Channel Myanmar

Rick Moranis

Honey, We Shrunk Ourselves(1997) 5.3
Honey, We Shrunk Ourselves(1997) Honey, We Shrunk Ourselves (1997) ===========================ကလေးတွေကိုချုံ့လိုက်၊ ကလေးလေးကို ကြီးအောင်လုပ်လိုက်နဲ့ အမျိုးမျိုးလွဲနေတဲ့ သိပ္ပံပညာရှင် စလင်စကီ တစ်ယောက်ကတော့ ဒီတစ်ခါမှာ သူတို့ကိုယ်သူတို့ ချုံ့လိုက်မိသွားပါပြီ။Honey, I Shrunk the Kids က စခဲ့တဲ့ ဒီဇာတ်လမ်းက အခုဆိုရင် သုံးကားမြောက်ပါပဲ။ အသက်အရွယ်တိုင်းမှာ အရှုံးသမားဖြစ်ခဲ့တဲ့ သိပ္ပံပညာရှင် စလင်စကီ ရဲ့ အလွဲတကာအလွဲတွေထဲမှာ သူနဲ့ သူ့တွဲ ဖက်တို့ လင်မယားနှစ်စုံ အချုံ့ခံလိုက်ရပြီး မြင်ကွင်းကပျောက်နေတော့ ကလေးတွေက မိဘတွေ မရှိဘူးအမှတ်နဲ့ အိမ်မှာ သောင်းကျန်းနေပုံ တွေကို ငလက်မလေးတွေဘဝနဲ့ ထိုင်ကြည့်နေရတဲ့အဖြစ်ပါ။မိသားစုတစ်ခုမှာ မိဘတွေရဲ့ စိုးရိမ်စကား တားမြစ်စကားတွေကို သား သမီးတွေက ပိတ်ပင်တယ်ထင်ကြတာ ထုံးစံပါပဲ။ ဒါပေမဲ့ မိဘတွေမရှိချိန် တားမြစ်ချက်တွေကို တသီကြီးချိုးဖောက်ကြည့်ချိန်မှာ ဒုက္ခနဲ့ လှလှနဲ့ တွေ့ကြပုံ သင်ခန်းစာပေး မိသားစုဇာတ်လမ်းလေးပေါ့။ ကလေးဘဝ အမှတ်တရတွေကို ပြန်ခံစားနိုင်ဖို့ တင်ဆက်လိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်)File Size..........(1.1 GB) / (4.2 ...
movie

Honey, We Shrunk Ourselves(1997)

1997
Honey I Blew Up the Kid(1992) 5.0
Honey I Blew Up the Kid(1992) Honey I Blew Up the Kid(1992)ဆာလင်းစကီးဆိုတဲ့ သူဟာ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပြီးမိန်းမရယ် သမီးလေးတစ်ယောက် သားလေး(၂)ယောက်တို့နဲ့ အတူနေထိုင်ကြတယ်...သူဟာ ကုပ္ပဏီကြီးတစ်ခုမှာအလုပ်လုပ်နေပြီး လက်ရှိမှာတော့ သူ့ရဲ့တွေ့ရှိချက်တစ်ခုကို အကြီးအကျယ်အကောင်အထည်ဖော်ဖို့ကြိုးစားနေကြတယ်....တစ်ရက်မှာတော့ မိန်းမဖြစ်သူနဲ့ သမီးဟာ ခရီးရှည်တစ်ခုထွက်ဖို့ရှိလာလို့အိမ်မှာ သား(၂)ယောက်နဲ့အတူကျန်ခဲ့လေရဲ့...သူတို့အဖွဲ့ကြိုးစားနေတဲ့ ပရော့ဂျက်ကလည်းအောင်မြင်ဖို့ လက်တစ်ကမ်းအလိုရောက်နေပေမယ့် အခက်အခဲတစ်ခုကြောင့်ကျန့်ကြာနေကြတယ်..ဆာလင်းစကီးဟာ သူ့သားလေး (၃)နှစ်အရွယ်ကိုချော့သိပ်နေတုန်းမှာ ပရော့ဂျက်အတွက်အခက်အခဲကိုဖြေရှင်းဖို့နည်းလမ်းတစ်ခုကိုတွေ့သွားတယ်...ဒါ့ကြောင့် သား(၂)ယောက်ကိုခေါ်ပြီး သိပ္ပံစမ်းသပ်ခန်းထဲကိုခေါ်သွားတယ်...အဲ့ဒီမှာ ပြဿနာအကြီးကြီးစတော့တာပဲ....ဘယ်လိုပြဿနာတွေတက်မလဲ...ဆာလင်းစကီတစ်ယောက်သူရှုတ်ခဲ့တဲ့ပြဿနာအကြီးကြီးကိုပြန်ရှင်းနိုင်ပါ့မလား...ဒီဇာတ်ကားက ရယ်လည်းရယ်ရသလိုအဲ့ဒီခေတ်က ချစ်စရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ညွှန်းလေးတွေကို တွေ့နေရတယ်...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Hein Min Tun ပဲဖြစ်ပါတယ်...File Size : (980 MB) and (380 MB) Quality : Blu-Ray 720p Format…mp4 Duration…01:30:00 Genre : Adventure, Comedy , Family Subtitle : Myanmar Subtitle (Hard Sub) Translated by Hein Min Tun Encoded ...
movie

