Channel Myanmar

Ryu Seung-ryong

Hwang Jin Yi (2007) 6.4
Hwang Jin Yi (2007) ဇာတ်လမ်းအကျဉ်းမျိုးရိုးမြင့်တဲ့ အမတ်ကြီးတစ်ယောက်ရဲ သမီးအဖြစ် မွေးဖွားလာတဲ့ ဟွမ်ဂျင်းရီက အပြင်လောကကို မထွက်ရပဲ သူမရဲ့ အိမ်တော်မှာပဲ အမြဲနေရပါတယ်အဲ့လိုနေပြီး ဟန်ယန်းက ချမ်းသာတဲ့ မိသားစုရဲ့သားနဲ့ လက်ထက်နိုင်ဖို့အတွက် စောင့်စားနေရတာပါ...မြင်တဲ့သူတိုင်း စွဲလမ်းလောက်အောင် လှပချောမောတယ်လို့ နာမည်ကြီးပေမယ့်... သူမကို ငယ်ငယ်တည်းက ကာကွယ်ပေးတဲ့ ကိုယ်ရံတော် နွန်ရီ ကြောင့်လည်း အိမ်တော်ရဲ့ မမလေးကို ဘယ်သူမှ မထိရဲကြပါဘူးတစ်နေ့မှာ သူမက အစေခံမိန်းမကနေ မွေးဖွားလာတဲ့ သွေးနှောတစ်ယောက်ဖြစ်ကြောင်း ပျံ့နှံ့သွားတဲ့ အခါ သူမရဲ့ လက်ထပ်ပွဲလည်းပျက်သွားခဲ့ပါတယ်...အစေခံဖြစ်တဲ့ မိခင်ဟာ မသေခင်အထိ ကချေသည်အဖြစ် အသက်မွေးခဲ့ကြောင်းကို သူမ သိသွားခဲ့ပါတယ် ၊ အဲ့နောက် သူမလည်း ကချေသည်လုပ်ဖို့အတွက် ရွေးချယ်လိုက်ပါတော့တယ်တစ်သက်လုံး မင်းသမီးလိုနေလာခဲ့တဲ့ အိမ်တော်ရဲ့ မမလေးက ကချေသည် ဘဝကိုရောက်သွားတဲ့အခါမှာကော သူမ မကြုံဖူးတဲ့ လောကဒဏ်တွေကို ဘယ်လိုရင်ဆိုင်မလဲ... သူမရဲ့ အချစ်ကိုရော ဘယ်လိုတွေ့နိုင်မှာလဲဆိုတာ ဒီဇာတ်ကားလေးမှာ ကြည်ရှုလိုက်ပါနော်...။( အညွှန်းရေးသားထားသူကတော့ Han Thu Aye ...
movie

Hwang Jin Yi (2007)

Good Morning President (2009) 5.9
Good Morning President (2009) Good Morning Presidentထီဆုကြီးပေါက်ပေမယ့် သမ္မတဖြစ်နေတာကြောင့် ဆုငွေကို ယူဖို့ အခက်တွေ့ခဲ့ရတဲ့ သမ္မတ ဂင်ဂျောင်ဟို...ကျောက်ကပ်လှူပေးဖို့ လူအများ​ရှေ့အကူအညီ တောင်းခံခဲ့ရလို့ အကျပ်ရိုက်ခဲ့ရတဲ့ သမ္မတ ချာဂျီဝုနဲ့...အိမ်ထောင်ရေး ကွာရှင်းဖို့ ပြဿနာရင်ဆိုင်ခဲ့ရတဲ့ အမျိုးသမီးသမ္မတ ဟန်ဂယောင်ဂျာ...သူတို့ ၃ဦးရဲ့ မတူညီတဲ့ ခေါင်းဆောင်စိတ်ထား ခံယူချက်တွေနဲ့ ပြည်သူတွေအတွက် အရာရာစွန့်လွှတ်ပြီး ပြည်သူတွေ ပျော်ရွှင်မှုကိုပဲ ရှေ့တန်းတင်ရတဲ့ သမ္မတတစ်​ယောက်ရဲ့ ပျော်ရွှင်မှူဆိုတာကလည်း အရေးကြီးကြောင်းကို...တောင်ကိုရီးယား သမ္မတ (၃)ဆက်နဲ့အတူ နိုင်ငံရေးအရှုပ်တွေကြား သမ္မတစ်ယောက်ရဲ့ personal lifeကို ဟာသလေးတွေ နှောပြီး ရိုက်ကူးထားတဲ့ Political Comedy Movieဖြစ်လို့ ကြည့်ရှုလိုက်ကြရအောင်ပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ )File Size__(1GB) Quality__720p IMDb Rating__5.6/10 Format__mp4 Duration__02:10:00 Type__Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Hay Mann Thitsar Encoded ...
movie

