Channel Myanmar

Seema

Kaduva (2022) 6.3
Kaduva (2022) ဒီတစ်ခေါက်မှာတော့ အားလုံးစောင့်မျှော်နေကြပြီး မင်းသားPrithviraj Sukumaranပါဝင်သရုပ်ဆောင်ထားပြီး မင်းသားVivek Oberoiပါဝင်အာားဖြည့်ထားတဲ့ အက်ရှင်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။“ကျား” လို့အဓိပ္ပါယ်ရတဲ့အမည်နဲ့ ကတ်ဒူဗာ ကူရီရာချန်ဟာ မဟုတ်မခံစိတ်ရှိသူတစ်ယောက်.. အမှန်တရားဘက်ကအမြဲရပ်တည်ပေးတတ်သူ...ပါလာမြို့တစ်မြို့လုံး ကလေးအစ လူကြီးအဆုံး မသိသူမရှိတဲ့ သူရဲကောင်းတစ်ဦးပါ။တစ်နေ့မှာတော့ အကျင့်ပျက်တဲ့ ဖာသာတစ်ဦးကို ပညာပေးဖို့အကြောင်းဖန်လာခဲ့ရင်း မြို့မှာတာ၀န်ကျနေတဲ့ ရဲအရာရှိ ဂျိုးဆက်ချန်ဒီနဲ့တွေ့ဆုံအချင်းများကြတဲ့အခါ သူတို့နှစ်ဦးကြားမှာ အငြိုးအတေး အဖုအထစ်တွေရှိလာပါတော့တယ်...။အငြှိုးထားတတ်တဲ့အရာရှိဂျိုးဆက်တစ်ယောက် ကူရီရာချန်အပေါ် ဘယ်လိုလက်စားချေမှာလဲ...။ ရန်ပွဲတစ်ခုကနေအစပြုခဲ့တဲ့ ဒီပြိုင်ပွဲမှာ ဘယ်သူကများ အနိုင်ရသွားမလဲ... မတရားမှု‌ တွေအတွက်ကော အမှုမှန်ပေါ်ပေါက်လာမှာလား ဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ ဆက်လက်ရင်ခုန်ရမှာပါ။ File size…2.8GB / 1.4GB Quality…1080p TRUE WEB DL AAC5.1CH  / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK  Translated by Thet Ko ~ Oeliuj~ Honeyey ~ Yunni ~ Kevin Ag
movie

Kaduva (2022)

