Channel Myanmar

Rishi Kapoor

Shuddh Desi Romance (2013) 5.8
Shuddh Desi Romance (2013) Shuddh Desi Romance (2013) =========================မင်းသားဆူရှန်းဆင်းရဲ့ လူငယ်တွေကြားမှာ ဖြစ်တတ်တဲ့ အချစ်နဲ့ ဘဝကြားက ဒွိဟသံသယတွေအကြောင်းကို ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါပဲလူတစ်ယောက်က သူ့ဘဝမှာ တစ်ကြိမ်တစ်ခါတော့ အချစ်နဲ့ထိတွေ့စမြဲပါပဲ..ပြီးရင်တော့ သူ့အချစ်က တည်မြဲပါ့မလား ချစ်ရသူနဲ့လက်ထပ်ရင် အဆင်ပြေပါ့မလား သူချစ်ရသူက သူ့အပေါ်ကောင်းပါ့မလား စသဖြင့် သံသယဝင်တတ်ကြပါတယ်...ဒီဇာတ်ကားလေးမှာလည်း အဲ့ဒီသံသယပေါင်းများစွာနဲ့ လူငယ်လေးသုံးယောက်ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ဖေါ်ပြထားပြီး ဘဝကြီးရဲ့လှည့်စားမှုတွေကို ကောင်းကောင်းသရုပ်ပြထားပါတယ်...ဟာသလေးတွေလည်း နှောထားလို့ ပျင်းရိစေမှာမဟုတ်တဲ့အပြင် ရိုတဲ့အခန်းလေးတွေနဲ့ ဇာတ်လမ်းကို သက်ဝင်စိတ်လှုပ်ရှားစေခဲ့ပါတယ်...ဒီတော့ ဒီဇာတ်ကားလေးကို ကြည့်ပြီး ကိုယ့်ဘဝရဲ့လက်တွဲဖေါ်ဟာ ဘယ်လိုဖြစ်သင့်လဲဆိုတာကို ဆုံးဖြတ်နိုင်ကြပါစေနော်... File size…2.5GB / 1.14GB Quality…1080p BluRay AAC5.1CH / 720p Format…mp4 Duration….2h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by T.A.Y.L.O.R
movie

Shuddh Desi Romance (2013)

2013
Sharmaji Namkeen (2022) 8.5
Sharmaji Namkeen (2022) Sharmaji Namkee (2022) ========================IMDb (8.3/10)အခုတစ်ခါမှာတော့ Channel Myanmar ကနေSharmaji Namkee လို့အမည်ရတဲ့ ဘောလိဝုဒ်ရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေဒီရုပ်ရှင်ကတော့ ဘောလီဝုဒ်ရုပ်ရှင်လောကအတွက် စိတ်မကောင်းဖွယ်ရာဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ဆိုလည်း မမှားပါဘူးရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ B.G. Sharma နေရာကို မူလပထမက ဘောလီဝုဒ်ရဲ့နာမည်ကြီးမင်းသား Ranbir Kapoor တို့ရဲ့ဖခင် မင်းသားကြီး Rishi Kapoor ကနေ ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်စိတ်မကောင်းစွာနဲ့ပဲ မင်းသားကြီး Rishi ဟာ ရုပ်ရှင်ရိုက်ကူးနေဆဲအချိန်မှာပဲ ဘဝတစ်ပါးကို ကူးပြောင်းသွားတဲ့အတွက်အခြားမင်းသားကြီးတစ်လက်နဲ့ အစားထိုးကာပြန်လည်ရိုက်ကူးခဲ့ရတာပဲ ဖြစ်ပါတယ်အစားထိုးရိုက်ကူးမဲ့မင်းသားကြီးကလည်း အခြားသူမဟုတ်ပါဘူး နာမည်ကြီး Oh My God ရုပ်ရှင်မှာဘုရားသခင်ကိုတရားစွဲခဲ့တဲ့ မင်းသားကြီး Paresh Rawal ပဲဖြစ်ပါတယ်ဒီတော့ ဇာတ်လမ်းအညွှန်းလေးကို သွားလိုက်ကြရအောင်B.G.Sharmaji ဟာ အိမ်သုံးပစ္စည်းအရောင်းဆိုင်ကနေ အနားယူပြီးတဲ့နောက် အိမ်မှာဟိုနားမတ်တပ် ဒီနားငုတ်တုတ်နဲ့ ယောင်ခြောက်ဆယ်ဖြစ်နေတဲ့ဘဝကို အားမလိုအားမရဖြစ်ပြီးသူဝါသနာပါရာ ဟင်းချက်အလုပ်ကို တစိုက်မတ်မတ် စပြီး ...
movie