Good Morning President (2009)

Extreme Job ( 2019 ) 7.6
Extreme Job ( 2019 ) Extreme Job (2019)  IMDb 7.3 ရရှိထားတဲ့ဇာတ်ကားကောင်းလေးနဲ့တင်ဆက်ပေးလိုက်ပါတယ် အမှုလိုက်တိုင်း အလွဲလွဲအချော်ချော်ဖြစ်ပြီးရာထူးမတိုးပဲ အဖွဲ့ခေါင်းဆောင်သာ ဖြစ်နေတဲ့စုံထောက်ဂို နဲ့ သူ့အဖွဲ့ဟာ တစ်နေ့မှာ မူးယစ်ရာဇာ လီမွန်ဘယ်ကို ဖမ်းဖို့ဖြစ်လာတဲ့အခါမှာ..တော့ တလွဲတွေဆက်ဖြစ်ကြပြန်တာပါပဲ လီမွန်ဘယ်ကို အနီးကပ်စောင့်ကြည့်ဖို့ ကြက်ကြော်ဆိုင်မှာစောင့်ကြည့်ရင်းနဲ့ကြက်ကြော်ဆိုင်ကလည်းရောင်းထုတ်ရမယ့်အခြေအနေဖြစ်လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ…တလွဲတွေလုပ်တတ်တဲ့ စုံထောက်ဂိုတစ်ယောက် လီမွန်ဘယ်ကို ဖမ်းဆီးနိုင်ပါ့မလားဆိုတာ ဆက်လက်ခံစားကြည့်ရှုပါ 2019 အသစ်ထွက် ကိုရီးယားစုံထောက်ကားလေးပဲဖြစ်ပါတယ်  This Movie is Brought To You By Channel MyanmarReview By Ei PyaeGenre..... Action, Comedy, Crime Quality…. 1080p | 720p | 480p File size…1.77GB | 792MB | 366MB Format… mp4 Duration…. 1h 51min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Zoey Encoder ..... August
movie

Extreme Job ( 2019 )

2019
The Admiral: Roaring Currents (2014) 7.1
The Admiral: Roaring Currents (2014) The Admiral: Roaring Currents (2014) IMDb....7.1/10_______Rotten - 83%လီဆွန်းရှင်းဟာ ဂျိုဆွန်းတပ်မတော်မှာ အမှုထမ်းချိန်က စပြီး အောင်ပွဲတွေ အလီလီ ရခဲ့ပြီး ထင်ရှားလာခဲ့တယ်။ ၆လအတွင်းမှာ ထိပ်တန်းရာထူး သုံးဆင့်တက်တဲ့အထိ ထူးချွန်ခဲ့ပြီး ဂျပန်စစ်မင်း Toyotomi Hideyoshi ရဲ့ ကိုရီးယားကို ကျူးကျော်စစ် (Imjin War) စတင်ချိန်မှာ လီဆွန်းရှင်းဟာ ရေတပ်သေနာပတိဖြစ်နေပါပြီ။ ဂျပန်တွေရဲ့ကျူးကျော်တိုက်ခိုက်ချိန်မှာ ကြည်းတပ်တိုက်ပွဲတွေမှာ အသာစီးရခဲ့ပေမယ့် လီဆွန်းရှင်းဦးဆောင်တဲ့ရေတပ်ကိုတော့ မစိုးမိုးနိုင်ခဲ့ဘူး.... ကိုရီးယားကို ရေကြောင်းနဲ့ စိုးမိုးချင်ရင် လီဆွန်းရှင်းမရှိမှ ဖြစ်မယ်ဆိုတာကို ရိပ်စားမိလာတဲ့ ဂျပန်တွေဟာ ဂျိုဆွန်းရဲ့နန်းတွင်းရေး မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး သူလျျှိုသွင်းတဲ့အပြင် သစ္စာဖောက် အမတ်တွေနဲ့ ပေါင်းကြံပြီး ထောင်ချောက်တစ်ခု ဆင်ပါတယ်။ ဂျပန်ရေတပ်တွေရဲ့ သတင်းကို ကိုရီးယားသစ္စာခံအယောင်ဆောင် ဂျပန်သူလျှိုကနေ တစ်ဆင့်ပို့တဲ့အခါ ဘုရင်ဆွန်းဂျိုက လီဆွန်းရှင်းကို သွားတိုက်ခိုင်းတယ်။ ဒါဟာထောင်ချောက်မှန်း ရိပ်စားမိနေတဲ့ လီဆွန်းရှင်းက အမိန့်ကို ဖီဆန်ပြီး မတိုက်တဲ့အခါ ထီးနန်းကိုလုပ်ကြံမယ့်သူအဖြစ် စွပ်စွဲခံရတော့တယ်။ လီဆွန်းရှင်းကို စစ်သည်တွေနဲ့ ပြည်သူတွေက ကြည်ညို ကြတာကို မနာလိုတဲ့အပြင် သူ့ထီးနန်းကိုပါ စိတ်မချဖြစ်နေတဲ့ ဘုရင်ဆွန်းဂျိုဟာ လီဆွန်းရှင်းကို ဖမ်းပြီး ရာထူးချတဲ့အပြင် နှိပ်စက် စစ်မေးစေတယ်။ အထက်ကပြောခဲ့တာတွေဟာ ဒီဇာတ်ကားမှာ မပါပါဘူး...ဒီကားရဲ့အစကတော့ လီဆွန်းရှင်းမရှိတဲ့ရေကြောင်းကို ဂျပန်တွေအသာစီးရပြီးတဲ့အချိန်မှာမှ ဘုရင်ဆွန်းဂျိုကနေ လီဆွန်းရှင်းကို ပြန်လည်တာဝန်ပေးအပ်ပြီး ဂျပန်ရေတပ်ကိုခုခံတိုက်ခိုက်စေခဲ့တာနဲ့စပါတယ်... လီဆွန်းရှင်းအတွက် ပထမတိုက်ပွဲက လက်ကျန် ...
movie

