Channel Myanmar

Sheila McCarthy

Level 16 (2018) 6.1
Level 16 (2018) Level 16 (2018)~ IMDb - 6.1/10, Rotten Tomatoes - 83% ~၂၀၁၈ တုန်းကထွက်ရှိထားတဲ့ Level 16 ဆိုတဲ့ရုပ်ရှင်ကားလေးဟာ Thriller အမျိုးအစားကြိုက်တဲ့သူတွေအတွက်တော့ အံအကိုက်ဆုံးပါပဲ။ တစ်ကားလုံးမှာ ဘာဆက်ဖြစ်မလဲ... ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကြိ စောင့်ကြည့်နေရမယ့် ကားမျိုးပေါ့။ဇာတ်လမ်းလေးကတော့ ကျောင်းတစ်ခုကနေ စထားပါတယ်။ ကျောင်းရဲ့ ထူးခြားချက်က မိန်းကလေးတွေပဲ ရှိတဲ့အပြင် တစ်ခန်းမှာ ဆယ်ယောက်ဝန်းကျင်သာရှိတယ် သူတို့ကို သင်ကြားပေးတာကတော့ မိန်းမကောင်းတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားတွေနဲ့ ရှောင်ကျဥ်ရမယ့် ဒုစရိုက်တွေရယ်ပဲ။ အချိန်မှန်နိုးထ အချိန်မှန် စာသင်ကြရတယ်။ အချိန်မှန် အားဆေးသောက်ကြရတယ်၊ အချိန်မှန်အိပ်ရတယ်။ ကျောင်းသူတွေကို အထပ် သို့ အဆင့်သတ်မှတ်ချက်နဲ့ ခွဲထားတယ်။အဆင့် ၁၆မှာနေရတဲ့ကျောင်းသူတွေက စီနီယာအကျဆုံးပေါ့...သူတို့က ကျောင်းပြင်ပကိုလုံးဝထွက်ခွင့်မရကြပါဘူး။ ပြင်ပလေထုက သူတို့အတွက် အဆိပ်အတောက်ဖြစ်စေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့။ သူတို့ဟာ ချမှတ်ထားတဲ့ စည်းမျဥ်းတွေကို အတိအကျလိုက်နာရတဲ့အပြင် အနည်းငယ်တိမ်းစောင်းတာနဲ့ ...
movie

Level 16 (2018)

2018
Z-O-M-B-I-E-S 3 (2022) 5.5
Z-O-M-B-I-E-S 3 (2022) Z-O-M-B-I-E-S 3 (2022)Disney plus က ထပ်မံတင်ဆက်လိုက်တဲ့ Fantasy, Teen, Romance, Musical ကားလေးပါ။ အရှေ့မှာလည်း Zombies နဲ့ Zombies-2 ဆိုပြီး နှစ်ကား ထွက်ရှိထားပါသေးတယ်။ဇာတ်လမ်းကတော့ သွေးစုပ်ဖုတ်ကောင်တွေ ဝံပုလွေတွေနဲ့ လူတွေအကုန် အတူနေကြတဲ့ မြို့လေးအကြောင်းကို အခြေခံထားတာပါ။ဇက်က high school တက်နေတဲ့ သွေးစုပ်ဖုတ်ကောင်ဖြစ်ပြီး ချစ်သူနဲ့အတူ တက္ကသိုလ်တက်ရဖို့ ကြိုးစားနေတာပါ။ တက္ကသိုလ်ဝင်ရဖို့ သူ့ကိုအရွေးခံရမဲ့နေ့မှာပဲ ဂြိုလ်သားတွေက အုန်းဒိုင်းဆို ရောက်ချလာပါတယ်။ဇက်ရဲ့ ချစ်သူကလည်း cheerleader ဖြစ်တော့ cheerleading ပြိုင်ပွဲနဲ့ အလုပ်တွေ ရှုပ်နေပါတယ်တစ်ဖက်မှာလည်း ဂြိုလ်သားတွေက မြေပုံတစ်ခုကို အပူတပြင်း ရှာဖွေနေတဲ့အခါ ဘာတွေ ဆက်ဖြစ်မလဲ? ကိုယ်တိုင်ပဲ ကြည့်ရှုခံစားပေးကြပါဦး။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Marie ပါ။)File Size : 2.3GB, 1GB & 528MB Quality : ...
movie

Z-O-M-B-I-E-S 3 (2022)

2022
Cardinals (2017) 5.6
Cardinals (2017) Cardinals 2017 ဇာတ်လမ်းလေးကတော့ Crime/Drama/Thriller အမျိုးအစားဖြစ်ပါတယ်။Rating 6/10 ရထာပြီး ဇာတ်လမ်းလေးကတော့ Art house ပုံစံနဲ့ ယဉ်ယဉ်လေးပုံဖော်ထားတဲ့ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Valerie ဆိုတဲ့ အမျိုးသမီးတစ်ယောက် အရက်သောက်ပြီး သူ့ရဲ့ အိမ်နီးနားချင်း လူတစ်ယောက်ကို ကားတိုက်တဲ့အမှုနဲ့ ထောင်ကျပြီး ပြန်ထွက်လာတဲ့ အချိန်ကနေ စထားပါတယ်။သူ့မှာ သမီး နှစ်ယောက်ရှိပါတယ်။သူတို့ မိသားစု ပြန်ဆုံပြီး အတူတူပျော်ရွှင်နေပေမဲ့ Valerie ကားတိုက်ပြီး သေသွားတဲ့ မိုက်ကယ်ရဲ့ သား Mark ကတော့ ဒီအတိုင်းငြိမ်ငြိမ်မနေခဲ့ပါဘူး။လူတိုင်းအမြင်မှာတော့ Valerie က အရက်သောက်ပြီး ကားမောင်းလို့ မတော်တဆ မိုက်ကယ်ဆို တိုက်သတ်မိတယ်ပေါ့။ဒါပေမဲ့ Mark ရဲ့ အမြင်မှာတော့ အဲ့လို မဟုတ်ပါဘူး။Valerie ဟာ သူ့အဖေကို ရည်ရွယ်ချက်ရှိရှိတဲ့ တိုက်သတ်ခဲ့တယ်လို့ ထင်နေပါတယ်။Every Story has two side ဆိုသလို Valerie ...
movie

Cardinals (2017)

2017