Channel Myanmar

Shruti Bapna

The Lunchbox (2013) 7.8
The Lunchbox (2013) IMDb Rating (7.8) / Rotten Tomatoes (97%)အိန္ဒိယအပြင် အာရှ ရုပ်ရှင်ဆုပေါင်း ၂၈ ခုနဲ့ ဆန်ခါတင်စာရင်းတွေမှာ ၄၈ကြိမ်ပါဝင်ခဲ့တဲ့ လွန်လေသူ မင်းသားကြီး Irrfan Khan ရဲ့ ရုပ်ရှင်လှလှလေးပဲဖြစ်ပါတယ်။ ရုပ်ရှင်နာမည်က The Lunchbox ထမင်းဘူးလေးတဲ့။ ရုပ်ရှင်တစ်ခုလုံးကို ဒီအပေါ်မှာပဲ ဇာတ်အိမ်တည်သွားတယ်။သွေးအေးနေတဲ့ခင်ပွန်းသည်အတွက် ထမင်းဘူးထည့်ပေးတဲ့ အိမ်ထောင်ရှင်မတစ်ယောက် သူထည့်ပေးလိုက်တဲ့ ထမင်းချိုင့်က တခြားသူတစ်ယောက်ဆီမှားပြီးရောက်သွားရာကနေစလို့ ဒီဇာတ်လမ်းလေး စတင်ပါတယ်။ကိုယ်နဲ့တစ်ခါမှမမြင်ဖူးတဲ့ သူစိမ်းတစ်ယောက်နဲ့ စာလေးတွေကတဆင့် အဖြူရောင်သံယောဇဉ်ကြိုးတစ်ချောင်း ချည်နှောင်တဲ့အခါမှာ ထမင်းချိုင့်လေးက ကြိုးသီသူလေးတစ်ဦးဖြစ်ခဲ့တာပေါ့။သူတို့ ၂ ယောက်က ဒီနေ့ဟင်းတော့ ဆားငန်တယ် ဒီနေ့ဟင်းကတော့ အစပ်များတယ် ဆိုတာက‌စလို့ ကိုယ့်ရဲ့ခံစားချက်တွေ အမှတ်တရတွေကိုပါ ထမင်းချိုင့်ထဲ စာလေးထည့်ပြီးပြောပြကြတဲ့အထိ ရင်းနှီးသွားခဲ့ကြပါတယ်။တစ်ကိုယ်တည်းနေတဲ့ ဖာနန်ဒက်နဲ့ အီလာတို့နှစ်ယောက်ကြား ပို့တဲ့စာလေးတွေကိုဖတ်ရင်း သူတို့ကြားက ထုတ်မပြောတဲ့ ချစ်ခြင်းမေတ္တာတစ်ခုကို တွေ့ရတယ်။ ချစ်ခြင်းမေတ္တာဟာ ပုံစံအမျိုးမျိုးနဲ့တည်ရှိနိုင်ပြီး ဖွင့်ဟလို့ရတဲ့နည်းလမ်းတွေအများကြီးရှိကြောင်း ဒီရုပ်ရှင်လေးက သက်သေပါပဲ။ ဒီရုပ်ရှင်မှာ ...
movie

The Lunchbox (2013)

Mardaani 2 (2019) 7.7
Mardaani 2 (2019) (Unicode)၂၀၁၉ခုနှစ်မှာ အဆင့်သတ်မှတ်ချက်တွေ ကောင်းကောင်းရထားတဲ့ နာမည်ကြီးရုပ်ရှင် ဇာတ်ကားကြီး အောင်ပွဲခံအပြီး အကြည်ထွက်လာလို့ တင်ဆက်ပေးလိုက်ပါတယ်။အိန္ဒိယတစ်နိုင်ငံလုံး မုဒိမ်းကျင့်သတ်ဖြတ်မှုတွေ၊ အမျိုးသမီးငယ်တွေ ပျောက်ဆုံးမှုတွေနဲ့ ပြည့်နှက်နေချိန် ကိုတာရဲစခန်းကို အက်စ်ပီရွိုင်ဆိုတဲ့ ရဲမေတစ်ဦးရောက်ရှိလာခဲ့တယ်။မုဒိမ်းကျင့်ပြီး ရက်ရက်စက်စက်သတ်ဖြတ်ခံရတဲ့ အမျိုးသမီးတစ်ဦးအလောင်းကို အဆောက်အဦးပျက်တစ်ခုရဲ့ ကန်စပ် တစ်ခုမှာ ရုပ်ပျက်ဆင်းပျက် တွေ့ရတယ်။အက်စ်ပီရဲမေကတော့ မီဒီယာနဲ့ တွေ့ဆုံပွဲမှာ "အဲ့ဒီအောက်တန်းစားရာဇဝတ်ကောင်ရဲ့ ကော်လံကို ဆွဲပြီး တရားရုံးကို ခေါ်ခဲ့မယ်"လို့ ကတိပေးထားတယ်။ဒါကို ကြားသွားတဲ့ တရားခံဟာ မာနခဲ မိန်းမတွေကိုမှ ခံတွင်းတွေ့တတ်သူဆိုတော့ ရဲမေကို စိန်ခေါ်မှုတွေ ပြုလုပ်လာပါတော့တယ်လူသတ်မှုတွေ တစ်ခုနဲ့တစ်ခုကို ချိတ်ဆက်ပြီး သတ်ဖြတ်လာတယ်။လူသတ်သမားဟာ အကျိုးစီးပွားမရရင်တောင် လူသတ်မှုနဲ့နာမည်ကြီးချင်လာတယ်။ ရဲမေရဲ့ အနီးကပ်အထိလူသတ်မှုတွေ လုပ်လာတယ်။အင်မတန်မှ ပါးနပ်တဲ့ လူသတ်သမားဗီလိန်နဲ့ အထက်က ဖိအားပေးသလိုပြည်သူတွေရဲ့ ဆန့်ကျင်မှုတွေကိုပါ ခံလာရတဲ့ ...
movie

Mardaani 2 (2019)

2019