Channel Myanmar

Steven Brand

The Scorpion King (2002) 5.5
The Scorpion King (2002) The Scorpion King(ကင်းမြီးကောက်ဘုရင်ကြီး) ဇာတ်ကားဟာ Dwayne Johnson(The Rock) အဓိကဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ပထမဦးဆုံးဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမတိုင်ခင်က The Rock ကြီးဟာ The Mummy Returns ဇာတ်ကားမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။တကယ်တော့ ကင်းမြီးကောက်ဘုရင်ကြီးဇာတ်ရုပ်ဟာ The Mummy Returns ထဲမှ ဇာတ်ရုပ်ကို ခွဲထုတ်ရိုက်ကူးထားခြင်းလည်းဖြစ်ပါတယ်။The Mummy Returns ဇာတ်ကားထဲမှာတော့ ကင်းမြီးကောက်ဘုရင်ကြီးဟာ တိုက်ပွဲများစွာကို အောင်နိုင်ခဲ့တဲ့ စစ်ဘုရင်ကြီးဖြစ်ပါတယ်။စစ်ဘုရင်တို့ထုံးစံအတိုင်း နောက်ဆုံးမှာတော့ တိုက်ပွဲတစ်ခုမှာစစ်ရှုံးခဲ့ပြီး လက်ကျန်စစ်သည်အနည်းငယ်နဲ့အတူ အာမ်ရှိုင်းယားသဲကန္တာရကြီးကိုဖြတ်သန်း ပြန်လာခဲ့ကြပါတယ်။အာမ်ရှိုင်းယားသဲကန္တာရအလယ်မှာ အစာပြတ်ရေငတ် ဖြစ်ပြီး နောက်ဆုံးမှာတော့ ကင်းမြီးကောက်ဘုရင်ကြီး တစ်ဦးသာ ကျန်ခဲ့ပါတော့တယ်။ကင်းမြီးကောက်ဘုရင်ကြီးသေဆုံးခါနီးမှာ အမှောင်နတ်ဘုရား အနူးဘစ်နဲ့ အပေးအယူလုပ်ပြီး အသက်ရှင်သန်ခွင့်ရခဲ့ရုံသာမက အနူးဘစ်ရဲ့ စစ်တပ်ကြီးကိုဦးဆောင်ကာ ပိုလို့ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဘုရင်ကြီးဖြစ်လာခဲ့ပါတယ်။The Scorpion King ဇာတ်ကားမှာတော့ ကင်းမြီးကောက်ဘုရင်ကြီးရဲ့ ငယ်ရွယ်နုပျိုစဉ်အချိန်ကာလကို ရိုက်ကူးထားတာပါ။ မားသရပ်စ် အမည်နဲ့ လူငယ်လေးဘဝမှ ...
movie

The Scorpion King (2002)

