Channel Myanmar

Sharlto Copley

Maleficent (2014) 7.0
Maleficent (2014) Maleficent (2014) IMDb - 7.0/10_____Rotten - 54%  Maleficent ဆိုတာ Disney ကာတွန်းကား Sleeping Beauty ထဲက မင်းသမီးလေးကို အိပ်မွေ့ချထားတဲ့ မှော်ဆရာမကြီးပါ။ Sleeping Beauty ကိုမသိသေးတဲ့သူတွေအတွက် ကာတွန်း ဇာတ်လမ်းကတော့ မင်းသမီးလေး မွေးပြီး မွေးနေ့ပွဲမှာ ပြည်သူလူထုနဲ့ တကွ နတ်သမီး ၇နှစ်ယောက်ပါ တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ နတ်သမီးတွေက မင်းသမီးလေးကို သူတို့ တန်ခိုးနဲ့ ဆုတွေ ပေးနေတုန်း ၅ ယောက်မြောက်နတ်သမီးအပြီးမှာ Maleficent ဆိုတဲ့ မှော်ဆရာမက ဝင်လာပြီး ကျိန်စာတိုက်သွားပါတယ်။ မင်းသမီးလေး ၁၆ နှစ်ပြည့် မွေးနေ့မှာ ယက် ပြီကန်းစဉ်က ချည်လုံး အပ်ဆူးပြီး သေပါစေလို့ ကျိန်စာတိုက်ပြီး ထွက်သွားပါတယ်။ အဲ့ဒီမှာ ကျန်နေတဲ့ နတ်သမီးတစ်ပါးက (ကျိန်စာပျက်အောင်မတတ်နိုင်ပေမယ့်) အပ်စူးမိးမသေပဲ နှစ်တစ်ရာတိုင် အိပ်ပျော်နေပြီး တော်ဝင်သွေးပါတဲ့ မင်းသားတစ်ပါးက နမ်းမှပဲ ...
movie

Maleficent (2014)

2014
The Last Days of American Crime 6.2
The Last Days of American Crime   ဒီတစ်ခေါက်မှာတော့ စီအမ် ပရိတ်သတ်ကြီးအတွက် ဇွန်လ ၅ ရက်နေ့ကမှ ထွက်ထားတဲ့ ဇာတ်ကြမ်းကား တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားက ဂရေဟမ် ဘရစ် ရယ် ရှဲဘီ ဒူပရီး ရယ် ကီဗင် ကတ်ရှ် တို့ က ရဲ့ အကွက်ချပြီး ဘဏ်တိုက်ဖောက်ဖို့ကြိုးစားတဲ့ ဇာတ်ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကိုပြောရရင် ဂရေဟမ် ဘရစ်က တစ်ယောက်တည်းကျန်ခဲ့တဲ့ ကြေးစားလူမိုက်လိုဖြစ်နေတာ သူ့ကို ဒူမိုးရစ် မိသားစုက လိုက်သတ်နေတယ် ဒူမိုးရစ် ရဲ့ သားက ကီဗင်ကတ်ရှ် ဒီကောင်ကလည်း သူ့အဖေနဲ့ ရန်သူလိုဖြစ်နေတာ သူ့ကောင်မလေးက ဒူပရီး အဲ့ဒီအချိန်မှာ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကလည်း မကောင်းဘူး ပြည်သူတွေကို အေပီအိုင် ဆိုတဲ့ အာရုံကြောကို ထိန်းချုပ်နိုင်တဲ့ စနစ်တစ်ခုကို အစိုးရက အကောင်အထည်ဖော်နေတယ် ဒါကိုပြည်သူတွေက လက်မခံဘူး ဆန္ဒတွေပြကြတယ် ကနေဒါကို ထွက်ပြေးကြတယ် ထွက်ပြေးတဲ့သူတွေကို အစိုးရက ဖမ်းတယ် ထောင်ချတယ် အဲ့ဒီအခါ ပိုပြီး ဆန္ဒပြမှုတွေပြင်းထန်လာတယ် ဒါကို အစိုးရကလည်း လက်မလျော့ဘူး ဆက်ပြီး အကောင်အထည်ဖော်တဲ့ အေပီအိုင် စနစ် ချပ်စ် ပြားလေးကို လူတွေရဲ့ ဉီးနှောက်ထဲထည့်ရင် ...
movie