The Admiral: Roaring Currents (2014)

2014
Battlefield Heroes (2011) 5.4
Battlefield Heroes (2011)  ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဟိုးအရင်ခေတ် ဂိုဂူလျောတိုင်းပြည်နဲ့ တရုတ်မင်းဆက် ကြားက တိုက်ပွဲကို ဟာသနှောပြီး ရိုက်ပြထားတာပါ ။ဒီထဲမှာ ကိုရီးယားက တကယ့်မင်းသားကြီးဖြစ်တဲ့ Jin-young Jung ၊ (Kingdom)အပြင် နာမည်ကြီးဇာတ်ကားတော်တော်များများမှာပါတဲ့ Seung-ryong Ryu ၊ Je-mun Yun တို့အပြင် အာရှမင်းသားဆိုပြီး နာမည်ကြီး မိန်းကလေးတွေအရမ်းကြိုက်ပြီး Running Man မှာလည်းပါတဲ့ သစ်ကုလားအုတ် အီဂွမ်ဆူ ( Lee Kwang-Soo ) ကလည်း အခွီဇာတ်ရုပ်နဲ့ ပါဝင်ထားပါသေးတယ် ။ ဇာတ်လမ်းကတော့ ...လူအင်အားနည်းနေတဲ့ ထန်မင်းဆက်က ဂိုဂူလျောကိုတိုက်ခိုက်ဖို့အတွက် ရှီလာတွေဆီကနေ စစ်ကူတောင်းပါတော့တယ်ရှီလာတွေကလည်းဘတ်ဂျယ်နဲ့မြစ်တောင်ပိုင်းပေးရင် စစ်ကူလွှတ်မယ်လို့ကတိတောင်းခဲ့တာပေါ့ဒီလိုနဲ့ စစ်ပွဲအတွက် ပေါ်တာဆွဲတဲ့ထဲမှာ ဘတ်ဂျယ်ကမူဂွန်ဆိုတဲ့တစ်ယောက်လည်းပါသွားပါတယ် သူက စစ်မတိုက်ချင်တဲ့သူပါ ( သူရဲ့စစ်ပွဲတွင်းမသေအောင်နေနည်းတွေက အံ့မခမ်းပါပဲ )မွန်ဒီ ( Lee Kwang-Soo ) ဆိုတဲ့တစ်ယောက်ကတော့ စစ်တိုက်မယ်ဆိုပြီး ကိုယ်တိုင်လိုက်လာခဲ့တဲ့သူပါစစ်တိုက်ချင်တဲ့သူ မတိုက်ချင်လို့ကန့်လန့်လိုက်လုပ်တဲ့သူ သူတို့နှစ်ယောက်ရဲ့ဟာသအလွဲတွေနဲ့ ...
movie

Battlefield Heroes (2011)

