Channel Myanmar

Sharwanand

Kanam (2022) 8.5
Kanam (2022) Oke Oka Jeevitham 2022 8.4/10 IMDbဟုတ်ကဲ့ဒီတစ်ခါတော့ အိန္ဒိယသိပ္ပံဇာတ်ကားလေးတစ်ခုလာပါပြီနော်ကျွန်တော်တို့သာအချိန်ခရီးသွားနိုင်မယ်ဆိုရင် အတိတ်ကအမှားတွေကိုပြန်ပြင်ဖို့ လူတိုင်းအတိတ်ကိုပြန်သွားချင်မှာပါပဲ..ဒါကတော့အချိန်ခရီးသွားမယ့်ဇာတ်လမ်းလေးပေါ့နော်တစ်နေ့သိပ္ပံပညာရှင် ပေါလ်နဲ့မိုက်ကယ်တို့နှစ်ယောက် အချိန်ယန္တရားစက်ကိုစမ်းသပ်တီထွင်ခဲ့ရာမှာ စမ်းသပ်မှုမအောင်မြင်ဖြစ်ပြီး မိုက်ကယ်ဆုံးသွားခဲ့ရပါတယ်အာဒီ၊ ချေတူးနဲ့စီနူးတို့က ဘဝမှာအခက်အခဲကိုယ်စီနဲ့ရုန်းကန်နေရတဲ့ ငယ်ပေါင်းသူငယ်ချင်းသုံးယောက်ပေါ့...အာဒီက ဂီတပညာရှင်တစ်ယောက်ဖြစ်ချင်ပေမယ့် စတိတ်စင်ကိုကြောက်တတ်တယ်..ချေတူးကအချစ်ရေးကိစ္စအဆင်မပြေနေတဲ့သူစရီနူးကတော့ ငယ်စဥ်ကစာကောင်းကောင်းမလုပ်ခဲ့ရလို့နောင်တရနေတဲ့သူပေါ့တစ်နေ့စီနူးက အာဒီ ချေတူးတို့နဲ့အတူ ပေါလ်ကိုအိမ်လိုက်ပြရာမှ အာဒီကပေါလ်ရဲ့သေတ္တာတစ်လုံးကိုသတိပြုမိသွားပါတယ်.. သေတ္တာပေါ်ကရက်စွဲကလဲ သူ့အမေမဆုံးခင်ကရက်စွဲနဲ့ဆိုတော့ အံ့သြသွားခဲ့ရပါတယ်ဒီလိုနဲ့ပေါလ်ရဲ့အချိန်ယန္တရားစက်ကြီးနဲ့ သူတို့အားလုံးရဲ့ကိုယ်စီပြဿနာတွေကို အတိတ်ကိုသွားပြီးပြောင်းလဲကြတဲ့အခါဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတာ မျှော်တလင့်လင့်လိုက်ပါကြည့်ရှုလိုက်ကြပါဦးခင်ဗျာ.. File size…2.8GB / 1.24GB Quality…1080p True WEB DL HQ / 720p Format…mp4 Duration….2h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & HM & Taylor & BpL
movie

Kanam (2022)