The Last Days of American Crime

2020
Chappie (2015) 6.8
Chappie (2015) 2015 မှာ ထွက်ရှိထားတဲ့ Chappie ဆိုတဲ့ စက်ရုပ်ဇာတ်လမ်းကောင်းလေးတစ်ကားကို တင်ပေးလိုက်ပါတယ်…လူသားဆန်တဲ့စက်ရုပ်တစ်ရုပ်အကြောင်းကိုရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်…Movie Review ကို ဖတ်ကြည့်ပါဦး..ဂျိုဟန်းနက်စ်ဘာ့ဂ်မှာ မှုခင်းတွေဆိုးဆိုးရွားရွားဖြစ်ပွားတာကိုလျှော့ချဖို့ ကြိုးပမ်းနေတဲ့ တောင်အာဖရိက အစိုးရဟာ ရဲတွေနေရာမှာစက်ရုပ်ရဲတွေကိုအစားထိုး တာဝန်ထမ်းဆောင်စေခဲ့ပါတယ်။စက်ရုပ်တီထွင်တဲ့ ဒီဇိုင်နာဒီယွန်ဝီလ်ဆင်ဟာ လူသားတွေလိုပဲအသိဉာဏ်ရှိပြီး ခံစားမှုပါရှိတဲ့စက်ရုပ်တစ်ရုပ်ကို တီထွင်လိုပေမယ့်အထက်လူကြီးတွေရဲ့ ခွင့်ပြုချက်မရခဲ့ပါဘူး။ဒါပေမဲ့လည်း  ဒီယွန်ဟာ သုံးလို့မရတော့လို့ ဖျက်ဆီးပစ်တော့မယ့်စက်ရုပ်တစ်ရုပ်ကို သူ့အိမ်မှာ တီထွင်ဖို့ယူသွားတုန်းလမ်းမှာလူဆိုးတစ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။လူဆိုးအဖွဲ့ထဲက နင်ဂျာ၊ ရိုလန်ဒီနဲ့ ရန်ကီတို့ဟာသူတို့ ဓားပြတိုက်ရာမှာသုံးဖို့အ တွက် စက်ရုပ်ကိုပြင်ပေးဖို့ဒီယွန်ကို အတင်းအကျပ်စေခိုင်းပါ တော့တယ်။ဒီလိုနဲ့ ဒီယွန်က စက်ရုပ်ထဲဆော့ဖ်ဝဲသစ်ထည့်လိုက်တဲ့ အခါမှာတော့စက်ရုပ်ဟာကလေး တစ်ယောက်လိုပြုမူခဲ့ပါတယ်။အဲဒီနောက်စကားလည်း စပြောခဲ့ပြီး သူ့ကို ချက်ပီလို့နာမည်ပေးခဲ့ကြပါတယ်။ချက်ပီကို တီထွင်တဲ့ဒီယွန်ကို နင်ဂျာက နှင်ထုတ်ခဲ့ပါတယ်။ရိုလန်ဒီက ချက်ပီရဲ့အမေဖြစ်ရတာကို သဘောကျပေမယ့်နင်ဂျာကတော့ သူတို့ဓားပြမှုမှာ မြန်မြန်ထည့်သုံးချင်နေတာမို့ချက်ပီက ကလေးလိုပဲပြုမူနေသေးတာကို စိတ်မရှည်ပါဘူး။တစ်ရက်မှာတော့ နင်ဂျာဟာ ချက်ပီကို အန္တ ရာယ်ရှိတဲ့ နေရာတစ်ခုမှာစွန့်ပစ်ခဲ့တာကြောင့်ဒီယွန်ကိုနောက် ယောင်ခံလိုက်နေတဲ့သြစတြေးလျ ဒီဇိုင်နာဗင်းဆင့်ကဖမ်းခေါ်သွားပြီးအန္တရာယ်ပြုမှာစိုးလို့ လက်တွေကို ဖြုတ်ပစ်ခဲ့ပါတယ်။အဲဒီနောက် ချက်ပီကိုယ်ထဲက ...
movie

