Channel Myanmar

Saki Takaoka

Just Remembering (2021) 6.9
Just Remembering (2021) Just Remembering (2021)~ IMDb – 6.9/10, MyDramaList – 7.5/10 ~ဒီရုပ်ရှင်အစအဆုံးမှာ ထူးထူးခြားခြား ရက်စွဲတစ်ခုပဲ ပါမယ်။ ဒါပေမဲ့ အဲ့ဒီ့ရက်စွဲတစ်ခုတည်းကိုပဲ နှစ်တွေ နှစ်တွေချီလို့… လူ့ဘဝဆိုတာကိုက အမှတ်တရနဲ့ ယှဉ်တွဲနေထိုင်ခြင်းပါပဲ...“Just Remembering“‘ယို’ ဆိုတဲ့ အမျိုးသမီးတက္ကစီယာဉ်မောင်းတစ်ဦးနဲ့ စတိတ်စင်မီးထိုးရတဲ့ တဲရူအိုဆိုတဲ့ အကသမားဟောင်းတစ်ဦးရဲ့ ကြားက အမှတ်တရတွေ။ အမှတ်တရထဲ ထားခဲ့ပြီဆိုကတည်းကိုက သိသာပါတယ်။ ကြည်နူးစရာတွေလာမယ်၊ ပြီးရင် ကြေကွဲစရာတွေလာမယ်၊ ပြီးတော့ တသသဖြစ်မယ်ပေါ့။ဒါပေမဲ့ ဒီကားက အဲဒီလိုမဟုတ်ခဲ့ဘူး။ “အမှတ်တရတွေကို ရုပ်ရှင်ကြည့်သလို နောက်ပြန်ရစ်ကြည့်ရင်း ရှက်ဖို့ကောင်းလွန်းလို့ ရှေ့ကို ပြန်ကျော်ပစ်ချင်လာတယ်” တဲ့။အပေါ်မှာ ပြောခဲ့တဲ့ ရက်စွဲတစ်ခု (သူတို့၂ယောက်ကြားမှာ အမှတ်တရအဖြစ်ဆုံး နေ့တစ်ခု) ကိုပဲ နှစ်တွေ ပြန်ရစ်ကြည့်သလိုပုံစံမျိုးနဲ့ တွေ့ရမှာပါ။ လက်ရှိကာလရဲ့ အဲဒီရက်စွဲလေးမှာပဲ တစ်ယောက်ကိုတစ်ယောက် တစ်ဘက်လူမသိဘဲ မတော်တဆတွေ့မိလိုက်ကြရင်း အမှတ်တရ ...
movie

Just Remembering (2021)

