Channel Myanmar

Raashi Khanna

World Famous Lover (2020) 4.7
World Famous Lover (2020) လူ့ဘ၀ဆိုတာဟာ အခန်းပေါင်းများစွာနဲ့ဖွဲ့စည်းထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ဘယ်နေရာမှာ ဘယ်သူနဲ့တွေ့ခဲ့တယ် ၊ ဘယ်မှာနေခဲ့တယ် ၊ ဘာတွေလုပ်ခဲ့တယ်ဆိုတဲ့ ခေါက်ရိုးကျိုးအခန်းတွေမဟုတ်ပဲ ဘယ်သူနဲ့ချစ်ခဲ့တယ် ဘယ်သူ့ကို ချစ်ခဲ့တယ် ၊ ဘယ်လိုအသည်းကွဲခဲ့တယ်ဆိုတဲ့ သူမတူတဲ့ အချစ်ဇာတ်လမ်းလေးတွေတော့ ကိုယ်စီရှိကြမယ် ထင်ပါရဲ့။ဒီဇာတ်လမ်းလေးထဲမှာတော့ မင်းသား(ဂေါ်သမ်)ဟာ စာရေးဆရာဖြစ်လိုသူ၊ သူ့ချစ်သူ(ယမနီ - ယမင်းရုပ်လို့ပဲ ဆိုပါစို့)ရဲ့အထောက်အပံ့ကို ယူ ၊ ချစ်သူနဲ့ အတူနေပြီး စာရေးဖို့ကြိုးစားနေသူပေါ့။ဒါပေမယ့်လည်း စာရေးဆရာတို့ ၊ ပန်းချီဆရာတို့လို အနုပညာမှော်ဝင်စားတတ်သူတွေဟာ ချစ်သူအပေါ်ထားရှိရမယ့် တာဝန် ၊ ချစ်သူအပေါ် ဂရုစိုက်ရမယ့်၀တ္တရားတွေကို မဆိုထားနဲ့ဦး ။စားဖို့ အိပ်ဖို့တောင် မေ့လျော့နေတတ်ကြသူတွေလေ...။ ယမနီအတွက်တော့ နေ့စဉ်အလုပ်သွား၊ ပြန်လာတိုင်း ဆေးလိပ်တစ်ဖက်၊စာအုပ်တစ်ဖက်နဲ့ ယောကျ်ားယမနီလုပ်ပေးခဲ့တဲ့ စားသောက်ဖွယ်ရာတွေကို ကာတွန်းကြည့်ပြီးထိုင်စားနေတဲ့ လင်ယောကျ်ားကို မြင်ရလိုက်ညဘက်အိပ်ယာဝင်တိုင်း သန္ဓေတားဆေးသောက်ရလိုက်နဲ့ ဘာတိုးတက်မှုမှ ရှိမလာတဲ့ လင်ယောကျ်ားအပေါ် စိတ်ကုန်လာခဲ့ပါတယ်။ ...
movie

World Famous Lover (2020)

2020
Prati Roju Pandaage (2019) 6.3
Prati Roju Pandaage (2019) (Unicode)ဒီတစ်ပတ်မှာတော့ တေလဂူး(Telugu) မိသားစုကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။မင်းသားနဲ့ မင်းသမီးကတော့ တေလဂူးပရိသတ်တွေ ရင်းနှီးပြီးသားမို့ အထူးတလည်မိတ်ဆက်စရာမလိုပါဘူး။ဇာတ်လမ်းအကျဉ်းကို တစ်ချက်လောက် ချပြရရင် အမေရိကမှာ အခြေချနေတဲ့ မင်းသားတို့မိသားစုရယ်၊ အိန္ဒိယမှာပဲ အလုပ်အကျွေးပြုစုသူ တစ်ယောက်နဲ့ အတူနေတဲ့ မင်းသားရဲ့ အဘိုးရယ်ပေါ့။တစ်နေ့မှာတော့ အဘိုးဟာ ကျန်းမာရေးအရ ဆေးစစ်ချက်သွားယူရာကနေ သူ့မှာ အဆုတ်ကင်ဆာ ရှိနေတယ်ဆိုတဲ့အကြောင်းကို သိလိုက်ရပါတယ်။သားသမီးတွေနဲ့ ဝေးရာမှာ နေရာသူဖြစ်တော့ သားသမီးတွေဆီ ဖုန်းဆက်အကြောင်းကြားတယ်။အဘိုးမှာ ရောဂါအဆင့်က ကျွမ်းနေပြီမို့ အချိန်က ၅ပတ်ကာလပဲ ရှိတော့တယ်။တစ်ဖက်မှာလည်း အလုပ်၊ တစ်ဖက်မှာလည်း မိဘဖြစ်တော့ အလုပ်ကို ဦးစားပေးတတ်ကြတဲ့ သားသမီးတွေဟာ အဖေဖြစ်သူဆီ ပြုစုစောင့်ရှောက်ဖို့ လောလောဆယ် မသွားနိုင်ကြပါဘူး။ဒါပေမဲ့ အဘိုးကို အရမ်းချစ်တဲ့ မြေး(မင်းသား)ကတော့ ဒီသတင်းကို ကြားကြားချင်း လိုက်သွားခဲ့ပါတယ်။အိန္ဒိယကိုရောက်ပြီး ...
movie