Chappie (2015)

2015
District 9 (2009) 7.9
District 9 (2009) ဒီကားက တခြားဂြိုလ်သားကားတွေနဲ့ လုံးဝကို ကွဲထွက်သွားတဲ့ကားဖြစ်ပါတယ်... အစပိုင်းပဲကြည့်ရင်တော့ ပျင်းမှာမှန်ပေမယ့် ၁၅ မိနစ်လောက်ပဲစိတ်ရှည်ရှည်ကြည့်လိုက်ပါ... ဒီဇာတ်ကားရဲ့အရှိန်က ဇာတ်လမ်းပြီးတဲ့အထိကို ရိုးရိုးလေးနဲ့ တီဗွီရှေ့ကနေထမရအောင်ကို ဆွဲဆောင်သွားမယ်ဆိုတာ အသေချာပြောရဲပါတယ်.. ဒီကားကို ဂြိုလ်သားပါတဲ့ ဇာတ်လမ်းလို့သာ သိထားပြီး trailer တွေ၊ rating တွေ မသိဘဲနဲ့ ကြည့်ဖြစ်ခဲ့တာပါ။ နောက်မှ Imdb 8 နဲ့ RT 90% တောင် ရထားတဲ့ ဇာတ်ကားမှန်းသိပါတယ်။ တကယ်လည်း ထိုက်တန်ပါတယ်။ ဇာတ်လမ်းအကျဉ်း ........................ ဂြိုဟ်သားတွေ ကမ္ဘာကို သူတို့ရဲ့ အာကာသယာဉ် တစ်ခုခုချို့ယွင်းပြီး ရောက်ရှိလာတာပါ။ တောင်အာဖရိက ရဲ့ Johannesburg မြို့ ကောင်းကင်ပေါ်မှာ အချိန်အတော်အကြာ လှုပ်ရှားမှု မရှိဘဲ ရပ်တန့်နေခဲ့တယ်။ ဒါကြောင့် လူသားတွေကို ယာဉ်ထဲကို ဖောက်ထွင်း စစ်ဆေးဖို့ သွားကြတယ်။ အဲဒီမှာတော့ အစာရေစာ ငတ်မွတ်နေတဲ့ ဂြိုဟ်သား အများကြီးကို တွေ့ရပါတော့တယ်။ သုံးသပ်ချက်အရ အခုတွေ့ရတဲ့ ဂြိုဟ်သားတွေဟာ ...
movie

District 9 (2009)

