Channel Myanmar

Shakti Kapoor

Kahin Pyaar Na Ho Jaaye (2000) 4.4
Kahin Pyaar Na Ho Jaaye (2000) Kahin Pyaar Na Ho Jaaye (2000)"ချစ်မိသွားနိုင်တယ်" =========================================ဆလူးဘိုင်ရဲ့ နုစဉ်အခါက rom-com ကားလေးကို Cm ပရိသတ်တွေအတွက် Bollywood Team ကနေ တင်ဆက်ပေးချင်ပါတယ်။ ပရမ်ဟာ မြို့ငယ်လေးတစ်ခုက နာမည်အတော်အသင့်ရှိတဲ့ ဂီတသမားလေးပါ။ သူ့မှာ နီရှာဆိုတဲ့ လက်ထပ်ခါနီးချစ်သူတစ်ယောက်ရှိပါတယ်။ နီရှာကတော့ အလုပ်ကိစ္စကြောင့် ပရမ်နဲ့အဝေးကို လနဲ့ချီ ရောက်နေတဲ့သူပေါ့။အဲဒီလို ချစ်သူနဲ့ ဝေးနေတုန်းမှာ ပရမ့်ရဲ့ ဘဝထဲကို ပရီယာဆိုတဲ့ မိန်းမလေးတစ်ယောက်ရောက်လာပြီး ဝါသနာတွေ၊ အကြိုက်တွေတူတာမလို့ တစ်ယောက်နဲ့တစ်ယောက် ရင်းနီးသွားကြပါတယ်။အဲဒီလိုအချိန်မှာပဲ ပရမ်ရဲ့ချစ်သူနီရှာတစ်ယောက် သူတို့မြို့လေးကို ပြန်ရောက်လာတဲ့အခါ သူတို့သုံးယောက်ကြားမှာ သုံးပွင့်ဆိုင်မကျတကျ အချစ်ဇာတ်လမ်းလေးတစ်ခု ပေါ်ပေါက်လာပါတော့တယ်။ဒီရုပ်ရှင်လေးထဲမှာ ဆလူးဘိုင် တော်တော်လေးငယ်သေးပြီး သရုပ်ဆောင်ကွက်တွေဟာလည်း လက်ဆတ်တက်ကြွနေပါသေးတယ်။ ဒီရုပ်ရှင်လေးဟာ ရှေးကားတွေရဲ့ထုံးစံ သရုပ်ဆောင်တွေက အနည်းငယ်ပြဇာတ်ဆန်နေပေမဲ့ ပေါ့ပေါ့ပါးပါးနဲ့ ဟာသဆန်တဲ့ဟာသလေးတွေ၊ ဒရာမာအနှစ်တွေပါတာမလို့ sit-com ဆန်ဆန် vitage vibe အပြည့်ရမယ့် ပေါ့ပေါ့ပါးပါးကလက်ဆစ်ရုပ်ရှင်လေးဖြစ်လို့ ၂ နာရီကျော် အချိန်ပေးရကျိုးနပ်စေမှာပါ...။(ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ V, ToMo, Suri ...
movie

Kahin Pyaar Na Ho Jaaye (2000)

