Channel Myanmar

Shang Tielong

Strange Things in Western Hunan ( 2024 ) 5.7
Strange Things in Western Hunan ( 2024 ) ဒါကတော့ တရုတ်ရိုးရာထူးဆန်းထွေလာ ရှေးဟောင်းသင်္ချိုင်းဖောက်ထွင်းတဲ့ စွန့်စားခန်းတွေနှစ်သက်တဲ့သူတွေအတွက်ကားကောင်းလေးပဲဖြစ်ပါတယ်။ ကွမ်းရှန်းဂိုဏ်းကသင်္ချိုင်းဖောက်ထွင်းသမားတစ်ယောက်ဖြစ်တဲ့ ဖုန်းလန်ချင်းဟာတစ်နေ့မှာ ချစ်သူနဲ့အတူစွန့်စားရင်း ချစ်သူကိုဆုံးရှုံးခဲ့ရတယ်။အဲဒါကြောင့်သင်္ချိုင်းဖောက်ထွင်းတဲ့အလုပ်ကိုမလုပ်တော့ပဲ ဇာတ်မြှုပ်ရင်း ဖုန်းရွှေဆရာတစ်ယောက်အဖြစ်နဲ့ပဲနေထိုင်နေခဲ့တယ်။ တစ်နေ့မှာတော့ ရွာတစ်ရွာမှာ ထူးဆန်းတဲ့ဖြစ်ရပ်ကြောင့် ရူးသွားတဲ့မိန်းမတစ်ယောက်ကိုအပနှင်ပြီးကုပေးဖို့အတွက် ရောက်လာခဲ့တယ်။ ထင်မှတ်မထားတာက ဒါတွေက သားရဲ့အသက်ကိုကယ်ချင်တဲ့ အဖိုးကြီးတစ်ယောက်ရဲ့လုပ်ရပ်တွေပဲဖြစ်နေတယ်။သားကိုကယ်ဖို့အတွက်ရှေးဟောင်းသင်္ချိုင်းကိုဖွင့်ပေးဖို့ အကြပ်ကိုင်တောင်းဆိုလာတဲ့အတွက် သူကရှေးဟောင်းသင်္ချိုင်းထဲကိုတစ်ဖန်ပြန်ဝင်ဖို့ဖြစ်လာခဲ့တယ်။ ဒဏ္ဍာရီထဲကလိုသေရာကပြန်ရှင်အောင်လုပ်နိုင်မယ်ဆေးဟာတကယ်ရှိနိုင်ပါ့မလား။ ထောင်ချောက်တွေအဆင့်ဆင့်နဲ့ရှေးဟောင်းသင်္ချိုင်းကပြန်ထွက်လာနိုင်ကြပါဦးမလား...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Adventure , Mystery Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Strange Things in Western Hunan ( 2024 )