Possessed (2009) 6.2
Possessed (2009) [Unicode]CM Fan တွေအတွက် 2009 တုန်းက ထွက်ရှိခဲ့တဲ့ Possessed ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ။ Horror Movie ကြိုက်နှစ်သက်တဲ့သူတှေအတွက်တော့ တကယ်အကြိုက်တွေ့စေမယ့် ဇာတ်လမ်းမျိုးပါ ။ဇာတ်လမ်းအကျဉ်းဟီဂျင်းဟာ ဆိုးလ်မှာနေပြီး တက်ကသိုလ်တက်နေတဲ့ ကျောင်းသူတစ်ယောက်ပါ ။သူမမှာ အသက် ၁၄ နှစ်အရွယ် ညီမတစ်ယောက်ရှိပါတယ်တစ်ရက်မှာတော့ ညီမဖြစ်သူပျောက်ဆုံးသွားကြောင်း သူမအမေက ဖုန်းဆက်အကြောင်းကြားခဲ့တဲ့နောက်သတင်းကြားကြားချင်း သူ့အမေရှိတဲ့မြို့ဆီပြန်သွားပြီး ရဲစခန်းမှာ လူပျောက်တိုင်ခဲ့ပါတယ် ။ဘာသာရေးအစွန်းရောက်တဲ့ မိခင်ဖြစ်သူကတော့ ဆက်တိုက်ဆုတောင်းနေမယ်ဆိုရင် သူ့သမီးလေးကို ပြန်တွေ့မယ်လို့ ယုံကြည်နေပါတယ် ။အိမ်နီးနားချင်းတွေကတော့ ညီမဖြစ်သူကို မြင်လိုက်တယ်လို့ပဲ ပြောနေကြပြီး အချို့ကလည်း သူမရဲ့ ညီမကို လူမဟုတ်ဘူးလို့ပြောဆိုကြပါတယ် ။ဒါပေမယ့် ညီမဖြစ်သူ ပျောက်ဆုံးပြီးနောက်မှာတော့ ထူးခြားမှုတွေရှိလာပါတယ်....သူတို့အဆောက်အဦးက အခြား တိုက်ခန်းတွေမှာ လူသေဆုံးမှုတွေရှိလာပြီ...ဒါကြောင့် နောက်ပိုင်းမှာ ရဲကလည်း သူမရဲ့ညီမ ပျောက်ဆုံးမှုနဲ့ ဒီလိုလူတွေသေဆုံးတာက ဆက်စပ်မှုရှိနိုင်ကြောင်း ကောက်ချက်ချပြီး စုံစမ်းပါတော့တဲ့အခါ...အဲ့လိုစုံစမ်းမှုတွေ လုပ်ပြီး ...
movie

Possessed (2009)

Masquerade (2012) 7.8
Masquerade (2012) CM Fan တွေ အတွက် မင်းသား လီဗြောင်ဟွန်း သရုပ်ဆောင်ထားတဲ့ နန်းတွင်း ရုပ်ရှင်ကား တစ်ကား တင်ဆက်ပေးလိုက်ပါတယ် ကိုရီးယားတွေ အတွက် တိုင်းပြည် တစ်ခု တည်ထောင်တဲ့အခါ ဘုရင်က အာဏာ ရှိရင်ရှိ မဟုတ်ရင် အမတ်တွေ ၀န်ကြီးတွေက အာဏာရှိလာတဲ့အခါ တိုင်းပြည်က ဘေးဒုက္ခရောက်တော့တာပါပဲ ဂျိုဆွန်း ခေတ်က ဘုရင် ဂွန်ဟေး ဟာ အမတ်ကြီးတွေ ၊ ၀န်ကြီးတွေ ရဲ့ သတ်ချင်ရလောက်တဲ့ ဘုရင်တစ်ပါးဖြစ်ပါတယ်... တိုင်းရေး ပြည်ရေး ကို သိပ်စိတ်မ၀င်စားပဲ အပျော်အပါးလောက်ပဲ ၀ါသနာပါတဲ့သူပါ... တစ်ရက်မှာ ဘုရင့် ရဲ့ ယုံကြည်ရတဲ့ အထိန်းတော် နဲ့ အတွင်းဝန် တို့ဟာ ဘုရင် နဲ့ ချွတ်စွတ်တူတဲ့ နယ်လှည့်အကသမား တစ်ယောက်ကို တွေ့ရှိခဲ့ပြီး ဘုရင်နေရာ ခဏ အစားထိုးထားမယ် စိတ်ကူးပါတယ် အဓိပါယ်ကတော့ ဘုရင် အစစ်နေရာ အစားထိုးခံပြီး သေချင်ရင်သေ ဆိုတဲ့အဓိပါယ်နဲ့ ပါပဲ... ရိုးအ တဲ့ သူကတော့ ဘုရင်နေရာ ဟန်ဆောင်အဖြစ် ရောက်ရှိခဲ့ပြီး ဘုရင် အစစ် မရှိတဲ့အခိုက် တာဝန်တွေကို လွှဲပြောင်းယူထားရင်း နန်းတော်က ပြည်သူတွေကို ကိုယ်ချင်းမစာမနာ လုပ်ရပ်တွေ မျက်ဝါးထင်ထင် တွေ့ရှိခဲ့ပြီးတဲ့နောက်မှာတော့.... ဘာသာပြန်ကတော့ သင်ဇာထက် ဖြစ်ပြီး သစ်ဆန်းခန့် ...
movie

