Channel Myanmar

Stark Sands

My Sassy Girl (2008) 6.3
My Sassy Girl (2008) ဒီဇာတ်ကားက My Sassy Girl (2001) ကိုရီးယားဇာတ်ကားကို အနောက်တိုင်းပုံစံ ပြန်လည်ရိုက်ကူးထားတဲ့ အမေရိကန်ဇာတ်ကားလေးပါ။ IMDb RAting (6.3/10) ရရှိထားပါတယ်။ အမေရိကန်မင်းသား Jesse Bradford နဲ့ The Girl Next Door နဲ့ House of Wax ထဲက မင်းသမီးချော Elisha Cuthbert တို့အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ My Sassy Girl ဇာတ်လမ်းအတိုင်းပါပဲ။မင်းသမီးက နှလုံးသားဒဏ်ရာကြောင့် ဘဝကိုပေပေတေတေဖြတ်သန်းနေပြီး ဘာကိုမှမလိုချင်တော့ဘဲ လူ့ဘဝကိုစိတ်ကုန်နေတဲ့ ကောင်မလေးဖြစ်ပြီး မင်းသားကတော့ ဒီလိုကောင်မလေးကိုမှ ငြိတွယ်မိတဲ့ အူတူတူကောင်လေးဖြစ်ပါတယ်...ဇာတ်လမ်းကတော့ သူတို့နှစ်ယောက်ကြားက အခက်အခဲတွေနဲ့ သံယောဇဉ်တွေအကြောင်းပေါ့။ရုပ်ရှင်က ဖွင့်ဆိုထားတာကတော့ ကံကြမ္မာဆိုတာ ကြိုးစားမှုပါပဲတဲ့.....အချစ်ကိုရချင်ရင် ကံကောင်းဖို့ ကြိုးစားရမယ် စောင့်စားရမယ် ခက်ခဲမယ်။ခပ်ဆိုးဆိုးကောင်မလေးကိုမှ ငြိတွယ်မိတဲ့ကောင်လေးခမျာ ကံကောင်းပါ့မလားဆိုတာ.......။ File size…(2.7 GB)/(1 GB) Quality….WEB-DL 1080p ...
movie

My Sassy Girl (2008)

2008
1080p Untouched
Chasing Liberty(2004) 6.1
Chasing Liberty(2004) ညစာစားနေတဲ့ကောင်လေးနဲ့ကောင်မလေးတို့စားပွဲဝိုင်းကို လူရွယ်တစ်စုချဉ်းကပ်သွားတယ် သူတို့ထဲကတစ်ယောက်က အင်္ကျီအိပ်ထဲကိုလက်နှိုက်လိုက်တယ်....ဒီအပြုအမူကြောင့် သက်တော်စောင့် အယောက် ၂၀လောက်က လူရွယ်တစ်စုကို ခုန်အုပ်လိုက်တယ် ကောင်လေးနဲ့ကောင်မလေးရဲ့ပျော်ရွှင်ဖွယ်ညတစ်ညဟာ သက်တော်စောင့်တွေကြောင့် အကျဉ်းတန်သွားတယ် သက်တော်စောင့်တွေကလည်းသူတို့တာဝန်သူတို့လုပ်ရတာကိုး ဘာဖြစ်လို့လဲဆိုတော့ ညစာစားတဲ့ကောင်မလေးဟာ သမ္မတရဲ့သမီး ဖြစ်နေလို့ပါပဲ..ဒါကြောင့် ချဉ်းကပ်သွားတဲ့လူရွယ်တစ်စုဟာ အန္တရယ်ပြုနိုင်သူဖြစ်နိုင်တော့  သူတို့လည်းအခြေအနေအရ တားဆီးလိုက်ရတယ်....ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာ phenylethylamine လို့ခေါ်တဲ့ natural chemical တစ်ခုထွက်ပါတယ် သူ့ရဲ့အစွမ်းသတ္တိကဘာဖြစ်လဲဆိုတော့စိတ်ကိုနူးညံပျော့ပျောင်းစေတယ် ချစ်တတ်စေတယ် ခံစားတတ်စေတယ် ဒါပေမယ့် phenylethylamine က အချိန်တိုင်းမထွက်ဘူးကာလအပိုင်းအခြားနဲ့ ထွက်တာ....ချစ်သူများနေ့မှာ ချောကလက်ဘာကြောင့်ကျွေးလဲဆိုတော့ ချောကလက်ဟာ phenylethylamine ကိုထွက်စေလို့ ကိုယ်ချစ်တဲ့သူကို ကျွေးကြတယ်လို့ပြောကြတယ်....ဒီကားကိုကြည့်ရတာ ကမ္ဘာ့အစွမ်းထက်ဆုံးချောကလက်ကိုစားရသလိုပဲ ..phenylethylamine တွေ ဘယ်လောက်တောင် နှလုံးသားမှာ ပြေးလွှားနေလဲမသိ.ရင်တွေခုန်တယ် ...Plot ကလည်းဆွဲဆောင်မှုရှိတယ် သမ္မတရဲ့သမီးနဲ့အေးဂျင့်ကောင်လေးတစ်ယောက်ပေါ့... ဒီကားထဲကကောင်လေးနဲ့ကောင်မလေးပြောတဲ့စကားအတော်များများဟာ ကဗျာရနံတွေထုံလွှမ်းနေတယ်... နောက်ခံသီးချင်းလေးတွေကလည်း လှပလွန်းတယ် တစ်ခါတစ်ရံကိုယ့်ရဲ့ရင်ခုန်သံဟာ ဇာတ်ကားထဲကသီးချင်းရဲ့ ခပ်မှန်မှန်ထွက်နေတဲ့ BASS သံထက်တောင်ကျယ်လောင်နေတတ်တယ်...သေချာတယ် ခင်ဗျားတို့လည်းဒီကားကြည့်နေရင်း ကယောင်ကတမ်းနဲ့ ကိုယ့်ဘယ်ဘက်ရင်အုံကိုပြန်စမ်းမိလိမ့်မယ်.....File Size…(850MB) and (398MB) Quality…DVDrip Format…mp4 Duration…01:50:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo ...
movie

Chasing Liberty(2004)

2004