2009
Gringo (2018) 6.0
Gringo (2018) Gringo ဆိုတာ စပိန်တွေက ဒါမှမဟုတ် စပိန်စကားပြောနိုင်ငံတွေက အမေရိကန်တွေကိုခေါ်တဲ့အသုံးအနှုန်းလို့ဆိုပါတယ် (ကိုးကား- ဘာဘာညာညာ)..ဒီဇာတ်လမ်းလေးက ရိုးရိုးအအ အမေရိကန်လူမည်းတစ်ယောက်အကြောင်းကို ရိုက်ထားတဲ့ ဒရာမာဇာတ်မြူး မှုခင်းကားတစ်ကားဖြစ်ပါတယ်…ဟာရိုးဆိုတဲ့ အမေရိကန်လူမည်းတစ်ယောက်ဟာ သူငယ်ချင်းတစ်ယောက်ဖြစ်သူရဲ့ဆေးကုမ္ပဏီမှာ ရိုးသားကြိုးစားစွာ အလုပ်လုပ်နေတဲ့ လူတစ်ယောက်ပေါ့…သူ့သူငယ်ချင်းကသူ့ကို သူပိုင်တဲ့ဆေးကုမ္ပဏီမှာ အလုပ်သွင်းပေးထားရုံမက သူ့မိန်းမ အိမ်တွင်းဒီဇိုင်နာကိုလည်း သူ့အိမ်ပြင်ဆင်ဖို့ အလုပ်အပ်ထားတဲ့အတွက် ကျေးဇူးတင်နေသူတစ်ယောက်ပေါ့….သူတို့ဆေးကုမ္ပဏီက အမှန်တကယ်တော့ ဟန်ပြသက်သက်ပဲဖြစ်ပြီး တကယ်တမ်းမှာ မက္ကဆီကိုက မူးယစ်ရာဇာတွေနဲ့ဆက်သွယ်ပြီး တားမြစ်ဆေးဝါးတွေထုတ်လုပ်နေတာပါ…ဒါကို စာရင်းကိစ္စတွေပဲလုပ်ပေးရတဲ့ဟာရိုးကမသိပါဘူး….ဒီလိုနဲ့ကုမ္ပဏီအရှုံးပေါ်လာတဲ့အချိန်မှာ ဟာရိုး ဟာ အလုပ်ပြုတ်မယ့်အရေးတွေးပူနေရာကနေ ကြံရာမရဖြစ်ပြီး…သူ့သူငယ်ချင်းကုမ္ပဏီပိုင်ရှင် နောက်ကျောဓားနဲ့ထိုးမယ့်အဖြစ်တွေပါသိပြီးတော့ ပြန်ပေးဆွဲခံရတယ်ဆိုပြီး..လုပ်ကြံဖန်တီးခဲ့ပါတယ်..ဒါပေမယ့် မက္ကဆီကိုမူးယစ်ရာဇာတွေ သူ့ကိုတကယ်ပြန်ပေးဆွဲတဲ့အခါမှာတော့…..၂၀၁၈ ထွက်ဇာတ်ကားဖြစ်ပြီး ဇာတ်လမ်လေးကို မြူးမြူးလေးရိုက်ပြထားပါတယ်နာမည်ကြီးသရုပ်ဆောင်တွေနဲ့ ဇာတ်လမ်းကို အဆုံးထိဆွဲဆောင်ခေါ်ယူသွားမှာဖြစ်ပြီး ၁၈+ဒိုင်ယာလော့တွေပါတယ်ဆိုတာကိုလည်း ပြောပြထားပါရစေRatings IMDb – 6, Rotten tomatoes – 41%, Google users – 70% (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File ...
movie

Gringo (2018)

2018
The A-Team (2010) 6.8
The A-Team (2010) Non-stop Action ဇာတ်ကားတစ်ကားဖြစ်တဲ့ The A-Team ကို ဒါရိုက်တာ Joe Carnahan ရိုက်ကူးခဲ့ပြီး IMDb 6.8 ရရှိထားပါတယ် *ဆေးပြင်းလိပ်ခဲပြီး အစီအစဉ်ဆွဲရတာဝါသနာပါတဲ့ ကာနယ်ဟန်နီဘယ်စမစ်အဖြစ် Liam Neeson* မျက်နှာများတဲ့ စော်ကြည်ဘဲ Face အဖြစ် Bradley Cooper *ခွန်အားဗလကြီးသလောက် အသည်းငယ်တဲ့ ဘီအေဘရာကပ်စ် အဖြစ် Quinton*a *ဂေါက်ကြောင်စကားလုံးတွေကြောင့် ရယ်မောကြရမယ့် မားဒေါ့အဖြစ် Sharlto Copley* တို့က ဦးဆောင်ပါဝင်ထားပါတယ် ကာနယ်ဟန်နီဘယ်စမစ်ဦးဆောင်သော လူလေးဦးဖြင့်ဖွဲ့စည်းထားသည့် အယ်လ်ဖာတပ်ဖွဲ့ဝင် များဟာ စွန့်စားစစ်ဆင်ရေးတွေ ထမ်းဆောင်ရာမှာ ပျော်မွေ့ကြသူများဖြစ်ကြပါတယ် ဒေါ်လာရိုက်နှိပ်ရာတွင် အသုံးပြုသော ပျောက်ဆုံးပုံနှိပ်တံဆိပ်ပြားများ ဘက္ကဒက်တွင် ရောက်ရှိနေသည်ဟုသတင်းရပြီး ကာနယ်စမစ်နှင့်အဖွဲ့က ပြန်လည်လုယူခဲ့ကြပါတယ် ထိုတံဆိပ်ပြားများကို ခိုးယူရောင်းချလိုသူများထဲတွင် ထိပ်ပိုင်းအရာရှိများလည်းပါဝင်ခဲ့ရာ.......စကားချပ်။ ။ ကျည်ဆံများဇာတ်ကားထဲမှထွက်လာပြီး ထိမှန်နိုင်သောကြောင့် ကျည်ကာဝတ်၍ ကြည့်ကြပါကုန်။ File Size : (956 MB) and (327 MB) Quality : BluRay 1080p Running Time : 1hr 57min Format : Mp4 Genre :Action, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source ...
movie