Sharmaji Namkeen (2022)

2022
Porter ( 1983 ) 6.7
Porter ( 1983 ) ဒီဇာတ်ကားလေးကတော့ မင်းသားကြီး အမီတာဘဂျမ်းရဲ့ဇာတ်ကားကောင်းလေးတကားဖြစ်ပါတယ်1983 ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးပါ..ကြာနေလို့အထင်တော့မသေးလိုက်ပါနဲ့တချို့အရာတွေက နှစ်ချို့လေ ပိုကောင်းလေပဲမလား ..ဇာတ်လမ်းအညွန်းကတော့ချမ်းသာပေမယ့် မကောင်းမှုနဲ့ကြီးပွားတဲ့ Zafar ဟာ Salma ဆိုတဲ့ကောင်မလေးကိုမြင်မြင်ချင်းချစ်သွားခဲ့ပါတယ်ဒါကြောင့်မို့ လက်ထပ်နိုင်ဖို့ပိုင်ဆိုင်ရဖို့ကြိုးစားခဲ့ပေမယ့် ဆယ်မာ နဲ့ သူ့အဖေဟာသူ့ကိုလုံးဝလက်သင့်မခံခဲ့ပါဘူးနောက်တော့ Zafar ဟာ သူလုပ်ခဲ့တဲ့မကောင်းမှုတွေနဲ့အဖမ်းခံလိုက်ရပြီးနောက် ထောင်ဆယ်နှစ်ကျခံလိုက်ရပါတယ်သူပြန်လွတ်လာတဲ့အချိန်မှာ Salma ဟာ Aslam Khan ဆိုတဲ့လူတစ်ယောက်နဲ့လက်ထပ်ထားတာကိုတွေ့လိုက်ရတဲ့အတွက် အရမ်းကိုခံစားခဲ့ရတယ်..zafar ဟာ salma ကိုထပ်ပြီးသိမ်းသွင်းဖို့ကြိုးစားပေမယ့်လည်းမအောင်မြင်ခဲ့ပါဘူး ဒီတော့ မှားလားမှန်လားမသိနိုင်တော့တဲ့zafar က လက်စားချေဖို့အတွက်စတင်ကြိုးစားတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်လာမလဲဆိုတာဆက်လက်ခံစားကြည့်ကြပါ Quality : WEB-DL 720pAudio Codes : AACVideo Codes : x264Subtitle : Myanmar Subtitle ( Hardsub )Sub Credit to Somonlian ( subscene ) 
movie

Porter ( 1983 )

The Body (2019) 5.7
The Body (2019) (Unicode)ဒီတစ်ခါ ဘောလီဝုဒ်ဖန်တွေအတွက် ၂၀၁၉ ထွက် Crime, Mystery ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ပါဝင်ထားတဲ့သရုပ်ဆောင်တွေကလည်း နာမည်ကျော်တွေဖြစ်တဲ့ Emraan Hasmi နဲ့ Rishi Kapoor တို့ အပြိုင်သရုပ်ဆောင်ထားကြတာပါအထူးသဖြင့် မင်းသမီးရဲ့အက်တင်တွေကလည်း အတော်လေးကို ကောင်းလှပါတယ်ဇာတ်လမ်းလေးကတော့ စီပွားရေးလောကမှာ အောင်မြင်ပြီး သြဇာအာဏာကြီးမားတဲ့ အမျိုးသမီးငယ်တစ်ယောက်ဟာ နှလုံးရောဂါနဲ့ ဆုံးသွားခဲ့ပါတယ်အလောင်းခွဲစိတ်စစ်ဆေးဖို့ သူ့အလောင်းကို ရင်ခွဲရုံပို့ထားတဲ့အခါ ညဘက်ကျတော့ အလောင်းပျောက်သွားပါတယ်ညစောင့်ပြောတာတော့ အလောင်းပြန်ရှင်လာပြီး ထသွားတာတဲ့ဒါပေမဲ့ တာဝန်ကျရဲမှူးကြီးကတော့ သူ့ယောက်ျားဖြစ်သူ အဂျေးပူရီကိုပဲ သံသယဝင်နေပါတော့တယ်ထိုညမှာ ရဲမှူးကြီးနဲ့ အဂျေးပူရီတို့ မာယာဗာရ်မားရဲ့အလောင်းကို ရှာတွေ့ပါ့မလားဘယ်လိုအလှည့်အပြောင်းတွေ ဖြစ်သွားမလဲဆိုတာကိုတော့ အားလုံးပဲ ကိုယ်တိုင်ကိုယ်ကျ ခံစားကြည့်လိုက်ကြပါအထူးမေတ္တာရပ်ခံလိုတာက ဒီဇာတ်ကားဟာ ၂၀၁၂ ခုနှစ်ထွက် The Body ကို Remake ပြန်ရိုက်ထားတဲ့ဇာတ်ကားဖြစ်သည့်အတွက်...
movie

