Channel Myanmar

Ratna Pathak

Thappad (2020) 7.1
Thappad (2020) IMDb (7.1/10) /Rotten Tomatoes 92%Q - ညီမယောက်ျားနဲ့ ဘာဖြစ်လို့ ကွာရှင်းပြတ်စဲချင်တာလဲ A - သူ ပါးတစ်ချက်ရိုက်လိုက်လို့ပါQ - ပါးရိုက်တာ အကြောင်းပြချက်မဟုတ်ပါဘူး တခြားကိစ္စရှိဦးမှာပေါ့ ဘာလဲ သူ့မိသားစုကြောင့်လား A - ဟင့်အင်းQ - သူ ညီမအပေါ် ဖေါက်ပြန်နေလို့လား A - ဟင့်အင်းQ - ညီမက သူ့အပေါ်မှာ ဖေါက်ပြန်နေလို့လား A - ဟင့်အင်းQ - လိင်မှုကိစ္စကြောင့်လား A - ဟင့်အင်းQ - ဒါဆို ပါးတစ်ချက်ရိုက်လိုက်ရုံပဲပေါ့အမျိုးသမီးတစ်ယောက်က သူ့ယောက်ျား သူ့ကို ပါးတစ်ချက်ရိုက်လိုက်တဲ့အပေါ် ကွာရှင်းပြတ်စဲချင်ပါတယ်တဲ့ဒီစကားအတွက် အတွေးပေါင်းစုံ မေးခွန်းပေါင်းစုံထွက်ကျလာပေလိမ့်မယ်လင်နဲ့မယား လျှာနဲ့သွားပဲ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဟာကိုရှိပါသေးတယ် အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တာတဲ့ဘာတဲ့အတွေးအခေါ်ပေါင်းစုံ ဒီတော့ ဒီကားကို ယောက်ျားလေးမိန်းကလေး လူပျိုအပျို အိမ်ထောင်သည်အားလုံးကို ကြည့်စေချင်ပါတယ်တစ်ယောက်အမြင်တစ်မျိုးစီရလိမ့်မယ်လို့ မျှော်လင့်ပါတယ် ကျွန်တော် ဇာတ်လမ်းကို မညွှန်းပေးတော့ဘူးBollywood ကားကြည့်ချင်ပေမယ့် အယောက် ...
movie

Thappad (2020)

2020
4K HEVC Web-DL
Attack (2022) 7.3
Attack (2022) အခုတစ်ခါထွက်ရှိလာတဲ့ ကားလေးကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ စူပါစစ်သားကားလေးပဲဖြစ်ပါတယ်အာဂျွန်ဟာ သိပ်တော်တဲ့ စစ်တပ်အရာရှိတစ်ယောက်ဖြစ်ပြီး မတော်တဆမှုတစ်ခုမှာ ထိခိုက်မိသွားလို့ ခန္ဓာကိုယ်အကြောသေသွားခဲ့တယ်...နိုင်ငံတွင်းမှာ အကြမ်းဖက်ဖြစ်စဉ်တွေ များလာတော့ ဖြေရှင်းဖို့က ပတ်ဝန်းကျင်နိုင်ငံတွေပါဝင်ပတ်သက်နေတာကို သံသယအဆင့်နဲ့ပဲသိထားတော့ ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးလို့လည်းမရ စစ်ဖြစ်လို့လည်းမရနဲ့ အကြပ်ရိုက်နေခဲ့ပါတယ်...ဒါကိုဖြေရှင်းဖို့အတွက် အိန္ဒိယစစ်တပ်ကနေ စူပါစစ်သားတွေကို ဖန်တီးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်...  ဒီဖြစ်စဉ်မှာ အစမ်းသပ်ခံလူသားက အကောင်းပကတိအတိုင်း မဟုတ်ဘဲ လေဖြတ်အကြောသေနေတဲ့ ပုံစံမျိုးမှာရှိနေမှ အဲ့ဒီလူသားဟာ ဒီစမ်းသပ်ခြင်းမှာ ပုံမှန်ထက်ထူးကဲတဲ့ အစွမ်းခွန်အားမျိုးကို ရရှိမှာဖြစ်ပါတယ်..ဒီလိုနဲ့ နိုင်ငံ့အကျိုးသယ်ပိုးဖို့ အာဂျွန်ကို စမ်းသပ်လိုက်တဲ့အခါမှာတော့.....။  File size…2.8GB / 1.9GB / 950MB Quality…4k ZEE5 WEB DL SDR HEVC / 1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor , Myo Myo , Yunni
movie