Masquerade (2012)

2012
Seoul Station (2016) 6.1
Seoul Station (2016) ဒီကားလေးက 2016မှာ ထွက်ရှိထားပြီး IMDb rating 6.1 ရထားတဲ့ korea animationကားလေးဖြစ်ပါတယ်။ Train to busan မထွက်ခင်က ထွက်ထားတဲ့ဇာတ်ကားကောင်းတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကဆိုးလ်ရထားဘူတာကို ဗိုင်းရပ်ကူးနေတဲ့ အိမ်ယာမဲ့တယောက် ရောက်လာတာကနေ တမြို့လုံးကို ပြန့်သွားပြီးလူတွေအကုန်လုံးနီးနီးကို ကူးကုန်ပါတယ်။ ဘူတာမှာ အိပ်ကြတဲ့ အိမ်ယာမဲ့တချို့နဲ့ မြို့ကလူတချို့ပဲအသက်ရှင် ကျန်ပါတော့တယ်။ ဟီဆန်ဆိုတဲ့ ကောင်မလေးကလည်း သူ့ရည်းစားနဲ့ စကားများပြီးဘူတာကို ရောက်လာပြီး ဗိုင်းရပ်ကူးထားတဲ့ လူတွေ လိုက်လို့ ပြေးရင်းနဲ့ ဒုက္ခရောက်နေလို့သူ့ကောင်လေးနဲ့ သူ့အဖေက လိုက်ရှာကြပါတယ်။အဲ့ဖြစ်စဉ်တစ်ခုမှာ သူမကိုရော သူ့အဖေနဲ့သူ့ကောင်လေးက ရှာတွေ့ပါ့မလား။ ဗိုင်းရပ်ကူးထားတဲ့လူတွေကိုရော ဘယ်လို ရှင်းကြမလဲ ဆိုတာကတော့………Train to busanလိုပဲ စိတ်လှုပ်ရှားစရာ ဇာတ်ကား‌ကောင်း‌လေးတကား ဖြစ်ပါတယ်။ကြည့်ရှုအားပေးကြပါဦး ခင်ဗျာ။(ဒီဇာတ်လမ်းကို အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Ko Aung Kyaw Swe ပဲဖြစ်ပါတယ်။) ---------------------------------------------------------ဒီကားေလးက 2016မွာ ထြက္ရွိထားၿပီး IMDb rating ...
movie

Seoul Station (2016)