The Body (2019)

2019
Manto (2018) 7.4
Manto (2018) Manto (2018)IMDb - 7.4/10_____Rotten - 72%  "သူငယ်ချင်းရာ ဒီလိုခေတ်ကာလကြီးမှာ တခြားအခြေနေတွေပေါ် ဦးတည်ပြီး စာရေးပါလားဘာဖြစ်လို့ ပြည့်တန်ဆာတွေအတွက် တွေးပူနေရတာလဲ""ဘာလဲ အဲ့ဒိပြည်တန့်ဆာတွေက ငါတို့လူ့မှုပတ်ဝန်းကျင်ရဲ့ တစိတ်တဒေသမဟုတ်လို့လားသူတို့ဆီသွားနေကြတဲ့သူတွေက ဘုရားတရားသွားလုပ်တာလားသွားဖို့လာဖို့ကျတော့ လွပ်လွပ်လပ်လပ် သွားလာကြပြီး ရေးဖို့ကြတော့ လွပ်လွပ်လပ်လပ်ရေးခွင့်မရှိဘူးလား"တရားရုံးကို အိမ်ဦးနဲ့ကြမ်းပြင်သွားလာနေရလို့ သူငယ်ချင်းဖြစ်သူ တားသော်လည်း မန်တိုတစ်ယောက် လက်မခံချေမန်တိုဟာ နာမည်ရစာရေးဆရာ တစ်ယောက်ပါအထူးသဖြင့် ပြည်တန်ဆာတွေရဲ့ ဘဝနာမှုတွေ၊ ဒုက္ခတွေကို အသားပေးရေးဖွဲ့လေ့ရှိပြီးမဖွယ်မရာရေးသားမှုဆိုတဲ့ ခေါင်းစဉ်နဲ့ အကြိမ်ကြိမ် အမှုတွေလည်း ရင်ဆိုင်နေရပါတယ်ဒါပေမဲ့ မန်တိုကတော့ သူ့ယုံကြည်ချက်ကို မပြင်ဘဲ ရှေ့ပဲဆက်တိုးခဲ့ပါတယ်မူစ်လင်(မ်)တစ်ယောက် ဖြစ်သော်ငြားလည်း ဘာသာပေါင်းစုံမိတ်ဆွေတွေရှိပြီး နယ်ပယ်အစုံမှာ အောင်မြင် အဆင်ပြေနေသူတစ်ယောက်အိန္ဒိယနိုင်ငံကြီး လွပ်လပ်ရေးမရခင် အဆင်ပြေခဲ့သမျှဟာ လွပ်လပ်ရေးရပြီးနောက် အားလုံးပျက်သုန်းသွားခဲ့ပါတယ်အိန္ဒိယ-ပါကစ္စတန် ၂ နိုင်ငံကွဲထွက်သွားပြီး အစ္စလာမ်ဘာသာဝင်ဖြစ်တဲ့ မန်တို ပါကစ္စတန်ကို ရွှေ့ပြောင်းခဲ့ရပါတယ်ဒီဇာတ်ကားဟာ နာမည်ကျော် စာရေးဆရာ တစ်ယောက်ဖြစ်တဲ့ဆာဒတ် ဟဆန် မန်တိုရဲ့ ...
movie

