Channel Myanmar

Robert Englund

A Nightmare on Elm Street (1984) 7.5
A Nightmare on Elm Street (1984) A Nightmare on Elm Street (1984) =========================Rotten Tomatoes… 94%IMDb… 7.5ကျွန်တော်တို့ငယ်ငယ်တုန်းကဒီရုပ်ရှင်ကိုကြည့်ဖူးကောင်း ကြည့်ဖူးကြပါလိမ့်မယ်။အိပ်မက်ထဲမှာ လူလိုက်သတ်တဲ့မကောင်းဆိုးဝါးကြီး Freddy လေ။လက်သည်းမှာ ဓားအချွန်တွေနဲ့လေ။ကြည့်ပြီးညမအိပ်ရဲကြတော့ဘူးလေ။မှတ်မိတယ်မလား ?သင်အိပ်လိုက်တာနဲ့ကို သင့်ကိုအိပ်မက်ဆိုးတွေပေးပြီးလိုက်သတ်နေတဲ့ကောင်ကြီးတစ်ကောင်ရှိရင်ဘယ်နှယ့်​လုပ်မလဲ။နိုးထလာတာနဲ့ သင်ပြန်အိပ်ဖို့ကိုကြောက်နေပါလိမ့်မယ်။ဘယ်တော့မှလည်း ပြန်အိပ်ရဲမှာ မဟုတ်တော့ပါဘူး။မအိပ်ရတာ ရက်တွေဆက်လာတဲ့အခါဘာတွေဖြစ်လာလေမလဲ ?မအိပ်ရတဲ့ ရောဂါကို လူတိုင်းလိုလိုကြုံဖူးကြမှာပါ။အရမ်းခံရခက်တယ်။ ခေါင်းတွေမူးလာမယ်။စိတ်တွေခြောက်ခြားလာမယ်။မူမမှန်​ဖြစ်​လာမယ်​။အဲ့ဒီအခါ ဘယ်လိုဖြတ်ကျော်မလဲ ?ဇာတ်လမ်းအကျဉ်း =============Freddy Krueger ဟာ လူငယ်လေးတွေကိုအိပ်မက်ဆိုးတွေပေးပြီး အိပ်မက်ထဲမှာလူလိုက်သတ်တဲ့မကောင်းဆိုးဝါးပဲဖြစ်ပါတယ်။နန်စီ တို့သူငယ်ချင်းတစ်စုကိုFreddy Krueger မှ အိပ်မက်တွေပေးပြီးလိုက်သတ်တဲ့အခါမှာတော့…. ။ကျွန်တော်တို့ရဲ့အချစ်တော်မင်းသားကြီးJohnny Depp သရုပ်ဆောင်ထားတဲ့ရုပ်ရှင်လည်းဖြစ်တာမို့သူ့ရဲ့ငယ်ရုပ်လေးကိုလည်း မြင်နိုင်ပါတယ်။ကြည့်ပြီးရင်လည်း အိပ်မက်လှလှမက်ကြပါစေ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်တင်ဆက်ထားသူကတော့ Chan Myae Kyaw ဖြစ်ပါတယ်။)  File size…(1.6 GB) and (970 MB) Quality…BluRay 1080p and 720p Format…mp4 Duration….01:41:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Chan Myae Kyaw 
movie

A Nightmare on Elm Street (1984)

Freddy vs. Jason (2003) 5.7
Freddy vs. Jason (2003) Freddy vs. Jason (2003) IMDb - 5.7/10_____Rotten - 41%    အကယ်၍ မင်းဟာ Elm Street လမ်းမတွေထက်မှာ one, two Freddy's Coming For you three, Four Better Lock the Door …… ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ကိုကြားလိုက်ပြီ ဆိုရင် သေချာတယ် မင်းရဲ့ အဲ့ဒီအိမ်မက်ဆိုးကနေ မြန်မြန် နိုးထဖို့ လိုနေပါပြီ ဘာ့လို့လဲ ဆိုတော့ မင်း ဆက်ပြီး အိပ်စက်နေဦးမယ်ဆိုရင် Freddy Krueger ဆိုတဲ့ မကောင်းဆိုးဝါးကြီးက မင်းကို ထာဝရ မနိုးသောအိပ်စက်ခြင်းတွေဆီကို ရက်ရက်စက်စက် ပို့ဆောင်ပေးတော့မှာမလို့ပါပဲ အလားတူပဲ Crystal Lake မြို့လေးရဲ့ စခန်းချအနားယူအပန်းဖြေရာ Camp Crystal Lake မှာ ………… Chi Chi Chi Hah Hah Hah Chi Chi Chi Hah Hah Hah ဆိုတဲ့ အသံကြားလိုက်မယ် ဆိုရင်ရော………?? လှည့်ကြည့်မနေပါနဲ့ ပြေးသာ ပြေးပါတော့ Jason ဆိုတဲ့ ...
movie

Freddy vs. Jason (2003)

2003