တယ်... ပြီးတော့ ကျွန်တော့သားကိုပြောပြီးပြောတဲ့အတိုင်းဖြစ်အောင်လုပ်ပေးတဲ့ခေါင်းဆောင်ဖြစ်အောင် သင်ပေးပါဆရာ၊အသက်မရှည်ရင်မရှည်ပါစေနဲ့၊အာဏာမရှိရင်မရှိပါစေနဲ့၊လူတွေရဲ့နှလုံးသားထဲမှာ အမြဲတမ်းကျန်ရှိနေမယ့် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင်လုပ်ပေးပါဆရာ" ဒါကတော့  တစ်ချိန်မှာ အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်လာမယ့် ရာဂျာရှက်ခါရာ ရက်ဒီ ရဲ့ အဖေဖြစ်သူက သူ့သားကိုကျောင်းအပ်စဉ်က ပြောခဲ့တဲ့စကားဖြစ်ပါတယ်... ဒီဇာတ်ကားကတော့ ၂၀၀၄ ကနေ ၂၀၀၉ အထိ အိန္ဒိယနိုင်ငံရဲ့ ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ YSR လို့ခေါ်ကြတဲ့ ၀န်ကြီးချုပ် ရာဂျာရှက်ခါရာ ရက်ဒီ ရဲ့ ရွေးကောက်ပွဲအတွက် လမ်းလျှောက်မဲဆွယ်တဲ့ ယာထရာအကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်... နိုင်ငံရေးလောက ထဲကိုသူ လျှောက်လမ်းစဉ်မှာ အခက်အခဲပေါင်းစုံ၊အတိုက်အခံပါတီပေါင်းစုံနဲ့ သူဖြတ်သန်းခဲ့တဲ့ ခယောင်းလမ်းကို တွေ့ရမှာဖြစ်ပါတယ်... သူဟာ ငယ်စဉ်က သူ့အဖေပြောခဲ့သလို ပြည်သူတွေရဲ့ နှလုံးသားထဲမှာ အမြဲကျန်ရှိနေတဲ့ ခေါင်းဆောင် ကောင်းတစ်ယောက်ဖြစ်မလား၊ သူဘယ်လိုတွေပေးဆပ်ခဲ့ရလဲ... ဘယ်လိုတွေကြိုးစားခဲ့လဲ... ပြည်သူတွေအပေါ်ဘယ်လိုသဘောထားခဲ့လဲ... ပါတီဝင်အချင်းချင်းနဲ့ အတိုက်အခံတွေကြားမှာ ဘယ်လို လှုပ်ရှားခဲ့လဲ.... စတာတွေကို ကြည့်ရမှာဖြစ်မှာပါတယ်.... ငယ်ဘ၀ကိုအနည်းအကျဉ်းပဲပြထားပြီး ...
movie

Yatra(2019)

2019
Bharat Ane Nenu (2018) 8.8
Bharat Ane Nenu (2018) ဖခင်ကြီး ကျန်းမာရေးချို့တဲ့နေပြီဆိုတဲ့သတင်းကြောင့် နိုင်ငံခြားမှာ ပညာတော်သင်သွားနေတဲ့လူတစ်ယောက် ကိုယ့်ရပ်ကိုယ့်မြေကို ပြန်လာတယ်ပြန်ရောက်တော့ဖခင်ကြီးရဲ့အသက်ကိုမမှီလိုက်သလိုဇပနအခမ်းအနားကိုတောင် ကျင်းပခွင့် မရလိုက်ဘူး. . .သို့ပေမယ့် ကောက်ကာငင်ကာဆိုသလို ဝန်ကြီးချုပ်ရာထူးကို ဝင်ရောက်ထမ်းဆောင်ဖို့ ဖြစ်လာတယ်ပညာတတ် လူငယ်လေးဖြစ်တဲ့အပြင်ဖခင်ရဲ့ သွေးအပြည့်ပါတဲ့သူဖြစ်တာကြောင့်အလုပ်ကို ကြိုးစားတယ်မှန်ကန်တဲ့အလုပ်ကို လုပ်တယ်တည်ကြည်တယ် ဖြောင့်မတ်တယ်ရဲ့ဝံ့တယ်. . .ဘယ်သူ့မျက်နှာကိုမှ မထောက်ဘူးပြည်သူတွေကို ချစ်တဲ့သူဖြစ်တာကြောင့်အောက်ခြေလူတန်းစားတွေနေတဲ့ ကျေးလက်ဒေသတွေအထိ ရှောင်တခင် စစ်ဆေးတတ်တယ်သက်ဆိုင်ရာနယ်မြေက တာဝန်ကျ အစိုးရ အရာရှိတွေကို ပြည်သူ့အကျိုး သယ်ပိုးသူမှန်ရင် မြှောက်စားတယ်လာဘ်စားပြီး တာဝန်မကျေရင် ဖြုတ်ပစ်တယ်. . .အဲ့ဒီလောက်အထိ ရဲရဲတောက်တဲ့ဝန်ကြီးချုပ် ဖြစ်လာတယ်. . .လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးလမ်းတံတားပြုပြင်ရေးကျေးလက်ဒေသ စည်ပင်ဖွံဖြိုးရေးစတဲ့ လုပ်ငန်းတွေမှာ နိုင်ငံတော်ဘတ်ဂျက်ကို မျှတအောင် သုံးစွဲပြီး ရန်ပုံငွေတွေ ချပေးကာကိုယ်ထူကိုယ်ထ လုပ်စေတယ်သူက ပြည်သူကို ကိုယ့်အားကိုယ်ကိုးစေချင်တဲ့ ဒီလိုမျိုးစိတ်ဓာတ်ပိုင်ရှင် ဝန်ကြီးချုပ်ပါ။သူပြောတဲ့စကားက"စစ်မှန်တဲ့ ခေါင်းဆောင်ဆိုတာခေါင်းဆောင်မလိုတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်တည်လာအောင် လမ်းပြပေးတဲ့သူပါ"တဲ့မည်သို့ပင်ဆိုစေ. . .ပြည်သူ့အချစ်တော် ခံယူပြီးတာဝန်တွေကို ကျေပွန်အောင် ...
movie

Bharat Ane Nenu (2018)

2018