Manto (2018)

2018
Mulk (2018) 6.1
Mulk (2018) File Size : (1.20 GB) and (550 MB) Quality : HDRip 720p Running Time : 2hr 20min Format : Mp4အဓိကသရုပ်ဆောင်တွေအဖြစ် ဂန္တဝင်မင်းသားကြီး Rishi Kapoor နှင့် မင်းသမီးချော Taapsee Pannu တို့က ပါဝင်သရုပ်ဆောင်ထားပြီး တခြားအနုပညာရှင် အတတ်ပညာရှင်ပေါင်းစုံမှ အကောင်းဆုံး အားဖြည့်ပါဝင်ထားပါတယ်ဇာတ်လမ်းလေးကတော့ အသက် ၆၅ နှစ်အရွယ် မူရာဒ် အလီ မိုဟမ္မဒ် အစ္စလာမ် ဘာသာဝင် တစ်ယောက်ဖြစ်ပြီးပတ်ဝန်းကျင်မှာ လူလေးစားကြည်ညိုရတဲ့ ရှေ့နေတစ်ယောက်လူတိုုင်းနဲ့ အဆင်ပြေပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုတစ်ခုပိုင်ဆိုင်ထားသူဂြိုဟ်ဆိုးဝင်ချင်တော့ သူနဲ့ တစ်အိမ်တည်းနေ သူ့အုပ်ထိန််အဓိကသရုပ်ဆောင်တွေအဖြစ် ဂန္တဝင်မင်းသားကြီး Rishi Kapoor နှင့် မင်းသမီးချော Taapsee Pannu တို့က ပါဝင်သရုပ်ဆောင်ထားပြီး တခြားအနုပညာရှင် အတတ်ပညာရှင်ပေါင်းစုံမှ အကောင်းဆုံး အားဖြည့်ပါဝင်ထားပါတယ်ဇာတ်လမ်းလေးကတော့ ...
movie

Mulk (2018)

2018
Chalk N Duster (2016) 6.5
Chalk N Duster (2016) Chalk N Duster (2016)_____IMDb - 6.5/10    " Chalk N Duster ဇာတ်ကားမှ ဖောက်ထွက်လာသော အတွေးများ " ••••••••••••••••••••••••••• "ငါတို့တတွေဟာ ပညာရေးရဲ့ လင်းရောင်တန်ဆာ ဖြစ်ခဲ့တာမို့ ကမ္ဘာတစ်လွှမ်းလုံးထိ တိုင်အောင် တတ်စွမ်းသမျှလေး လင်းလက်ခဲ့ပါ့မယ် "  [ Song lyrics] ကျွန်မတို့က မြေဖြူတွေ။ ကျွန်မတို့က သင်ပုန်းဖျက် ပစ္စည်းတွေ။ မီးအိမ်ငယ်ငယ် ကို ကိုင်ဆောင်သူတွေ။ တစ်နည်းအားဖြင့် ခြင်းတောင်းလေး ကိုင်ရင်း ဝါသနာလမ်းပေါ် လျှောက်လှမ်းလာကြတဲ့သူတွေ။"ကျွန်မတို့က ဆရာမတွေ " ______________________________အမှန်ပြောရရင် ဒီလို ဇာတ်ကားမျိုးက ကြည့်ချင်လာအောင် ရေးပြရမယ့် Review မျိုးမဟုတ်ပါ။ ဇာတ်ဝင်ခန်း တစ်ခန်းချင်း ကို ကိုယ့်ငယ်ဘဝနဲ့ ပြန်တွေးရမယ့် ပုံပြင်ဆန်နေခြင်းမျိုးပါ။ဒီပုံပြင်တွေထဲက သူရဲကောင်းတချို့ဟာ အပြင်လောကမှာ ရှိခဲ့ပါကြောင်း နားလည်ခဲ့ရမယ့် အတွေးမျိုးပါ။ဒါပေမဲ့ ဇာတ်လမ်းအကျဉ်း ကို ပြောပါစို့ ။KB ဆိုတဲ့ ကျောင်းတစ်ကျောင်းမှာ အုပ်ချုပ်ရေးမှူး အသစ် ဖြစ်တည်လာတဲ့ အချိန်ကစလို့ အုပ်ချုပ်သူနဲ့ ဆရာမတွေ ကြား မသင့်မြတ်မှုလေးတွေက တစ်စ တစ်စ ကြီးထွားလာခဲ့တယ်။စာသင်ခန်းမှာ ဆရာမ ထိုင်ခုံတွေ မထားရှိမှုတွေ။ ...
movie