2002
Mayhem (2017) 6.5
Mayhem (2017) ဒီအက်​ရှင်​ဇာတ်​ကြမ်း​ကား​လေးအ​ကြောင်းအစပျိုးရရင်​ဇာတ်​လမ်း​ပြေ​ပြေ​လေးက​နေ မထင်​ထား​လောက်​​အောင်​ကြမ်းရမ်းသွားတယ်​ဘာညာ​ပေါ့ဗျာဒါ​တွေမ​ပြောခင်​ ID - 7 ဗိုင်းရပ်​စ်​​လေးအ​ကြောင်းအနည်းငယ်​ intro ဝင်​ချင်​ပါတယ်​ID-7 ဗိုင်းရပ်​စ်​ဆိုတာ ​လူ​တွေရဲ့စိတ်​အာရုံကို ထိန်းချုပ်​မှုမဲ့​အောင်​တဒင်္ဂရူးသွပ်သွား​စေတဲ့ဗိုင်းရပ်​မျိုးပါမီး​လောင်​ရာ​လေပင့်​ဆိုသလို​ပေါ့ဗျာ​ဒေါသနည်းနည်း​လေးထွက်​​လေ့ရှိတာကို ဗိုင်းရပ်​စ်​​ကြောင့်​လူသတ်​တဲ့အထိဖြစ်​သွားတာမျိုးအစရှိသည်​ဖြင့်​ဘာညာ​ပေါ့အညွှန်းကို​ပြောရမယ်​ဆိုရင်​​တော့ဖြင့်​TSC ကုမ္ပဏီဆိုတာ လူထုအကျိုးပြုလုပ်​ငန်းတစ်​ခုပါဘာ​တွေအကျိုးပြုသလဲလို့​မေးရင်​ နည်းနည်း​တော့​ဖြေရခက်​မယ်​ဗျအကျိုး​ဆောင်​မှန်​သမျှအကုန်​လုပ်​တယ်​​ပေါ့ဗျာဒါ​ပေမယ့်​ အမြတ်​ကြီးစားပြီးအကျိုးအမြတ်​​လောက်​ပဲ​ထည့်​စဉ်းစားတဲ့​​သောက်​ကျိုးနဲလုပ်​ငန်းကြီးဆိုပိုမှန်​မယ်​ဗျအဲ့ဒီကုမ္ပဏီမှာအမြဲတမ်း​တစတစ​အောင်​မြင်​ဖို့ကြိုးစား​နေတဲ့ဒဲလ်​ရက်​ခ်​ဆိုတဲ့အာရှသားတစ်​​ယောက်​ကလည်း​နေရာတစ်​​နေရာရထားတဲ့သူပါတစ်​​နေ့မှာ အကျင့်​ပျက်​မှုကြီးပြည့်​​နေတဲ့လုပ်​ငန်းကို ID - 7 ဗိုင်းရပ်​စ်​ဆိုတဲ့မိတ်​​ဆွေကြီးအလည်​လာပြီးတဲ့​နောက်​မှာ​တော့ဝရုန်းသုန်းကားကိုဖြစ်​ကုန်​​တော့တာပါပဲ​အဲ့ဒါ​ကြောင့်​ဒီကုမ္ပဏီကိုသီးသန့်​အ​ဆောက်​အဦးအဖြစ်​သတ်​မှတ်​ပြီးကူးစက်​ပြန့်​ပွားမှုမဖြစ်​အောင်​ ၈နာရီနီးပါးချိတ်​ပိတ်​ခံခဲ့ရပါတယ်​ဘယ်​​ပြော​ကောင်းမလဲဗျာ အထဲကကုမ္ပဏီဝန်​ထမ်း​တွေရဲ့အချင်းချင်းမ​ကောင်းကြံမှု​တွေ သတ်​ဖြတ်​မှု​တွေ ကလည်းဗိုင်းရပ်​စ်​ပိုးတွန်းအား​ပေးမှု​ကြောင့်​တစတစဝုန်းဒိုင်းကျဲလာ​တော့တာပဲ​နောက်​ပိုင်း​ကောဘာဆက်​ဖြစ်​မလဲ ဒီဗိုင်းရပ်​စ်​ပိုးကူးစက်​ခံခဲ့ရတာကပဲ​အဆိုးထဲကအ​ကောင်းဖြစ်​သွားနိုင်​မလားဆိုတာက​တော့.....အင်​မတန်​ကြမ်းရမ်းတာကိုရှုစားရင်းစီး​မျောကြမယ်​ဗျာ...(စကားလုံးအသုံးအနှုန်းများအင်​မတန်​ကြမ်းတမ်းခြင်းကို​သတိပြု​ပါ)  (ဘာသာပြန်သူကတော့ Pyae Xeinn Sett ပါ)  File Size : (700 MB) and (320 MB) Quality : WEB-DL 720p Running Time : 1hr 26min Format : Mp4 Genre :Action, Horror Subtitle ...
movie

Mayhem (2017)

2017