The Origin of The Legend Of Meng Po ( 2024 ) 5.8
The Origin of The Legend Of Meng Po ( 2024 ) လူတွေသေဆုံးပြီးတဲ့အခါ လက်ရှိဘဝကမှတ်ဉာဏ်တွေကိုမေ့ပျောက်ပစ်ပြီး ပြန်လည်ဝင်စားဖို့အတွက် မုန့်ဖော်ဟင်းရည်ကိုသောက်ပြီး မေ့လျော့ခြင်းမြစ်ကူးတံတားကိုကူးကြရတယ်ဆိုတဲ့ တရုတ်ဒဏ္ဍာရီတစ်ခုကို ကြားဖူးကြမယ်လို့ထင်ပါတယ် ။ဒီဇာတ်ကားကတော့ အဲဒီမုန့်ဖော်ဟင်းရည်ရဲ့ မူလအစက ဘယ်ကဖြစ်တည်လာတယ်ဆိုတဲ့ သမိုင်းကြောင်းကိုရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။သေဆုံးပြီးသားဝိဉာဉ်တွေက မုန့်ဖော်ဟင်းရည်ကိုသောက် သေဆုံးခဲ့တဲ့ဘဝတစ်ခုလုံးကမှတ်ဉာဏ်တွေကို မေ့ပြီးတော့ လူဝင်စားဖို့လုပ်ဆောင်ရပါတယ် ။ သေချာပေါက်ပေါ့.. ဒီဘဝရဲ့မှတ်ဉာဏ်တွေကို မေ့မပစ်နိုင်တဲ့သူတွေ ၊ အစွဲအလမ်းတွေရှိလို့ ကျန်ခဲ့တဲ့သူတွေကို စိတ်မချကြတဲ့ဝိဉာဉ်တွေကတော့ မုန့်ဖော်ဟင်းရည်ကိုမသောက်လိုကြပါဘူး ။ အဲဒီလိုမသောက်လိုတဲ့အခါမှာ မေ့လျော့ခြင်းမြစ်ရဲ့ အောက်ဘက်က ဝမ့်မြို့တော်မှာ နှစ်တစ်ထောင် အတိဒုက္ခခံစားကြရပါတယ် ။ဒီလိုနဲ့ နှစ်တစ်ထောင်ပြည့်တဲ့နေ့မှာ မုန့်ဖော်ဟင်းရည်တိုက်ကျွေးသူ မုန့်ဖော်အမည်ရတဲ့နတ်သမီးက ဝမ့်မြို့တော်တံခါးကိုဖွင့်ပြီး အထီးကျန်ဝိဉာဉ်တွေနဲ့ဝိဉာဉ်ရိုင်းတွေကို မုန့်ဖော်ဟင်းရည်ထပ်တိုက်ပြီး ဘဝကူးပေးဖို့လုပ်ဆောင်ရပြန်တယ် ။မထင်မှတ်ထားတာကတော့ ဝမ့်မြို့မှာအဖမ်းခံထားရတဲ့ နတ်ဆိုးဘုရင်ရှိုးလော်ဟာ ပြန်လည်နိုးထလာခဲ့ပြီး မုန့်ဖော်ကိုတိုက်ခိုက်လာပါတော့တယ် ။ တချိန်တည်းမှာပဲ အသက်ရှိဝိဉာဉ်တစ်ကောင်ကလည်း ဝမ့်မြို့တော်ကိုရောက်ရှိနေပါသေးတယ် ။ ယမမင်းနေရာကိုလိုချင်နေတဲ့ ရှိုးလော်ကမုန့်ဖော်ကိုဘယ်လိုစီရင်သွားမလဲ ? အသက်ရှိဝိဉာဉ်ကရောဘယ်သူဖြစ်မလဲ ? ယမမင်းနဲ့ရှိုးလော်ကြားက ပြိုင်ဆိုင်မှုတွေကြား မုန့်ဖော်တစ်ယောက် ဘယ်လိုအဆုံးသတ်နဲ့ကြုံရမလဲဆိုတာကို ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေ ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance , Fantasy Runtime : 1h ...
movie

The Origin of The Legend Of Meng Po ( 2024 )

Meet The Evil Spirits ( 2023 ) 5.8
Meet The Evil Spirits ( 2023 ) CM ရဲ့ပရိသတ်တွေအတွက် သဲထိတ်ရင်ဖိုရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-မင်ကော်ခေတ်ကဇာတ်လမ်းလေး ဖြစ်ပါတယ်။ အမည်မသိ ခေါင်းပြတ်အမျိုးသမီးအလောင်းအတွက် ခေါင်းတစ်ခု ထည့်ပေးဖို့ အလောင်းပြင်သူကို တောင်းဆိုလာပါတယ်။ ဒါက နိမိတ်မကောင်းတဲ့ အလုပ်ဖြစ်တဲ့အတွက် လီတာ့တန်က မလုပ်ပေးချင်ပေမယ့် ငွေအများကြီးရတဲ့အတွက် လက်ခံခဲ့ပါတယ်။ဒါပေမဲ့ အလောင်းက အသက်ဝင်လာပြီး လီတာ့တန်တစ်ယောက် ခြောက်လန့်ခံရပြီး ဖျားသွားခဲ့တဲ့အတွက် သမီးဖြစ်သူက နတ်ကတော်ခေါ်ပြီး နတ်ပွဲလုပ်ပေးချိန်မှာ လီတာ့တန်တစ်ယောက် အသက်ပျောက်သွားခဲ့ပါတယ်။ နတ်ကတော်ကလည်း အဓိက သံသယရှိသူဖြစ်သွားခဲ့ပါတယ်။မြို့ကို အသစ်ပြောင်းလာတဲ့ ရဲအဖွဲ့ခေါင်းဆောင် ကျောက်ရန်က ဒီအမှုကို စုံစမ်းဖို့ တာဝန်ကျခဲ့ပါတယ်။ အမှုကို စုံစမ်းနေချိန်မှာ ခေါင်းပြတ်အလောင်းက လွန်ခဲ့တဲ့ ၃ နှစ်က သေဆုံးသွားခဲ့တဲ့ ချင်းအာရဲ့ အလောင်းဖြစ်တာကို သိခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က အမှုနဲ့အတူ သဲလွန်စတွေ ပေါ်ထွက်လာတဲ့ အခါမှာတော့......အမှုရဲ့ တရားခံအစစ်ကို ရှာတွေနိုင်ပါ့မလား...... အမြဲတမ်း မြင်နေရတဲ့ ပုံရိပ်ယောင်တွေကရော ဘယ်လိုဖြစ်ခဲ့တာလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ သဲထိတ်ရင်ဖို ကြည့်ရှုခံစားလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres ...
movie

