Channel Myanmar

Santhosh Prathap

The Road (2023) 8.7
The Road (2023) The Road (2023) အဝေးပြေးလမ်းမ IMDb(8.8/10)ဒီကားလေးကတော့ Crime, Thriller ကို အခြေပြုထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပြီးတော့ လျှို့ဝှက်မှုတွေပြည့်နှက်နေတဲ့ဇာတ်အိမ်ကိုမှ ကြည့်ချင်တဲ့သူတွေအတွက် အလွတ်မခံသင့်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ... လူသတ်မှု သေဆုံးမှုတွေနဲ့ ခိုးယက်မှုတွေဆက်တိုက်ဖြစ်ပေါ်နေတဲ့ အမြန်လမ်းမတစ်ခု...မိသားစုပေါင်းများစွာရဲ့ အသက်ကို ခိုးယူနေတဲ့ ဒီလမ်းမက ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ မီရာရဲ့ ဘဝတစ်ကွေ့မှာ ဆုံရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အကြောင်းကတော့ မီရာရဲ့ သားဖြစ်သူ ကာဗင်ရဲ့ မွေးနေ့ပွဲအတွက် ခင်ပွန်းဖြစ်သူနဲ့အတူ မိသားစုခရီးထွက်ဖို့ စီစဉ်ခဲ့ပေမဲ့ အဲဒီအချိန်မှာမှန်း ကိုယ်ဝန်နှစ်လလွယ်ထားရမှန်းသိတဲ့အခါမှာတော့ ခရီးမသွားနိုင်တာဖြစ်ခဲ့ရပါတယ်...အဲဒါ‌ကြောင့်ပဲ ကာဗင်စိတ်ချမ်းသာအောင် သားဖြစ်သူနဲ့ ခင်ပွန်းဖြစ်သူတို့ကိုပဲ နှစ်ရက်ခရီးစဉ်သွားခိုင်းဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီလိုကနေတစ်ဆင့် သားအဖနှစ်ယောက်က ဒီအဝေးပြေးလမ်းမထက်မှာ ဖြတ်သွားရင်းနဲ့ ကားမတော်တဆမှုဖြစ်ကာ သေဆုံးသွားခဲ့ပါတယ်။ဒီလိုကနေ ဒီလမ်းမထက်ကို စုံစမ်းဖို့ ဖြစ်လာခဲ့တဲ့ မီရာက ဒီလမ်းမရဲ့ နောက်ကွယ်က အကြောင်းတရားကို ထုတ်ဖော်သွားနိုင်သွားမလား နောက်ထပ် ဘယ်သူတွေရဲ့ ဘဝတွေနဲ့ သက်ဆိုင်နေဦးမလဲဆိုတာကိုတော့ ရှုစားရင်းနဲ့ ခံစားကြည့်ကြပါဦး.... ဒီဇာတ်လမ်းလေးကိုတော့ CM Bollywood Teamမှ ဘာသာပြန်ဆိုပြီး အညွှန်းရေးပေးထားပါတယ်။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ ...
movie

The Road (2023)

2023
Kazhuvethi Moorkkan (2023) 6.4
Kazhuvethi Moorkkan (2023) Kazhuvethi Moorkan ( 2023 ) ============================= IMDb 6.4/10အသစ်ထွက်ထားတဲ့ တမီလ် ကျေးလက် အက်ရှင်ကားမိုက်မိုက်လေးတစ်ခုကို စီအမ်ကနေ တင်ဆက်ပေးချင်ပါတယ်။ ကီဇာသီရူဆိုတဲ့ အိန္ဒိယနိုင်ငံတောင်ပိုင်းက ရွာလေးမှာ မူရ်ကာနဲ့ ဘွန်မိဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိကြပါတယ်။ မူရ်ကာငယ်ငယ်က နွားခွေ့ခံရတဲ့အချိန်မှာ ဘွန်မိက မူရ်ကာ့အသက်ကိုကယ်ပေးဖူးတာကြောင့် မူရ်ကာဟာ ဘွန်မိအပေါ်မှာ အင်မတန်သံယောဇဉ်ရှိပါတယ်။ဇာတ်မြင့်၊ ဇာတ်နိမ့်ကွာခြားချက်တွေရှိပေမဲ့ မူရ်ကာဟာ ဘွန်မိဘက်က အမြဲတမ်းရပ်တည်ပေးပြီး ဘွန်မိကလည်း မူရ်ကာအတွက်ဆို ဘာမဆိုကူညီတဲ့ သိပ်ချစ်ကြတဲ့သူငယ်ချင်းတွေပေါ့။ အဲဒီလိုသိပ်ချစ်ကြတဲ့သူငယ်ချင်းတွေဟာ ရွာကိုရောက်လာတဲ့ နိုင်ငံရေးသမားတွေနဲ့ပတ်သက်မိပြီး နိုင်ငံရေးသမားတွေက သူတို့ကို ရန်တိုက်ပေးဖို့ကြိုးစားလာတဲ့အချိန်မှာတော့ တစ်စနဲ့တစ်စ အမှိုက်ကနေ ပြသာဒ်မီးလောင်တဲ့ထိဖြစ်ကုန်ပါတော့တယ်။ဒီ Kazhuvethi Moorkan ဆိုတဲ့ရုပ်ရှင်လေးဟာ တောင်ပိုင်း ကျေးလက်အက်ရှင်ကား ကြိုက်တတ်သူတွေအတွက် အချိန်ပေးရကျိုးနပ်စေမယ့်ရုပ်ရှင်လေးဖြစ်လို့ ချန်နယ်မြန်မာရဲ့ Bollywood team ကနေ မြန်မာဘာသာသို့ ပြန်ဆိုတင်ဆက်ပေးလိုက်ပါတယ်ဗျ...။ ( ဒီရုပ်ရှင်ရဲ့အညွှန်းကိုတော့ Zwe Yan က ရေးသားပြီး ဘာသာပြန်ဆိုသူတွေကတော့ Voldemort, Aditi, Bpl, Yunni, ThAIk San, နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ ...
movie

