Channel Myanmar

Prabhjyot Singh

Arjun Patiala (2019) 4.3
Arjun Patiala (2019) Arjun Patiala (2019) ******************* ဒိဇာတ်ကားလေးကတော့ IMDb rating 4.3ရရှိထားတဲ့ Comedy/Actionအမျိုးအစား ဘောလိဝုဒ် ဇာတ်ကားလေးတစ်ကားဖြစ်ပြီး အာရ်ဂျွန်ပါတိယာလာအဖြစ် ဒိလ်ဂျီးတ် ဒိုဆာန့်ခ်ျနဲ့ ရီတူးရန်ဒါဝါအဖြစ် ကရီသီးဆနွန်းတို့က ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။အချစ် ဟာသနဲ့ အက်ရှင်တွေ စုံစုံလင်လင်ပါဝင်ပြီး ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ဒီဇာတ်ကားလေးထဲမှာတော့ အာရ်ဂျွန်ပါတယာလာလို့ခေါ်တဲ့ရဲအရာရှိနဲ့ သူ့ရဲ့လက်ထောက်အိုနီဒါတို့ဟာဆိုရင် သူတို့ရဲ့မြို့ထဲမှာရမ်းကားနေတဲ့ လူမိုက်တွေကို ရှင်းထုတ်ပစ်ဖို့ အကြံထုတ်ကြပါတယ်။အဲဒီအချိန် အာရ်ဂျွန်တစ်ယောက်ဟာ ရီတူဆိုတဲ့အလုပ်မှာစိတ်အားထက်သန်တဲ့ သတင်းထောက်မ‌ချောချောလေးနဲ့ ‌ ဆုံတွေ့ကာ သူမကို မြင်မြင်ချင်းသဘောကျ နှစ်ခြိုက်မိသွားပါတယ်။ အာရ်ဂျွန်တစ်ယောက်မြို့ထဲက လူမိုက်တွေကိုရှင်းထုတ်ပစ်ပြီး သူ့ရဲ့အိပ်မက်ကို အကောင်အထည် ဖော်နိုင်မှာလား... ရီတူကရော အာရ်ဂျွန်ကိုလက်ခံပါ့မလား.... အာရ်ဂျွန်ရဲ့အကြံအစည်ကို‌ရော လူမိုက်တွေက ရိပ်မိသွားမလား.... ဘယ်လို အလွဲတွေနဲ့ ကြုံတွေ့ရမလဲဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှူ ပေးကြပါလို့ .... ဘာသာပြန်တွေကတော့ Intelligenceနဲ့ Soe Kalayarတို့ဖြစ်ပြီး ဘာသာပြန်လိုအပ်ချက်များကို ဖြည့်စွက်ပြင်ဆင်ထားတာကတော့ Thaik Sanပဲ ဖြစ်ပါတယ်။ File size…1.97GB / 968MB Quality…1080p AMZ WEB DL / 720p Format…mp4 Duration….1h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Intelligence ...
movie

Arjun Patiala (2019)

2019
Atithi Bhooto Bhava (2022) 6.5
Atithi Bhooto Bhava (2022) ဒီတစ်ခေါက်မှာတော့ တိုက်ဂါးရဲ့အဖေမင်းသားကြီး Jackie Shroff ပါဝင်ထားပြီး Modern Love ရဲ့အချစ်မင်းသား Pratik Gandhi ပါဝင်သရုပ်ဆောင်ထားတဲ့ Atithi Bhooto Bhava ( တစေဧည့်သည် )ဆိုတဲ့ဇာတ်ကားလေးပါ.... IMDB မှာလည်း 6.5 ရထားတော့ Rating လေးလည်းမဆိုးလှပါဘူးဇာတ်ကားလေးကိုမိတ်ဆက်ပေးရရင် .ဆရီကန့် ( Pratik Gandhi )က ဟာသပြောတဲ့သူတစ်ယောက်ဖြစ်ပြီး နက်သရာ ( Sharmin Segal )ကတော့ လေယာဥ်မယ်တစ်ယောက်ပေါ့... ချစ်သူသက်တမ်း၄နှစ်ရှိခဲ့ပေမယ့် ဆရီက နက်သရာ့ကိုတန်ဖိုးမထားခဲ့ပါဘူး။ ဆရီ နဲ့နက်သရာက ငယ်ငယ်ထဲက ချစ်ခဲ့တဲ့ စုံတွဲတွေပါ။ ချစ်စ ခင်စ ကြင်နာစ တကွဲစီနေနေရတဲ့အချိန်မှာ အမှတ်တရ နေ့တိုင်း အပြန်အလှန်လက်ဆောင်ပေးရင်း ကြည်နူးစရာဖြတ်သန်းခဲ့ကြတာပါ။သူတို့နှစ်ယောက်က ကြောင်နဲ့ကြွက်လိုပဲ မတည့်အတူနေဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက်လဲသံယောဇဥ်မပြတ်နိုင်ကြပါဘူး ဘာမဟုတ်တဲ့ကိစ္စလေးတစ်ခုကြောင့်စကားများကြလို့ ဆရီကအရက်သောက်ပြီးမူးလာတဲ့တစ်ညမှာ မာခန်ဆင်း ( Jackie Shroff)နဲ့ တွေ့ခဲ့ကြပြီး မာခန်က သူ့ရဲ့ငယ်ချစ်ဦးမန်ဂျူးနဲ့ပြန်လည်ဆုံစည်းနိုင်ဖို့ ဆရီ့ဆီမှာအကူအညီတောင်းခဲ့ပါတယ် 1975ခုနှစ်မှာအစပြုထားပြီး 2021ခုနှစ်မှာဇာတ်အိမ်ဖွဲ့ထားတဲ့ဒီဇာတ်ကားလေးမှာဆရီ့ကိုဘာလို့မာခန်က အဘိုးလို့ခေါ်တာလဲ... မာခန်နဲ့မန်ဂျူးကို ဆရီကဘယ်လိုဆုံစည်းအောင်ကူညီပေးမှာလဲ...... စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဆိုတာ ဘယ်လိုမျိုးလဲ ဘယ်လောက်ထိခိုင်မြဲသလဲ... ဟာသလေးနှောပြီးရိုက်ကူးထားလို့ကြည့်လို့ကောင်းတဲ့ရုပ်ရှင်လေးဖြစ်လို့ ...
movie

Atithi Bhooto Bhava (2022)

2022