Prati Roju Pandaage (2019)

2019
Venky Mama (2019) 5.6
Venky Mama (2019) (Unicode)ဇာတ်ကားရဲ့ နာမည်အရ. . . Venky Mama ဆိုတာက (မိခင်ဘက်က တောစပ်တဲ့) ဦးလေးဗင်ကီပေါ့။မိဘနဲ့သားသမီးကြားက ချစ်ခြင်းမေတ္တာ၊ သမီးရည်းစားကြားက ချစ်ခြင်းမေတ္တာတွေအကြောင်း မဟုတ်ပဲဒီတစ်ခါ ဇာတ်ကားလေးက တူဝရီးနှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာ အကြောင်းပေါ့ဗျာ။မင်းသားကြီး Daggubati Venkatesh(ဒတ်ဂူဗတီဗင်ကာတက်ရှ်) ၊ မင်းသားငယ် Naga Chaitanya (နာဂချာတန်(န်)ယာမင်းသမီးချောတွေ ဖြစ်တဲ့ Payal Rajput (ပါယယ်လ်ရာ့ဂ်ျပွတ်) ၊ Rashi Khanna (ရာသျှိခမ်းနား)တို့ရဲ့ အသစ်စက်စက် ဇာတ်ကားပါ။တေလဂူးဇာတ်ကားတွေအဖို့ ဒီဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား ၊ မင်းသမီးတွေနဲ့ စိမ်းနေနိုင်ပေမယ့်တောင်အိန္ဒိယဇာတ်ကား ပရိတ်သတ်တွေအဖို့တော့ မင်းသားနှစ်လက်အပြင် မင်းသမီးနှစ်လက်နဲ့ပါ ရင်းနှီးနေပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်း အိန္ဒိယနိုင်နဲ့ ပါကစ္စတန်နယ်စပ် ကက်ရှ်မီးယားဒေသမှာရှိတဲ့ တပ်မတော်ပိုင်နယ်မြေထဲကို လူလတ်ပိုင်းအရွယ် သူစိမ်းတစ်ယောက် ဝင်လာတယ်။တားမြစ်နယ်မြေထဲကို ခွင့်မတောင်းပဲ ...
movie

Venky Mama (2019)

2019
Tholi Prema (2018) 7.3
Tholi Prema (2018) Tholi Prema (2018) IMDb Rating - 7.3/10________Google Users - 94 %  ဒီတစ်ပတ်မှာတော့ တေလဂူး အချစ်ကားလေးတွေ ကြည့်ပြီး ရိုချင်ကြတယ်ဆိုတဲ့ တေလဂူးပရိသတ်တွေအတွက် အချစ်ဟာသ ဖန်စီကားလေး တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားဟာ ၂၀၁၈ လောက်ကတည်းက အကြည်တက်ခဲ့ပေမဲ့ စာတန်းထိုးဖိုင် မပါခဲ့ဘဲ ခု တမီးလ်ဗားရှင်းတက်တော့မှ စာဖိုင်မှန် ရခဲ့ပါတယ်။ ခု ကျွန်တော်တို့ တင်ပေးလိုက်တာကတော့ မူရင်း အသံဖြစ်တဲ့ တေလဂူးအသံနဲ့ပါ။ မင်းသားကတော့ တောင်ပိုင်းပရိသတ်တွေ အကြိုက်တွေ့ကြတဲ့ မင်းသားချော ဗာရွန် ပါ။ မင်းသမီးကတော့ ကျွန်တော့်ရည်းစားသစ် ရာရှီခန်းနားပါ။ ရိုမန့်စ်ကားတွေ ကြည့်ရင် မင်းသားမင်းသမီးချောဖို့လည်း လိုသေးတယ်မလား။ ဇာတ်လမ်းအကျဉ်း ----------- -------------- ဇာတ်ကားနာမည်က မြန်မာလို 'အချစ်ဦး'ပါတဲ့ဗျာ။ အချစ်ဦးဆိုတာကလည်း... ဘယ်အချိန်၊ဘယ်အခြေအနေဖြစ်ဖြစ် .. သတိရနေတတ်တာမျိုး မဟုတ်လား။ ယောကျ်ားလေးတစ်ယောက် အရမ်းကို စိတ်ညစ်နေပြီး သောက်စားမူးယစ်နေပြီဆိုရင် သေချာပါတယ်။ သူ အလုပ်အကိုင် ဆုံးရှုံးမှုဖြစ်ရင်ဖြစ်၊ အချစ်ရေးမှာ ဆုံးရှုံးမှုဖြစ်ရင်ဖြစ် ဒီနှစ်ခုပဲ ရှိတယ် ...
movie