Chalk N Duster (2016)

2016
Fanaa [2006] 7.2
Fanaa [2006] Fanaa (2006) မြန်မာစာတန်းထိုး ====================IMDb...7.2ကဲ ... အခုလိုအေးချမ်းလှတဲ့ မိုးရာသီလေးမှာ ဆွတ်ပျံကြည်နူးစရာ အချစ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေဗျာ..ဘောလီဝုဒ်ရဲ့ ခန်း(မ်) ၃ ခန်း(မ်)ထဲက နာမည်ကြီး တစ်ယောက်ဖြစ်တဲ့ အမီးရ်ခန်း(မ်)နဲ့ အခုချိန်ထိ ချောဆဲ လှဆဲ မင်းသမီးတစ်လက်ဖြစ်တဲ့ ကာဂျိုလ်တို့က ပါဝင်သရုပ်ဆောင်ထားတဲ့ ကားကောင်းတကားလည်း ဖြစ်ပါတယ်..သူ့ခေတ်သူ့အခါမှာ နာမည်ကြီး အောင်မြင်မှုတွေရခဲ့တဲ့အပြင် အခုထိလည်း လူကြိုက်များဆဲ ဇာတ်ကားကောင််း တစ်ကားဖြစ်ပါတယ်...ဇာတ်ဝင်တေးချိုချိုလေးတွေ၊မှိန့်မေားစရာ နောက်ခံတေးဂီတ ၊ ရိုက်ကွင်းရှု့ခင်း ခပ်လှလှလေးတွေနဲ့ ဆွေးစရာ၊ လွမ်းမောစရာ ကြည်နူးစရာ အချစ်ဇာတ်ကားကောင်းလေး တစ်ကားလည်း ဖြစ်ပါတယ်...ဆုတွေအနေနဲ့လည်း ဘောလီဝုဒ်ရဲ့ အကြီးမားဆုံးဆုပေးပွဲတစ်ခုဖြစ်တဲ့ Filmfare Awards မှာBest Actor (female) အဖြစ် ကာဂျိုလ် Best Playback Singer (Male) အဖြစ် Shaan Best Lyrics အဖြစ် Parsoon JoshiZee Cine Awards မှာလည်း Best Actor (female) အဖြစ် ကာဂျိုလ် Best Playback Singer ...
movie

Fanaa [2006]

2006
Namastey London (2007) 7.3
Namastey London (2007) Namastey London (2007)IMDb (7.3/10)Bollywood အားပေးတဲ့ CM fan တွေအတွက် romance ကားကောင်းလေးတစ်ကားကို recommend ပေးလိုက်ပါတယ်.. Namastey London ..ဒီဇာတ်ကားကတော့ အားလုံးရင်းနှီးနေမှာဖြစ်တဲ့ မင်းသမီးချော Katrina Kaif က Jazz အဖြစ် မင်းသားကြီး Akshay Kumar က Arjun အဖြစ်အဓိကသရုပ်ဆောင်ထားပြီး London နဲ့ အိန္ဒိယကနေရာအချို့မှာ ဇာတ်အိမ်တည်ထားတဲ့ Bollywood ဇာတ်ကားကောင်းတစ်ကားပါ။London လိုမြို့ကြီးမှာပွင့်လန်းနေတဲ့ နှင်းဆီပန်းလေးတစ်ပွင့်ကို ပန်ဂျာဘီလိုမျိုး အိန္ဒိယတောရွာလေးမှာ ပြောင်းစိုက်ပြီး ရှင်သန်ဖို့မျှော်လင့်နေရသလိုပါပဲ နှင်းဆီပန်းလေးသေသွားမလား ရှင်သန်နိုင်မလား..London မြို့ကြီးမှာမွေးဖွားကြီးပြင်းလာပြီး ခေတ်အခေါ်လိုမျိုး ဘိုစိတ်ဝင်နေတဲ့ Jazz တစ်ယောက် အတွေးထဲက သတို့သားလောင်းကလည်း ရုပ်ချောချော London သားမှဖြစ်နေတဲ့အခါ ရိုးရာမဖျက်ချင်တဲ့အဖေဖြစ်သူက မွေးရပ်မြေဖြစ်တဲ့ ပန်ဂျာဘီရွာလေးကို တစ်ဖက်လှည့်ခေါ်လာပြီး English စာတောင်မပြောတတ်တဲ့ Arjun နဲ့ လက်ထပ်ပေးဖို့ကြိုးစားတဲ့နောက် London သူလုံးလုံးဖြစ်နေတဲ့ Jazz တစ်ယောက် ရှေးဆန်တဲ့မိသားစုကို ဘယ်လိုပုန်ကန်မလဲ....London မှာကျန်ခဲ့တဲ့ အင်္ဂလန်သား ...
movie