Kazhuvethi Moorkkan (2023)

2023
Kondraal Paavam (2023)
Kondraal Paavam (2023) Kondraal Paavm(2023) ဒီတစ်ခါတော့ CM ပရိသတ်ကြီးအတွက် IMDb 8.6/10 ရရှိထားပြီး ဇာတ်အိမ်အခိုင်အမာနဲ့ ကားသစ်လေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ ကျွန်မတို့ငယ်ငယ်က သင်ရတဲ့ ပုံပြင်တွေထဲ ရေခရားနဲ့ ကျီးကန်းပုံပြင်လေးကို မှတ်မိကြဦးမယ်လို့ထင်ပါတယ်။ရေခရားထဲကရေကို များများနဲ့ မြန်မြန်လိုချင်လို့ ကျောက်ခဲအသေးစားလေးတွေတစ်လုံးစီ ပစ်ချရမယ့်အစား အဆင်အခြင်မဲ့စွာနဲ့ ကျောက်တုံးကြီးပစ်ချလိုက်မိလို့ ရေခရားလည်းကွဲ ရေလည်းငတ်သွားရတဲ့ ပုံပြင်လေးပါ။ ဒီဇာတ်လမ်းလေးကလည်း အဲ့ဒီ့ပုံပြင်လေးရဲ့သင်ခန်းစာနဲ့ဆင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံပြီးရီုက်ထားတာပါ။ ဝမ်းဆွဲသည်အမေနဲ့ အရက်သမားအဖေ၊ အကောင်းမြင်စိတ်ဆို နည်းနည်းလေးမှမရှိအောင်နေတဲ့ သမီးဖြစ်သူတို့အိမ်ကို ကြွယ်ဝခြင်းနတ်ဘုရားက ကြွယ်ဝခြင်းတွေပို့လိုက်ပြီဆိုတဲ့စကားသယ်လာပေးတဲ့ လူတစ်ယောက်ရဲ့စကားအဆုံးမှာ တကယ်ကိုပဲ လူတစ်ယောက်ဟာ ငွေထုပ်ပိုက်ပြီးရောက်လာခဲ့တဲ့အခါမှာတော့ အရာရာဟာပြောင်းလဲလာပါတော့တယ်။လက်ရှိနဲ့ ပုံပြင်၊ လက်တွေ့နဲ့ ဘာသာရေးအယူအဆတွေကို Mystery ဆန်ဆန်ချိတ်ဆက်ရိုက်ကူးသွားပုံက စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် Plot twist ဆန်းဆန်းတွေကို မထင်မှတ်တဲ့နေရာမှာထည့်သွားပုံကလည်း ဒီကားကိုအဆုံးထိ ဇာတ်ရှိန်မကျသွားစေရတဲ့ အကြောင်းအရင်းပဲဖြစ်ပြီး အချိန်ပေးရကျိုးနပ်မယ့်ကားလေးမို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။ File size…1.97GB / 735MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 47mins Subtitle….Myanmar Subtitle(Had Sub) Encoder….YK Translated by Aditi ~ Chiclon3~ ...
movie

Kondraal Paavam (2023)