2022
Aadavaallu Meeku Johaarlu (2022)
Aadavaallu Meeku Johaarlu (2022) Aadavallu Meeku Johaarlu IMDb-6.9/10အားလုံးစောင့်မျှော်နေတဲ့ မင်းသမီး ရှက်ရ်မီး ရဲ့ကားလေး ရောက်လာပါပြီယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို လုံးဝနားမလည်နိုင်ပါဘူး ဘုရားက လူယောက်ျားကို အဲ့ဒီအစွမ်းပေးဖို့ ကျန်ခဲ့တာ ဖြစ်နိုင်ပါတယ်မိန်းမတစ်ယောက်ကိုတောင် နားလည်ဖို့ခက်တဲ့ဒီလောက ကြီးမှာ မိန်းမ ၁၅ ယောင်လောက်ဝိုင်းနေတဲ့ ချီရူရဲ့ဘဝကတော့ သနားစရာပါဟိုးငယ်ငယ်လေးတည်းက အမေနဲ့ အဒေါ် ၄ယောက်ရဲ့ ဖူးဖူးမှုတ်ထားတာကိုခံရပြီး အစ်မ ညီမတွေရဲ အချစ်ကိုရထားတဲ့ကံကောင်းတဲ့သူတစ်ယောက်ပါ ဒါပေမဲ့ တစ်ဖက်မှာတော့ ဒါက သူ့အတွက် အချုပ်အနှောင်တွေဖြစ်နေခဲ့ပါတယ်အထူးသဖြင့် လက်ထပ်ပွဲနဲ့ပတ်သတ်ပြီးတော့ပေါ့အကောင်းဆုံးကို ပေးချင်တယ်ဆိုပြီးအိမ်ထောင်ဖက်လာတွေ့တဲ့ မိန်းကလေးမှန်သမျှကိုအကြောင်းမျိုးစုံရှာပြီး ငြင်းခဲ့တဲ့ သူ့မိသားစုကြောင့် ချီရူတစ်ယောက် အသက် ၃၅နှစ်အထိ မိန်းမမရခဲ့ပါဘူးဒီလိုနဲ့ မိုးရွာတဲ့နေ့တစ်နေ့မှာ အာဒီယာနဲ့ အမှတ်တမဲ့ဆုံခဲ့ပါတယ် ပြီးတော့ အိမ်ထောင်ဖက်တွေ့တာကအစ လက်ထပ်ပွဲအထိ သူကိုယ်တိုင် စီစဥ်ဖို့ ဆုံးဖြတ်ခဲ့တယ်ချီရူရဲ့ လက်ထပ်ပွဲဘယ်လိုဆက်ဖြစ်မှာလဲ သူ့မိသားစုနှောင်ကြိုးတွေထဲက ဘယ်လိုရုန်းထွက်နိုင်မှာလဲ အာဒီယာနဲ့ကော ဘယ်လို အချစ်ဇာတ်လမ်းတွေရှိလာမှာလဲ.....လှမြဲလှနေပြီးExpression Queen လို့တင်စားကြတဲ့ နာမည်ကြီး ...
movie

Aadavaallu Meeku Johaarlu (2022)

2022
Maha Samudram (2021) 5.9
Maha Samudram (2021) ဒီကားကတော့ IDMB မှာ Rating 6.0 ထိရထားတဲ့ မင်းသားကြီး Jagapathi Babu ပါ၀င်တဲ့Action/Romance အမျိုးအစား တေလ်ဂူ ကားလေးပါ။ မင်းသားကြီး Jagapathi Babu ကိုဗီလိန်နေရာမှာ သရုပ်ဆောင် ပိုင်နိုင်မှုကြောင့် တော်တော်လေးကြိုက်ခဲ့ဖူးပြီး ရှာကြည့်သမျှထဲမှာလည်း ဗီလိန်မဟုတ်တာနည်းပါတယ်။ဇာတ်လမ်းအကျဉ်း ..............................ငယ်ငယ်တုန်းက အရမ်းချစ်ခင်ခဲ့ကြတဲ့သူငယ်ချင်းနှစ်ယောက် အာဂျွန်နဲ့ ဗီဂျေး။မှောင်ခိုလုပ်ငန်းအကြီးအကျယ်လုပ်တဲ့ ဦးလေးရှိပေမယ့် မှောင်ခိုလုပ်ငန်းကို မုန်းတဲ့အာဂျွန်။ ကိုယ့်ဘ၀ကိုပဲဂရုစိုက်မယ် ဘယ်လိုအနှောက်အယှက်မဆို မလိုချင်ခဲ့တဲ့ဗီဂျေး။ခပ်ဆိုးဆိုး ဗီဂျေးကိုမှ သဘောကျခဲ့တဲ့ မဟာ။ သူတို့သုံးယောက်ဆုံပြီးနောက်မှာမှောင်ခိုလောကအတွင်းဘာတွေပြောင်းလဲကုန်မှာလဲ။ မှောင်ခိုလောကရဲ့ဘုရင်အဖြစ်ဘယ်သူက အုပ်စိုးနိုင်မှာလဲ။ အတ္တ နဲ့ ချစ်ခြင်း အနစ်နာခံခြင်းတွေစုံအောင် ၂နာရီကျော်အတွင်းစီးမျောခံစားရမှာပါ။အညွှန်းနဲ့ဘာသာပြန်ကတော Lwin Htoo Aung နှင့် JimX တို့ပဲဖြစ်ပါတယ်  File size…2.36GB Quality…1080p AAC 5.1CH Format…Mp4 Duration….2h 3omins Subtitle….Myanmar  Subtitle (Hard Sub) Encoder….YK Translated by JimX & Lwin Htoo ...
movie