Attack (2022)

2022
4K HEVC Web-DL
Love Per Square Foot (2018) 7.5
Love Per Square Foot (2018) မြို့ပြတစ်ခုမှာ နေရပြီဆိုရင် လူတိုင်း ကြောက်တဲ့၊ ဒါမှမဟုတ် ကြောက်ရတဲ့ အရာတစ်ခု ရှိပါတယ်။ အဲဒါကတော့ နေစရာ အိမ်တစ်ဆောင်ပါ။ ဘာကြောင့် မြို့ပြမှာ နေချင်ရတာလဲ ဆိုတာတော့ အကြောင်းပြချက် အများကြီး ရှိပါတယ်၊ အဲဒီ အကြောင်းပြချက်တွေထဲမှာ အရေးကြီးဆုံး တစ်ချက်ကတော့ အမိုးအကာရှိတဲ့ အိမ်တစ်ဆောင်မှာ လုံလုံခြုံခြုံ ဇိမ်ကျကျနဲ့ နေရဖို့ပါပဲ။နေစရာ အိမ်အတွက် ပိုက်ဆံကလည်း မရှိမဖြစ် လိုတာပေါ့လေ။ ရေချိုးခန်း၊ အိမ်သာ၊ အိပ်ခန်းပါတဲ့ အိမ်ကို ငှားပြီးနေမယ်ဆိုရင် သာမန်လက်လုပ်လက်စားတွေအတွက် ရှာသမျှ အိမ်ရှင်ကိုပဲ ပေးရလို့ သမင်မွေးရင်း ကျားစားရင်း ဆိုသလို ဖြစ်နေတော့မှာလေ။ ဒီတော့ အဆောင်တွေမှာ စုတ်စုတ်ကပ်ကပ်နေရင်နေ၊ မနေရင် လူတွေအများကြီးပေါင်းနေမှ ပိုက်ဆံရှာတာ အဆင်ပြေပါတယ်။ ဝန်ထမ်းဆိုလည်း အစိုးရက ပေးထားတဲ့ အိမ်လေးမှာ ဖြစ်သလိုနေပြီး အလုပ်လုပ်ရတာပေါ့။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ သာမန်လူတန်းစားတွေအဖို့ ...
movie


2018
Mubarakan (2017) 5.6
Mubarakan (2017) ဒီတစ်ခါတော့ Bollywood ပရိတ်သတ်တွေအတွက် Family, Comedy, Drama ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။အဓိကသရုပ်ဆောင်တွေကလည်း အားလုံးသိကြတဲ့ အနီးလ်ကပူးရ်၊ အာရ်ဂျွန်ကပူးရ် တို့နဲ့ မင်းသမီးချော အလန်းတွေနဲ့ဆိုတော့ကာ ဘောလီဝုဒ်ဖန်တွေ ကျေနပ်ကြမှာပါ။မိသားစု ဟာသ ဒရာမာကားလေးဖြစ်တဲ့ မိသားစုဝင်တွေနဲ့ အတူတူ ပျော်ပျော်ကြီး ခံစားလိုက်ကြပါလို့ဇာတ်လမ်းအကျဉ်းလေးက့ကရန်၊ ချရန် ဆိုတဲ့ အမြွှာညီကိုနှစ်ယောက်ဟာ ကားအက်ဆီဒန့်ကြောင့် ငယ်ငယ်လေးတွေနဲ့ မိဘမဲ့သွားခဲ့ကြပါတယ် ဒါပေမဲ့ ဦးလေးဖြစ်သူ ကာရ်တာကတော့ ကလေးတွေကို လန်ဒန်က အစ်မကြီးဆီ တစ်ယောက်နဲ့ ပန်ဂျဗ်က အစ်ကိုကြီဆီ တစ်ယောက် ပို့ပေးလိုက်ပါတယ်။အမြွှာညီကိုတွေကနေ ဝမ်းကွဲညီကိုတွေ ဖြစ်သွားကြပါတော့ပေမယ့် အမြွှာဖြစ်တဲ့အတွက် မျက်နှာတွေကတော့ တပုံစံတည်းတွေပါပဲ့နှစ်တွေကြာလာတော့ မိဘတွေက သားနှစ်ယောက်ကို ကိုယ်စီကိုယ်စီ အိမ်ထောင်တွေချပေးဖို့ လုပ်ပါတော့တယ့့်ဒီအချိန်မှာ ပြသနာတွေ စတတ်တော့တာပါပဲ့ချစ်သူကိုယ်စီရှိနေတဲ့ ကရန်နဲ့ချရန် မိဘတွေကိုလဲ မငြင်းရဲ၊ သူတို့မှာလည်း အကြံဥာဏ်မရှိတာနဲ့ ဦးလေးဆီက ...
movie

