Channel Myanmar

Sandali Sinha

Ab Tumhare Hawale Watan Saathiyo (2004) 4.4
Ab Tumhare Hawale Watan Saathiyo (2004) Ab Tumhare Hawale Watan Saathiyo (2004) Action, Drama, War IMDb 4.4/10 (1.7K)အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ မင်းသားကြီး အမီတာဘဂျမ်း..အရှေးကူမား.. ဘော်ဘီဒိုးတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။Box Office မှာလည်း အိန္ဒိယရူပီ ဘတ်ဂျက် သန်း ၂၀၀ မှာ အိန္ဒိယရူပီ ၃၀၁.၆၆ သန်းအထိ ပြန်လည်ရရှိခဲ့သော ကားလေးတစ်ကားဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့ အိန္ဒိယ-ပါကစ္စတန်မပြီးဆုံးနိုင်တဲ့ ဇာတ်လမ်းပေါ့ဗျာ။ ပါကစ္စတန်ဘက်က အကြမ်းဖက်သမားတွေ အိန္ဒိယထဲစေလွှတ်မယ်။ အကြမ်းဖက်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်မယ်။တရားမဝင်နည်းလမ်းနဲ့ အိန္ဒိယပိုင်နယ်မြေကို သိမ်းပိုက်မယ်။ ဒါကို အိန္ဒိယက ရဲစွမ်းသတ္တိအပြည့်နဲ့ အမိမြေအတွက် သက်စွန့်ဆံဖျား ပြန်လည်ချေပမယ်။ဒီဇာတ်ကားထဲမှာ အိန္ဒိယစစ်တပ်ရဲ့ရဲစွမ်းသတ္တိရှိမှုတွေကို ဖေါ်ပြထားပြီး စစ်သားတစ်ယောက်ဖြစ်ရခြင်းရဲ့ အဓိပ္ပါယ်ဟာ ဘာလဲဆိုတာကို သေချာအဓိပ္ပါယ်ဖေါ်ပြပေးသွားပါတယ်။ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက်ဆို တရားသောနည်းလမ်းနဲ့ ရန်အစွယ်စွယ်ကို တွန်းလှန်ပြီး ပြည်သူသာအမိ ပြည်သူသာအဖဆိုတဲ့ သဘောတရားကို ကောင်းကောင်းသရုပ်ဖေါ်သွားနိုင်ခဲ့ပါတယ်။နိုင်ငံတစ်နိုင်ငံကို စောင့်ရှောက်ဖို့မှာ နိုင်ငံသားတိုင်းအတွက် တာဝန်ရှိပါတယ်။ ကိုယ့်အိုးအိမ်ကိုတောင် ဘေးကင်းအောင်မထားနိုင်တဲ့သူဟာ နိုင်ငံ့သားကောင်းဖြစ်မလာနိုင်ပါဘူး။ မိသားစုအတွက် ကိုယ်ဟာ သားကောင်းတစ်ယောက်ဖြစ်သင့်သလို နိုင်ငံ့အတွက်လည်း အကျိုးရှိတဲ့လူတစ်ယောက်ဖြစ်သင့်တယ်ဆိုတာကို ဒီဇာတ်ကားလေးက ကောင်းကောင်းဖေါ်ပြပေးထားလို့ ရှုစားကြပါဦးလို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်။ File ...
movie

Ab Tumhare Hawale Watan Saathiyo (2004)

2004