Channel Myanmar

Ralph Bellamy

Trading Places (1983) 7.5
Trading Places (1983) Trading Places (1983)~ IMDb - 7.5/10, RT - 88%, Meta - 69% ~ကျွန်တော်တို့ရဲ့ ဟာသမင်းသားကြီး အက်ဒီ မာဖီ ရဲ့ ဇာတ်ကားတစ်ကားကို တင်ဆက်လိုက်ချင်ပါတယ်။ နှယ်နှယ်ရရဇာတ်ကားတော့ မဟုတ်ပါဘူး။ ကုန်သွယ်မှု မသမာတိုက်ဖျက်ရေးမှာ အရေးတကြီးအဆိုတင်သွင်းတော့ ဒီဇာတ်ကားကို မှီငြမ်းပြုခဲ့တာပါ။ဒီဇာတ်လမ်းကို မကြည့်ခင်မှာ Trading Places လို့ခေါ်တဲ့ ကြိုပွိုင့်ရောင်းဝယ်ရေးကို အရင်နားလည်ထားရင် ပိုကောင်းမယ်ထင်ပါတယ်။ ကျွန်တော်နားလည်သလောက် ရှင်းပြပါရစေ။ စီးပွားရေးပညာရှင်မဟုတ်လို့ လွဲမှားတာတွေ ပါနိုင်ပေမဲ့ တီး‌မိခေါက်မိဖြစ်သွားရင် ဇာတ်ကားကို ပိုသဘောပေါက်နိုင်ပါတယ်။ကုန်ပစ္စည်းတွေကို တကယ်တမ်း အရောင်းအဝယ်မလုပ်ခင်မှာ ကြိုပွိုင့်အနေနဲ့ အရင်ရောင်းဝယ်ကြပါတယ်။ ဂျုံရောင်းဝယ်ရေးအတွက်ဆိုရင် ဂျုံတွေကို မစိုက်ရသေးခင်မှာပဲ အရောင်းအဝယ်ကတော့ ဖြစ်နေပါပြီ။ ဈေးလည်း သတ်မှတ်ပြီးသားပါ။ ကျွန်တော်တို့နိုင်ငံလို ငွေဈေးမတည်ငြိမ်ရင်တော့ ခွေးဖြစ်မယ့်ကိန်းပေါ့လေ။ ဒါပေမဲ့ သူတို့ဆီမှာတော့ အလုပ်ဖြစ်တယ်ဗျ။ ဂျုံရောင်းရေး ဂျုံဝယ်ရေး ...
movie

Trading Places (1983)

1983
Rosemary’s Baby (1968) 8
Rosemary’s Baby (1968) Rosemary's Baby (1968)~ IMDb - 8/10, Rotten Tomatoes - 96% ~Rosemary's Baby ဟာ သမိုင်းအင်မတန်ကြီးတဲ့ ဟော်ရာရုပ်ရှင်ပါ။ ရုပ်ရှင်ကိုယ်တိုင်ကိုကလည်း The Exorcist နဲ့ The Omen တို့လို စေတန်ယုံကြည်မှုနဲ့ဆက်စပ်နေတဲ့ ရုပ်ရှင်တွေရဲ့ မြစ်ဖျားဖြစ်ခဲ့သလို ဒီရုပ်ရှင်နဲ့ ဆက်စပ်နေတဲ့လူအကုန်လုံးကလည်း သမိုင်းကြီးတဲ့လူတွေချည်းပါပဲ။ စာရေးဆရာက Ira Levin, ထုတ်လုပ်သူက ရောဘတ်အီဗန်၊ ဒါရိုက်တာက ရိုမန်ပိုလန်စကီး၊ မင်းသမီးက မီရာဖဲရိုး။ ဒါကိုမှ ရို့စ်မေရီဟာ ပါရာမောင့်ရဲ့ သမိုင်းဝင်ရုပ်ရှင်ဖြစ်ခဲ့သေး အော်စကာတွေလည်းရခဲ့သေးတော့ အဘက်ဘက်က သမိုင်းကြီးတယ်လို့ ပြောရမယ်။ရို့စ်မေရီကို ၁၉၇၆မှာ ဘော့အီဗန်ဟာ Rosemary's Baby ဝတ္တုကို ပုံမနှိပ်ခင်မှာတင် ကြိုဝယ် ရုပ်ရှင်ရိုက်ခဲ့ပြီး ၁၉၇၈မှာ ရုပ်ရှင်ကို ရုံတင်နိုင်ခဲ့တယ်။ စာအုပ်ကို ရုပ်ရှင်စရိုက်တဲ့အချိန်မှာ စာအုပ်ဟာ ဘတ်ဆဲလားမဖြစ်သေးဘဲ ...
movie

Rosemary’s Baby (1968)

1968
Pretty Woman (1990) 7.0
Pretty Woman (1990) IMDb (7/10)Pretty Womanဇာတ်လမ်းက အချစ် အပျော်လေးပေါ့။ escortမလေး (ခေတ်စားနေတဲ့ စကားနဲ့ဆို ရွှေကြာလေး) Vivian နဲ့ အကြောင်းအပေါင်းကြုံလို့ တွေ့ဆုံခဲ့တဲ့ ချမ်းသာတဲ့ စီးပွားရေးသမား Edward တို့ရဲ့ ခေတ်သစ် စင်ဒရဲလားပုံပြင်လေး။ အဆင့်မတူ ကြီးပြင်းပုံမတူ အပြုအမူမတူတဲ့သူနှစ်ဦးရဲ့ မဖြစ်နိုင်တဲ့ အချစ်ဇာတ်လမ်းလေး။ ကြည်နူးစရာကောင်းတယ်။ငယ်ငယ်တုန်းက ကြည့်တုန်းကတော့ Julia Roberts ချောလိုက်တာ Richard Gere က စိတ်ကူးယဉ်စရာ Prince on the White Horse ပေါ့။ ခုနောက်ပိုင်း ဒီအလုပ်လုပ်တဲ့ မိန်းကလေးတွေအကြောင်း ရုပ်ရှင်တွေ ထွက်လာတိုင်း Pretty Woman နာမည်ကို ပြန်ပြန်ဖော်လာကြတော့ နည်းနည်းထူးဆန်းသွားတယ်။ ကိုယ်ကြည့်တုန်းက ရွှေကြာဆင်ပယ်သိုက်ဇာ လို့ မခံစားခဲ့ရဘူးလေ။ အဲ့တာနဲ့ ပြန်ကြည့်မိတော့ နည်းနည်းမတူတာလေးတွေ တွေ့ရတယ်။ ကိုယ်လိုရာ ကိုယ်ဆွဲတွေးတယ်ပဲ ဆိုပါစို့။မင်းသမီးရဲ့ ဇာတ်ရုပ်အကြောင်းပဲ ကြည့်ကြတာပေါ့။ သူက လမ်းပေါ်က မိန်းကလေး ဒါမယ့် ပထွေးရန်က လွတ်အောင် ထွက်ပြေးလာတာတို့ ...
movie

Pretty Woman (1990)

1990