The A-Team (2010)

2010
Oldboy (2013) 5.8
Oldboy (2013)    တူကြီးကိုင်ပြီး ပွဲကြမ်းနေတဲ့ မင်းသားကြီး Choi Min‑sik ရဲ့ ကိုရီးယားဇာတ်ကား Oldboy(2003) ကို အတော်များများသိကြမှာပါ... နိုင်ငံတကာမှာလဲ ချီးကျူးခံရတဲ့ အဲ့ဒီ့နာမည်ကြီးကိုရီးယားဇာတ်ကားကို  အနောက်တိုင်းက Remark အနေနဲ့ Oldboy(2013)ကို ပြန်လည်ရိုက်ကူးခဲ့ပါတယ်။ မင်းသားကြီး Josh Brolin နဲ့ မင်းသမီးချော Elizabeth Olsen တို့မှ အဓိကပါဝင်ထားပါတယ်။ ကိုရီးယားဇာတ်ကားလောက်မအောင်မြင်ခဲ့ပေမယ့် Remark အနေနဲ့ သူ့ဟာနဲ့သူတော့ မတူတဲ့ရသတစ်မျိုးကို ပေးထားနိုင်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ Oldboy ရဲ့ဇာတ်လမ်းအရသာက ကိုယ်တိုင်ခံစားကြည့်ရှုမှ အကောင်းဆုံး အရသာရနိုင်တာမို့ ဇာတ်လမ်းအကြောင်းမပြောပြခဲ့တော့ပါဘူး။ မင်းသမီးချော Elizabeth Olsen ကို Marvel Superhero ထဲက Scarlet Witch အဖြစ်လူသိများပြီး Infinity War ဇာတ်ကားထဲက ကမ္ဘာဖျက်ဗီလိန် Thanos အဖြစ် မင်းသားကြီး Josh Brolin  မှပါဝင်ထားတာကြောင့် သူတို့နှစ်ယောက်ကို Infinity War ထဲမှာ ပူးတွဲမြင်တွေ့ရဖို့လဲ ရှိပါသေးတယ်။File Size…(900 MB)Quality…BluRay-Rip 720pFormat…mp4 Duration…01:44:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Nyeinsaeya Aung
movie

Oldboy (2013)