Maha Samudram (2021)

2021
Sreekaram(2021) 7.0
Sreekaram(2021) Sreekaram (2021)ရည်မှန်းချက်ရှိမှ တိုးတက်မယ်တဲ့ ငယ်ငယ်တုန်းက လူကြီးတွေပြောဖူးနေကျစကားပေါ့ ဘာမှနားမလည်သေးတဲ့ ငယ်ငယ်တုန်းက ကျွန်တော်​တို့တွေဟာ ဆရာဝန်ကြီးဖြစ်ချင်တယ် အင်ဂျင်နီယာကြီးဖြစ်ချင်တယ်နဲ့ ပြောခဲ့ကြဖူးတယ် ကစားခဲ့ကြဖူးတယ် ကြီးလာတော့ တက္ကသိုလ်တွေကိုယ်စီရောက်တဲ့အခါ ရင့်ကျက်သွားတဲ့အတွေးအခေါ်တွေနဲ့ ​ကျောင်းပြီးရင် ဘာလုပ်မယ်ဆိုတဲ့စိတ်ကူးကိုယ်စီကို ကျောပိုးအိတ်ထဲအပြည့်ထည့်ပြီး ဘဝပင်လယ်မှာ အားကျိုးမာန်တက်ရွက်လွှင်ခဲ့ကြတယ် အဲ့ဒီကျောပိုးအိတ်ထဲ အပြည့်ထည့်ထားတဲ့အိပ်မက်တွေက တကယ်ရောဖြစ်လာခဲ့ရဲ့လားဒီနေ့ခေတ်ရဲ့ အရေးကြီးဆုံးပြဿနာကို လက်ညှိုးထိုးပြရရင် အလုပ်အကိုင်ရှားပါးမှုလို့ကျွန်တော်ထင်တယ် ကျွန်တော်တို့ တတ်မြောက်ထားတဲ့ပညာ ပ်တွေနဲ့သက်ဆိုင်တဲ့ အသက်မွေးဝမ်းကြောင်းအလုပ်တွေက တကယ်ရောရှိနေရဲ့လား ရှိရင်ရော တက္ကသိုလ်တွေမှာ နှစ်စဉ်ကျောင်းဆင်းနေတဲ့ လူအင်အားနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေက အချိုးကျနေရဲ့လား ကျောင်းမပြီးခင်တုန်းကတော့ အားကျိုးမာန်တက်ကြိုးစားလိုက်ကြရတာ အလုပ်ရသွားရင်တော့ အကြောင်းမဟုတ်ပေမယ့် အလုပ်မရခဲ့ရင်ရော?????ကိစ္စတိုင်းမှာ ရွေးချယ်စရာတွေရှိတယ်တဲ့ ကျွန်တော်တို့နားက အသက်မွေးဝမ်းကြောင်းလုပ်ဖို့ ရွေးချယ်စရာအခွင့်အရေးကြီးတစ်ရပ်ကို ကျွန်တော်တို့တကယ် လျစ်လျူရှုထားကြပါတယ် ဒီအလုပ်ဟာ ပညာမတတ်တဲ့သူတွေမှလုပ်တာဆိုပြီး အသက်မွေးဝမ်းကြောင်းအတွက် ရွေးချယ်မယ်ဆိုရင် ဒီအလုပ်ကိုတွေးတောင်မတွေးမိကြဘူး ဆရာဝန်အဖေဟာ သားကိုဆရာဝန်ဖြစ်အောင်လုပ်တယ် အင်ဂျင်နီယာအဖေဟာ သားကိုအင်ဂျင်နီယာဖြစ်အောင်လုပ်တယ် ဒါပေမယ့် ဒီအလုပ်လုပ်တဲ့အဖေကတော့ သားကို ဒီအလုပ်ဘယ်တော့မှအမွေမပေးကြပါဘူး ကျွန်တော်တို့အနီးအနားမှာရှိနေတဲ့ မြင့်မြတ်တဲ့အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုက ဘာဖြစ်မလဲ????ဒီရုပ်ရှင်ထဲမှာတော့ ဒီအကြောင်းအရာကို ကွက်ကွက်ကွင်းကွင်းကို မီးမောင်းထိုးပြထားတယ် မှုခင်းကားတွေများတဲ့ အိန္ဒိယရုပ်ရှင်ထဲမှာမှ ရှားရှားပါးပါး ကားကောင်းလေးလို့ပြောလို့ရတယ်ဗျ လစာအများကြီးရတဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ယောက်ရဲ့ စွန့်လွှတ်မှုများစွာနဲ့ ရပ်ရွာအကျိုးအတွက် ဆောင်ရွက်ခဲ့တဲ့အလုပ်အကြောင်းကို ရိုက်ပြထားတာ ကျောင်းသားတွေအတွက်ဖြစ်ဖြစ် လူကြီးတွေအတွက်ဖြစ်ဖြစ် ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲTranslated by : AmeliaEncoded by : YKFile Size : 2.09 Gb ...
movie