Honey I Blew Up the Kid(1992)

Honey, I Shrunk the Kids (1989) 6.4
Honey, I Shrunk the Kids (1989) Honey, I Shrunk the Kids (1989) IMDb - 6.4/10_____Rotten - 76%ဒီဇာတ်ကားလေးကတော့ သိပ္ပံပညာရှင်အဖေတစ်ယောက်ရဲ့ မအောင်မြင်တော့ဘူးလို့ထင်ထားတဲ့ စက်တစ်ခုကနေပြီးတော့ ပေါက်တတ်ကရတွေဖြစ်သွားတဲ့ကားလေးဖြစ်ပါတယ်.... သိပ္ပံပညာရှင်သျှာလင့်စကီတစ်ယောက်အရာဝတ္တုတွေကိုသေးအောင်လုပ်တဲစက်တစ်ခုကို ဖန်တီးနေတာ နှစ်တွေအတော်ကြာခဲ့ပါပြီ...သူရဲ့ဖန်တီးစမ်းသပ်မှု့တွေကြောင့်လည်း  ဘေးအိမ်ပတ်ဝန်းကျင်ကလူတွေပါ နေ့ရောညပါအနှောင့်ယှက်ဖြစ်ခဲ့ကြပါတယ်.. နောက်ဆုံးမှာတော့ သူ့ကိုအရူးတစ်ယောက်လို့ပဲသတ်မှတ်လိုက်ကြပါတော့တယ်... တစ်နေ့မှာသူနှစ်ပေါင်းများစွာတီထွင်ပေမယ့်လည်း အောင်မြင်ခြင်းမရှိတဲ့ အရာဝတ္တုတွေကိုသေးအောင် ချုံ့တဲစက်ဟာ သူ့ရဲ့သားသမီးတွေဆော့ရင်းကနေ ထိခိုက်မိပြီး ပြန်လည်အသက်ဝင်လာခဲ့ပါတယ်....အဲစက်ကနေသူ့ရဲ့ကလေးတွေကိုအင်းစက်အရွယ်စားထိချုံ့ပစ်လိုက်ပါတယ်... အဲဒီနောက်မှာတော့ ထိုလူငယ်လေးတွေဟာ သူတို့ရဲ့ခြံဝန်းထဲကနေပြန်ပြီးတော့ အိမ်ကိုရောက်အောင် ပြန်နိုင်အောင်ကြိုးစားကြရမှာပဲဖြစ်ပါတယ်... သာမန်အနေထားဆိုရင် ခြံဝန်းနဲ့အိမ်ကို ခြေသုံးလှမ်းလောက်ပဲလှမ်းရမှာဖြစ်ပေမယ့်လည်း အင်းဆက်အရွယ်သာသာဖြစ်သွားတဲသူတို့အတွက်အိမ်ထဲကိုပြန်ပြီးရောက်အောင် မိုင်ပေါင်းထောင်ချီအောင် ခရီးဆက်ရတော့မှာပဲဖြစ်ပါတယ်.. ထိုသို့ခရီးဆက်ရင်းလမ်းခရီးမှာဘယ်လိုအန္တရာယ်တွေနဲ့ကြုံရမလဲဆိုတာကတော့ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်... Disney ကတင်ဆက်ထားတဲ့ကားလေးဖြစ်ပြီးတော့ လူကြီးလူငယ်ပါကြိုက်နှစ်သက်စေမယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်....   Quality…..BluRay 1080p Duration…..01:33:00 Format…Mp4 File Size…(737 MB) Translator…..Khin Chan Myae Tun Encoder…..Moe Myint Lwin
movie

Honey, I Shrunk the Kids (1989)

1989