Channel Myanmar

Sreenath Bhasi

Corona Dhavan (2023) 7.0
Corona Dhavan (2023) Corona Dhavan (2023) ယမကာလုလင်လေးများIMDb rating 7.4/10 ရရှိထားပြီး ၂၀၁၉ခုနှစ်ရဲ့ COVID-19 Lockdown ကာလအတွင်းက အရက်ဂျိုးတို့ ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာ‌အခက်အခဲတွေကို ပုံဖော်ရိုက်ကူးထားတဲ့ သူတို့ရဲ့ဘဝတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။အစ်နေ့ ကောက်ရိတ်သိမ်းပွဲနေ့ ခရစ်စမတ်နေ့ကအစ ဘာပွဲမှ အလွတ်မခံဘဲ အရက်ကို ချစ်လို့ မြတ်နိုးလို့ သောက်ကြတဲ့ ကယ်ရာလာ နယ်သားတစ်စု။ မင်္ဂလာပွဲတွေမှာတောင် အရက်နဲ့ ဧည့်ခံတဲ့နယ်။ဒီလိုနယ်လေးကို စည်းကမ်းတင်းကြပ်တဲ့ ရဲအရာရှိ စပ်သရာရောက်ရှိလာတဲ့အခါ ... "အရက်ချက်တာ သောက်တာကို မလုပ်ရုံမကဘဲ အရက်နံ့ကိုတောင်မရှူရဘူး" ဆိုတဲ့ခံယူချက်နဲ့ ရဲအရာရှိစပ်သရာတစ်ယောက် သူနဲ့ သဘောထားမတိုက်ဆိုင်တဲ့ နယ်မှာ တာဝန်ကျတဲ့အခါမှာတော့ ဒါဗန်အရက်ကို စွဲလမ်းနေသူ နယ်သားတွေနဲ့ ဘယ်လိုမျိုး ရင်ဆိုင်သွားမလဲဆိုတာကိုတော့..... ဆက်လက်ကြည့်ရှုပေးကြပါဦး...အညွှန်းနဲ့ ဘာသာပြန်ဆိုမှုကိုတော့ CM Bollywood Team မှ ညွှန်းဆိုဘာသာပြန်ထားပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here!) File size…1.8GB ...
movie

Corona Dhavan (2023)

2023
Padachone Ingalu Kaatholee (2022) 5.6
Padachone Ingalu Kaatholee (2022) Padachone Ingalu Katholi(2023)IMDb-6/10လူပျိုသိုးကြီးတို့ အစွံထုတ်တဲ့ရွေးကောက်ပွဲ ရွေးကောက်ပွဲကတော့ တကယ့်ရွေးကောက်ပွဲအစစ်ပါ အဲ ဒီရွေးကောက်ပွဲမှာပါနေတဲ့ အရွယ်လွန်လူပျိုကြီးတွေက ‌ ရွေးကောက်ပွဲ‌အရေးနဲ့အတူ သူတို့လူပျိုဘဝကျွတ်ရေးကိုပါတွဲအကျိုးဆောင်နေကြတဲ့ ရွေးကောက်ပွဲကြယ်တွေခူးမပေးနိုင်ပေမဲ့ ရေတွင်းတဲ့ကျနေတဲ့ကြက်ကိုတော့ မင်းအတွက်ဆင်းကယ်ရဲပါတယ်ဆိုတဲ့ အချစ်သူရဲကောင်းကြီး တစ်သက်လုံးဂေါ်မစွံအဆင်မပြေရင်းက အိမ်ကိုလာတည်းတဲ့ ကောလိပ်ကျောင်းသူလေးကို မျက်စိကျသွားသူ အရွယ်လွန်လူပျိုကြီးတွေနဲ့ ရောင်စုံသစ်လွင်ပျိုမြစ်တဲ့ အချစ်ဆုံတဲ့အချိန် ဘယ်လိုရယ်ပွဲဖွဲ့ရမလဲရှုစားကြည့်ပါဦး(အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Zwe ~ V ~ Yunni တို့ပဲဖြစ်ပါတယ်) File size… 2.3GB / 1.11GB Quality…1080p WEB DL /720p Format…mp4 Duration….2h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Zwe ~ V ~ Yunni
movie

Padachone Ingalu Kaatholee (2022)