Mubarakan (2017)

2017
Nil Battey Sannata(2015) 8.5
Nil Battey Sannata(2015) IMDb....8.5,,,,,,Rotten....87% အောက်ခြေလူတန်းစားအမျိုးအစားကိုယေဘုယျအနေနဲ့ ဆိုက္ကားသမား အငှားယာဉ်မောင်း တောင်သူလယ်သမား အိမ်ဖော် လက်လုပ်လက်စားနေ့စားသမားများလို့ သတ်မှတ်ရမလား ကျွန်တော်လည်း မကွဲပြားဘူး ဒါပေမဲ့ အိမ်ဖော်တစ်ယောက်ရဲ့သားသမီး လယ်သမားတစ်ယောက်ရဲ့သားသမီးတွေဟာ ဆရာဝန် အင်ဂျင်နီယာ အောင်မြင်တဲ့စီပွားရေးလုပ်ငန်းရှင် စတဲ့ အနေအထားမျိုးတွေကိုကူးပြောင်းဖို့ဆိုတာတော့ ရုပ်ရှင်မဆန်လှဘူး....ဘာလို့ဆို သူတို့နေတဲ့အသိုင်းအ၀န်း မိဘရဲ့ထောက်ပံ့ပေးနိုင်မှု ခံယူချက်စတာတွေဟာ အပေါ်ကကျွန်တော်ပြောခဲ့တဲ့အနေအထားတွေကို အကောင်အထည်ဖော်ဖို့ သီးခြားဆန်နေတယ်....ကြာပန်းဆိုတာ ရွှံနွံတွေပေါ်မှာပေါက်တယ်တို့ ပတ္တမြားမှန်လျှင် နွံမနစ်ဘူးဆိုတဲ့ အဆိုတွေရှိပါတယ် ဒါပေမဲ့ ကျွန်တော်တို့ ပတ်ဝန်း ကျင်မှာ ဒီလိုမျိုးဖြစ်ပျက်တာတွေက ၁ ကနေ ၁၀ အထိရေတွက်တတ်တဲ့ကလေးကိုရေခိုင်းရင်တောင် ရနိုင်ပါတယ် ဒီအိန္ဒိယကားလေးထဲမှာ အိမ်အကူအမေတစ်ယောက်နဲ့ ၁၀တန်းကျောင်းတက်နေတဲ့ သူ့သမီးလေးအကြောင်း ရိုက်ပြထားတာပါ......အမေက အိမ်အကူဖြစ်ပေမဲ့ သူ့သမီးလေးကို ၁၀တန်းအောင်မြင်ပြီး ပညာတတ် အမျိုးသမီး လေးဖြစ်ချင်တယ် ဒါကြောင့် သူအမျိုးမျိုးကြိုးစားတယ် သမီးလေးရဲ့ခံယူချက်ကိုပြောင်းလဲဖို့ရယ် ငွေတွေရသလောက်ရှာဖို့ရယ် သူဘယ်လောက်ကြိုးစား ကြိုးစား သမီးလေးရဲ့စိတ်ထဲမှာ ၁၀တန်းအောင်လည်း ကျောင်းထားဖို့ပိုက်ဆံမတတ်နိုင်တဲ့ အမေရဲ့အဖြစ် ၊ အိမ်အကူ သမီးက အိမ်အကူပဲဖြစ်မယ်ဆိုတဲ့ သမီးရဲ့ခံယူချက် ယုံကြည်ချက်ကို ရိုက်မချိုးနိုင်ခဲ့ဘူး .......ဒါပေမဲ့သူလက်မလျှော့ဘူး. ကျွန်တော်ပြောတာတွေက ဒီကားကိုပေါ့ပျက်စေလို့ ဆက်မပြောတော့ဘူး . ဒီကားက လူတိုင်းကြည့်သင့်တယ်လို့ကျွန်တော်ထင်တယ် ဇတ်လမ်းရဲ့ ...
movie

Nil Battey Sannata(2015)

2015