2023
Maruthi Nagar Police Station(2023)
Maruthi Nagar Police Station(2023) Maruthi Nagar Police Station (2023)ဒီတစ်​ခေါက်မှာ​တော့​ပြောင်​မြောက်တဲ့ သရုပ်​​​ဆောင်​တွေဖြစ်တဲ့ Varalaxmi Sarathkumar, Santhosh Prathap, Mahat Raghavendra and Subramaniam Siva တို့ပါဝင်သရုပ်​ဆောင်ထားတဲ့ တမီးလ်ကား​ကောင်း​လေးMaruthi Nagar Police Station ကိုတင်ဆက်လိုက်ပါတယ်ငယ်စဥ်ကတည်းက​​ခင်မင်လာကြတဲ့ သူငယ်ချင်းငါး​ယောက်ဟာ ကြီးပြင်းလာသည်တိုင်​အောင်အလုပ်အကိုင်​တွေမတူ​သော်ငြားလည်း အဆက်အသွယ်မပြတ်ကာခင်မင်​နေကြတဲ့ ​ရေစက်​လေးဖြစ်ပါတယ် တစ်​နေ့မှာ​တော့​ဂျေးတစ်​​​ယောက် အလုပ်က​နေအိမ်ပြန်လမ်းမှာ မတရားမှုတစ်ခုကိုမ​တော်တဆမျက်မြင်​တွေ့လိုက်ရပြီး ရဲကိုအမြန်သတင်းသွားပို့​သော်လည်း ရဲကပါတရားခံ​တွေနဲ့ အလိုတူအလိုပါဖြစ်​နေတဲ့အခါ ​ဂျေးတစ်​ယောက်​ချောင်ပိတ်မိပါ​တော့တယ်အဲ့​နေ့ကတည်းကစပြီး ​ဂျေးဟာလည်း​​ပျောက်ခြင်းမလှ ​ပျောက်ဆုံးသွားရတဲ့အတွက် ကျန်တဲ့သူငယ်ချင်း​လေး​ယောက်ကလည်း ​ဂျေး​နောက်ဆုံးပို့ခဲ့တဲ့ ဝိုးတိုးဝါးတားအသံဖိုင်ကိုအစပြုပြီး သူငယ်ချင်းရှာပုံ​တော်ဖွင့်ကြပါ​တော့တယ် ဒီလိုနဲ့သူတို့​​လေး​ယောက်တကယ်ပဲ ​ဂျေးကိုရှာ​တွေ့ပါ့မလား အ​ကောင်ကြီး​တွေနဲ့ပတ်သက်​နေတဲ့ မတရားမှုကို​ရောအ​ဖြေရှာနိုင်ပါ့မလားဆိုတာ ဇာတ်လမ်းတစ်​လျှောက်လှည့်ကွက်​ပေါင်းများစွာနဲ့ ရင်ခုန်စွာကြည့်ရှု့ရမှာပါစစ်မှန်တဲ့သူငယ်ချင်းဆက်ဆံ​ရေးတိုင်းမှာ ချစ်ခြင်း​မေတ္တာ​တွေ အ​နှောင်အဖွဲ့​တွေ ​ပေးဆပ်မှု​တွေအများကြီးပါဝင်​နေတယ်ဆိုတာကို နားလည်သွားမယ့်တမီးလ်ဇာတ်ကား​ကောင်း​လေး တစ်ကားဖြစ်ပါတယ် ဒီကား​လေးထဲမှာ စိတ်လှုပ်ရှားဖွယ်ရင်ခုန်စရာအလှည့်အ​ပြောင်း​တွေကိုတင်မကပဲ သူငယ်ချင်းဆိုတဲ့လှပတဲ့​ရေစက်​လေးကိုပါ ကြည်နူးစွာမြင်​တွေ့ရမှာမို့ လက်မလွှတ်သင့်တဲ့ဇာတ်ကား​လေးဖြစ်ပါတယ် File size…1.51GB / 700MB Quality…1080p WEB DL /  ...
movie

Maruthi Nagar Police Station(2023)