2000
Haan Maine Bhi Pyaar Kiya (2002)
Haan Maine Bhi Pyaar Kiya (2002) အိန္ဒိယရဲ့ နာမည်ကျော်မင်းသားကြီးတွေဖြစ်တဲ့ အာရှေးကူးမား ,အာဘီရှန်ဘချန်းတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Haan Maine Bhi Pyaar Kiya ဆိုတဲ့ အိန္ဒိယကားကောင်းလေးကို CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါပြီ။ရှိဗ် နဲ့ ပူဂျာ တို့က မမျှော်လင့်ပဲနဲ့ဖူးစာဆုံခဲ့ကြပြီး လက်ထပ်ဖြစ်ခဲ့ကြပါတယ်။ လက်ထပ်ပြီးတဲ့နောက်မှာ ရှိဗ်ဘက်က ပူဂျာခွင့်မလွှတ်နိုင်တဲ့ပြဿနာတွေကိုပဲ လုပ်ခဲ့မိတာကြောင့် လင်မယားကွာရှင်းခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ ပူဂျာက ရက်ဂျ်ဆိုတဲ့နိုင်ငံကျော်မင်းသားဆီမှာ အလုပ်လုပ်ဖြစ်တဲ့အခါမှာ ရက်ဂျ်ဘက်ကနေစပြီးပူဂျာကိုသဘောကျလာတာကစလို့ နှစ်ဦးသဘောတူလက်ထပ်ဖို့ထိဖြစ်လာခဲ့ပါတယ်။ဒီအချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင် ရှိဗ်ကပူဂျာ့ဘဝထဲပြန်လည်ဝင်ရောက်လာတဲ့အခါမှာ သူတို့၃ဦးရဲ့၃ပွင့်ဆိုင်အချစ်ဇာတ်လမ်းကဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ အချစ်၊အလွမ်း၊ဟာသနှောထားပြီး ရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ File size…2.54GB/ 1.16GB Quality…1080p WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Citrus
movie

Haan Maine Bhi Pyaar Kiya (2002)

2002
Trial Period (2023) 7.1
Trial Period (2023) Trial Period(2023) ------------------ IMDb-7.2/10အစမ်းသုံးကာလ...။ပစ္စည်းတစ်ခုအရည်အသွေးကောင်းမကောင်း အသုံးကျမကျဆိုတာမျိုးက အစမ်းသုံးကြည့်ခွင့်ရတဲ့အခါ အတိုင်းအထက်အလွန်ပေါ့။ကိုယ်နဲ့ကိုက်ညီမယ့် အသုံးအဆောင်ပစ္စည်းဆိုရင် အပိုင်ဝယ်လိုက်ဖို့ရာ စိတ်ချရတယ်လေ။Relationshipတစ်ခုမှာလဲ လက်မထပ်ဘဲအတူနေတယ်ဆိုတာ အစမ်းသုံးကာလသဘောမျိုးလို့ထင်တာပဲ။အဆင်ပြေမှ နားလည်မှုတွေပြည့်၀ကြမှ ရှေ့ဆက်လက်တွဲဖို့ ဆက်စဉ်းစားကြတာမျိုးပေါ့။ကျွန်တော်တို့ဆီမှာလည်း ရှိတော့ရှိမှာ ရှားမှာပေါ့လေ။လူတစ်ကိုယ် စိတ်ရယ်အဖုံဖုံဆိုတော့လည်း ကောင်းတယ်ထင်မယ့်လူရှိသလို မကောင်းဘူးဆိုပြီးတူးတူးခါးခါးငြင်းဆန်ကြမယ့်သူတွေလည်းရှိတာပေါ့။ဒီဇာတ်လမ်းလေးထဲမှာတော့ အဖေမရှိပဲ မိခင်ဖြစ်သူနဲ့ကြီးပြင်းလာတဲ့ ကလေးလေးတယောက်။ ကျောင်းမှာ ငါ့အဖေကဘယ်လိုကွဆိုပြီး ကြွယ်တဲ့ဘော်ဒါကြောင့် အဖေဆိုတာကိုတမ်းတမိသွားတယ်။ အဖေများနေ့မှာ ရှေ့ထွက်ပြီး အဖေအကြောင်းသီချင်းဆိုခိုင်းတော့ ရှာရွတ်နဲ့ကာဂျိုးကားထဲက အန်ဂျလီလေးကိုတောင် သတိရမိသွားတယ်။အဲဒီလိုအခြေအနေတွေနဲ့ ကြုံလာတဲ့အချိန်မှာတော့ မိခင်ဖြစ်သူကို ပူဆာပါလေရော။အစမ်းသုံးကြည့်ဖို အဖေတယောက်ခေါ်ပေးတဲ့။တစ်လစမ်းသုံးကြည့်မယ်အဆင်မပြေရင် ပြန်ပို့လို့ရတာပဲတဲ့။ ဒီလောက်ဆို ဇာတ်လမ်းလေးရဲ့ ဆွတ်ပျံ့ကြည်နူးဖို့ကောင်းမယ့်အခန်းတွေရယ် မျက်ရည်လေးကလယ်ကလယ်နဲ့ ကြေကွဲရမယ့်အခန်းတွေရယ်ပါလာမယ်ဆိုတာ သိလောက်ပါပြီ။အမေနေရာသရုပ်ဆောင်တဲ့ မင်းသမီးကလည်း Force 1,2ထဲက မင်းသမီးချောလေး ဂနယ်လီယာဆိုတော့ ပေါကားမဟုတ်တဲ့ ကားကောင်းလေးတစ်ကားဖြစ်ကြောင်း အာမခံရင်း တင်ဆင်ပေးလိုက်ရပါတယ်ခင်ဗျ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Aditi~Zwe~Cherryတို့ပဲဖြစ်ပါတယ်) File size…2.05GB / 878MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 6mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  V~Aditi~Zwe~Cherry
movie

