Channel Myanmar

RJ Cyler

The Harder They Fall (2021) 5.5
The Harder They Fall (2021) The Harder They Fall (2021)=====================IMDb Rating - 5.5/10ရုပ်ရှင် နာမည်ကတော့ the harder they fall ပါ။ အပြည့်အစုံဆိုရင်တော့ the bigger they are, the harder they fall ပေါ့။အကောင်ကြီးလေလေ အကျနာလေလေ ဆိုတဲ့အဓိပ္ပါယ်ပါပဲ။ ပိုပိုင်ဆိုင်တဲ့သူတွေက ပိုပြီးဆုံးရှုံးတတ်တယ်လို့လည်း ပြောလို့ရပါတယ်။ဒီရုပ်ရှင်ကတော့ ကောင်းဘွိုင်ဇာတ်လမ်းပါပဲ။ ဒါကိုမှ လူမည်းတွေအများစုနဲ့ အဓိက ရိုက်ကူးထားပါတယ်။ ဖြစ်ရပ်မှန်မဟုတ်ပေမဲ့သူတို့တကယ်ရှိခဲ့ကြပါတယ်လို့ ဇာတ်လမ်းအစမှာ စာတန်းထိုးထားခဲ့ပါတယ်။ကောင်းဘွိုင်ရုပ်ရှင်အများစုဟာ လူဖြူကြီးစိုးတာကြောင့် လူမည်းတွေချည်းပဲ တမင်ရိုက်ကူးခဲ့ပုံပါပဲ။ ဒါပေမဲ့ ရုပ်ရှင်ဟာ ရုပ်ရှင်ပါပဲ။ဒီရုပ်ရှင်က ဂန္ဓဝင်တော့မဟုတ်ပေမဲ့ ဖျော်ဖြေရေးအနေနဲ့တော့ တာဝန်ကျေပါတယ်။ ပစ်ခတ်ခန်းတွေလှတယ် ကြမ်းတမ်းတယ်။ဇာတ်လမ်းကတော့ သိပ်မထူးခြားလှပါဘူး။ သရုပ်ဆောင်တွေကတော့ ဆရာကြီးတွေ ခေါ်သုံးထားတာပါ။ Idris Alba, Regina Kingတို့လို နာမည်ကျော်တွေ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရူးဖက်ဘက် ...
movie

The Harder They Fall (2021)

2021
White Boy Rick (2018) 6.5
White Boy Rick (2018) White Boy ဆိုတဲ့အသံကြားလိုက်တာနဲ့ အမေရိကရဲ့လူဖြူလူမည်းပရိပက္ခတွေကို အနည်းငယ်တီးမိခေါက်မိရှိတဲ့သူတွေက ဇာတ်လိုက်ဖြစ်သူ Rick ရောက်ရှိနေတဲ့ ပတ်ဝန်းကျင်အခြေအနေကိုခန့်မှန်းမိကြမှာပါ။Rick ဆိုတာက Richard Wershe Jr. လို့ခေါ်တဲ့ ၁၄ နှစ်သားကောင်လေးတစ်ယောက်။မိဘဖြစ်သူတွေက တရားဝင်ကွာရှင်းထားပြီးသားဖြစ်တဲ့အတွက် အဖေ့စောင့်ရှောက်မှုအောက်မှာ အစ်မဖြစ်သူနဲ့အတူနေထိုင်တယ်။သူတို့နေထိုင်တဲ့နေရာက Detroit လို့ခေါ်တဲ့ နယ်စပ်မြို့၊ လူမည်းအများစုနေထိုင်ပြီး ဒုစရိုက်မှုတွေမှိုလိုပေါတဲ့မြို့တစ်မြို့ပေါ့ဗျာ။Rick Jr. ရဲ့အဖေဖြစ်သူက လိုင်စင်ရသေနတ်ရောင်းဝယ်ရေးသမားဖြစ်တာနဲ့အညီ ဂိုဏ်းစတားတွေ၊ဒုစရိုက်သမားတွေနဲ့ အမြဲမပြတ်ဆက်ဆံနေရတဲ့သူပေမယ့် ဗီဒီယိုစတိုးလေးဖွင့်ပြီး မိသားစုနဲ့အတူအေးအေးဆေးဆေးဘဝကိုဖြတ်သန်းချင်တဲ့သူ။တစ်ရက်မှာ Rick Jr. တစ်ယောက် သူ့အဖေသေနတ်ပြပွဲကနေ အောက်ကြေးနှိုက်လာတဲ့ AK47 နှစ်လက်ကို Johnny လို့ခေါ်တဲ့ လူမည်းတစ်ယောက်ဆီသွားရောင်းရာကနေ သူတို့အဖွဲ့နဲ့ဓာတ်ကျပြီး ဘော်ဒါတွေဖြစ်သွားကြတယ်။Johnny တို့အဖွဲ့က အားလုံးလူမည်းတွေချည်းဖြစ်တဲ့အတွက် သူတစ်ဦးတည်းသာလူဖြူဖြစ်နေတဲ့ Rick Jr. တစ်ယောက် White Boy Rick ဆိုတဲ့ နာမည်ပြောင်ရပြီး အဖွဲ့ဝင်တစ်ယောက်လိုဖြစ်လာတယ်။အဲဒီလိုရက်သတ္တပတ်တွေဖြတ်သန်းပြီးတဲ့အခါမှာတော့ Rick Jr. ရဲ့အဖေ လိုင်စင်မရှိပဲ Silencer ...
movie