2016
Seven Years of Night (2017) 6.1
Seven Years of Night (2017) ပထမဆုံးပြောရမယ်ဆိုရင် ဒီကားဟာကျွန်တော်တို့မြန်မာပရိတ်သတ်တွေနဲရင်းနှီးပြီးသားဖြစ်တဲ့မင်းသား Ryu Seung နဲ့ မင်းသား Jang Dong Gun (ဒါရိုက်တာရင်)တို့ကပါဝင်ထားပြီး ထူးချွန်ဆုတွေရရှိထားတဲနာမည်ကျော်ကိုရီးယားဒါရိုက်တာကဖန်တီးရိုက်ကူးထားပါတယ်....ဒီကားကို အမေရိကန်ပြည်ထောင်စု Los Angeles , Buena Park,Jersey နဲ့ Vancouver တို့မှာပြသခဲ့ပါတယ်...ချွဲဟွန်းဆူဆိုတဲ့သူဟာ မြူခိုးထူထပ်တဲ့တစ်ညမှာဆဲယောင်းရွာမှာရှိတဲ့ သူ့မိသားစုနဲ့အတူတူနေဖို့အတွက်ဝယ်ထားတဲ့အိမ်လေးကိုသွားကြည့်မယ်ဆိုပြီးတော့ အရက်မူးမူးနဲ့ထွက်လာခဲ့ပါတယ်...ဆဲယောင်းရွာအရောက်မှာတော့ ဟွန်းဆူဟာ အသက်၁၂နှစ်အရွယ်ကောင်မလေးတစ်ယောက်ကိုမတော်တဆ ကားနဲ့တိုက်မိသွားပြီး အလောင်းကိုတော့ ဆဲယောင်းရွာရှိလူသားစားတယ်လို့ နာမည်ကြီးနေတဲ့ ရေကန်ထဲကို ကြောက်လန့်လန့်ဖြင့် ပစ်ချခဲ့ပါတယ်...သေဆုံးသွားတဲ့ကောင်မလေးရဲ့အဖေကလဲ ဆဲယောင်းရွာမှာ အမျက်ဒေါသအလွန်ကြီးပြီးအလွန်ဆိုးသွမ်းလှတဲ့ သူဌေး ဝူယောင်းဂျယ်ဖြစ်နေပါတယ်...ဝူယောင်းဂျယ်ဟာ သူ့ရဲ့မတရားသေဆုံးသွားရတဲ့သမီးလေးအတွက်ယူကြုံးမရဖြစ်ကာ ချွဲဟွန်းဆူနဲ့ သူ့မိသားစုကို ကလဲ့စားချေမယ်ဆိုပြီးဒေါသထွက်နေခဲ့ပါတယ်...အဲဒီနောက်မှာတော့လူသတ်သမားကို သူ့ဘာသာရှာဖွေခဲ့ပြီးလက်တုံ့ပြန်ကလဲ့စားချေဖို့အတွက်အစီစဉ်တွေရေးဆွဲခဲ့ပါတယ်...ဒီကားဟာ စာရေးဆရာ Jeong You Jeoung ရဲ့ရောင်းအားအကောင်းဆုံးဝတ္တုဖြစ်တဲ့Seven Years of Darkness ကိုအခြေခံထားတဲ့ လူသားတို့ကြားမှာရှိနေတဲ့မကောင်းဆိုးဝါးလူသားကိုဖော်ထုတ်နိုင်ဖို့အတွက်ရိုက်ကူးခဲ့ပါတယ်...ဒါရိုက်တာ ချိုချန်မင်းရဲ့ရိုက်ချက်တွေကနေရှုပ်ထွေးတဲ့ဇာတ်ကောင်တွေရဲ့စိတ်ခံစားချက်တွေကို နစ်မျောသွားနိုင်မှာပါ...ဒါရိုက်တာချိုဟာ သူချပြခဲ့တဲ့ Late Blossom နဲ့Masquerade ရုပ်ရှင်ကားတွေမှာလို ဇာတ်ကြောင်းကိုပြောပြတဲ့ပုံစံကြောင့်လူသိများပါတယ်...ဒီကားကိုတောင်ကိုရီးယားနိုင်ငံမှာ မတ်လ ...
movie

Seven Years of Night (2017)

Psychokinesis (2018) 6.7
Psychokinesis (2018) Psychokinesis ကိုးရီးယားရုပ်​ရှင်​ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ဇန်​နဝါရီက ထွက်​ရှိထားတဲ့ ဟာသအက်​ရှင်​ကား​လေးဖြစ်​ပါတယ်​Imdb rating အ​နေနဲ့ 5.8/10ရရှိထားပြီး ဇာတ်​လမ်​းကြာမြင်​့ချိန်​ ၁နာရီ မိနစ်​​၄ဝရှိပါတယ်​ဒီဇာတ်​ကားကိုရိုက်​ကူးထားတဲ့ ဒါရိုက်​တာက​တော့ နာမည်​ကြီး Train to Busan ဇာတ်​ကားကို အသက်​သွင်​းခဲ့တဲ့ Yeon Sang Ho ဖြစ်​ပါတယ်​ဇာတ်​လိုက်​မင်​းသားကြီး​နေရာမှာ တော့ဝါရင့် သရုပ်​​ဆောင်​ Ryun Seung Ryong မှပါဝင်ပေးထားပါတယ်။မင်​းသမီးက​တော့Shim Eun Kyung ဖြစ်​ပါတယ်​ဒီဇာတ်​ကားဟာ သာမန်​အက်​ရှင်​ကား​တွေလို တိုက်​ခိုက်​ခန်​း​တွေ မင်​းသားနဲ့မင်​းသမီးချစ်​ကျွမ်​းဝင်​တာ စတာ​တွေကို ရိုက်​ကူးထားတာမဟုတ်​ပါဘူး.....သဘာဝလွန်​စွမ်​းအားကိုမ​တော်​တဆရရှိသွားတဲ့ဖခင်​ဖြစ်​သူက သမီး​လေးကို ကာကွယ်​ဖို့ကြိုးစားအားထုတ်​ပုံ.....တစ်​ခြားသူ​တွေကိုတက်​နိုင်​သ​လောက်​ကူညီ​ပေးပုံစတာ​တွေကိုရိုက်​ကူးထားတာဖြစ်​ပါတယ်​....ပိုစတာမှာပြထားသလို ​ကောင်​းကင်​ယံမှပျံဝဲ​နေတဲ့ လူကြီးတစ်​​ယောက်​ဟာ ဘယ်​လို​တွေအစွမ်​းပြသွားမလဲဆိုတာ ပရိသတ်​​တွေကြည်​့ရှုလိုက်​ပါဦး​နော်(ဘာသာပြန်သူကတော့ မေသဇင်မြင့်ပါ) File Size : (850 MB) and (350 MB) Quality : HDRip 720p Running Time : 1hr 41min Format : Mp4 Genre ...
movie