2013
Euro report (2013) 6.5
Euro report (2013)   IMDb Rating 6.5 ရရှိထားပြီး သိပ္ပံ ဗဟုသုတ ရခြင်တဲ့သူတွေ စကြ၀ဠာကြီးကိုစိတ်ဝင်စားတဲ့သူတွေအတွက် ဇာတ်ကားကောင်းလေး တကားကိုတင်ပေးလိုက်ပါတယ် Europa Project ရဲ့ CEO ဒေါက်တာUnger ဟာ ဂျူပီတာဂြိုလ်ရယ် လ ရယ် ဆက်စပ်မှုနဲ့ အတူ သက်ရှိတွေကို ဖြစ်တည်မှုဆက်စပ်နေမှုကိုပါ လေ့လာဖို့ ဆန္ဒရှိနေသူတစ်ဦးဖြစ်ပြီး တစ်နေ့မှာ Space Ship တစ်စီးကို လေ့လာဖို့အတွက်လွတ်လိုက်ပါတယ် ဒီလိုနဲ့ လေ့လာပြီး ၆လအကြာမှာ မုန်တိုင်းတစ်ခုနဲ့တိုးမိပြီး အာကာသယာဉ်ဟာ ချို့ယွင်းသွားခဲ့ပါတယ် အင်ဂျင်နီယာ ၂ယောက်ဖြစ်တဲ့ Blok နဲ့ Corrigan ဟာ ချို့ယွင်းမှုကိုပြင်ဆင်ဖို့ကြိုးစားခဲ့ကြပြီး သူတို့ ၂ယောက်က ပြင်ဆင်နိုင်ခဲ့လား ဘယ်လိုတွေများဆက်လက်ကြုံတွေ့ကြရမလဲဆိုတာကို ဆက်လက်ကြည့်ရှူရမှာပါ Martian ကိုကြိုက်နှစ်သက်မိရင် ဒီကားကိုလဲ ကြိုက်ကြလိမ့်မယ်ဆိုတာ ရဲရဲကြီးအာမခံလိုက်ပါရစေတော့ဗျာDownload On Google Drive   Download On Pcloud   Download On Openload   Download On Hubic   Download On Mega   Download On Yandex
movie

Euro report (2013)

2013
Hardcore Henry (2015) 6.8
Hardcore Henry (2015) 2015 ရဲ့ ထူးထူးခြားခြား ဇာတ်ကားကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ IMDb ၆.၈ နဲ့ FPS စတိုင်ကားပါ။ FPS ဆိုတာ ဂိမ်းကစားသူတွေ အတွက်ရင်းနှီးပေမယ့် သာမာန်ရုပ်ရှင်ချစ်သူတွေ အတွက်တော့ ထူးခြားနေပါလိမ့်မယ်။ ဇာတ်ကောင်ရဲ့ မြင်ကွင်းအဖြစ် ရိုက်ကူးထားတာ ဖြစ်ပြီး ဇာတ်ကောင်ကို မမြင်ရပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ဟင်နရီကို သေရွာကနေ သိပ္ပံပညာနဲ့ ဇနီးဖြစ်သူက ပြန်အသက်သွင်းခဲ့ပြီး သူနိုးထလာချိန်မှာပဲ ဇနီး ဖြစ်သူကို ဂိုဏ်းခေါင်းဆောင် စိတ်စွမ်းအားရှင်တစ်ဦးက ဖမ်းဆီးသွားပါတယ်။ မှတ်ဥာဏ်မရှိ ဘာတွေဖြစ်နေမှန်း မသိတော့တဲ့ ဟင်နရီဟာ ဇနီးဖြစ်သူကို လိုက်ကယ်တင်ရင်း သိချင်တဲ့ အဖြေတွေကို ရှာဖွေရပါတော့မယ်။ ဒီဇာတ်ကားကလည်း အက်ရှင်တွေ အတော်ကောင်းပြီး ဇာတ်လမ်းကလည်း ဆက်တိုက် အရှိန်မြင့်လာတာမို့ ကြည့်ဖို့ကောင်းမယ့် ကားတစ်ခုပါပဲ။ အနည်းငယ်တော့ အစပိုင်းမှာ မူးကောင်းမူးသွားနိုင်တာကို သတိပြုပါခင်ဗျာ။ ဇတ်လမ်းအညွန်းကို Little Neo မှ ရေးပေးထားတာဖြစ်ပြီး ရုပ်ရှင်ကိုတော့ ...
movie

Hardcore Henry (2015)

2015