Channel Myanmar

Stephen Baldwin

The Least of These(2019) 6.6
The Least of These(2019) The Least of These(2019)IMDb.....6.6ကျွန်တော်တို့အာရှနိုင်ငံတော်တော်များများဟာ အနာကြီးရောဂါသည်တွေကို ရွံစရာလူတွေအဖြစ် သတ်မှတ်ပြီး လူ့အဖွဲ့အစည်းကနေ ကျဉ်ထားလေ့ရှိပါတယ်..... အဲဒီထဲမှာ အိန္ဒိယနိုင်ငံလည်း အပါအ၀င်ဖြစ်ပြီး ဒီဇာတ်ကားအခြေခံထားတဲ့ ၁၉၉၀ ပြည့်လွန်နှစ်လို အခြေအနေမှာဆို ကုသပျောက်ကင်းပြီးတာတောင် စက်ဆုတ်စရာလူတန်းစားလို့ သတ်မှတ်ထားကြပုံရပါတယ်...ပြီးတော့ အိန္ဒိယဟာ ရှေးရိုးစွဲနိုင်ငံတနိုင်ငံလည်းဖြစ်တာနဲ့အညီ ဒီနိုင်ငံမှာ ခရစ်ယန်သာသနာလာပြုဖို့ဆိုတာ တကယ်ကို မလွယ်ကူတဲ့အနေအထားပါဒီလို အခြေအနေမှာ ဩစတေးလျနိုင်ငံသား ခရစ်ယာန်သာသနာပြု ဒေါက်တာဂရေဟမ်းစတိန်းဆိုတဲ့ အမျိုးသားဟာ အိန္ဒိယမှာရှိတဲ့ ရောဂါသည်တွေကို လာပြုစုကုသပေးနေတာ ၃၅ နှစ်ကြာခဲ့ပါပြီအဲဒီအချိန်မှာ News Orrisa သတင်းစာတိုက်က သတင်းထောက် မန်နေ့ ဟာ စားဝတ်နေရေးအတွက် သတင်းတပုဒ်ရဖို့ သတင်းစုဆောင်းရတဲ့အခါ ဂရေဟမ်စတိန်းဟာ ဒီသတင်းစာတိုက်ရဲ့ သားကောင်ဖြစ်လာပါတော့တယ်အဲဒီနောက်မှာတော့ သတင်းမုဆိုးရဲ့သားကောင်ဖြစ်လာတဲ့ ဂရေဟမ်စတိန်းနဲ့ သတင်းထောက် မန်နေ့တို့ရဲ့ ဆက်နွယ်မှုတွေ ဘာဆက်ဖြစ်လာမလဲဆိုတာတော့ ဒီ The least of these မှာ ကြည့်ရှုခံစားပေးကြပါခင်ဗျာဒီဇာတ်ကားကို ဒါရိုက်တာ Aneesh Daniel က ရိုက်ကူးထားပြီး ယခုနှစ်မှ ထွက်ရှိထားတဲ့ ကားတကားဖြစ်ပါတယ်အဓိက ...
movie

The Least of These(2019)

