Channel Myanmar

Shilpa Shetty

Baazigar (1993) 7.8
Baazigar (1993) ရှရွတ်ခန်းကို ပေါက်သွားစေခဲ့တဲ့ ဒီဇာတ်ကားက မင်းသမီးကာဂျိုးနဲ့ရှရွတ်ခန်းတို့ ပထမဆုံးတွဲရိုက်ထားတဲ့ရုပ်ရှင်ကားပါ...နောက်မင်းသမီးတစ်လက်ဖြစ်တဲ့ Shilpa Shetty အတွက်လဲ ပထမဆုံးဇာတ်ကားဖြစ်ခဲ့ပြီး သူ့ကို Baazigar မင်းသမီးလို့ ပြောစမှတ်တွင်ရလောက်အောင် ဒီရုပ်ရှင်ကားနဲ့ ပေါက်ခဲ့ပါတယ်။ရုပ်ရှင်ကား ပုံစံလေးကတော့...ရှာရွတ်ခန်း ဟာ ငယ်စဉ်ကတည်းက နာမကျန်းဖြစ်နေတဲ့ မိခင်ကြီးကို ပြုစုစောင့်ရှောက်နေရတဲ့အချိန်ကနေ စပါတယ်...သူ့ဘဝဟာ ဆိုးလွန်းပါတယ်...ငယ်ငယ်ရွယ်ရွယ်နဲ့ သူများအိမ်မှာ တောက်တိုမယ်ရ အလုပ်တွေလုပ်...မိခင်ကြီးကို ဆေးဝယ်တိုက်စားစရာတွေ ဝယ်ကျွေးပြီး သူကျတော့ အငတ်ခံနေတတ်တဲ့ ကလေး တစ်ယောက်ပါ...သူတို့ မိသားစု ဘဝကိုပြန်တွေးကြည့်ရင် ရင်နာစရာ အတိပါပဲ..ရှရွတ်ခန်းတို့မိသားစုဟာ အရင်တုန်းက ပြီးပြည့်စုံ ချမ်းသာတဲ့ မိသားစုလေးပါ..ရှရွတ်ခန်း အဖေ နဲ့ အမေ ဟာ ကြင်နာသနားတတ်သူ သူတစ်ပါးကို ယုံပေးတတ်သူတွေဖြစ်တာကြောင့် အလုပ်သမား တစ်ဦးရဲ့ကောက်ကျစ်မှုနဲ့ ဖခင်ဖြစ်သူလဲ သေဆုံးခဲ့သလို ပိုင်ဆိုင်သမျှ အကုန်လုံးလဲ ပေးအပ်လိုက်ရပြီး လမ်းဘေးကို ရောက်ရှိခဲ့ရပါတော့တယ်..အမေဖြစ်သူခမျာမှာလဲ ယောင်္ကျားဖြစ်သူ သေဆုံးသွားတဲ့ စိတ်နဲ့ပဲ အိပ်ရာထဲ ...
movie

Baazigar (1993)