Sreekaram(2021)

2021
Padi Padi Leche Manasu(2018) 6.4
Padi Padi Leche Manasu(2018) Padi Padi Leche Manasu(2018)အသစ်ထွက် Telugu ဇာတ်ကားလေးဖြစ်ပါတယ်။ Romance/Dramaဇာတ်ကားလေးဖြစ်ပြီး ဟာသနှောရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။Castတွေကတော့ ဆူရီရာအဖြစ် Sharvanand ၊ ဗေရှာလီအဖြစ် မင်းသမီးချော Sai Pallavi တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ IMDb rating 6.5 ထိရထားပါတယ်။ဇာတ်လမ်းလေးကတော့ ဘဝနောက်ခံအခြေအနေမတူ၊ စရိုက်ချင်းမတူ၊ တွေးခေါ်ပုံချင်းမတူတဲ့ လူနှစ်ယောက်ရဲ့ကြားက ချစ်ခြင်းမေတ္တာ၊အဆင်မပြေမှု၊ သဘောထားကွဲလွဲမှုတွေကိုပြသွားပြီး အပြင်လက်တွေ့သမီးရည်စားအတွဲကြားဖြစ်တတ်တဲ့အခြေအနေတွေ၊အိမ်ထောင်ရေးပြသနာတွေကို ရိုက်ကူးပြသွားတာပဲဖြစ်ပါတယ်။ ဟာသနှောပြီး အလွမ်းအဆွေးတွေကိုရိုက်ကူးပြထားတဲ့အတွက်အရသာတစ်မျိုးတော့ရမှာပါ။ ဇာတ်ဆောင်မင်းသားရဲ့ ဂျစ်ကန်ကန်သရုပ်ဆောင်ပုံစံ၊ ပေါ့ပေါ့ပါးပါးနေဟန်တွေကိုလည်းတွေ့မြင်ရမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thura Zarni Aung ပဲဖြစ်ပါတယ်... File Size : (1GB) and (440 MB) Quality : WEB-DL 720p, Format…mp4 Duration…02:38:00 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Thura Zarni Aung Encoded by Phyo ...
movie

Padi Padi Leche Manasu(2018)

2018