2019
The Usual Suspects(1995) 8.6
The Usual Suspects(1995) IMDB..........8.6 Rotten.....96% IMDbနဲ့ Rottenကိုကြည့်ရုံနဲ့ ဒီဇာတ်ကားရဲ့ အခြေအနေကိုနည်းနည်းတော့ရိပ်စားမိမယ်လို့ထင်ပါတယ် ဝတ္ထု ရုပ်ရှင် ပြဇာတ် မျက်လှည့် ဖျော်ဖြေရေး တွေမှာ ကျွန်တော်အာရုံကိုဆွဲဆောင်နိုင်မဲ့ အရာမျိုးက ဘာဖြစ်မယ်လို့ထင်လဲ အားလုံးကိုခြုံငုံပြီး ဖျော်ဖြေရေးလို့သုံးလိုက်တဲ့အတွက်တော့ သီးခံပေးပါ.......တစ်ယောက်နဲ့တစ်ယောက် အမြင်တော့နည်းနည်းကွဲပါလိမ့်မယ် ဒါပေမဲ့ အတော်များများ သိစိတ်ကရော မသိစိတ်ကရော လက်ခံထားတဲ့အရာတစ်ခုတော့ရှိမယ်ထင်တယ်....... ဥပမာ မျက်လှည့်ပဲထား ငှက်မွေးလေးတစ်ခုကိုမီးရှို့ပြီး ဖြတ်ခနဲ့လက်အဝှေ့ ခိုဖြူလေးက မျက်လှည့်ဆရာရဲ့လက်ပေါ် အတောင်တဖြတ်ဖြတ်ခတ်ရင်း တက်နားသွားတယ် ကျွန်တော်တို့ လက်ခုပ်သံတွေ တဖြောင်းဖြောင်းပေါ့ ဒါကဘာလဲဆိုတော့ မမျှော်လင့်တဲ့ လှည့်ကွက်လေးမို့ အံဩ မင်သက်သွားတာ ဒီလိုပဲ ဝတ္ထု ရုပ်ရှင်တွေမှာလည်း ကောင်းမွန်သောသရုပ်ပါမှု ရှုမငြီးနိုင်တဲ့ဇာလမ်း ထိမိတဲ့ ဒိုင်ယာလော့တွေကို မဟာလှည့်ကွက်တွေနဲ့ပေါင်းစပ်လိုက်ရင် ကျွန်တော်တို့ကို ဘယ်လောက်တောင်ဆွဲဆောင်နိုင်လိုက်မလဲ ဘာဖြစ်လို့ကျွန်တော် ဒါတွေပြောနေရတာလဲဆိုတော့ ရုပ်ရှင်သမိုင်းရဲ့ အကောင်းဆုံးသော Twist စာရင်းထဲပါတဲ့ The usual suspects ဆိုတဲ့ကားကြောင့်ပါပဲ ပြီးတော့ ဇာတ်လမ်းအညွှန်းရေးမယ်ဆိုရင် ...
movie

The Usual Suspects(1995)

1995
I Am in Love With Chuch Girl (2013) 4.5
I Am in Love With Chuch Girl (2013)   ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့ပြီး ပြသချိန် ၁နာရီနဲ့ ၅၈မိနစ်ရှိတဲ့ အချစ် အကြမ်း ကားလေးနဲ့ မိတ်ဆက်ပေးခြင်ပါတယ် ဇာတ်လမ်းလေးကတော့ ဘ၀မှာ ဘယ်လောက်ပဲ ဆိုးမိုက်နေတဲ့သူဖြစ်ဖြစ် အချစ်နဲ့ တွေ့ရင်တော့ အရာရာ ဟာပြောင်းလဲသွားတတ်တယ် ဆိုတဲ့ အကြောင်းလေးကို ရိုက်ပြထားတာပါ ဇာတ်လမ်းအကျဥ်းလေးကတော့ မိုင်လ် ဟာ အရင်က မူးယစ်ဆေး အလုပ်နဲ့ အသက်မွေးခဲ့ပြီးနောက်ပိုင်း ချမ်းသာလာတဲ့ အခါမှာ သူဟာ အလုပ်က အနားယူခဲ့ပါတယ် ဒါပေမဲ့ DEA ( Drug Enforcement Administration ) ရဲ့ ရာဇ၀င်လန်ပြီး အမှုဖွင့်ခံလိုက်ရတဲ့ အခါမှာ သူဟာ တရားရုံးမှာ အမှုရင်ဆိုင်ရပါတော့တယ် ဒီလိုနဲ့ မိုင်လ် ဟာ တရားရုံးမှာ အမှုရင်ဆိုင်ရင်း သူ့အိမ်မက်ထဲက မိန်းမပျိုလေးနဲ့ တွေ့ဆုံမိတဲ့ အခါမှာတော့ ဘယ်လို အချစ်ဇာတ်လမ်းကောင်းလေး တစ်ခု ဖြစ်ပေါ်လာလေမလဲဆိုတာကို ဆက်လက် ကြည့်ရှူကြရမှာပါCM Link Download On Google Drive   Download On Pcloud   Download On Openload   Download On Hubic   Download On Mega   Download On Yandex
movie


2013