2023
Bheeshma Parvam (2022) 8.5
Bheeshma Parvam (2022) Bheeshma Parvam 2022ဒီတစ်ခါမှာတော့ IMDb 8.5ထိရရှိထားတဲ့ Action/Drama ဇာတ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားဟာ ရုံတင်အပြီးလေးရက်တည်းနဲ့ကုဋေ၅၀လောက်ရရှိခဲ့ပြီး စုစုပေါင်းကုဋေ ၁၂၀ထိရရှိခဲ့တာပါ ဒါဆိုရင်ဇာတ်ကားအညွှန်းကိုတစ်ချက်သွားကြည့်ရအောင်မိုက်ကယ်ဆိုတာက အကုန်လုံးကြောက်ရတဲ့လူတစ်ယောက်ပါ ရှေ့နေဖြစ်ရမှာပေမယ့် ကံမ ကောင်းအကြောင်းမလှစွာနဲ့မိသားစုထဲကလူတစ်ယောက်အသတ်ခံရတာကိုလက်စားပြန်ချေရင်း ရာဇာဝတ်ကောင်လူသတ်သမားဖြစ်ခဲ့တာပါ ထောင်ထွက်လာပြီးတော့မိသားစု တူ/တူမတွေရဲ့ ဦးဆောင်သူယောကျာ်းတစ်ယောက်အနေနဲ့ လုပ်ကိုင်စားသောက်ခဲ့ပါတယ် မိသားစု‌ဝင်တွေရဲ့ချစ်ခင်လေးစားမှုကိုခံရပေမယ့် တစ်ဖက်မှာတော့ သူ့ကိုမုန်းနေတဲ့လူရှိပါတယ် ဒါကတော့တခြားမဟုတ်ပါဘူးမိုက်ကယ်ရဲ့တူတွေဖြစ်တဲ့ ပေါလ်နဲ့ပီတာပဲဖြစ်ပါတယ် မိုက်ကယ်ကသူတို့ရဲ့ဘဝကိုအရမ်းလွှမ်းမိုးချုပ်ကိုင်တယ်ဆိုပြီးမိုက်ကယ်ကိုမုန်းနေကြတာပါ ဒါ့အပြင် မိုက်ကယ်ကသူပိုင်တဲ့ သိုလှောင်ရုံတစ်ခုကို တူဖြစ်သူအမ်မီလက်ထဲလွှဲပေးလိုက်တော့ကျန်တဲ့လူတွေဖြစ်တဲ့ ပေါ်လ်နဲ့ ပီတာတို့က ပိုမုန်းတီးလာကြပါတော့တယ် ဒီလိုနဲ့ အရင်က မိုက်ကယ်ရဲ့ ရန်သူတော်ဟောင်းကြီးနဲ့ပေါ်လ်၊ပီတာတို့သွားရောက်တွေ့ဆုံမိတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ မိုက်ကယ်ကိုလက်စားချေဖို့ကြိုးစားမှာလားဆိုတာရင်တထိတ်ထိတ်ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်  File size…1.8GB / 966MB Quality....1080p WEB DL / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Honey & Go-O & Yunni  
movie

Bheeshma Parvam (2022)

Trance (2020) 7.3
Trance (2020) Trance (2020)===========IMDb Rating - 7.3/10#Unicodeဒီဇာတ်လမ်းအကျဉ်းနဲ့ပတ်သက်ပြီးပြောရရင်တော့..စိတ်နောက်နေတဲ့ညီဖြစ်သူ သတ်သေသွားတဲ့နောက်မှာ Motivational Speaker ဗီဂျူးပရာဆပ်တစ်နောက်ဇာတိမြို့ငယ်လေးကနေ မွမ်ဘိုင်းကိုပြောင်းလာခဲ့ပါတယ် .... သူများတကာတွေကိုသာ အောင်မြင်ရေးရဲ့သော့ချက်ဆိုပြီး ဟောပြောနေပေမယ့် တကယ်တမ်း သူ့ဘဝက သုညသာသာ စုတ်ပြတ်နုံချာလွန်းလှပါတယ်။သူ့ရဲ့ အိပ်မက်က တစ်နေ့ကျရင် ခန်းမကျယ်ကြီးတစ်ခုမှာ လူတစ်သောင်းကျော် သူဟောပြောတာတွေကိုလာနားထောင်ဖို့ပါပဲ။ အဆက်အသွယ်တစ်ခုနဲ့ ထရိုင်ပတ်လုပ်ငန်းစုမှာ အလုပ်သွားလျှောက်ရင်း သူ့ကိုသမာရိုးကျမဟုတ်တဲ့အလုပ်တစ်ခု ကမ်းလှမ်းခံခဲ့ရပါတယ်။ အဲဒါက ဘာအလုပ်လဲဆိုတာရယ် သူ့ဘဝ ဘယ်လိုတစ်ဆစ်ချိုးပြောင်းလဲသွားမယ်ဆိုတာကိုတော့ ကိုယ်ကိုယ်တိုင် ကြည့်ရှုခံစားကြည့်လိုက်ပါဦး။IMDB 7.3/10 တောင်ရရှိထားပြီးတော့ လူတွေရဲ့ အားကိုးရာရှာတတ်တဲ့သဘောထားတွေ ဝိသမလောဘသားတွေရဲ့ အမြတ်ထုတ်မှုတွေကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြနိုင်ခဲ့ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။) #Zawgyiဒီဇာတ်လမ်းအကျဉ်းနဲ့ပတ်သက်ပြီးပြောရရင်တော့..စိတ်နောက်နေတဲ့ညီဖြစ်သူ သတ်သေသွားတဲ့နောက်မှာ Motivational Speaker ဗီဂျူးပရာဆပ်တစ်နောက်ဇာတိမြို့ငယ်လေးကနေ မွမ်ဘိုင်းကိုပြောင်းလာခဲ့ပါတယ် .... သူများတကာတွေကိုသာ အောင်မြင်ရေးရဲ့သော့ချက်ဆိုပြီး ဟောပြောနေပေမယ့် တကယ်တမ်း သူ့ဘဝက သုညသာသာ စုတ်ပြတ်နုံချာလွန်းလှပါတယ်။သူ့ရဲ့ ...
movie