Namastey London (2007)

2007
102 Not Out (2018) 7.6
102 Not Out (2018) IMDb rating : : 7.6ဒီတစ်ခေါက် ပရိတ်သတ်ကြီးကိုအိန္ဒိယနိုင်ငံရဲ့ အကျော်အမော် သရုပ်ဆောင်ကြီး အမီတာဘဂျမ်းရဲ့ အသစ်စက်စက် ရုပ်ရှင်ကားကြီး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ. . .ဒီကားရဲ့ ထူးခြားချက်ကလေးတွေကို အရင်ဆုံး ကောက်နှုတ်ဖော်ပြပေးပါရစေဇာတ်လမ်းထဲက အမီတာဘဂျမ်းရဲ့ အသက်က 102 နှစ်ရီရှီးကပူးရ်ရဲ့ အသက်က 75 နှစ်27 နှစ် ကွာခြားပာတယ် တကယ့်အပြင်မှာတော့ မင်းသားကြီး ရီရှီးကပူးရ်က အမီတာဘဂျမ်းထက် ၇ နှစ်သာ ငယ်ပါသတဲ့ဒီအချက်ကိုတော့ မင်းသားကြီး အမီတာဘဂျမ်းနဲ့ ရီရှီးကပူးရ်တို့ Ajooba 1991 ဆိုတဲ့ ဇာတ်ကားရဲ့ နောက် နှစ်ပောင်း ၂၇ နှစ်ကြာမှရုပ်ရှင်ဖန်သားပြင်မှာ အတူတကွ တွဲဖက်ပြီး ပြန်လည်သရုပ်ဆောင်တဲ့အမှတ်အသားတစ်ခုအဖြစ် ထည့်သွင်းထားတာ ဖြစ်ပါတယ်တိုက်ဆိုင်စွာပဲ ဒီကားရိုက်ကူးစဉ်မှာမင်းသားကြီး အမီတာဘဂျမ်းဟာ အသက် 75 နှစ်ရှိနေပါပြီဒီကားကို 2016 ခုနှစ် အလယ်လောက်မှာ ရိုက်ကူးဖို့ လျာထားခဲ့ပေမယ့် ဇာတ်ညွှန်းအပြောင်းအလဲကြောင့် ...
movie