Trial Period (2023)

Taarzan: The Wonder Car (2004) 4.6
Taarzan: The Wonder Car (2004) Taarzan: The Wonder Car (2004)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ မင်းသားကြီးအဂျေးပါဝင်သရုပ်ဆောင်ထားတဲ့ ကားလေးပဲဖြစ်ပါတယ်ရိုးသားကြိုးစားတဲ့ ကားဒီဇိုင်နာလေး ​​ဒေဗင်ကို ေမာ်တော်ကားထုတ်လုပ်ရေးလုပ်ငန်းတစ်ခုက မကောင်းကြံပြီး သတ်ပစ်လိုက်ကြတယ်အထက်အရာရှိတွေနဲ့ ညှိစားပေါင်းစား ပြီး ဒီအမှုဟာ မတော်တဆမှုအဖြစ် တစ်ခန်းရပ်သွားခဲ့တယ်...12နှစ်ကြာပြီးတဲ့နောက် ဒီလုပ်ငန်းက ပါတနာတွေ တစ်ယောက်ပြီး တစ်ယောက်အသတ်ခံရလာခဲ့ပါတော့တယ်...မျက် မြင်သက်တွေရဲ့ပြောပြချက်အရ သူတို့ကိုကားတစ်စီးက လိုက်သတ်နေပြီး မောင်းနေတဲ့သူကို သဲသဲကွဲကွဲမမြင်ရပါဘူးတဲ့...ဒါဆို ယာဥ်မောင်းမပါတဲ့ ကားတစ်စီးက လူလိုက်သတ်နေတာလား...ဒီအမှုဟာ ထင်သလို မရိုးရှင်းလာတဲ့အခါ ဘယ်လိုအဖြေရှာဖေါ်ထုတ်ကြမလဲ....တကယ့်အဖြစ်မှန်နဲ့ လှည့်ကွက်လေးတွေက ဘယ်လိုဖြစ်နေမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ ဆက်လက်ရှုစားပေးပါ... File size…2.89GB / 1.37GB Quality…1080p WEB DL AAC2.0CH / 720p Format…mp4 Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK  Translated by T.A.Y.L.O.R  
movie

Taarzan: The Wonder Car (2004)