2022
Kaathuvaakula Rendu Kaadhal (2022) 5.9
Kaathuvaakula Rendu Kaadhal (2022) Kaathuvaakula Rendu Kaadhal (အညွှန်း)ဒီကားလေးကတော့ Sgတွေ Faတွေကြည့်ပြီးအားကျ၊ ကျိတ်ငိုရမယ့်ကားလေးပါ:3ယူတို့မယ် ရည်းစားလေးတစ်ယောက်တောင်အဖြစ်ရှိအောင်မထားနိုင်ပေမယ့်Rambo တစ်ယောက်ကတော့ သူ့ကိုတုန်နေအောင်ချစ်ကြတဲ့ ရည်းစားလန်းလန်းလေးနှစ်ယောက်ကြား ရှယ်ဗျာများပဲ။ဇာတ်လမ်းလေးကတော့ ရွာလေးတစ်ရွာရဲ့ ထူးဆန်းတဲ့မိသားစုအကြောင်းကစရပါမယ်။ Rambo ကိုမမွေးခင်Rambo တို့မိသားစုက ကျိန်စာသင့်နေတဲ့မိသားစုဆိုပြီးနာမည်ကြီးပါတယ်။ သူတို့မိသားစုဝင်ထဲကဘယ်သူကမှလက်ထပ်လို့မရဘူး။ လက်ထပ်တာနဲ့ အိမ်ထောင်ဖက်အသက်ဆုံးရှုံးရတယ်ဆိုလို့ရွာထဲကဘယ်သူကမှ သူတို့မိသားစုဝင်တွေနဲ့လက်မထပ်ချင်ကြပါဘူး။ ဒီလိုနဲ့တစ်နေ့မှာ Rambo အဖေကသူ့ချစ်သူ အင်္ဂလိပ်စာဆရာမ Minah Kaif နဲ့လက်ထပ်လိုက်ပြီး သူမွေးလာမယ့်ကလေးက သူ့မိသားစုဆီကံကောင်းခြင်းတွေယူဆောင်လာမယ့်ကလေးလို့ ကြွေးကြော်နေတာပေါ့။ Rambo ကိုမွေးတဲ့နေ့မှာပဲအဖေဖြစ်သူကမတော်တဆမှုတစ်ခုနဲ့ဆုံးပါးသွားရတယ်။ ခိုကိုးရာမဲ့မိခင်ကြီးလည်း လေဖြတ်ပြီးသူ့သား Ramboကလွဲပြီး အရာအားလုံးမေ့သွားတော့တယ်။ ဒီလိုနဲ့ အများက “ဂြိုဟ်ဆိုးကောင်” လို့ဝိုင်းသမုတ်ထားကြတဲ့ Ramboရဲ့ ကလေးဘဝက သိမ်ငယ်မှု၊ နာကျင်မှုတွေအပြည့်နဲ့ပေါ့။အမေ့ဆီကိုပါ ကံဆိုးမှုတွေမကူးအောင် အမေနဲ့ရွာကိုစွန့်ပြီး မြို့မှာ နေ့နေ့ညညမလုပ်ကြိုးစားလုပ်တဲ့Ramboတစ်ယောက် Khatija နဲ့ Kanmani ဆိုတဲ့ မချောလေးနှစ်ယောက်နဲ့တွေ့ပြီး“မချောနှစ်ယောက် ကိုယ်တစ်ယောက်” ဇာတ်လမ်းစပါတော့တယ်။ ကောင်မလေးနှစ်ယောက်ကလည်းသူမှသူဖြစ် .. တစ်သက်လုံးကအပယ်ခံလာရပြီး ...
movie

Kaathuvaakula Rendu Kaadhal (2022)

2022
4K HEVC Web-DL
Oh My Kadavule(2020) 8.1
Oh My Kadavule(2020) Oh My Kadavule(2020)အညွှန်း****************************IMDb...8.1အန်နူးဆိုတဲ့ကောင်မလေးဟာ သူ့အဖေပေးစားတဲ့ လူတစ်ယောက်နဲ့လက်ထပ်ရတော့မယ်..ဒီလူအကြောင်းကို မသိတဲ့အတွက် တစ်ဘဝလုံးပုံအပ်ဖို့ဆိုတော့ မိန်းကလေး ပီပီမျက်လုံးမှိတ်ပြီး ခေါင်းမညိတ်ရဲရှာဘူး..ဒါကြောင့် ငယ်သူငယ်ချင်းဖြစ်တဲ့ အာဂျွန်ကို 'ငါတို့လက်ထပ်ကြမလား' ဆိုပြီးမေးလိုက်တယ်..သူစိမ်းတစ်ယောက်ထက်စာရင်အကြောင်းသိသူငယ်ချင်းနဲ့ အိမ်ထောင်ြပုတာက အချစ်မပါလည်း အဆင်ပြေနိုင်မယ်လို့တွေးမိတာကိုး...အာဂျွန်ကလည်း သူငယ်ချင်းမလေးရဲ့အခက်အခဲကိုသိတော့ လက်ထပ်ကြတာပေါ့လို့ ပြောလိုက်တယ်...အဲ့ဒီနောက်မှာတော့ ပြဿနာမျိုးစုံနဲ့အခက်အခဲမျိုးစုံစတွေ့တော့တာပဲ...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်......File Size : (1.13GB) and (460MB) Quality :WEB-DL 720p Format…mp4 Duration…02:31:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Phyo Pyae
movie

Oh My Kadavule(2020)