1993
1080p HEVC
Dhadkan (2000) 6.8
Dhadkan (2000) Dhadkan (2000) ============= အချစ်ဦးနဲ့ အချစ်ဆုံးဟာ တချို့လူတွေမှာ တစ်ယောက်ထဲ မဟုတ်ကြပါဘူး။ အချစ်ဦးက တာထွက်နဲ့တူပြီး အချစ်ဆုံးကတော့ ပန်းတိုင်နဲ့ တူပါတယ်။ တာထွက် ဘယ်လောက်ပဲ နောက်ကျ နောက်ကျ ပန်းဝင်တာ လှနေရင်တော့ ဘ၀ဟာ ချိုမြိန်ခြင်းအတိပေါ့။ တချို့သောအချစ်တွေဟာ နောက်ကျပေမယ့် ပိုပြီး တန်ဖိုးကြီးမားပါတယ်။ အချစ်ဦးနဲ့လွဲလို့ စိတ်မညစ်ကြပါနဲ့။ ဘ၀မှာ အချစ်ဆုံးနဲ့ ကြုံကြရဦးမှာပါ။ အချစ်ဆုံးကို တွေ့ရှိပြီးကာမှ အချစ်ဦးနဲ့ ပြန်လည်ဆုံတွေ့ရမယ် ဆိုပါစို့..... ပန်းတိုင် နဲ့ တာထွက်ကို ဘ၀မှာ ရွေးချယ်ရတော့မယ် ဆိုပါစို့..... တာထွက်ကို အကောင်းဆုံးဖြစ်အောင် ပြန်ပြီး ကြိုးစားမလား????? ပန်းတိုင်ကို အလှပဆုံးဖြစ်အောင် မွမ်းမံမလား????? အချစ်မှာ မေတ္တာတရားမပါရင် အချစ်ဟာ တန်ဖိုးရှိသင့်သလောက် မရှိပါဘူး။ ကိုယ်ချစ်တဲ့သူကို ချစ်တတ်ရုံနဲ့ မရပါဘူး။ မေတ္တာထားတတ်ဖို့က ပိုပြီး လိုပါတယ်။ မေတ္တာတရားနဲ့ အသက်သွင်းထားတဲ့အချစ်က ပိုပြီး ခိုင်မာပါတယ်။ ပိုပြီး တန်ဖိုးရှိပါတယ်။ မေတ္တာတရားဟာ အရာရာကို အောင်နိုင်စွမ်းပါတယ်။ ချစ်သူကိုလည်း အောင်နိုင်ပါတယ်။ ရန်သူကိုလည်း အောင်နိုင်ပါတယ်။ မေတ္တာတရားရဲ့တန်ဖိုးကို ဒီဇာတ်ကားမှာ အပြည့်အ၀တွေ့ရပါမယ်။ အချစ်အကြောင်းဖွဲ့နွဲ့ရင် Hindi ကားတွေက လှလှပပ ဖွဲ့နွဲ့နိုင်ပါတယ်။ ၂၀၀၀ ခုနှစ် ၀န်းကျင်က ကားဆိုတာ့ သီချင်းတွေ အကအလှတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့လည်း ကြည့်ရပါမယ်။ ဒီဇာတ်လမ်းမှာ ...
movie

Dhadkan (2000)

2000
Jaanwar (1999) 5.9
Jaanwar (1999) "လောကမှာ ဆင်းရဲမှု့ထက် ကြီးမားတယ့် ကျိန်စာ မရှိဘူ့း့ဆာလောင်မှု့ထက် ဆိုးရွားတယ့်ဝေဒနာ မရှိတော့ဘူး" ငယ်စဉ်က ငတ်ပြတ်ပြီး မိခင်ကြီးသေဆုံးမှု့ကို ခံစားလိုက်ရတယ့် ကောင်လေးတယောက့် မိဘမဲ့ဘဝမှာ တွေ့ဆုံခဲ့ရတာ ဒုစရိုက်သမားတယောက့် အသိပညာ အတတ်ပညာဆိုတာမသိ တရားမှု့ မတရားမှု့ဆိုတာ မသိပဲ လောဘရဲ့ လမ်းစဉ်ကိုလိုက်ပြီး ဒုဇရိုက်သမားတယောက် ဖြစ်ခဲ့ရတယ်။ တရားဥပဒေကို ရှောင်ပြေးရင်း သူ့ဘဝမှာ တွယ်တာစရာမိန်းကလေးတယောက်နဲ့ဆုံတွေခဲ့တယ်။ အတိတ်ကို ခဝါချပြီး ဘဝအသစ်ထူထောင်ဖို့ ကြိုးစားလာတယ့် အချိန်မှာတော့ သူ့အတိတ်က သူ့ကို ခွင့်ပြုလေပါ့မလာ့း့ ဘော်လီဝုဒ်ရဲ့ နမည်ကြီးမင်းသား အက်ရှေးကူမားရဲ့ အကောင်းဆုံး ဇာတ်ကားတကားကိုပြပါဆိုရင် jaanwar ကိုလည်းပြရပါလိမ့်မယ်။ တကယ့်အနှစ်ကို မှကြည့်ချင်ပါတယ်ဆိုတယ့် ပရိတ်သတ်တွေအတွက် သိပ်မညွှန်းတော့ဘူး ဒေါင်းသာကြည့်လိုက်ပေတော့ (#စာဖိုင် အခက်အခဲကြောင့် သီချင်းတွေနဲ့ တခန်းနှစ်ခန်းလောက် စာတန်းထိုးလိုအပ်သွားတာကို ကြိုတင်တောင်းပန်အပ်ပါသည်။) (ဇာတ်လမ်းအညျွှန်းနဲ.ဘာသာပြန်သူကတော့ ကိုဇော်ထူးပဲဖြစ်ပါတယ်) File Size : ...
movie

Jaanwar (1999)

1999