2004
Talaash: The Hunt Begins (2003) 4.3
Talaash: The Hunt Begins (2003) အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့အက်ရှေးကူမားရဲ့အက်ရှင်ကားလေးပဲဖြစ်ပါတယ်...မင်းသမီးအနေနဲ့ ကရီနားကပူးက ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းကတော့...အရ်ဂျွန်ရဲ့ဖခင်ဟာ မှောင်ခိုဂိုဏ်းတစ်ဂိုဏ်းနဲ့ပတ်သတ်မိရာကနေ အသတ်အဖြတ်ခံရပြီးသမီးဖြစ်သူကပါ ရောင်းစားခံရဖို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရတယ်...ခင်ပွန်းအသတ်ခံရတဲ့အပြင် သမီးပါဖမ်းခေါ်သွားခံခဲ့ရတဲ့အဖြစ်ကို မျက်စိရှေ့မှာတင်မြင်လိုက်ရတော့ ယူကြုံးမရဖြစ်ပြီး အရ်ဂျွန်ရဲ့အမေဟာ အရူးတစ်ပိုင်းဖြစ်လို့သွားပါတော့တယ်.... အဖေသေ အမေကအရူးဖြစ် ညီမကိုပါ ဖမ်းခေါ်သွားကြတော့ ငယ်ငယ်ပဲ ရှိသေးတဲ့အရ်ဂျွန်ခမျာ အခြေအနေတွေကို မထိန်းနိုင်ခဲ့ဘူး....သို့ပေမယ့်လည်း မလျှော့သော ဇွဲနဲ့ ရဲထဲဝင်ပြီး ဒုစရိုက်ဂိုဏ်းမှန်သမျှကိုဖြိုခွင်းရင်း ညီမဖြစ်သူကို လိုက်ရှာပါတော့တယ်....ဒီလိုနဲ့....အရ်ဂျွန်ရဲ့ ရှာပုံတော်ဇာတ်လမ်းမှာ ဘယ်လိုစိတ်ဝင်စားစရာတွေနဲ့ပြည့်နှက်နေမလဲဆိုတာကိုတော့ ပိတ်ကားထက်မှာ ဆက်လက်ရှုစားပေးကြပါဦးရှင့်....  File size…2.8GB / 1.4GB Quality…1080p WEB RIP / 720p Format…mp4 Duration….2h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK  Translated by Taylor  
movie

Talaash: The Hunt Begins (2003)

Shimla Mirchi (2020) 5.0
Shimla Mirchi (2020) (Unicode)ဘောလီဝုဒ်ဖန်တွေအတွက် အသစ်စက်စက် Rom-Com တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ပါဝင်တဲ့အနုပညာရှင်တွေကလည်း ဘောလီဝုဒ်ရဲ့ဂန္တဝင်မင်းသမီးကြီး ဟေမာမာလီနီနှင့်သဘာဝသရုပ်ဆောင် ရာဂျ်ကူမား ရာအိုတို့နဲ့အတူ မင်းသမီးချောလေး ရာခူးလ်ပရီးဆင့်တို့ပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကလည်း ပေါ့ပေါ့ပါးပါးလေးနဲ့မို့ မိသားစုနဲ့အတူ ပျော်ပျော်ပါးပါး ကြည့်ရှု့လို့ကောင်းမယ့်ကားမျိုးပါပဲဇာတ်လမ်းအကျဉ်းလေးပြောပြရင် အဗီး ခေါ် အဗီနက်ရှ်ဆီမှာ အားနည်းချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ သူချစ်တဲ့မိန်းကလေးတစ်ယောက်ကို ဖွင့်မပြောနိုင်တာပါ ဟုတ်ပါတယ်သူ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူးဘယ်လိုနည်းနဲ့မှ မပြောနိုင်ခဲ့ဘဲ ဆွံ့အနေခဲ့ပါတယ်အဲ့ဒိလိုအချစ်ရေးမှာ မအောင်မြင်နိုင်သေးတဲ့အဗီးတစ်ယောက် ရှင်းမ်လားမြို့အလည်ရောက်တဲ့အခိုက်နိုင်နားဆိုတဲ့မိန်းမချောလေးကို မြင်မြင်ချင်းချစ်ခဲ့မိပါတယ်သူ့ကိုလည်း ရှေးနည်းတွေအတိုင်း ဖွင့်ပြောဖို့ကြိုးစားခဲ့ပေမယ့် ဆွံ့အနေတုန်းပါပဲ အဲ့ဒိအခိုက် အဗီးဆီမှာ အကြံစည်တစ်ခုရသွားပါတယ်အဲ့ဒါကတော့ စာရေးပြီးပြောတာပါ ဟုတ်ပါတယ် အဗီးဟာ နိုင်နားဆီ ရည်းစားစာရေးပြီး သူ့ခံစားချက်တွေကို ဝန်ခံခဲ့ပါတယ်သိပ်မကြာခင်မှာပဲ အဗီးတစ်ယောက် အဖြေပြန်ရခဲ့ပါတယ်အဲ့ဒိအဖြေကတော့ ... "ငါ့အမေ နင့်ကို ...
movie

Shimla Mirchi (2020)

2020