Meet The Evil Spirits ( 2023 )

River God: The Strange Story ( 2023 ) 6
River God: The Strange Story ( 2023 ) သည်းထိတ်ရင်ဖိုကားတွေကိုမှ ကြိုက်ပါတယ်ဆိုတဲ့ CM ရဲ့ ပရိသတ်တွေအတွက် River God ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ -မင်ကော်ခေတ်မှာ ထျန်းကျင်းဝေ့မြို့မှာ ရေဘေးအန္တရာယ်တွေ အကြိမ်ကြိမ်ကြုံတွေ့နေရပြီး သဘာဝလွန် ဖြစ်ရပ်သတင်းတွေ မပျက်ကြားနေရပါတယ်။ ရေပေါ်ရဲတပ်ဖွဲ့ အဖွဲ့ခေါင်းဆောင် ကောသယ်ယိုဟာ သူ့ဆရာရဲ့ ပညာတွေကို ဆက်ခံထားပြီး မြစ်နတ်အဖြစ် နာမည်ကြီးနေပါတယ်။တစ်နေ့မှာ ကောသယ်ယိုတစ်ယောက် မြစ်ထဲကနေ အလောင်း ၂ ခုကို ဆယ်ခဲ့ပြီးနောက်မှာတော့ ပုံရိပ်ယောင်တွေကို မြင်လာခဲ့ပါတယ်။ ပုံရိပ်ယောင်တွေက တစ်ဆင့် သူ့အစ်ကို သေဆုံးခဲ့ရတဲ့ အကြောင်းအရင်းဟာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ကလေးပျောက်ဆုံးမှုနဲ့ ပတ်သက်နေတာ သိခဲ့ရပါတယ်ကောသယ်ယို၊ တင်းမောင်နဲ့ လီတာ့လန့်တို့ ၃ ယောက်ဟာ အမှန်တရားကို ရှာဖွေဖို့အတွက် စွန်စားခန်း စတင်ခဲ့ပါတယ်။ စာကြည့်တိုက်မီးလောင်မှု၊ ဝက်ခေါင်းလူကြီးရဲ့တိုက်ခိုက်မှုတွေ၊ ယင်းရန်မြစ်နတ်ရဲ့ လမ်းညွှန်မှု၊ ဝေမိသားစုသင်္ချိုင်းက သရဲအိမ်ကြီး စတဲ့ နေရာတွေကို တစ်ယောက်ယောက်က တမင်လမ်းညွှန်ပြနေပါတယ်။ကောသယ်ယိုတစ်ယောက် လွန်ခဲ့တဲ့ နှစ် ၂၀ က အမှန်တရားကို ဖော်ထုတ်နိုင်ပါ့မလား...... ပုံရိပ်ယောင်တွေနဲ့ သူ့ကို တိုက်ခိုက်နေသူကရော ဘယ်သူဖြစ်မလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ...
movie

River God: The Strange Story ( 2023 )