Trance (2020)

2020
Ustad Hotel (2012) 8.3
Ustad Hotel (2012) Ustad Hotel ဆိုတဲ့ ရုပ်ရှင်ကားကို ကြည့်ဖြစ်တော့ CM Fan တွေကို ပြန်ဝေမျှ ချင်တဲ့ စိတ်လေးဖြစ်ခဲ့တယ် အဲ့ဒီရုပ်ရှင်က အစားအသောက် အတွက်ရော လူတွေရဲ့ စိတ်အခြေအနေနဲ့ လူမှုရေး ဘ၀ တွေ ဘာသာရေးတွေ အရာအားလုံးကို ရောထွေးထားပြီး ပေးချင်တဲ့ မတ်ဆေ့ခ်ျ ထိရောက်ပါတယ်.... ဇတ်လမ်းပုံစံလေးကတော့ အဘူဒူရာဇတ် ဆိုတဲ့ အလုပ်ကြိုးစားတဲ့ လူ တစ်ယောက်ရှိတယ် သူ့ဇနီး က တစ်ရက်မှာ ကိုယ်ဝန်ဆောင်နိုင်ခဲ့ပြီး အဘူဒူ ကလဲ သားလေး အရမ်းလိုချင်နေတာပေါ့ တက်ကြွနေတာ မြင်မကောင်းဘူး ဒီလိုနဲ့ ခွဲခန်းထဲရောက်နေတုန်း အပြင်က စောင့်နေတာ အူဝဲ ဆိုတဲ့ အသံနဲ့ အတူ ဘာလေးလဲ ဆိုပြီး ၀မ်းသာအားရမေးလိုက်တော့ သမီးလေး ပါတဲ့ ဒီမှာတင်ပဲ အဘူဒူ တစ်ယောက် စိတ်တွေကျသွားတာ အောက်ဆုံးထိပါပဲ ဒါပေမယ့် သားလေးမွေးရမယ် ဆိုပြီး ထပ်ကြိုးစားတယ် သမီးလေးပဲ မွေးတယ် မွေးရင်း မွေးရင်း  နဲ့ နောက်ဆုံး သမီးတွေပဲ ထွက်လာတော့ အတော်လေးလဲ စိတ်ကုန်နေပါပြီ မိန်းမ ဖြစ်သူ နောက်ဆုံးကိုယ်ဝန်နဲ့ ရှိနေတုန်း တစ်ခြားမြို့ ကို အလုပ်ကိစ္စ နဲ့ ခရီးထွက်သွားပါတယ် အဲ့ဒီမှာပဲ ဘေးနားမှာ အားပေးသူမရှိပဲ သူ့မိန်းမ ကလေးမွေးခဲ့ရပါတယ် ဒီတစ်ခါတော့ သားလေးပါ အဘူဒူ တစ်ယောက် အိပ်မက်တွေ ပြည့်ဝခဲ့ရပြီပေါ့... သားလေး နာမည်ကို ဖိုင်ဇယ် လို ပေးခဲ့ပြီး အရမ်းချစ်ခဲ့ရတာပေါ့....  XP PowerBank ဆောင်ထားနော် ...
movie

Ustad Hotel (2012)

2012