Tholi Prema (2018)

2018
Imaikkaa Nodigal (2018) 7.5
Imaikkaa Nodigal (2018) ရဲနဲ့ ရာဇဝတ်​​ကောင်နဲ့ကြား ဉာဏ်​ကစားတဲ့ စုံ​ထောက်​ကား​ကောင်းကြိုက်​သူ ပရိတ်​သတ်​​တွေအတွက်​ ဂျင်းမဟုတ်​တဲ့ အမှန်​အကန်ကားပါ plot twist ​တွေ အများကြီးနဲ့ကြည့်​​နေရင်း ဟာ​တွေ ဟင်​​တွေ ဟုတ်​တယ်​ဟတွေ ဘာ​တွေ ညာ​တွေ ဖြစ်​ကုန်​မယ်​ ဒီဇာတ်​လမ်း ဟာ ဖြစ်​ရပ်​နှစ်​ခုကို အ​ခြေခံထားပါတယ်​ ရူဒရာဆိုတဲ့ လူသတ်​သမားဟာ လူသုံး​ယောက်​ကိုပြန်​​ပေးဆွဲတယ်​ ​ငွေသန်း၂၀ ဆီ​တောင်းပြီး ​ငွေရပြီးတာနဲ့ ပြန်​​ပေးဆွဲခံထားရသူ​တွေကို ​သွေး​ကြော​တွေဖြတ်​ ​သွေးထွက်​လွန်​ပြီး ​သေ​အောင်​သတ်​တယ်​ အ​လောင်း​တွေကို မိဘ​တွေဆီပြန်​ပို့ ခဲ့ပါတယ် ​ ဒီအမှုကို အန်​ဂျလီ လို့​ခေါ်တဲ့ CBI အရာရှိတစ်​​ယောက်​က​ဖော်​ထုတ်​ခဲ့ပြီး ရူဒရာကို အ​သေပစ်​ခတ်​ ဖမ်းဆီးနိုင်​ခဲ့ပါတယ်​ ဒါကတစ်​ပိုင်း ဒီလိုနဲ့​နောက်​ ငါးနှစ်​ကြာတဲ့အခါ ရူဒရာ နံမည်​ နဲ့ပုံစံတူ လူသတ်​မှု​တွေ ထပ်​ဖြစ်​လာပြန်​ပါတယ် ဒီအခါမှာလည်း အန်​ဂျလီ ဦး​ဆောင်​ပြီး ရူဒရာ ဆိုသူကို ဖမ်းဖို့ကြိုးစားခဲ့​ပေမယ့်​ ဒီတစ်​​ခေါက်​ ရူဒရာ ဟာ​အရမ်းဉာဏ်​​​များပြီး ​စေ့စပ်​​​သေချာလွန်းတဲ့အစီအစဉ်​​တွေ​ကြောင့်​ ဖမ်းဖို့ကြိုးစားတိုင်း ရဲ​တွေ အရူးလုပ်​ခံရပြီး မီဒီယာ​တွေ​ရှေ့မှာ အရှက်​ကွဲရပါ​တော့တယ်​ ဒီလို ဉာဏ်​များလွန်းတဲ့ ရူဒရာ ကို ဘယ်​လိုဖမ်းမလဲ ရူဒရာက ရဲ​တွေကိုဘယ်​လိုတစ်​ပါတ်​ရိုက်​​လဲ ရူဒရာဆိုတာ.ဘယ်​သူလဲ လွန်​ခဲ့တဲ့ ငါးနှစ်​က ရူဒရာ နဲ့ အတူတူပဲလား ဆိုတာ​တွေကို ဒီဇာတ်​ကားထဲမှာ စိတ်​ဝင်​စားဖွယ်ကြည့်​ရမှာပါ ................................................................... ဇာတ်​လမ်းက BBC ...
movie

Imaikkaa Nodigal (2018)

2018