Legend of Hunter (2021) 6.5
Legend of Hunter (2021)  ဝေးလံလှတဲ့ တောင်ပေါ်ရွာလေးမှာနေထိုင်တဲ့ လီချန်ဖူတို့ မိသားစုဟာ ဆန်းကြယ်တဲ့သေဆုံးခြင်းတွေကို ရင်ဆိုင် ကြုံတွေ့နေရတဲ့အတွက် ပြဿနာရဲ့ အဖြေကို ရှာဖွေရန်အမဲလိုက်သူလျှိုကို ပင့်ခေါ်ခဲ့ပါတယ်ဒါပေမဲ့လည်း အမဲလိုက်သူလျှိုရောက်လာချိန်မှာတော့ လီချန်ဖူရဲ့အသက်ကို မမှီလိုက်တော့ပါဘူးလူအများအပြားကတော့ လီချန်ဖူတို့ အိမ်တော်သေဆုံးမှုအကြောင်းကို အမျိုးမျိုးသော ပုံပြင်ဒဏ္ဍာရီတွေဖန်တီးပြောဆိုနေပေမဲ့လည်း အဝေးကရောက်လာတဲ့ လီချန်ဖူရဲ့ တူကတော့ ဒီဆန်းကြယ်မှုတွေနောက်ကွယ်က အဖြေကိုရှင်းရှင်းလင်းလင်း ရှာဖွေချင်ခဲ့ပါတယ်အဲ့ဒါကြောင့် အမဲလိုက်သူလျှိုနဲ့အတူ တောနက်ထဲမှာ အဖြေရှာဖို့ အတူလိုက်ပါသွားပါလာခဲ့တဲ့နောက်.... တောနက်ထဲမှာ သူတို့နှစ်ယောက်လိုချင်တဲ့အဖြေကို ဘယ်လိုမျိုးတွေ ရှာဖွေဖော်ထုတ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ဆက်လက်ကြည့်ရှုကြရမှာပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yamin Ei ပါ ) File Size__1.4 GB, 780 MB Quality__1080p, 720p IMDb Rating__6.5/10 Format__mp4 Duration__01:25:00 Type__Action , Adventure , Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Yamin Ei Encoded by Naing Aung Latt
movie

Legend of Hunter (2021)

The Grandmaster(2013) 6.6
The Grandmaster(2013) The Grandmaster(2013)IMDb....6.6တရုတ်သိုင်းရုပ်ရှင်ကို သဘောကျသူတွေကြားမှာ မသိသူမရှိလောက်တဲ့ Ip Manရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ သိုင်းကားတစ်ကားပါ။ Ip Man ကားတွဲတွေနဲ့တော့ တစ်စက်ကလေးမှ မဆင်တဲ့အပြင် ဝေါင်ကာဝေးရဲ့ ရုပ်ရှင်ပီပီသသပါပဲ ခမ်းခမ်းနားနား Dialougeတွေကို သေသေသပ်သပ် ထည့်သွင်းထားပါတယ်။ Ip Manကို ဗဟိုပြုပြီး သူ့ခေတ်ပြိုင် သိုင်းဆရာတွေကိုပါ လှလှပပ စက်ဝိုင်းလေးဝိုင်းပြီး ဘောင်မလွတ်ပဲ ပြထားပါတယ်။ဘဝမှာသာ ရာသီအပိုင်းအခြားတွေရှိခဲ့ရင် သူ့ဘဝရဲ့ပထမနှစ်လေးဆယ်က နွေဦးလိုသာယာခဲ့တယ် ဆိုတဲ့ Ip Manရဲ့ဘဝ နှစ်လေးဆယ်နောက်ပိုင်း ဆောင်းရာသီနေ့ရက်တွေအကြောင်းကို တင်ဆက်ပြသထားပါတယ်။သိုင်းပညာပြခန်းတွေသိပ်မများလှပေမယ့် ပါသမျှလောက်ကလည်း စက္ကန့်စိတ်စာမျှ ပယ်စရာမရှိတဲ့ တကယ့်အနှစ်တွေပါပဲ။ ဒီလိုပယ်စရာမရှိရအောင်လည်း ဒီရုပ်ရှင်ရဲ့ မင်းသား တိုနီချူဝေဟာ တစ်နေ့လေးနာရီနှုန်းနဲ့ တစ်နှစ်တိတိကျင့်ခဲ့ရပါတယ်။ တရုတ်ပြည်ကနေ ခုန်ပျံကျော်လွှားပြီး အမေရိကန်jမှာ အော်စကာနှစ်ဆု Nomineeဝင်ထားတဲ့ ဒီရုပ်ရှင်မှာ Ip Manရဲ့ ဝင်းချွန်းသိုင်းကွက်တွေ ထိုက်ကျိသိုင်းရဲ့ ဒဿ နတွေ ဝေဝေဆာဆာနဲ့ သိုင်းအနုပညာကို ထဲထဲဝင်ဝင် ခံစားကြရမှာပါ။File Size : (3.84GB) Quality : HEVC 1080p Format…mp4 Duration…02:10:00 Genre : Action, Drama, Biography Subtitle : Myanmar Subtitle (Hard Sub) Translated by Wira ...
movie

The Grandmaster(2013)

2013