White Boy Rick (2018)

2018
Power Rangers (2017) 5.9
Power Rangers (2017) Power Rangers (2017)_____IMDb - 5.9/10  Mighty Morphin Power Rangers 2017 Reboot Movie နာမည်ကြားရုံနဲ့ ခင်ဗျားတို့တွေကြက်သီးတဖျန်းဖျန်းထရုံမကပဲ အသားတွေပါတဆတ်ဆတ်တုန်သွားမယ်ဆိုတာ ကောင်းကောင်းကြီးအာမခံပါတယ်…. တကယ်တော့ဒီရုပ်ရှင်ကို အညွှန်းတောင်တကူးတကရေးပြီးတော့ ညွှန်းနေစရာမလိုလောက်ပါဘူး… ဘာကြောင့်လဲဆိုတော့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့အပြင် ကျွန်တော်တို့နဲ့အတူတကွကြီးပြင်းလာတဲ့ ငယ်ဘဝဇာတ်ကောင်လူစွမ်းကောင်းများဖြစ်တဲ့ Power Rangers တွေဖြစ်တာကြောင့် အားလုံးလည်း ရင်းနှီးပြီးသားဖြစ်ကြပါလိမ့်မယ်….. ဒါပေမယ့် တစ်ခုပြောစရာရှိတာက ဒီရုပ်ရှင်ထဲကအဓိကဇာတ်ကောင်တွေ Power Rangers တွေဖြစ်လာမယ့် Angel Groove မြို့ရဲ့အထက်တန်းကျောင်းသားတွေဖြစ်ကြတဲ့ Power Rangers တွေဖြစ်လာကြမယ့် အထက်တန်းကျောင်းသားလေးတွေဖြစ်တဲ့ Jason,Kimberley,Billy,Zack,Trini တို့ဟာ ကျွန်တော်တို့ငယ်ငယ်ကရင်းနှီးခဲ့ကြတဲ့အတိုင်း လူတော်လူကောင်း အများအကျိုးသယ်ပိုးကြတဲ့ လူငယ်လေးတွေမဟုတ်ကြဘဲ ကျောင်းရဲ့ လူပေလူတေလေးများဖြစ်နေတာကို အံ့အားသင့်ဖွယ် မြင်ရမှာပဲဖြစ်ပါတယ်…. ဒါ့အပြင် ဒီရုပ်ရှင်ဟာလှည့်ကွက် မြှပ်ကွက်များစွာနဲ့ တင်ဆက်ထားတဲ့အပြင်ကို ဇာတ်လမ်းအစမှာကိုပဲ ကြည့်ရှု့သူပရိတ်သတ်တွေအားလုံးကို ”ဟာ ဒါကဒီလိုပါလား” ဆိုပြီး အံ့အားသင့်ရေရွတ်ရလောက်အောင်ကို တင်ဆက်ထားတာကိုလည်း ကြည့်ရှု့ရဦးမှာဖြစ်ပါတယ်…. ဇာတ်လမ်းအကျဉ်းလေးကိုတော့ အခုပြောပြတာထက် ကိုယ်တိုင်ခံစားကြည့်ရှု့လိုက်တာက ပိုပြီးတော့ ရင်ခုန်စိတ်လှုပ်ရှားမှု့တွေပေးစွမ်းနိုင်မှာမို့ အခုပဲ  ဒေါင်းကြည့်ကြဖို့အတွက် တိုက်တွန်းချင်ပါတယ်… နောက်ပြီး Original Power Rangers ရဲ့ Theme Song ကိုထပ်မံမွန်းမံထားပြီးတော့ နောက်အသစ်ထည့်ထားတဲ့ နောက်ခံတီးလုံးတွေက ဇာတ်ကိုလုံးဝအထွတ်ထိပ်ရောက်စေပြီး ကောင်းမွန်လှပစေခဲ့ပါတယ်… ကျွန်တော်တို့တွေ ဒီရုပ်ရှင်မထွက်လာခင်ကတည်းက Ranger တွေရဲ့ Suit တွေ Morpher တွေ Zord တွေကိုကြည့်ပြီးစိတ်ပျက်ခဲ့ရတာတွေက ဒီရုပ်ရှင်ကိုတကယ်တမ်းကြည့်လိုက်ရတဲ့အခါမှာတော့ အကုန်ပျောက်သွားမယ်ဆိုတာ ...
movie

