Channel Myanmar

Stephen Henderson

Lincoln (2012) 7.3
Lincoln (2012) Lincoln (2012) ============ IMDb Rating = 7.3/10 Directed By Steven Spielbergအေဘရာဟမ်လင်ကွန်းဆိုတဲ့ နာမည်ကြားရင် ၁၆ဆက်မြောက် အမေရိကန်သမ္မတဆိုတဲ့ဂုဏ်ပုဒ်ထက် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်ခဲ့သူဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ပိုသိကြတယ်။ ဂျော့ဝါရှင်တန် သောမတ်ဂျက်ဖာဆန်၊ အေဘရာဟမ်လင်ကွန်း၊ သီအိုဒိုးရုစဘဲ့စတဲ့ Mount Rushmoreမှာ ထွင်းထုထားတဲ့ အကြီးကျယ်ဆုံးအမေရိကန်သမ္မတ လေးယောက်ထဲကတစ်ယောက်။ သူကသစ်လုံးအိမ်ကလေးကနေ သမ္မတဖြစ်လာသူ၊ အသွားအပြန်ရထားပေါ်စာဖတ်ရင်းလေ့လာခဲ့တဲ့သူ စသဖြင့် အချက်တွေနဲ့လည်း နာမည်ကျော်တယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်သမိုင်းရဲ့ လုပ်ကြံသတ်ဖြတ် ခံရတဲ့လေးဦးတည်းသော သမ္မတတွေထဲက တစ်ယောက်ဖြစ်တယ်။ ဒီရုပ်ရှင်ဟာ သူ့နာမည်ကြီးတပ်ထားပေမဲ့ သူ့အတ္ထုပ္ပတ္တိကို ရိုက်ပြထားတာတော့ မဟုတ်ဘူး။ ငွေဝယ်ကျွန်စနစ်ကို ဖျက်သိမ်းဖို့ ဘယ်လိုဘယ်ပုံ အားလုံးကြိုးပမ်းခဲ့ရလဲဆိုတဲ့ အကြောင်းအရာဘက် ပိုသွားတယ်။ အဲ့ဒီကာလအကြောင်းသိထားမှပဲ ဒီရုပ်ရှင်ကြည့်ရတာ ပိုအဆင်ပြေ‌လောက်မယ်။ လုပ်ကြံမခံရခင်အထိ ၁၈၆၁- ၁၈၆၅ လင်ကွန်းရဲ့ သမ္မသက်တမ်းတစ်လျှောက်ဟာ ပြည်တွင်းစစ် ဖြစ်ရာကာလနဲ့ အတူတူပဲ။ ပြည်တွင်းစစ်ဟာ တောင်ပိုင်းပြည်နယ် ၁၁ခုက ခွဲထွက်ဖို့ကြိုးစားရာက စခဲ့တယ်။ အဲ့ဒီတောင်ပိုင်းပြည်နယ်တွေကို ကွန်ဖက်ဒရိတ်စီလို့ ခေါ်ပြီး ...
movie

Lincoln (2012)