Psychokinesis (2018)

2018
My Girlfriend Is an Agent (2009) 6.4
My Girlfriend Is an Agent (2009) ဒီတစ်ခါမှာတော့ ပရိတ်သတ်ကြီးကိုချပြပေးချင်တဲ့ ကားလေးကတော့ မင်းသား Kang Ji-hwan နှင့် မင်းသမီးချော Kim Ha-neulတို့အဓိက သရုပ်ဆောင်ထားတဲ့ ဟာသ၊ Action ဇာတ်မြူးကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ IMDb rating 6.4 ရထားပြီး 2009ခုနှစ်ကထွက်ရှိထားတဲ့ ကားကောင်းထဲကတစ်ခုဆိုလဲမမှားပါဘူး။ဒီကားထဲမှာ မင်းသမီးချော Kim Ha-neul( Soo Ji)က Agentတစ်ယောက်အဖြစ်ပြီး ပေါကြောင်ကြောင်Kang Ji-hwan(Lee Jae Joon)ရဲ့ချစ်သူ အမြဲတမ်းအလုပ်ရှုပ်နေတတ်တဲ့အမျိုးသမီး တစ်ယောက်လဲဖြစ်ပါတယ်မင်းသားကတော့ သူ့ကို Agent မှန်းမသိရှာပါဘူး။Soo Ji ရဲ့အထူးတာဝန်က Russian လူဆိုးဂိုဏ်းတစ်ဖွဲ့ကနေ သိပ္ပံဆိုင်ရာစမ်းသတ်ချက်တွေနဲ့ထုပ်လုပ်ထားတဲ့ လေထုထဲမှာပျံ့နှံ့နိုင်စွန်းရှိတဲ့ဗစ်တီးရီးယားဆေးပုလင်းကို Koreanလူဆိုးဂိုဏ်း တွေနှင့်လဲလှယ်ပြီးလူသားတွေကိုဒုက္ခမပေးနိုင်အောင် တားဆီးနှိမ်နှင်းရမဲ့တာဝန်ပဲဖြစ်ပါတယ်။တစ်နေ့မှာ မင်းသားက သူ့ချစ်သူနဲ့အဆင်မပြေဖြစ်ပီး နိုင်ငံခြားထွက်သွားခဲ့ပါတယ်။နောက်တော့ မင်သားဟာ Agent တစ်ယောက်အဖြစ် ကိုရီးယားနိုင်ငံကိုပြန်လည် ရောက်ရှိလာပါတယ်။သူတို့အဖွဲ့ရဲ့ အဓိကတာဝန်ကလဲ မင်းသမီး Soo Ji လိုက်နေတဲ့တာဝန်ပဲဖြစ်နေပြန်လို့ သူတို့နှစယောက်ပြိုင်ဆိုင်မှု့၊ Agent အဖွဲ့နှစ်ခုရဲ့ပြိုင်ဆိုင်မှု့တွေနဲ့ ...
movie

My Girlfriend Is an Agent (2009)