2021
Masquerade Night (2021) 6.3
Masquerade Night (2021) Masquerade Night (2021)~ IMDb rating - 6.3/10 ~ဂျပန်စုံထောက်ကားတွေကိုကြည့်ရတာကြိုက်တဲ့သူတွေအတွက် စလယ်ဆုံးမပျင်းရမယ့် ဇာတ်ကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ လူသတ်သမားရှိတယ်ဆိုတာလွဲပြီး ဘာ info မှမသိရတဲ့သူတစ်ယောက်ကို ဟိုတယ်ထဲမှာလိုက်ရှာကြရမှာမို့လို့ပါ။ဟိုတယ်လုပ်ငန်းဆောင်တာနဲ့ စည်းမျဉ်းစည်းကမ်းတွေကိုရော အမှုလိုက်တဲ့နေရာမှာ ဆက်စပ်ချိတ်ဆက်မှုကိုရော အသားပေးရိုက်ထားတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ၂၀၁၉မှာထွက်ခဲ့တဲ့ Masquerade Hotel ရဲ့ အဆက်အဖြစ်ရိုက်ထားတာပါ။ သို့ပေမဲ့ ပထမကားကို မကြည့်ဘဲ ကြည့်လည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...နဲရိမခရိုင်မှာ အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့တိုက်ခန်းထဲမှာပဲ အသတ်ခံခဲ့ရပါတယ်။ သတ်ခံရစဉ်မှာ Lolita ဝတ်စုံဝတ်ထားပြီး ဓာတ်လိုက်သေစေတဲ့နည်းနဲ့သတ်ခံရတာကြောင့် ပုံမှန်မဟုတ်တဲ့အမှုတစ်ခုပါပဲ။ တိုကျို မြို့တော်ရဲတွေလည်း စုံစမ်းလို့မရဖြစ်နေတုန်း အမည်လျှို့ဝှက်ပြီးသတင်းပေးလို့ရတဲ့ hotline ကနေ စာတစ်စောင်ရောက်လာခဲ့ပါတယ်။အဲဒါကတော့ "အမျိုးသမီးကိုသတ်ခဲ့တဲ့လူသတ်သမားက ဒီဇင်ဘာ ၃၁ရက်နေ့မှာ Hotel Cortesia တိုကျို ကိုရောက်လာလိမ့်မယ်"ဆိုတာပါပဲ။ လူသတ်သမားရဲ့အသွင်အပြင်ကိုလည်းမသိ သဲလွန်စလည်းတစ်ခုမှမရှိတဲ့အမှုကို ဟိုတယ်ဝန်ထမ်းတွေရဲ့ ပူးပေါင်းမှုနဲ့အတူ လိုက်ရှာဖို့ဖြစ်လာပါတယ်။ခက်တာက ပွဲကိုတက်မယ့်သူပေါင်း ၅၀၀ရှိတဲ့အပြင် မျက်နှာဖုံးတပ်ထားတာဖြစ်လို့ ...
movie

Masquerade Night (2021)

2021
Snow Flower (2019) N/A
Snow Flower (2019) Snow flower ဆိုတဲ့ ဂျပန်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်...IMDb Rating (7.1) ပါ။ သေရမယ့်ရက် သေရမှာကြိုသိနေတဲ့ မိယူကိတစ်ယောက်ဟာ ဘဝကို အရှုံးပေးဖို့ကြိုးစားနေချိန် အမှတ်မထင် နှင်းပန်းလေးအနေနဲ့ သူ့ဘဝထဲကို ဝင်လာသူကတော့ ယူးဆုကဲပါပဲ... ဒါကြောင့် ယူးဆုကဲကို သူကိုယ်တိုင် ရည်းစားအဖြစ် တစ်လစာချုပ်နဲ့ တွဲဖို့တောင်းဆိုခဲ့ပါတယ်...အချစ်ဆိုတာကို ဘာမှန်းမသိတဲ့သူတို့နှစ်ယောက်အတွက်တော့ အချစ်ဆိုတာ အရာအားလုံးနဲ့ အလဲထပ်ရဲလောက်တဲ့ စွန့်စားခန်းကြီးတစ်ခု... အချစ်ဆိုတာ အနားမှာ လက်ကိုကိုင်ထားပြီး ရှိနေပေးတာမျိုး... အချစ်ဆိုတာ သူ့အတွက် လုပ်ပေးရရင် ပျော်နေတတ်တာမျိုး... အချစ်ဆိုတာ.... တစ်ခဏတာအချိန်လေးအတွက်တောင် တစ်ဘဝလုံးကို လောင်းကြေးထပ်ရဲတာမျိုးပါ... သူတို့ရဲ့အချစ်ကို ဇာတ်လမ်းလေးကြည့်ပြီး ခံစားလိုက်ကြပါတော့... ( မှတ်ချက်။ ။ နှလုံးသားနဲ့ ခံစားပြီး မျက်ရည်ခိုင်မှ ကြည့်ကြပါ။) File size…(1.1 GB) and (600 MB) Quality….Blu-Ray 720p Format…mp4 Duration….02:0:500 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Chu Chu   
movie

Snow Flower (2019)

2019