Power Rangers (2017)

2017
Sierra Burgess Is a Loser (2018) 6.3
Sierra Burgess Is a Loser (2018) ဒီကားလေးကတော့ Netflix ကရိုက်ထားတဲ့ ကျောင်းသားအချစ်ဇာတ်ကားလေးပါဝဝတုတ်တုတ်ကောင်မလေးတစ်ယောက်ရဲ့ အချစ်ပုံပြင်လေးကို ဟာသလေးတွေ ရင်ခုန်စရာလေးတွေနဲ့ ရိုက်ထားတဲ့အတွက် လူငယ်တွေသဘောကျမှာပါအထက်တန်းကျောင်းသူတစ်ဦးဖြစ်တဲ့ ဆီရာဘားဂျက်စ်ဟာ လူတိုင်းကအစခံအလှောင်ခံရတဲ့ ဝဝတုတ်တုတ် ဖက်တီးမလေးပေါ့ဒါပေမဲ့သူကစာဘက်မှအရမ်းထူးချွန်တဲ့သူတစ်ယောက်လဲဖြစ်တယ်သူ့ကိုအနိုင်ကျင့်တဲ့ ကျောင်းသူတွေထဲမှာ ပေါ်ပြူလာဖြစ်တဲ့ ဗရော်နီကာ တို့အဖွဲ့လဲပါတယ်တစ်ရက် ဗရော်နီကာ့ကို သဘောကျတဲ့ တခြားကျောင်းက ဂျေမီဆိုတဲ့ ကောင်လေးတစ်ယောက်က ဗရော်နီကာ့ဖုန်းနံပါတ်ကိုလာတောင်းတဲ့အချိန် ဆီရာဘားဂျက်စ်ရဲ့ နံပါတ်ကိုပေးလိုက်တယ်အဲ့ဒိကောင်လေးဟာ ဆီရာ့ကို ဗရော်နီကာ အမှတ်နဲ့ စာပို့ပြီးစကားပြောတယ်ဆီရာကလဲ ပြန်ပြောရင်း ညတိုင်းသူတို့ဖုန်းတွေပြော သံယောဇဉ်တွေလဲတိုးပေါ့ဂျေမီကတော့ ဆီရာ့ကိုမသိပါဘူးဗရော်နီကာလို့ပဲ ထင်နေခဲ့တာပါဒီလိုနဲ့ ဆီရာက ဗရော်နီကာနဲ့ အပေးအယူတစ်ခုလုပ်ပြီး သူ့နေရာမှာ ဝင်ဟန်ဆောင်ခိုင်းတယ်ဆီရာ နဲ့ ဗရော်နီကာ တို့ရဲ့ Friendship ကလဲ တိုးလာတာပေါ့အဲ့ဒိနောက်မှာတော့ သူတို့နှစ်ယောက် ဆက်ဟန်ဆောင်ပြီး ဂျေမီ့ကိုအရူးလုပ်နိုင်မှာလားကြားထဲမှာဘယ်လိုအခက်အခဲတွေနဲ့ ကြုံရမလဲဆီရာရဲ့အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုအဆုံးသတ်မလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပါနော်လူငယ်တွေကြိုက်နှစ်သက်မယ် လို့ မျှော်လင့်ရတဲ့ ဇာတ်ကားလေးဖြစ်လို့ ကြည့်ပါလို့ တိုက်တွန်းပါရစေ ??? (ဇာတ်လမ်းအညွှန်း နှင့် ဘာသာပြန်သူကတော့ခင်ပြည့်စုံကျော်ပါ) File Size ...
movie


2018