2009
The Piper (2015) 6.3
The Piper (2015) The Piper (2015) ________IMDB - 6.3/10IMDb  Rating 6.3 ရထားတဲ့ ကိုးရီးယား  Horror/Mystery ဇာတ်ကားလေးပါ၊ နာမည်လေး မြင်လိုက်တာနဲ့ ငယ်ငယ်ကသင်ခဲ့ဖူးတဲ့ “ထူးဆန်းသော ပုလွေဆရာ” ဆိုတဲ့ ဒဏ္ဍရီဇာတ်လမ်းကိုပြေးမြင်မိပါမှာ။ ဒီကားကလည်း ဒီပုံပြင်ကို အခြေခံရိုက်ထားပြီး လူ့စရိုက်လူ့သဘာဝတွေကို ပေါ်လွင်အောင် ရိုက်ကူးပြသွားတဲ့ လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းမျိုးလေးပါ၊ ဇာတ်လမ်းလေးကတော့ ကိုရီးယားတောင်နဲ့မြောက်စစ်ပွဲပြီးခါစအချိန်လေးမှာ ဇာတ်အိမ်တည်ထားပါတယ်။ စစ်ပွဲအတွင်းမှာ ဇနီးဆုံးသွားတဲ့အတွက် “ကင်ဝူကျုံး” ဟာ ကလေးကိုတစ်ယောက်တည်း ပြုစုခဲ့ရတဲ့ ခြေတစ်ဖက်မသန်တဲ့ ပုလွေဆရာတစ်ဦးပါ။ သူ့သားလေးမှာ TB ရောဂါဖြစ်နေတဲ့အတွက်ဆေးကုဖို့ ဆိုးလ်ကို သားအဖနှစ်ယောက် ခြေလျင်ခရီးဆက်လာခဲ့တယ်။ စာမတတ်တဲ့သူတစ်ယောက်ဖြစ်တာကြောင့်  နိုင်ငံခြားသားတစ်ယောက်က အမြင်ကပ်ကပ်နဲ့ “Kiss your ass Monkey” လို့ရေးပေးလိုက်တာကိုဆိုးလ်မှာဆေးကုလို့ရမယ့်နေရာလိပ်စာထင်ပြီး ဒါလေးကိုကိုင်ပြီး ဆိုးလ်ကိုတက်လာခဲ့တယ်။ လမ်းခုလတ်မှာ လေကြောင့် ရွာတစ်ရွာကချက်နေတဲ့ဟင်းနံ့လေးရပြီး လူသူမသိတဲ့တောနက်လေးထဲကရွာကို ရောက်သွားခဲ့တယ်။ ရွာက လူတွေက ...
movie

The Piper (2015)

2015
The Front Line (2011) 7.4
The Front Line (2011) ဒီဇာတ်ကားအညွှန်းမရေးခင် ပြောချင်တာတခုရှိသေးတယ် ဒီဇာတ်ကားကိုကြည့်ပြီးမှ အိမ်ကအဒေါ်တွေဘာလို့ကိုရီးယားကားကို အငမ်းမရကြည့်လဲဆိုတာကိုကိုယ်ချင်းစာမိသွားတယ် အရင်က ကိုရီးယားကားဆိုမကြည့်ဖြစ်ဘူး ဒီဇာတ်လမ်းထဲမှာ ၁၉၅၀ ၀န်းကျင်တောင်မြောက်ကိုရီးယားစစ်ပွဲကို အခြေခံပြီးရိုက်ကူးထားတယ် ၂နိုင်ငံ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်မထိုးခင် အရို ကေတောင်ကုန်းနဲ့ပါတ်သက်ပြီး ၂ဖက်ခေါင်းဆောင် တွေအငြင်းပွါးကြတယ် ဒီတောင်ကုန်းကို၂ဖက်တပ်တွေအလုအယက် သူတပြန်ကိုယ်တပြန်သိမ်းနေရင်းနဲ့မှနောက်ဆုံးဘယ်လိုဇာတ်သိမ်းသွားမလဲ... တောင်ကိုရီးယားတွေဘက်က မိကျောင်းတပ်ခွဲကဒီတိုက်ပွဲကိုအဆုံးထိတိုက်ရပြီး နောက်ဆုံးသူတို့ဘယ်လိုတွေဇာတ်သိမ်းသွားကြလဲ....အသက်ရောရှင်ရဲ့လား.... တောင်ကုန်းလေးရယ်စစ်မြေပြင်ရယ် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးတာရယ် နေရာ၃ခုပဲပါပေမယ့် အချစ်အမုန်း အယူဝါဒ...အစုံကိုသရုပ်ဖော်သွားတဲ့ဒီကားက စစ်ကားကောင်းတကားဖြစ်သလို ၂ဖက်တပ်တွေရဲ့ သရုပ်ကိုပီပြင်အောင်သရုပ်ဖော် ထားတဲ့ ဇာတ်ကားကောင်းတကောင်းဖြစ်လို့မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားကောင်း တကားဖြစ်ပါတယ် တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားပါတယ် IMD rating အနေနဲ့(7.4) အထိရရှိထားပါတယ်(ဘာသာပြန်သူနဲ့ အညွှန်းရေးသူကတော့ "မြန်မာကြီး" ပဲဖြစ်ပါတယ်)(Thit San Khant)IMDb -  7.4/10 File size  - (1.02 GB) Quality -    1080p Format - MP4 Duration  02:13:66 Subtitle - Myanmar Translator - Myanmar Gyi Encoder - Thit San Khant
movie

The Front Line (2011)

Miracle in Cell No. 7 (2013) 8.2

Miracle in Cell No. 7 (2013)