2012
Lady Bird (2017) 7.8
Lady Bird (2017) Imdb - 7.8 Rotten Tomatoes - 99% ---------------------------------------------- သားသမီးတွေနဲ့ မိဘတွေ ကတောက်ကဆအဖြစ်ဆုံးအရွယ်က အထက်တန်းကျောင်းသူကျောင်းသားအရွယ်ဆိုတာ အားလုံးလက်ခံကြမှာပါ။ လူပျိုပေါက်၊ အပျိုပေါက်ဖြစ်လာတဲ့အရွယ်မှာ လွတ်လပ်ခွင့်တွေ အရင်ထက်ပိုလိုချင်လာကြတယ်၊ ကိုယ် ဘာလုပ်လုပ်အမှန်ပဲထင်တတ်ကြတယ်။ မိဘကလဲ ဒီအရွယ်ဆို သေးသေးလေးကအစ အပြစ်လိုက်ပြောတတ်၊ သားသမီးမပျက်စီးအောင်ဆိုပြီး ထိန်းချုပ်မှုတွေလုပ်တတ်တဲ့အခါ သားသမီးနဲ့မိဘတွေကြား နားလည်မှုလေးတွေလွဲတတ်ကြပါတယ်။ ခရစ္စတင်းဆိုတဲ့ ကောင်မလေးဟာ သူ့ကိုယ်သူ "ငှက်မဒီ" လို့နာမည်ပေးထားပါတယ်။ ငှက်မဒီတို့ မိသားစုက သူဌေးရပ်ကွက်တစ်ခုမှာ နေထိုင်ပြီး ငှက်မဒီကတော့ ကတ်သလစ်အထက်တန်းကျောင်း တက်ပါတယ်။ ငှက်မဒီရဲ့ မိဘတွေဟာ ငွေရေးကြေးရေး မချောင်လည်ပေမယ့် ဆက်ကျော်သက်အရွယ် ဟော့ဟော့ရမ်းရမ်းနေချင်၊ ပျော်ပါးချင်တဲ့ ငှက်မဒီ လိုအပ်သမျှကိုတော့ တတ်နိုင်သလောက်ဖြည့်ဆည်းပေးပါတယ်။ မြန်မာပြည်မှာ ၁၀ တန်းအောင်ပြီးရင် တက္ကသိုလ်ရွေးကြသလိုမျိုး ငှက်မဒီတစ်ယောက် အထက်တန်းကျောင်းအောင်သွားတဲ့အခါ ကိုယ်တက်ချင်တဲ့ကောလိပ်ရွေးရပါတော့တယ်။ အစကတည်းက အချစ်ကြီးပြီး အစိုးရိမ်လွန်တတ်တဲ့ အမေဖြစ်သူဟာ ငှက်မဒီလေးကို အိမ်နားအနီးတစ်ဝိုက်က ကျောင်းမှာပဲ တက်စေချင်ခဲ့ပေမယ့် ငှက်မဒီကတော့ ...
movie

Lady Bird (2017)

2017
Fences (2016) 7.2
Fences (2016) Fences (2016) Won 1 Oscar....Another 56 wins & 115 nominations IMDb….7.2/10_____Rotten….92% 2016 ခုနှစ်ထဲမှာ ထွက်ရှိခဲ့ပြီး Oscar တဆု ရခဲ့တဲ့ဇာတ်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားကြီးကIMDb မှာ 7.2 ရထားတဲ့ PG 13 ပါပေးထားပါသေးတယ်Tonry Maxson ဟာရေဆိုးသန့်စင်သမားအဖြစ်Pittsburghမြို့မှာ ၁၉၅၀ ပတ်ဝန်းကျင်က အသက်မွေးခဲ့ပါတယ်သူ့ရဲ့အိမ်မက်ကတော့ တနေ့မှာ ပရော်ဖက်ရှင်နယ် ဘေ့စ်ဘောကစားသမားတစ်ယောက်ဖြစ်ဖို့ပါ  ဒါပေမဲ့ ခါးသီးစွာကြုံတွေ့လိုက်ရတာကအမေရိကန် မေဂျာလိဒ်မှာ လူမည်းတွေကို ပါဝင်ခွင့်မပေးတော့ သူဟာသူ့အခွင့်အရေးကိုလက်လွတ်လိုက်ရပါတော့တယ် ဒါပေမဲ့ သူဟာသူမဖြစ်ခဲ့ရတာကို သူ့မိသားစုအပေါ်ဖိအားပေးပြီး သူ့သားကို ကောလိပ်ဘေ့စ်ဘောပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ကြိုးစားပါတော့တယ်ကဲ ပရိတ်သတ်ကြီး ရေ ဘာတွေဆက် ဖြစ်ကြမလဲဆိုတာတော့ကြည့်လိုက်ကြတော့နော် အော်စကာမယ် စံကာတင်စာရင်း ဝင်တယ်ဆိုကတည်း ကကောင်းလို့ပဲနေမှာပါ မွန်းလိုက်ထက်တော့ ကောင်းမှာသေချာပါတယ် .................................  ။ ----------------------------------------------------  
movie

Fences (2016)

2016