2023
Pathu Thala (2023) 7.8
Pathu Thala (2023) Pathu Thala 2023 (IMDb 7.8/10)ယခုတခါ တင်ဆက်ပေးမှာက ဒီနှစ်မှထွက်လာတဲ့ တောင်ပိုင်းတမီလ်စကားပြော မှုခင်းအက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်AGR ဆိုတာ တမီနဒူလ်ပြည်နယ်မှာ နောက်ကွယ်ကအစိုးရလို့တောင်ပြောလို့ရပါတယ် သူတို့သဘောကျတဲ့ပါတီ သူတို့နဲ့အဆင်ပြေတဲ့သူမှဝန်ကြီးချုပ်ဖြစ်တဲ့အထိ ဩဇာကြီးမားတဲ့အဖွဲ့အစည်းပါ တစ်ရက်မှာလက်ရှိဝန်ကြီးချုပ်ကို အဲ့အဖွဲ့ကပြန်ပေးဆွဲပြီး သူတို့အလိုကျ ဝန်ကြီးချုပ်တစ်ယောက်ကိုတင်ပေးလိုက်ပါတယ်ဒါကိုလိုက်စုံစမ်းဖို့ ရဲတစ်ယောက်က ဂိုဏ်းစတားအသွင်ယူပြီး တစ်ဆင့်ပြီးတစ်ဆင့်ယုံကြည်မှုရအောင် လုပ်ပါတော့တယ် ထိုအချိန်မှာပဲ AGR ပြုသမျှကို ခေါင်းငုံ့မခံတဲ့ အမျိုးသမီးအရာရှိတစ်ယောက်ကလဲ အဲ့နယ်ကိုပြောင်းလာတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ပရိသတ်ကြီးပဲ အက်ရှင်ခန်းတွေမြိုင်မြိုင်နဲ့ ကြည့်ရှုရမှာဖြစ်လို့ ကိုယ်တိုင်ပဲဆက်ခံစားပေးကြဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…2.95GB  / 1.3GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Nyein~Sai~Yunni~BpL
movie

Pathu Thala (2023)

2023
Dev (2019) 5.0
Dev (2019) Dev (2019) ------------------------------------------------------------------------ စွန့်စားခန်းတွေကို နှစ်သက်သဘောကျပြီး အရာရာတိုင်းကိုအကောင်းမြင်တတ်တဲ့ သူငယ်ချင်းတွေနဲ့ အပြန်အလှန် ချစ်ခင်မှုကိုရထားတဲ့ ဒေ့ဗ်…. မူကြိုအရွယ်ထဲက မွေးနေ့တူလို့ ပေါင်းမိသွားကြတဲ့ ဒေ့ဗ် ဗစ်ကီ နဲ့ နီရှာတို့ သုံးယောက်ဟာ တက္ကသိုလ်အထိအတူတူ တစ်တွဲတွဲရှိနေရာက ဗစ်ကီနဲ့ နီရှာတို့ရဲ့တိုက်တွန်းမှုကြောင့် ကံတရားရဲ့အလိုအတိုင်းဆိုပြီး ပထမ ဆယ်ယောက်ထဲမှာ နောက်ဆုံး နံပါတ် ၁ ကျတဲ့ People You May Know ကို ကောင်မလေးအဖြစ်လိုက်မယ်လို့ အလောင်းအစားလုပ်ကြရာမှ မထင်မှတ်ဘဲတွေ့လိုက်ရတဲ့ မဂ်နာ… နာကျင်စရာအတိတ်တွေနဲ့ သားအမိနှစ်ယောက်တည်း ရုန်းကန်ရင်း အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်နေတဲ့ မဂ်နာဟာ အချစ်ရေးကို တွေးဖို့အတွက် အချိန်လည်းမရှိခဲ့သလို အယုံအကြည်လည်းမရှိခဲ့ပါဘူး… မဂ်နာ့ကိုမြင်မြင်ချင်းချစ်မိသွားတဲ့ ဒေ့ဗ်တစ်ယောက် ခက်ခက်ခဲခဲနဲ့ ချဉ်းကပ်ဖို့ကြိုးစားခဲ့ပါတယ် သူ့ရဲ့အကောင်းမြင်တတ်တဲ့စိတ် အမြဲတမ်းပျော်နေတတ်တဲ့စိတ်လေးဟာ ဘယ်လောက်ထိ စိတ်ရှည်ရှည်နဲ့ ထားနိုင်မလဲ သူတို့တွေဘယ်လိုတွေရိုကြမလဲဆိုတာကြည့်လိုက်ကြရအောင်လား ဒီဇာတ်ကားလေးဟာ IMDb 5.1 ရထားပြီးတော့ မင်းသား Karthi နဲ့ မင်းသမီးချောလေး Rakul Preet Singh ပါဝင်သရုပ်ဆောင်ထားတဲ့ Action, Adventure, Romance ဇာတ်ကားမျိုးလေးဖြစ်ပါတယ် တစ်နေ့တည်းတစ်ရက်တည်းမွေးတဲ့ စရိုက်ကလည်းတူသူငယ်ချင်း ၃ ယောက် ဒေ့ဗ် ဗစ်ကီနဲ့ နီရှာ… ဒေ့ဗ်ရဲ့ Surprise ဒဏ်တွေကို မခံနိုင်တော့တဲ့ ဗစ်ကီတစ်ယောက်နီရှာနဲ့ပေါင်းပြီး အွန်လိုင်းသုံးပြီး ချစ်သူရှာပေးရာက မဂ်နာဆိုတဲ့ ...
movie

Dev (2019)

2019