102 Not Out (2018)

2018
Student of the Year (2012) 5.5
Student of the Year (2012) Shanaya Singhania.. တစ်​​ကျောင်​းလုံးရဲ queen လို့ ​ပြောရ​လောက်​​အောင်​ လှပပြီးနာမည်​​ကျော်​ကြားသူ Rohan Nanda ရဲ့ ရည်​းစား​Abhimanyu.. မိဘ​တွေ​သေဆုံးသွား​ပြီး အဘွား ရယ်​ သူ့ကိုမကြည်​ဖြူတဲ့အ​ဒေါ်နဲ့​နေရပြီး စာ​တော်​တဲ့​ကျောင်​းသား တစ်​​ယောက်​သူတို့သုံး​ယောက်​ ဒီ​ကျောင်​းမှာအတူတူ​တွေ့ဆုံကြြပြီ ပဋိပက္ခ ​တွေကြားက​နေပဲ အချစ်​ဆုံးသူငယ်​ချင်​း​တွေဖြစ်​ခဲ့ကြပါတယ်​ဘယ်​လိုအ​ခြေအ​နေ​တွေနဲ့ပဲ ​ကျောင်​းကို​ရောက်​လာ​ရောက်​လာ ဒ​ီ​ကျောင်​းမှာ ​တတ်​နေကြတဲ့ ​ကျောင်​းသားတိုင်​း အလိုချင်​ဆုံးဆုက​တော့ Student of the year ဆိုတဲ့ ဆုဖုလားတစ်​ခုပါပဲဒီဆုဖုလား ကိုရရှိဖို့ဆိုရင်​ ပြိုင်​ပွဲ​တွေအများကြီး ယှဉ်​ပြိုင်​ပါတယ်​အဲ့ဒီယှဉ်​ပြိုင်​မှုမှာ သူတို့သူငယ်​ချင်​း​တွေပါဝင်​ယှဉ်​ပြိုင်​မိတဲ့အခါမှာ​တော့ အချင်​းချင်​းမသင်​့မြတ်​မှု​တွေ အတ္တ​တွေ မာနတရား​တွေ ကို ခံစားလာရတဲ့အခါမှာ သူငယ်​ချင်​းသံ​ယောဇဉ်​ဆိုတာလည်း ပျက်​စီးသွားခဲ့ပါတယ်​ဒါ​ပေမယ်​့ ထင်​မှတ်​မထားတဲ့ ဆုဖုလား​ရဲ့​နောက်​ကွယ်​က တက္ကသိုလ်​ပါ​မ္ခောတစ်​ဦးရဲ့ စိတ်​သ​ဘောထားအမှန်​ကို သိရှိခဲ့ပြီးတဲ့အခါမှာ​တော့ ၁၀ နှစ်​​ကြာ ခံစားခဲ့ရတဲ့ သူတို့သူငယ်​ချင်​း​တွေကြားက အာဃာတ ​တွေ​ပျောက်​ကွယ်​သွားပြီ ပြန်​လည်​​ပြေလည်​သွားတဲ့ အ​ကြောင်​း​လေးကို ရိုက်​ကူးထားတဲ့ဇတ်​ကား​ကောင်​း​လေးတစ်​ကားပါ(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ အေးငြိမ်းသူပဲဖြစ်ပါတယ်)File Size : 1.2 ...
movie

Student of the Year (2012)

2012
D Day (2013) 7.3
D Day (2013) ကဲ ဒီတစ်ခါတော့ ခရစ္စမတ်ပိတ်ရက်အတွက် ခပ်ကြမ်းကြမ်းဘောလိဝုဒ် ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား မင်းသမီးတွေကဘောလိဝုဒ်ကားကြိုက် ပရိတ်သတ်တွေနဲ့ မစိမ်းတဲ့နာမည်ကြီးမင်းသားမင်းသမီးတွေဆိုတော့ဇာတ်လမ်းကိုကောင်းမကောင်းတော့ မညွန်းတော့ပါဘူးဇာတ်လမ်း အကျဉ်းလေးကတော့Wali Khan ဟာ ပါကစ္စတန်ကို အိန္ဒိယ အလိုအရှိဆုံးလူဆိုးကြီးကိုဖမ်းဆီးဖို့ အတွက် အဖွဲ့နှင့်ဆက်သွယ်ဖို့စေလွတ်ခြင်းခံခဲ့ရပါတယ်ပါကစ္စတန်မှာက စောင့်နေတဲ့ အဖွဲ့မှာက တော့ ဒိတ်ဒိတ်ကြဲ လူဆိုးတွေပဲဖြစ်ပြီးဒီ ဒိတ်ဒိတ်ကြဲ လူဆိုးအဖွဲ့နဲ့ Wali Khan တယောက် ဘယ်လိုတွေများ ၂ပါးသွားကြမလဲဂန္ဒဝင်လူဆိုးကြီးကိုကောဖမ်းဆီးနိုင်ပါ့မလားဆိုတာတွေကိုတော့ကဲ ဆက်လက်ကြည့်ရှူလိုက်ကြပါတော့ဗျာ
movie

D Day (2013)

2013